Thursday, February 21, 2013

NOTHING


NOTHING, Fighting for
NOTHING, Crying for
NOTHING~~~~
But we don’t let it go for
NOTHING, no not for
NOTHING, this should be
NOTHING, to a love like what we got~~~ (NE-YO …. MAD)

“မင်းဘာလာလုပ်တာလဲ..” တံခါးမှူးကြီးက ကျွန်တော့်ကိုမေးတယ်..
“ကျွန်တော် ငြိမ်းကိုလာတွေ.တာပါ..”
“ဒီအိမ်က မင်းနဲ့ မသက်ဆိုင်တော့ဘူးလေ..”
ကျွန်တော် နဲနဲတွေသွားတယ်..  ပင့်သက်တစ်ချက်ရှိုက်ရင်း…. “ဟုတ်ပါတယ်.. ဒါပေမယ့် ကျွန်တော် သူ.ကိုနှုတ်ဆက်ချင်လို.ပါ….”
“ သူ အိပ်နေတယ်… “ တံခါးမှူးကြီးက မျက်နှာထားခပ်မာမာနဲ့ ခပ်ပြတ်ပြတ်ပြောတယ်..
“ကျွန်တော် သူအိပ်တာ မနှောင့်ယှက်ပါဘူး။ တိတ်တိတ်လေး ကြည့်ပြီးပြန်မှာပါ… ကျွန်တော် တောင်းပန်ပါတယ်… နောက်ဆုံးအခွင့်အရေးလေးအနေနဲ့ ငြိမ်းကို နှုတ်ဆက်ခွင့်ပေးပါနော်…..”
တံခါးမှူးကြီးက သေသေချာချာစဉ်းစားရင်း သက်ပြင်းချနေသည်….

Wednesday, February 20, 2013

Vampire Lover CHAPTER - 3 (THE END)


CHAPTER – 3

May~~

မျက်လုံးတွေမဖွင့်ခင် နှာခေါင်းထဲမှာ ရနေတဲ့အနံ.တွေက သူမကို အိမ်မှာမဟုတ်ဘူးဆိုတာ သေချာစေသည်။

အနံ့… ဟုတ်တယ် ………
ပျားဖယောင်းတိုင်လိုလို သစ်သီးရနံ့လိုလိုနဲ့ မူးယစ်ချိုအီစေသောရနံ့တွေ………

ပြီးတော့ အတွေ.
သူမခန္ဓာကိုယ်အောက်က နူးညံ့လွန်းသော ပိုးစအထိအတွေ.
သူမခန္ဓာကိုယ်မှာ နာကြင်ခြင်းတွေမရှိဘဲ အကောင်းပကတိလို လန်းဆန်းနေခဲ့တာ..
သူမသေဆုံးသွားပြီလား………. မနေ့ညက…..
သေဆုံးသွားပြီဆိုသောအသိက သူမမျက်လုံးတွေကို ခပ်ကျယ်ကျယ်ဖွင့်ဖို. တွန်ုးအားတွေပေးသည်…….
မျက်လုံးတွေဖွင့်လိုက်တော့ ပြူတင်းပေါက်မှ နေရောင်ခြည်က သူမရှိနေသော အခန်းကျဉ်းလေးဆီဖြာကျလျက်….

အခန်းထဲမှာ အမျိုးအစားမသိသော Indoor Plant လေး၂ပင်ကလွဲလျှင် ဘာပရိဘောဂမှမရှိဘဲ ရှင်းလင်းလျက်..
နံရံပေါ်က အဆင့်လေးထက်မှာတော့ ဖယောင်းတိုင်၂တိုင် မီးညှိထားသည်…… အခုမှသတိထားမိတာက သူမရရှိနေတဲ့ ရနံ.တွေက ထိုဖယောင်းတိုင်၂တိုင်မှဖြစ်မည်….
ပိုးသားစခင်းထားတဲ့ အိပ်ယာခင်းနှင့် ကြက်သွေးရောင်ကတ္တီပါစောင်က သူမခန္ဓာကိုယ်ကို နူးညံ့နွေးထွေးစေသည်….

Saturday, February 16, 2013

Vampire Lover - Chapter 2


CHAPTER - 2

Vempire Zon~~

လပြည့်ညတွေမှာ ဒီမြို.ထဲကျင်လည်ကျက်စားတတ်တာ သူမရဲ့အကျင့်…

သူမအရမ်းချစ်ခဲ့ရတဲ့ ဇနီးဆုံးပြီးကတည်းက၊ သူမတစ်ယောက်တည်း အနောက်ဘက်ခြမ်းက Vampire တောင်ကုန်းလေးမှာ ငြိမ်သက်စွာအချိန်တွေကုန်ဆုံးရင်း လပြည့်ညတွေမှာ မြို.ထဲလမ်းလျောက်ထွက်မြဲ…
လူဆိုးတွေကို ဆုံးမတတ်ပြီး လူကောင်းတွေကို ကယ်တင်တတ်သူ…

အခုလဲ မြို.ထဲလမ်းမတွေမှာ လမ်းလျောက်ရင်း ကောင်မလေးတစ်ယောက်ရဲ့ အော်သံကိုကြားလိုက်ရသည်…
အသံလာရာသွားကြည့်တော့ မိန်းကလေးတစ်ယောက်ကို Gangster ၆ယောက်က အနိုင်ကျင့်ဖို.ပြင်နေကြခြင်း..

ထိုမိန်းကလေးရဲ့ ခန္ဓာကိုယ်မှာ သွေးတွေနှင့်..
သူမရောက်သွားတော့ မျက်လုံးတွေက အားကိုတကြီးအရောင်တွေ ဖျတ်ခနဲလတ်ပြီး၊ ချက်ချင်းမှိန်ကျသွားသည်..

ပြီးတော့ နောက်ဆုံးကြားလိုက်ရတာက “ထွက်သွား၊ ပြေး… “ တဲ့
သူမလဲကျသွားပြီ….
ထိုမိန်းကလေးထင်သွားတာက Zon ကို သူမလိုသာမန်မိန်းကလေးထင်သွားတာဖြစ်မည်..
Zon ခေါင်းတစ်ချက်ခါယမ်းရင်း ဆံပင်တွေကိုလေထဲလွင့်အောင် ခါပစ်လိုက်သည်….

Vampire Lover - Chapter 1


CHAPTER - 1


လပြည့်ည….

