Saturday, March 30, 2013

Little Ghost Satr1 - Fanfic

ကဲ... ၀တ္ထုတစ်ပုဒ်ရေးနေရင်း မပြီးသေးဘူး fan-fic ပိုးကလဲ မသေနိုင်သေးတော့ fan-fic အသစ်တစ်ပုဒ် အစဆွဲထုတ်မိပြန်တယ်..
အားပေးကြပါဦးဗျ..
ရုတ်တရက်ရတဲ့ စိတ်ကူးလေးနဲ့ ဖန်တီးလိုက်တဲ့ fan-fic လေးပါ..း)

http://www.asianfanfics.com/story/view/416024/little-ghost-star1-romance-sistar-sulli-bora-girlxgirl

Friday, March 29, 2013

Flame of Love - Chapter 10


Chapter – 10

@ Dinner

သံသာ~~

စိုးနွယ်လာခေါ်တာ နောက်ကျလို. မမတေးနုယဉ်ကားပေါ်မှာ တဗျစ်တောက်တောက်ဖြစ်လာတာကလွဲရင် အရာရာက ခုထိတော့ အဆင်ပြေနေသည်..
အရပ်မြင့်မြင့် အသားညိုညိုနှင့် ခိုင်က သူမဘေးမှာထိုင်ရင်း ဖုန်းတစ်လုံးနှင့် ရှုပ်နေသည်..
မမနှင့် စိုးနွယ်က Menu Cardကိုဖတ်ရင်း ညနေစာအတွက် ဟင်းမှာနေကြသည်..
သူမတစ်ယောက်သာ ဘာလုပ်လို.လုပ်ရမှန်းမသိသေး…
သေချာတာကတော့ ယုငယ်ကိုမျှော်နေခဲ့တာ..
“သံသာ… ဘာစားမှာလဲ.. “ မမကမေးသည်..
“ရတယ်.. မမတို.အဆင်ပြေတာဘဲမှာထားလိုက်.. “
“Ok..”
.
.
သံသာ့စိတ်တွေ မငြိမ်မသက်ဖြစ်နေသည်..
စိုးနွယ်ပြောတာကတော့ ယုငယ်လာနေပြီတဲ့.. သံသာ့ဘေးက ခုံလွတ်လေးကိုကြည့်ရင်း ရင်တွေခုန်နေမိပြီ…

Flame of Love - Chapter 9


Chapter 9

ယုငယ်~~

နေ့လည်စာစားပြီး မိုးပြင်ပေးသော ပန်းသီးစိတ်လေးတွေစားရင်း ၂ယောက်သား ဧည့်ခန်းမှာ တီဗီတူတူထိုင်ကြည့်နေတုန်း….
~~oh oh kiss me.. oh kiss me..~~ ဖုန်းသံမြည်လာတော့..
“ဟဲလို”
“ဟုတ်ကဲ့..”
“ဒါဆို ခဏနေတွေ.ကြမယ်လေ.. ၄နာရီနော်”
“တာ့တာ..”
ဖုန်းချအပြီး ..…
“ဘယ်သူလဲ” မိုးကမေးသည်..
“တေးတေး ဖုန်းဆက်တာ.. မနွယ်မအားလို.တဲ့.. ဒီည ခိုင်နဲ့ ညစာသွားစားကြမလို.တဲ့.. မိုးကိုပါခေါ်ခဲ့တဲ့.. ညနေ ၄နာရီ..”
မိုးက ခေါင်းလေးကို ငြိမ့်ပြီး နာရီကို လှမ်းကြည့်သည်.. “ဟာ ခုဘဲ ၂နာရီထိုးတော့မယ်..”
“ဟုတ်တယ်.. အချိန်သိပ်မရှိတော့ဘူး… ရေချိုးကြစို.”
“အင်း.. ငယ် အရင်သွားချိုး.. မိုး အိမ်နည်းနည်း ရှင်းလိုက်ဦးမယ်..”
“ဟာ.. ဘယ်ဖြစ်မှာလဲ ငယ့်ချစ်ချစ်လေး တစ်ယောက်တည်းပင်ပန်းနေမှာပေါ့.. တူတူအိမ်ရှင်းပေးမယ်.. ပြီးရင် ရေတူတူချိုးမယ်နော်..ခိခိ”
မိုးက မျက်စောင်းထိုးရင်း….
“သွား.. လူဆိုး.. အကြံချည်းဘဲ..”
.
.
Xxxxxxxxxxxxxxxxxxxxxxxx xxxxxxxxxxxxxxxxx