ကောင်းကင်မှာ လမင်းကသာနေသလောက် သူမခေါင်းတွေချာချာလည်နေသည်။ သူမအလုပ်လုပ်တဲ့ ညကလပ်မှာ စိတ်ညစ်ညစ်နဲ့သောက်ခဲ့သမျှတွေ အခုတော့ အိမ်အပြန်လမ်းမမှာ ဒုက္ခပေးနေပြီ။
အိမ်အပြန်လမ်း…

ဟုတ်တယ်လေ.. သူမဒီလမ်းကိုအသုံးပြုပြီး အိမ်ပြန်ခဲ့တာ ဆယ်စုနှစ်မကရှိခဲ့ပြီဘဲ…
ဘယ်တော့မှ မှားနိုင်စရာမရှိတဲ့လမ်းတွေ… ဒီမြို.လေးထဲမှာ မွေးပြီး ကြီးပြင်းလာရသူ…
မကောင်းမှုဒုစရိုက်တွေနဲ့ပြည့်နှက်နေတဲ့ မြို.

ယုံတမ်းပုံပြင်တွေနဲ့ မရေမရာတွေကို သေချာနေတဲ့မြို.

 “ဒေါက်.. ဒေါက်..ဒေါက်..”

ယိုင်တိယိုင်တိုင် လှမ်းနေတဲ့သူမခြေထောက်အောက်က ဒေါက်ဖိနပ်သံက တိတ်ဆိတ်တဲ့ညကို ပိုချောက်ချားလာစေသလို….

“အာ…” လမ်းလျောက်ရင်း၊ မိုက်ခနဲယိုင်ချင်လာတာနဲ့ နဘေးမှာရှိတဲ့ ဆိုင်းဘုတ်တစ်ခုကို ကိုင်ရင်းခဏမှီလိုက်တယ်..
အသက်ကိုဖြေးဖြေးရှူရင်း အောက်နှုတ်ခမ်းကိုသွားဖြင့်ခပ်ဖွဖွကိုက်တာ ခပ်တိုးတိုးညည်းမိသည်.. “Shit..”
ခေါင်းထဲတစ်စစ်စစ်ဖြစ်နေတာ နည်းနည်းငြိမ်တော့၊ အိမ်ပြန်ဖို.လမ်းကို ဦးတည်ရင်း ဘာရယ်မဟုတ် ခုနကဆိုင်းဘုတ်ကိုလှည့်ကြည့်မိသည်…

Friday, February 15, 2013

First Love - Chapter 11 (Final)


Chapter – 11

မေမေ့လက်ကို အားကိုးတကြီး ကိုင်ထားရင်း ဆေးရုံကြီးရဲ့ Emergency Room အပြင်ဘက်မှာ ယွန်းတစ်ယောက် ထိုင်ရမလို ထရမလို ဂဏှာမငြိမ်ဖြစ်နေမိသည်…
စိုးယုကို အိပ်ခန်းထဲမှာ လဲကျနေတာတွေ.တွေ.ချင်း မေမေ့ကို ပြေးခေါ်ကာ မေမေလုပ်သမျှ ပျာယာခတ်ကာ စိတ်လှုပ်ရှားနေခဲ့ရတာ …………….
အခု စိုးယုတစ်ယောက် Emergency Room ထဲမှာ တော်တော်ကြာနေပြီ…

မေမေ့ကို အားကိုးတကြီး ကြည့်မိတော့ မေမေက ဖွဖွလေးပြုံးကာ ယွန်းလက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားသည်…

“စိုးယု သက်သာ သွားမှာပါ သမီးရယ်..”
“ဟင်း..” ယွန်း သက်ပြင်းတွေ အခါခါချကာ ဘယ်နှကြိမ်မြောက်မှန်းမသိစွာ ငိုမိသည်…

ထိုစဉ်..
နာ့စ်မတစ်ယောက် ထွက်လာပြီး…
“စိုးယုနွယ်ရဲ့ အိမ်ကရှိလား..”
“ရှိပါတယ်..” ဟုပြောကာ ယွန်းနှင့် မေမေ တူတူထရပ်မိကြသည်….
“စိုးယုနွယ် သက်သာသွားပြီ၊ အခု လူနာဆောင်ကို ရွှေ.ထားလိုက်ပါပြီ၊ မိသားစုတွေ.မယ်ဆို တွေ.လို.ရပြီ.. ဆေးရုံမှာ ၂ရက်လောက်တော့ စိတ်ချရအောင် နေရမယ်.. လိုအပ်တာတွေ မပါသေးဘူးဆိုရင် အိမ်ပြန်ယူလို.ရပါပြီ..”

First Love - Chapter 10


Chapter – 10

“မေမေ .. ယွန်း အိမ်ပြန်ရောက်ပြီ..”
ဧည့်ခန်းက ဆိုဖာပေါ်မှာ မဂ္ဂဇင်းတစ်အုပ်ဖတ်ရင်း ထိုင်နေသော မေမေက မျက်လုံးလှန်ကာကြည့်သည်..
“ဒီနေ့ စောလှချည်လား” ဟု မှတ်ချက်ပေးရင်း သူမစာအုပ်ဘက်ကို ပြန်အာရုံစိုက်သွားသည်..
ယွန်းဘာမှ ဖြေရှင်းချက်မပေးဘဲ မေမေ့ကိုစိုက်ကြည့်နေမိသည်..
“တခုခုများ ပြောစရာရှိနေလား..” ယွန်းဘက်ကို လှည့်မကြည့်ဘဲ မေမေက မေးသည်..
ယွန်းသက်ပြင်း တစ်ချက်ရှိုက်ရင်း
“ဘာမှ မရှိပါဘူး..” ပြန်ဖြေကာ ယွန်းရဲ့ ကိုယ်ပိုင်အိပ်ခန်းဘက်သို. ထွက်လာခဲ့သည်..

……………………………………………


အခန်းထဲရောက်တော့ တစ်လမ်းလုံးထိန်းလာခဲ့တဲ့ မျက်ရည်တွေပါးပေါ်စီးကျလာသည်… သူမရဲ့ ညာဘက်လက်ကို နာနာကျဉ်းကျဉ်းကြည့်ရင်း လက်သီးကျစ်ကျစ်ဆုပ်ထားမိသည်..
“ဒီလက်တွေပေါ့….  စိုးယုကို နာကျင်စေခဲ့မိတာ…” ကိုယ့်ကိုယ်ကို ခပ်တိုးတိုး ပြန်ပြောရင်း ကြမ်းပြင်ပေါ်ဒူးထောက်ချကာ ရှိုက်ငိုမိသည်….
ရင်ထဲမှာ ကိုယ့်ကိုယ်ကို ဒီနေ့လောက် မုန်းမိသည့်နေ့မရှိတော့… ဒါပေမယ့် ဘာကြောင့် မုန်းနေမိလဲ အဖြေရှာမတွေ.

……………………………………..

First Love - Chapter 9


Chapter – 9

“ယွန်း… စိုးယုတစ်ယောက်ရော..” ကျောင်းကားပေါ်မှ အတန်းဖော်သူငယ်ချင်း တစ်ယောက်ကမေးသည်
“သူ ကျောင်းကားမစီးတော့ဘူးတဲ့.. သူ.အဒေါ်အိမ်က ကားနဲ့ဘဲ ကျောင်းတတ်တယ်..”
“အင်း.. နင်တို.၂ယောက် ခုတလော တွဲတာသိပ်မတွေ.တော့ဘူး.. ရန်များဖြစ်ထားကြသလားလို.ပါ..”
“ဟင့်အင်း.. ဘာမှ မဖြစ်ပါဘူး.. ငါတို.ဘာသာ စာမေးပွဲနီးလာလို. ကိုယ့်ကိစ္စနဲ့ကိုယ် ရှုပ်နေကြလို.ပါ” ထိုသူငယ်ချင်းမကိုပြန်ဖြေရင်း သတိထားမိသည်.. ခုတလော စိုးယုတစ်ယောက် စိတ်နဲ့ ကိုယ်မကပ်…
စကားပြောရင်လဲ အယောင်ယောင်အမှားမှား၊ စာသင်ခန်းထဲမှာလဲ စာတွေ သေချာလိုက်မလုပ်၊ ဟိုတနေ့ကလဲ practical လုပ်တုန်း Sulphuric Acid ကို လိုအပ်တာထက်ပိုပြီး အချိုးအဆမှားထည့်မိလို.၊ ဖန်အိုးတွေကွဲကာ လျော်လိုက်ရသေးသည်…
တခါတခါကျတော့လဲ စာအုပ်ကိုငုံ.ကြည့်သလိုနှင့် ဆံပင်တွေနှင့်ကွယ်ရင်း ကြိတ်ငိုနေတတ်တာလဲ တစ်ခါ နှစ်ခါမကတော့….
အထူးသဖြင့် ယွန်းကိုလဲ ခပ်ရှောင်ရှောင်လုပ်နေသည်.. ကျောင်းကားလဲ မစီးတော့၊ ကျောင်းရောက်တော့လဲ အတန်းတတ်ချိန်ကလွဲလျင် ကျန်အချိန်တွေမှာ စာလုပ်သလိုလို၊ စာကြည့်တိုက်သွားမလိုလိုနဲ့ မရေမရာ အကြောင်းပြချက်တွေပေးပြီး ရှောင်နေတတ်သည်…
စိုးယု ဘာတွေများဖြစ်နေပါလိမ့်…

……………………………………………………….

First Love - Chapter 8


Chapter – 8

အိမ်အပြန် ဘတ်စ်ကားပေါ်မှာ စိုးယုတစ်ယောက် ငြိမ်သက်စွာလိုက်ပါခဲ့မိတယ်..
ခေါင်းထဲမှာတော့ အတွေးတွေ ချာချာလည်လျက်နဲ့ပေါ့
“စိုးယု… နင်ဘာဖြစ်နေတာလဲ..”  ဘေးနာမှာထိုင်နေသော ယွန်းက လက်တို.ပြီးစကားပြောတော့မှ အတွေးကမ္ဘာထဲ အလည်ရောက်နေသော စိုးယုတစ်ယောက် သတိပြန်လည်လာတယ်..
“အော်..အေး.. ဘာမှ မဟုတ်ပါဘူး.. “
“ဘာတွေ ဘာမှ မဟုတ်တာလဲ.. မှန်းစမ်း နေမှကောင်းရဲ့လား..” ယွန်းက ရုတ်တရက် စိုးယုနဖူးကို သူမလက်ကလေးနှင့် စမ်းကြည့်သည်..
ယွန်းရယ်.. နင့်ငါ့ကို စိတ်ပူတတ်ရဲ့သားနဲ့ ဘာလို. ငါ့ကို မချစ်ချင်ရတာလဲဟု စိုးယုရင်ထဲမှ တိတ်တိတ်လေးမေးနေမိသည်…
“ကိုယ်လဲ မပူပါဘူး..” ယွန်းက ပြောပြီးလက်ကို ရုတ်မည်အလုပ်
“နင်ငိုနေတာလား… ဘာဖြစ်လို.လဲ စိုးယုရယ်..”
သူမငိုနေမိသည်တဲ့လား… ကိုယ့်ဘာသာတောင် စိတ်နဲ့ လူနဲ့မကပ်မိတော့..
“အာ.. မဟုတ်ပါဘူးဟာ.. မျက်စိထဲ ဖုန်ဝင်သွားတာပါ..” ဟုပြောရင်း ခေါင်းကိုငုံ.ကာ မျက်ရည်တွေကို မြန်မြန်သုတ်လိုက်သည်။
“ဒီနေ့ နင့်ကိုကြည့်ရတာ တမျိုးဘဲ.. “ ဟု ယွန်းက မှတ်ချက်ချတော့
“ငါ ခေါင်းနည်းနည်းကိုက်နေလို.ပါဟာ” ဟု ခပ်တိုးတိုးပြန်ပြောဖြစ်သည်..
ယွန်းက ဘာမှ ပြန်မပြောဘဲ စိုးယုရဲ့လက်ကို ဖွဖွလေးကိုင်ကာ ပြုံးပြသည်.. “အရမ်းခေါင်းကိုက်နေလားဟင်.. ခဏနေ သက်သာသွားမှာပါ.. နင် ဘတ်စ်ကားစီးရတာ ကျင့်သားမရလို.နေမှာ… ငါဘေးမှာရှိတယ်နော် “
စိုးယု ဘာမှ ပြန်မပြောနိုင်ဘဲ ခေါင်းကိုသာငြိမ့်ပြဖြစ်သည်.. ယွန်းရဲ့ ငါ့ကို ဘာလို.ကြင်နာနေပြန်တာလဲ…