Saturday, March 23, 2013

Flame of Love - Chapter 8


Chapter 8

မိုး~~
အလုပ်ဆင်းတော့ Supermarket ကိုသွားပြီး လိုအပ်တာတွေဝယ်သည်..
အိမ်ပြန်ရောက်တော့ ညတစ်နာရီထိုးပြီ….
ယုငယ်အတွက် ခေါင်းအုံးအပိုတစ်လုံး ထုတ်ပေးပြီး၊ ယုငယ် သုံးနေကျ သွားတိုက်တံနှင့် မျက်နှာသုတ်ပ၀ါ အဆင်သင့် ရှိမရှိသေချာစစ်သည်..
အကုန်လုံး သေချာပြီဆိုတော့.. မျက်နှာသစ် ရေချိုးပြီး အိပ်ဖို.ပြင်သည်..
.
.
.
.
မအိပ်ခင် မနက်စောစော ဘုရားဆွမ်းတော်အတွက် ဈေးဝယ်လာခဲ့သော သစ်သီးအချို.ကပ်ပြီး၊ ဘုရားရှိခိုးသည်…
မနက်မိုးလင်းခါနီးမှ အိမ်ပြန်ရောက်တတ်ပြီး တစ်နေ့လုံး အိပ်တတ်သောကြောင့် အလုပ်ကအပြန် မအိပ်ခင်မှာ ဘုရားဆွမ်းတော်ကပ်တတ်တာ သူမရဲ့ အကျင့်…
sms အ၀င်သံကြားရပေမယ့်  ဘုရားရှိခိုးနေဆဲဆိုတော့ ချက်ချင်းထဖွင့်မကြည့်ဖြစ်…
စိတ်က ဘုရားထံမရှိတော့ဘဲ sms ဆီမှာဘဲ ရောက်နေခဲ့ပြီး မြန်မြန်ဘုရားစင်သို. အာရုံပြောင်းရပြန်သည်..
.
.

င်္Flame of Love - Chapter 7


Chapter 7

ခိုင်~~

Bus ကားပေါ်ကဆင်းပြီး ဆေးရုံကို လမ်းလျောက်လာတဲ့အထိ ခိုင့်ရင်ထဲက အတွေးတွေ မရှင်းသေး…
ဒါပေမယ့်…
လူနာကုတင်ပေါ်က Snow White လေးကို တွေ.ရချိန်မှာတော့…
“မင်္ဂလာ နံနက်ခင်းပါ ငုသွယ်” အရာရာကို မေ့ပြီး သူမကို ခပ်ပြုံးပြုံး နှုတ်ခွန်းဆက်မိသည်…
“ခိုင်….” 
တစ်ကိုယ်လုံးမှာ အားအပြင်းဆုံး စူးရှတဲ့ မျက်ဝန်းနက်တွေနဲ့ ခိုင့်ကိုကြည့်နေပုံက ရင်ထဲထိတောင် ထွင်းဖောက်မြင်နေရသလို….
“နိုးနေတာ ကြာပြီလား..”
“ဟုတ်ကဲ့… ခိုင်လာမယ်ဆိုလို. စောင့်နေတာ”
ချစ်စရာကောင်မလေးက ချစ်စဖွယ်ပြန်ဖြေတော့ အမြဲမျက်နှာတည်ထားတတ်သောခိုင်တစ်ယောက် အပြုံးတွေ ရပ်တန်.လို.မရ…
“ငုသွယ်အတွက်..” လက်ထဲမှ ပန်းစည်းလေးကိုပေးတော့..
“ဟယ်.. ပန်းလေးတွေက လှလိုက်တာ.. ကျေးဇူးပါ..”
“ငုသွယ်က ပန်းလေးတွေထက်ပိုလှတာ..”
သူမ မျက်စောင်းဖျော့ဖျော့လေးထိုးတော့ ခိုင့်ရင်ခုန်သံ ကြမ်းကြမ်းလေး ခုန်သွားသည်ပေါ့….
.
.
.