Thursday, February 14, 2013

First Love - Chapter 7


Chapter – 7

စာသင်အပြီး အခန်းထဲက ထွက်ကြတော့ အပြင်မှာ မိုးဖွဲဖွဲလေးစရွာနေပြီ…
ယွန်းက အသင့်ပါလာသော ထီးကိုထုတ်ကာ ၂ယောက်တူတူဆောင်းကြသည်… စိုးယုမှာ ထီးမရှိသေးတာ သူမသိပြီးသားလေ..
“ဟင်း… မိုးရွာတာ လှလိုက်တာယွန်းရယ်… ကောင်းကင်ကြီးကိုလဲ ကြည့်ပါဦး…တိမ်တွေ ညို.မှိုင်းလို.”
စိုးယုက ညို.နေသော မိုးကောင်းကင်ကြီးကို လက်ညှိုးထိုးကာ ဗွက်တွေထဲ လမ်းမလျောက်တတ် လျောက်တတ်နှင့် ခုန်ဆွခုန်ဆွလုပ်နေသည်…
“ဒေါ်စိုးယု… ငြိမ်ငြိမ်လေး လိုက်ခဲ့စမ်းပါ… မိုးရွာလို. စိတ်ညစ်ရတဲ့အထဲ နင်လုပ်တာနဲ့ ၂ယောက်လုံးမိုးစိုကုန်တော့မယ်.. ထီးက နင်ရွှေ.တဲ့ဘက်လိုက်ဆောင်းနေရတာ.. ငါကနင့်ထက်အရပ်ပုတာလဲ သတိရဦး..”
“ဟီး… ဟုတ်သားဘဲ… ပေးလေ ယွန်းရဲ့… ငါထီးကိုင်ပေးမှာပေါ့..” ပြောပြောဆိုဆိုနှင့် ထီးကိုစိုးယုကလှမ်းအယူ သူမခြေထောက်က တခုခုကို တတ်နင်းမိလေသည်…
“အားးးး…” စိုးယုအလန့်တကြား ထီးကို လွှတ်ချပြီး နောက်သို.ဆုတ်ကာခုန်လေသည်…

First Love - Chapter 6



Chapter – 6

“Loving U~~~ Loving U~~”
Alarm Ring သံကြားတော့မှ မျက်လုံးမဖွင့်ဘဲ Alarm ကို ပိတ်ရန် လက်ကိုဆန်.ထုတ်ဖြစ်သည်…
လက်မောင်းပေါ်မှာ တစ်စုံတယောက်အိပ်နေတာကို တွေ.မှ ညကအဖြစ်အပျက်ကို သတိရသည်ဘဲ..
“Loving U~~~ Loving U~~” နှိုးစက်ကောင်းမှုနှင့် နှစ်ခြိုက်စွာ အိပ်ပျော်နေသော ယွန်းတစ်ယောက် အိပ်ရာမှ နိုးလာသည်..
“စိုးယု… ဘယ်အချိန်ရှိပြီလဲဟင်..” အိပ်ချင်မူးတူးနှင့် ယွန်းကမေးတော့
“မနက် ၆နာရီခွဲပြီ..”
“ဟာ… ကျောင်းကားနောက်ကျတော့မှာဘဲ…” အိပ်ယာမှ ၀ရုန်းသုန်းကာထကာ ယွန်းတစ်ယောက် ကုတင်ပေါ်မှ ခုန်ဆင်းတော့သည်…
အိပ်ခန်းတံခါးကို အပြေးဖွင့်ရင်း… “ဟဲ့.. မြန်မြန်လုပ်.. ပြန်အိပ်မနေနဲ့.. နင်ဒီနေ့ ကျောင်းကားစီးမယ်ဆို ၇း၁၅ တိုက်အောက်ကိုအရောက်ဆင်းလာခဲ့.. ကားက လုံးဝမစောင့်ဘူး..ချက်ချင်းထွက်တာ..”
သူမအော်ပြီး ထွက်သွားသည်…
အိမ်တံခါးပိတ်သံနားထောင်ရင်း.. ခေါင်းအုံးကို ရင်မှာပိုက်ကာ စိတ်တိုနေမိသည်..
“တောက်….. ဒီနှိုးစက်ကလဲ အလိုက်ကိုမသိဘူး…. အရမ်းမြည်ရလားကွာ..” အလကားနေရင်း ဘာမှမဆိုင်သည့် နှိုးစက်ကို ဆောင့်ပိတ်ကာ ရေချိုးဖို. တဘက်တစ်ထည်ကောက်ဆွဲရင်း ထထွက်လာခဲ့သည်..

First Love - Chapter 5


Chapter – 5

ငိုနေသောယွန်းကို ပခုံးလေးမှဆွဲထူကာ စိုးယုအိမ်ထဲသို. ခေါ်လာခဲ့သည်။
ယွန်းကလဲ မငြင်း…
-------
အခန်းထဲရောက်တော့ ဆိုဖာပေါ်မှာ ထိုင်ခိုင်းပြီး၊ ရေတစ်ခွက်ပြေးခပ်သည်..
“အမောပြေသွားအောင် ရေသောက်လိုက်ဦး..”
စိုးယုကမ်းပေးသော ရေခွက်ကို ယွန်းယူပြီး အားလုံးကုန်စင်သွားအောင် သောက်သည်။ အငိုရပ်ပြီး စိုးယုကို ၀မ်းနည်းနေသောမျက်လုံးများနဲ့ လှမ်းကြည့်သည်..
စိုးယု First Aid Box ကိုပြေးယူကာ ယွန်းဘေးမှာ နေရာယူလိုက်သည်..
လက်မောင်းက ဒဏ်ရာကိုကြည့်လိုက်တော့ အရမ်းကြီးတော့ မဆိုးရွား… တစ်ခုခုနဲ့ ရိုက်မိပြီးပေါက်ပြဲသွားပုံပေါ်သည်..
“ဘယ်လိုဖြစ်တာလဲ ယွန်းရယ်..”
“ဖေဖေရိုက်တာ…” ရှိုက်သံတစ်ဝက်နှင့်ဖြေသည်..
“နင့်အဖေကလဲဟာ…” စိုးယု ဘာမှတ်ချက်မှမပေးဘဲ

First Love - Chapter 4


Chapter – 4

“ရောက်ပြီ~~” စိုးယု ပြောတော့
ယွန်းက တအံ့တသြနှင့် “နင် ငါ့အိမ်ကို ဘယ်လိုသိလဲ..”
“Come on~~ ငါ့အိမ်ရောက်တာကိုပြောတာ…” စိုးယု မသိချင်ယောင်ဆောင်ပြီး ပြောလိုက်သည်။
“အိုး… ငါလဲ ဒီမှာနေတာ စိုးယုရဲ့..”
စိုးယုတစ်ယောက် အံ့သြချင်ယောင်ဆောင်ပြီး… “ဟယ်….တကယ်.. ငါနေတာ ၆ထပ်မှာ..”
“နင် ငါ့ကိုနောက်နေတာ မဟုတ်ပါဘူးနော်… “ ယွန်းက မသင်္ကာစွာမေးသည်.. ပြီးမှ “ငါလဲ ၆ထပ်မှာနေတာ..”
“ဟုတ်လား… ငါက အခန်း ၆၀၂ မှာနေတယ်..”
“သြော်..အရင်အပတ်က အိမ်ပြောင်းလာတာ နင်တို.မိသားစုပေါ့… ငါ့အခန်းက ၆၀၄.. နင်နဲ့ မျက်နှာချင်းဆိုင်ဘဲ..” ယွန်းက ၀မ်းသာစွာပြောသည်..
စိုးယုက ခေါင်းငြိမ့်ရင်း… “အိမ်ပြောင်းလာတာတော့ ဟုတ်တယ်… မိသားစုမဟုတ်ဘူးယွန်းရဲ့ ငါတစ်ယောက်တည်းနေတာ..”
ယွန်း မျက်လုံးဝိုင်းလေးနဲ့ စိုးယုကို တအံ့တသြကြည့်နေတုန်း…
“လာ..ဓာတ်လှေကားရောက်ပြီ ..သွားကြစို.” စိုးယုက ယွန်းကိုဆွဲပြီး ခေါ်လာခဲ့သည်..
X
X
ဓာတ်လှေကားက ထွက်တော့…
စိုးယုက ယွန်းကိုဖက်ပြီး ..”မနက်ဖန်ကြမှ တွေ.ကြမယ် သူငယ်ချင်းလေး…See you..”
ယွန်းလဲ ရုတ်တရက် ကြောင်တောင်တောင်နှင့် ပြန်ဖက်လိုက်ပြီး.. “အင်း..တာ့တာ”
ယွန်း အိမ်တံခါးဖွင့်ပေးရန် တံခါးခေါက်နေတုန်း…. မျက်နှာချင်းဆိုင်အခန်းသို. စိုးယု သော့ဖွင့်ကာ ၀င်သွားသည်ကို လည်ပြန်လှည့်ကြည့်မိသည်…
အိမ်ထဲရောက်တော့….
“ပြန်လာပြီလား…” ထုံးစံအတိုင်း မေမေ့ရဲ့ ခပ်အေးအေးနှုတ်ဆက်သံကို ကြားရသည်။
“ဟုတ်ကဲ့မေမေ… ယွန်းပြန်ရောက်ပါပြီ..”
“ဒီနေ့ ပြန်လာတာ စောလှချည်လား… ကျောင်းမသွားဘူးလား..” မယုံသင်္ကာနှင့် ဖေဖေကမေးတော့..
“မဟုတ်ပါဘူး.. သူငယ်ချင်း ကားနဲ့ ပြန်လာလို.ပါ.. သူက မျက်နှာချင်းဆိုင် အခန်းမှာနေတာ” ဟု ယွန်းခေါင်းကိုငုံ.ရင်း ဖေဖေ့ကို ကြောက်ရွံ.စွာ ပြန်ဖြေမိသည်..
“မျက်နှာချင်းဆိုင် အခန်း~~~ ~” ဖေဖေက ယွန်းပြောသည်ကို မရှင်းသလို ရေရွတ်နေတော့
“ဟုတ်ကဲ့ဖေဖေ… သူက ဒီနေ့မှ ယွန်းတို.ကျောင်းကို ပြောင်းလာတဲ့ ကျောင်းသူသစ်ပါ.. သူက ယွန်းတို.အခန်းနဲ့ မျက်နှာချင်းဆိုင်မှာနေတယ်..”
ဖေဖေက ခေါင်းကိုငြိမ့်ရင်း… “ကောင်းပြီ… သဘောပေါက်ပြီ.. သွား.. ရေချိုးပြီးရင် ညစာစားဖို.ထွက်လာခဲ့…”
ဖေဖေ့အမိန့်ရသည်နှင့် လေးမှလွှတ်လိုက်သော မြှားတစ်စင်းလို၊ အိပ်ခန်းဆီသို. အမြန်ဆုံးထွက်လာခဲ့သည်…
ယွန်းက ဖေဖေ့ကို အရမ်းကြောက်ရသည်… ဖေဖေက မေမေ့ကို အရမ်းချစ်သလောက် ယွန်းကိုဆိုလျှင် တစ်ချက်မှ မျက်နှာသာမပေး… မေမေနဲ့ ပြသနာဖြစ်တိုင်း ယွန်းကို ရိုက်တတ်သည်… ဖေဖေ့ရှေ.မှာဆိုလျှင် ဘယ်တော့မှ အမှားမလုပ်ရဲ… ဖေဖေကလဲ ယွန်းကိုတွေ.လျှင် ပြသနာရှာဖို.စောင့်နေတတ်သည်ဟု ထင်မိသည်..
….
ရေချိုးရင်း စိုးယုအကြောင်းတွေးနေမိသည်… စိုးယုက အရမ်းချစ်ဖို.ကောင်းပြီး.. သူမရဲ့ ဆံပင်ရွှေရောင်တွေက ဖြူဝင်းသောအသားအရည်နှင့်လိုက်ဖက်လွန်းသည်။ Major Queen ယွန်းတောင်မှ စိုးယုနှင့်ယှဉ်လျှင် အရောင်မှိန်သွားသလိုခံစားရသည်.. သို.ပေမယ့် စိုးယုအပေါ် မနာလိုမဖြစ်မိဘဲ ပိုလို.တောင် သဘောကျမိသေးသည်…
စိုးယု သူမကို ဖက်ပြီးနှုတ်ဆက်တော့ ရင်တွေတောင် ဘာမှန်းမသိခုန်သွားသေးသည်… ပြီးမှ ကိုယ့်ဘာသာ သဘောကျပြီး ရီဖြစ်သည်… ငါတော်တော်ကြောင်တာဘဲ… မိန်းကလေးအချင်းချင်းသူက ခင်လို.ဖက်ပြီး နှုတ်ဆက်တာဘဲ…..
ရုတ်တရက် စဉ်းစားမိသည်က… စိုးယုကို သူမတစ်နေရာရာမှာ မြင်ဖူးသလိုလို…..
“ဒုန်း~~ ဒုန်း~~”
“ယွန်း… ရေချိုးတာကြာလှချည်လား…” မေမေက ရေချိုးခန်းတံခါးလာခေါက်မှ ယွန်းအတွေးထဲမြောနေတာ သတိရသည်…
“ပြီးပြီ မေမေ… ခုထွက်လာပြီ..” မေမေ့ကို ပြန်အော်ရင်း ရေချိုးခြင်းကို မြန်မြန်လက်စသပ်လိုက်ရသည်။ မဟုတ်ရင် ဖေဖေဒေါသအိုးကြီး ညစာလာစားတာနောက်ကျသည်ဆိုပြီး စိတ်ဆိုးနေမှာ စိုးရသည်လေ….
Xxxx
စိုးယု POV
အိမ်ပြန်ရောက်တော့ ကျောပိုးအိတ်ကို ဧည့်ခန်းက ဆိုဖာပေါ်ပစ်တင်ရင်း… Laptop ကိုဖွင့်ရင်း email ထိုင်စစ်သည်…
ဖေဖေနဲ့ မေမေဆီက email တွေဝင်ထားသည်.. စိုးယုကိုလွမ်းနေကြောင်း.. ၂ယောက်လုံး နေကောင်းကြကြောင်းတွေပါဘဲ.. email တွေဖတ်ရင်း မိသားစု၃ယောက်ပျော်ပျော်ရွှင်ရွှင်နေခဲ့သော အချိန်တွေကို လွမ်းမိသည်… ဖေဖေနဲ့ မေမေရဲ့ တစ်ဦးတည်းသော သမီးလေးအနေနှင့် ရှိသမျှ အချစ်တွေကို ပုံအောပြီးရခဲ့သော စိုးယုအဖို. ..အခုတော့ အိမ်ခန်းကျယ်ထဲမှာ တစ်ယောက်တည်း အထီးကျန်နေလေပြီ…
အတွေးများမှ ခေါင်းကိုခါယမ်းရင်း ကိုယ်ရွေးချယ်ခဲ့သော လမ်းကို ဆုံးအောင်ဆက်လျောက်ရမှာဘဲဟု အားတင်းရင်း.. ရေချိုးဖို. ထထွက်လာခဲ့သည်…
ရေချိုး၊ ညစာစားပြီးတော့ ညနေတော်တော်စောင်းနေခဲ့ပြီ….
X
X
ကော်ဖီခွက်ကို ကိုင်ရင်း ၀ရံတာမှာ ဟိုငေးဒီငေးလုပ်ကာ ယွန်းအကြောင်းကို တွေးနေခဲ့မိသည်…
စိတ်တွေကတော့ ထုံးစံအတိုင်း ဟိုရောက် ဒီရောက်…
ထိုစဉ်…..
“၀ုန်း.. ဒိုင်း…. “ တစ်ဖက်ခန်းမှ တံခါးခပ်ကျယ်ကျယ် ဖွင့်ပိတ်သံနှင့်အတူ “အီး..ဟီး..” ငိုသံတွေ…
စိုးယုဝရံတာမှ အိမ်ထဲပြန်ဝင်ပြီး တံခါးရှိရာသို. ခပ်သွက်သွက်လျောက်ကာ အသံတွေကို နားစွင့်မိသည်…
“အဟင့်~~ ဟင့်.” ကောင်မလေးတစ်ယောက်ရဲ့ ရှိုက်ငိုသံ~~
အထူးသဖြင့် သူမသိနေတာ.. ဒါ ယွန်းရဲ့ ငိုသံ…