Friday, March 22, 2013

Flame of Love - Chapter 6


Chapter – 6

သံသာ~~

ဆေးရုံက ပြန်လာပြီးကတည်းက သံသာ့စိတ်တွေမှာ ယုငယ်ရဲ့ အရိပ်တွေဖုံးလွှမ်းထားတယ်..
စားလဲ ယုငယ်
သွားလဲ ယုငယ်
ညအိပ်ချိန် အိပ်မက်ထဲထိပါ ယုငယ်~~
သူမရဲ့ ရှည်သွယ်သောအရပ်နဲ့ ဆွဲဆောင်မှုရှိတဲ့ ဆံနွယ်ကောက်ကောက်တွေ…
ပြည့်မောက်သောရင်အစုံနဲ့ ချောမွတ်နေသော နို.နှစ်ရောင်အသားအရေ..
Photo Model လုပ်တယ်ဆိုတာ ငြင်းစရာမလိုလောက်အောင် Model တစ်ယောက်မှာ ရှိသင့်သော် အရည်အချင်းတွေ သူမခန္ဓာကိုယ်မှာ ရှိနေသည်…
သူမရဲ့ စကားပြောဟန် လှုပ်ရှားမှုတွေက ဗီဒီယိုပြကွက်တစ်ခုလို သံသာ့အတွေးအာရုံထဲမှာ တစ်ကွက်ချင်းမြင်ယောင်နေတာ…
ဘယ်လိုလုပ်ရပါ့..                                                   
မမတေးနုယဉ်နဲ့ စိုးနွယ်တို. ချစ်သူဖြစ်တော့ မိသားစုထဲမှာ အချို.တွေ အငြင်းပွားကြချိန် သံသာက နားလည်ပေးခဲ့ပေမယ့်၊ ကိုယ်တိုင်တော့ မိန်းကလေးတစ်ယောက်ကို ချစ်မိဖို.ဆိုတာ အိပ်မက်တောင်မမက်ဖူးခဲ့..
အခုတော့ … ယုငယ်ဆိုတဲ့ နတ်ဘုရားမလေးက သံသာ့နှလုံးသားကို အပိုင်သိမ်းသွားပြီ….

Xxxxxxxxxxxxxxxxxxx xxxxxxxxxx

ခိုင်~~

မနက်၈း၀၀…

ဒီအချိန်ရောက်ဖို.ကို ညကတည်းက မအိပ်ဘဲစောင့်နေခဲ့တာ...
Body Fit T-shirt အဖြူပေါ် ကာကီရောင်ခါးတို ဂျက်ကတ်ကိုထပ်ဝတ်ပြီး၊ Skinny ဂျင်းဘောင်းဘီရှည်နက်ပြာရောင်၊ ဝေါ့ကင်းရှူး အနက်ရောင်ကို ကောက်စွပ်လိုက်သည်။
ပတ်နေကျ နဲနဲဟောင်းနေပြီဖြစ်သော သားရေခါးပတ်အညိုကို ခါးမှာ ပတ်ပြီးချိန်မှာတော့ ဆေးရုံသွားဖို. အဆင်သင့်ဖြစ်နေခဲ့ပြီ။

“La Da Da Di Da ~~ Da Da Da” စာသားမပါသော သံစဉ်အချို.ကို ဘာရယ်မဟုတ်ကောက်ဆိုပြီး၊ သော့ကိုယူပြီး အိမ်အပြင်ထွက်သည်…

ရင်ထဲမှာ ပျော်နေတာ…. Snow White လေးကို တွေ.ရတော့မယ်…..
မျိုးကို ချစ်သည်ဆိုတာ သေချာနေဆဲပေမယ့်.. ဆေးရုံပေါ်က ကောင်မလေးကို တွေ.ရမယ်ဆိုတော့လဲ ရင်ခုန်နေတာကို ဖျောက်ဖျက်ပစ်လို.မရ…