တံခါးကို ချက်ချင်းဖွင့်ရင် အပြင်ဘက် ကော်ရစ်ဒါကို ထွက်ကြည့်မိတော့~~
“ယွန်းရယ်~~” စိုးယုခပ်ညည်းညည်း ရေရွတ်ကာ ကော်ရစ်ဒါထောင့်ချိုးမှာ ထိုင်ရင်း ငိုနေသောကောင်မလေးဆီသို. အပြေးလှမ်းသွားလိုက်သည်…..
‘အိုး… လက်မောင်းမှာလဲ သွေးတွေနှင့်..” စိုးယု စိတ်ပူစွာ ငိုနေသောယွန်းကို ပွေ.ဖက်လိုက်ရင်း…

To be continue~~ J

First Love - Chapter 3


Chapter – 3

သူမလက်ကို ဖျတ်ခနဲဆွဲရင်း ဆွဲခေါ်သွားသော ယွန်းနောက်သို. ခပ်သွက်သွက်ပြေးလိုက်ခဲ့သည်။
၂မိနစ်လောက်လျောက်ပြီးတော့ တစ်နေရာအရောက် ယွန်းကရပ်လိုက်သည်။
စိုးယုခေါင်းပေါ်မှ ဆိုင်းပုဒ်ကို မော့ဖတ်မိတော့…

ကျောင်းသားရေးရာဌာန

ယွန်းကတော့ ကျောင်းမှာနေသားကျနေတဲ့ ကျောင်းသူပီသစွာ၊ ကောင်တာမှာထိုင်နေသော သူကို စိုးယုအကြောင်းရှင်းပြရင်း၊ ကျောင်းသားမှတ်ပုံတင်အတွက် လိုအပ်သော လျောက်လွှာစာရွက်များကိုတောင်းယူနေသည်။
စာရွက်တစ်ထပ်ကို စိုးယုလက်ထဲထိုးထည့်ပေးရင်း…”ရော့…ဒီဖောင်တွေအကုန်ဖြည့်…နင့်မှာ passport ဓာတ်ပုံပါလား… ၅ပုံလောက်လိုမယ်တဲ့…”
“အေး…ပါတယ်…” စိုးယုပြန်ဖြေရင်း၊ ကျောပိုးအိတ်ထဲမှ ပိုက်ဆံအိတ်အသေးလေးကိုထုတ်ကာ passport ဓာတ်ပုံတွေထုတ်ပေးလိုက်သည်။
ယွန်းက ဓာတ်ပုံတွေကို သေချာကြည့်ကာ.. “အင်း… နင်က Photogenic ဖြစ်သားဘဲ…” ဟု မှတ်ချက်ချကာ ကျောင်းသားရေးရာမှ လူကြီးကို လှမ်းပေးသည်။
စိုးယု ဖောင်တွေဖြည့်နေတုန်း…ယွန်းကတော့ သူမလွယ်အိတ်ထဲမှ Lolipop ချိုချဉ်တစ်ချောင်းကို ထုတ်ယူစားကာ …စိုးယုကို အကဲခတ်နေမှန်း မော့မကြည့်ဘဲ သိရှိခံစားမိနေသည်…


ယွန်း POV….
ကျောင်းသူသစ်ဖြည့်နေသောဖောင်ကို မသိမသာလှမ်းကြည့်မိတော့
နာမည်က စိုးယုနွယ် တဲ့…. အသက်တော့ တူတူပါဘဲ
အိုး…. ငါနဲ့ မေဂျာချင်းတူတူဘဲ… PR တဲ့ …
PR ဆိုတာ Plastic & Rubber မေဂျာ.... တခြားမေဂျာကသူတွေကတော့ သူမတို.မေဂျာကို Power Rangers ဟု နောက်ပြောင်ခေါ်ဝေါ်တတ်ကြသည်… ဒီကျောင်းက မေဂျာတွေထဲမှာ အမှတ်အနည်းဆုံးနဲ့ ၀င်ခွင့်ရရန် အလွယ်ဆုံးတစ်ခုဖြစ်သည်… GTI ထိတော့ PR အနေနဲ့သင်ယူရပြီး၊ B.Tech နဲ့ B.E ရောက်ရင်တော့ Chemical မေဂျာအဖြစ် FC (Food Chemical) နှင့် PR (Plastic & Rubber) မေဂျာ အငယ်၂ခုကို ပေါင်းလိုက်ခြင်းဖြစ်သည်။
စိုးယုဆက်ဖြည့်နေသော ကိုယ်ရေးအချက်အလက်တွေကို သိပ်စိတ်မ၀င်စားတော့ဘဲ သူမကိုသာသေချာလေ့လာဖြစ်သည်… (မိန်းကလေးများရဲ့ ထုံးစံဟုထင်သည်..)
ပါးဖောင်းဖောင်း အသားဖြူဖြူလေးနဲ့ ကောင်မလေးက ချစ်စရာကောင်းလွန်းသည်…
သူမအရပ်က ယွန်းထက် ၂လက်မကျော်ကျော်လောက်မြင့်သည်..
ဒီလိုရုပ်ရည်နဲ့ ကျောင်းကိုသာ Fresher Welcome မတိုင်ခင်ကရောက်ရင် Major Beauty Queen ဆိုတဲ့ရာထူးကို ယွန်းဆီက လုယူနိုင်သည်ဆိုတာ ငြင်းချက်ထုတ်နေစရာမလို….
အမှန်တော့ ယွန်းကလဲ Beauty Queen ဆိုတဲ့ ရာထူးကို သိပ်မမက်လှပါ… ကျောင်းမှာ ခပ်စွာစွာနှင့် ဆရာမကြီးလုပ်ခွင့်ရရင် ကျေနပ်နေသူ…
…..
စိုးယု POV

ကျောင်းသားရေးရာမှာ လိုအပ်တာတွေလုပ်ပြီးတော့ စာရေးဦးလေးကြီးက Time Table တစ်ခုထုတ်ပေးလိုက်သည်… ကျောင်းသားကဒ်ကိုတော့ ညနေ ကျောင်းဆင်းခါနီးမှ ပြန်လာယူဖို.ပြောသည်။
ပေးလိုက်သော Time Table ကို အသည်းအသန် နားလည်ဖို.ကြိုးစားနေတုန်း၊ ယွန်းကို ဖျတ်ခနဲ လက်ကဆွဲယူသွားသည်…
“ဖတ်မနေစမ်းပါနဲ့ဟာ… နင်နဲ့ငါ အတန်းတူတူဘဲ… ငါ့နောက်သာလိုက်ခဲ့..” ဟုပြောရင်း စိုးယုပခုံးကိုဖက်ကာ ဆွဲခေါ်သွားသည်..
စိုးယုမှာတော့ ယွန်းကြောင့် ရင်တွေခုန်ထူပူကာ… သူမခေါ်ဆောင်ရာသို. တစ်ချက်မငြင်းဘဲ လိုက်မိတော့သည်..
တစ်လမ်းလုံး ယွန်းရဲ့ ကိုယ်သင်းနံ.လေးက မရိုးသားသော သူမစိတ်ကို ယစ်မူးစေသည်…
ယွန်း ရယ်မောလိုက်တိုင်း ပေါ်လာသော ပုလဲစီထားသလို ညီညာဖြူဖွေးနေတဲ့ သွားလေးတွေကလဲ သူမကို ရင်ခုန်စေသည်..
ယွန်း လမ်းလျောက်တိုင်း လှုပ်ခါသွားသော ဆံပင်ရှည်တွေက တပ်မက်စရာကောင်းလွန်းသည်..
ယွန်း စကားပြောတိုင်း ပြောင်းလဲသွားသော သူမမျက်နှာအမူအယာတွေကို ရင်လေးစွာခိုးကြည့်ရင်း ယွန်းဘာတွေပြောနေလဲတောင် နားမလည်မိတော့..
“ရောက်ပြီ..”
“ဘယ်ရောက်တာလဲ..”
“စာသင်ဆောင်လေ… ဒါက C ဆောင်”
ယွန်းခေါ်လာလို.သာ ရောက်လာရတယ်… လမ်းကို ဘယ်ကနေ ဘယ်လိုလျောက်ခဲ့မိမှန်းမသိ…
စာသင်ဆောင်ကလဲ ကြည့်ပါဦး… ခြုံတွေ ကြားထဲမှာ အုတ်တိုက် ဖြူဖြူလေးတွေ အတန်းလိုက်… စုစုပေါင်း ၆တိုက်….ခုနက ကျောင်းသားရေးရာ အဆောက်အဦးနဲ့ ကွာခြားလိုက်တာ…
စိုးယုခေါင်းကုတ်နေတုန်း… ယွန်းက လက်ဆွဲကာ အတန်းထဲသို.ခေါ်သွားသည်…
အတန်းထဲမှာ ဆရာမတစ်ယောက် စာစသင်ဖို. ပြင်ဆင်နေသည်….
“တီချယ်.. ဒါ ယွန်းတို. PR မေဂျာရဲ့ ကျောင်းသူသစ်… သူ.နာမည်က စိုးယုနွယ်တဲ့..” ယွန်းက မိတ်ဆက်ပေးတော့
“မင်္ဂလာပါ တီချယ်” စိုးယုလဲ နှုတ်ဆက်လိုက်သည်..
ဒါပေမယ့် … ဆရာမက စိုးယုကိုသေချာကြည့်ကာ… “မနက်ဖန်ကစပြီး မင်း ဆံပင်ကို အရောင်ပြန်ဆိုးခဲ့ပါ… ဒီကျောင်းမှာ ဆံပင် အရောင်ဆိုးခွင့်မရှိဘူး…. မင်းဝတ်ထားတဲ့ အဖြူရောင်ရင်ဖုံးက GTU ရင်ဖုံးမဟုတ်ဘူး…. ကျောင်းသားရေးရာရှေ.မှာ Uniform Design ဓာတ်ပုံ ရှိတယ်.. သေချာပြန်သွားကြည့်…
ပြီးတော့ Engineer ကျောင်းသူတစ်ယောက်အနေနဲ့ ဒီလောက်မြင့်တဲ့ ဒေါက်ဖိနပ်နဲ့ ကျောင်းကိုလာတာ.. မင်း Practical ကိုဘယ်လိုလုပ်မှာလဲ… တို့ကျောင်းက သူများတွေလို လှလှလေးဝတ်ပြီး ကျောင်းတတ်လို.ရတဲ့ ကျောင်းမဟုတ်ဘူးကွယ်….
ယွန်းနဒီ.. သူငယ်ချင်းအသစ်ကို သေချာရှင်းပြလိုက်ပါ.. ခုတော့ တီချယ်စာစသင်မယ်… မင်းတို. သွားထိုင်တော့..”
ရှည်လျားလှသော စကားတွေကို ဆရာမပြောပြီးနောက်မှာ စိုးယုခေါင်းကို ငုံ.ကာ ယွန်းခေါ်ရာနောက်သို.လိုက်ခဲ့သည်…
အတန်းထဲက ကျောင်းသား၊ ကျောင်းသူတွေအကုန် စိုးယုကို တိတ်တိတ်ခိုးရယ်နေကြမှန်း ကြည့်စရာမလိုဘဲ သိရှိခံစားလို.ရသည်..
ရင်ထဲမှာတော့ ရှက်တာလိုလို…ငိုချင်တာလိုလို…
“စိတ်မကောင်းမဖြစ်ပါနဲ့ဟာ… တီချယ်က စည်းကမ်းကြီးလို.ပါ… နင့်ကို ငါပြောသားဘဲ နင်က ကျောင်းသူသစ်ဆိုတာ အကုန်လုံး သိတယ်ဆိုတာ…” ယွန်းက အားပေးစကားပြောရှာသည်..
“နင်သိရင် စကတည်းကပြောပါလား…ခုတော့ ..” စိုးယု မျက်စောင်းထိုးရင်း ယွန်းကို ခပ်တိုးတိုးဟောက်လိုက်သည်…
“အယ်… ငါကပြောတော့ရော…နင်ချက်ချင်း ဘာလုပ်လို.ရမှာလဲ.. ကျောင်းက ဒီလောက်အဝေးကြီးကို.. နင့်ဆံပင်လဲ ချက်ချင်းပြေးပြီး အရောင်ပြောင်းလို.မရဘူး… Uniform လဲ ချက်ချင်းပြေးလဲလို.မရဘူးလေ… ဟဲ့..စိတ်သိပ်နုမနေနဲ့ ဒါက Engineer ကျောင်း..မိန်းမသိပ်ဆန်လွန်းလို.မရဘူး.. ငါတို.ကတော့ ဒီတီချာတွေ ဆူတာလောက်များ ပန်းနဲ့ပေါက်သလောက်ဘဲရှိတယ်….” ယွန်းက စကားပြောရင်း.. လွယ်အိတ်ထဲက စာအုပ်ကိုထုတ်ကာ သူမဘက်ကို ဖတ်စာအုပ်တိုးပေးသည်…
နောက်ပြီး စကားတစ်ခွန်း ခပ်တိုးတိုးဆိုသည်..”နင့်ဆံပင်ရွှေရောင်တွေက နင်နဲ့ သိပ်လိုက်တာဘဲ…”
ဖတ်စာအုပ်ကို သူမဘက်သို.နည်းနည်း မြင်သာအောင်ဆွဲယူရင်း၊ ချစ်စရာကောင်းလွန်းသော ယွန်းကို မျက်စောင်းထိုးမိသည်…
…….. ….
တနေကုန် ယွန်းခေါ်ရာနောက်သို.လိုက်ရင်း.. စာသင်ခန်း တစ်ဆောင်မှ တစ်ဆောင်ကူးကာ စာသင်ခဲ့ရသည်…
ကျောင်းကြီးက ကျယ်လွန်းပြီး၊ ရာသီဥတုက ပူလွန်းသည်… စိုးယုအတွက်တော့ ပထမဆုံးနေ့ရဲ့ တကသိုလ်အတွေ.အကြုံက ပင်ပန်းလွန်းသည်…
Drawing ဆောင်၊ C ဆောင်၊ D ဆောင်၊ ကြက်ခြံ၊ ၀က်ခြံ စသည်. အထူးအဆန်း စာသင်ဆောင် နာမည်တွေကိုလဲ အံ့သြစွာမှတ်သားရင်း ညနေ၄နာရီထိုးခဲ့ပြီ….
ကျောင်းကားတွေ စုရပ်သို.လာရင်း…
“နင် ကျောင်းကားစီးလား..” ယွန်းကမေးသည်…
ခေါင်းကိုယမ်းရင်း… “ဟင့်အင်း.. ငါ့အိမ်က ကားလာကြိုမှာ…”
“နင့်ကားက ဘယ်တော့လာမှာလဲ.. ငါတို.ကျောင်းကားတွေက ၄နာရီခွဲရင်ထွက်မှာ..”
“ငါ့ကားမဟုတ်ဘူးဟ… ဒေါ်လေးအိမ်ကကား… ငါလဲ နောက်နေ့ ကျောင်းကားဘဲ စီးရမယ်ထင်တယ်… နင် က ဘယ်မြို.နယ်ကားစီးတာလဲ..” စိုးယုမသိချင်ယောင်ဆောင်ပြီး မေးလိုက်သည်… အမှန်တော့ ယွန်းအကြောင်းတွေ သူမ အကုန်သိပြီးသားလေ…
“ငါက ဖဆပလ ကားစီးတယ်.. ငါနေတာ အောင်ဆန်းကွင်းနားမှာလေ…”
“ဟယ်…တူတူဘဲ..ငါလဲ အဲဒီနားဘဲနေတာ… နင်နဲ့ တူတူနောက်နေ့ ဖယ်ရီစီးလို.ရပြီ…”
“တကယ်လား..” ယွန်းက ၀မ်းသာစွာမေးသည်… ပြီးတော့ “နောက်နေ့ကျရင် ငါနင့်ကို ကျောင်းသားရေးရာမှာ ဖယ်ရီကဒ်လိုက်လုပ်ပေးမယ်..”
“အေး.. ပြီးရော.. ဒီနေ့တော့ နင် ငါ့ဒေါ်လေးအိမ်ကကားနဲ့ တူတူလိုက်ပြန်လေ…”
ယွန်းခေါင်းကို ငြိမ့်ရင်း…”အင်း… သွားမယ်.. ငါလဲ ဒီနေ့ အိမ် မြန်မြန်ရောက်ချင်နေပြီ..”
၂ယောက်သား လက်ချင်းချိတ်ပြီး စိုးယုရဲ့ ကားရှိရာသို. ပျော်ရွှင်စွာ ထွက်လာခဲ့ကြသည်….