Flame of Love - Chapter 5


Chapter 5

မီးတွေလောင်နေပြီ….
အသိစိတ်က ထွက်ပြေးဖို.ပြောနေပေမယ့် သူမခြေထောက်တွေ လှုပ်လို.မရ…
တစ်ကိုယ်လုံးအားနည်းပြီး လဲကျရာနေရာက မထနိုင်…
မီးခိုးတွေ… တစ်ခန်းလုံးပြည့်နှက်လာပြီ…
သူမ အသက်ရှူနှုန်းတွေလဲ မမှန်တော့ဘူး..
သေရတော့မယ်ဆိုတဲ့အသိစိတ်ကြောင့်လား၊ မီးခိုးငွေ.တွေကြောင့်လားမသိ.. သူမမျက်နှာမှာ မျက်ရည်တွေနှင့်..
.
.
.
သတိလစ်မလိုလိုဖြစ်နေချိန်မှာ သေချာသိလိုက်တာက တစုံတစ်ယောက်ရဲ့ နွေးထွေးတဲ့ ရင်ခွင်… မသန်မာပေမယ့် သူမကို မြဲမြဲပွေ.ဖက်ထားတဲ့ လက်တစ်စုံ….
ထိုလက်အစုံကို ယုံကြည်စွာနဲ့ သူမစိတ်တွေလျော့ချလိုက်တယ်…

Tuesday, March 12, 2013

Flame of Love - Chapter 4


Chapter 4

ဆေးရုံကုတင်ပေါ်မှာ အိပ်နေတဲ့ ကောင်မလေးကို ငေးကြည့်ရင်း၊ နံဘေးမှာ ငြိမ်ငြိမ်လေး ထိုင်နေမိသည်…
“ညီမ… ရေနည်းနည်းလောက် သောက်လိုက်ဦး.” သူနာပြုတစ်ဦးလာပေးသော ရေပုလင်းကို အယောင်ယောင်အမှားမှားလှမ်းယူပြီး မော့သောက်လိုက်သည်။
“ညီအစ်မတွေလား…”
“ဟမ်… ဘာကိုပြောတာလဲ..”
“ညီမက သူ.ရဲ့လူနာရှင်မဟုတ်ဘူးလား..”
ခေါင်းကို ဖြည်းဖြည်းယမ်းရင်း.. “မဟုတ်ဘူး… မီးလောင်နေတာ တွေ.လို. ၀င်ကယ်လာတာ..”
“သြော်..” သူနာပြုဆရာမလေးက နားမလည်သလို ခိုင့်ကိုကြည့်ပြီး စကားပြောတာကို ရပ်ကာ သူမလုပ်စရာတွေဆက်လုပ်သည်…
ခိုင် ဒီထိုင်ခုံမှာ ထိုင်ပြီး၊ အိပ်ပျော်နေသော ကောင်မလေးကို ကြည့်နေမိတာ ဘယ်လောက်ကြာနေမိလဲ ကိုယ့်ကိုယ်ကိုတောင်မသိ…
အရေးပေါ်ယာဉ်ရောက်လာတော့ ပတ်ဝန်းကျင်ကသူတွေက သူမကိုပါ ကားထဲလိုက်ခိုင်းသဖြင့် အခုဆေးရုံရောက်တဲ့အထိပါလာတာသာဖြစ်သည်…
ဆေးရုံရောက်တော့လဲ သူမကဘဲ လိုအပ်သမျှ အစစအရာရာစီစဉ်၊ မေးသမျှမေးခွန်းတွေ ဒိုင်ခံဖြေနေခဲ့တာဆိုတော့ လူနာရှင်ဟုထင်တာ သူနာပြုအနေနဲ့ မလွန်…
အခုတော့ သူမကိုယ်တိုင်လဲ လူနဲ့ စိတ် သိပ်မကပ်……… ဆရာဝန်ကတော့ အိပ်ဆေးထိုးပေးခဲ့တယ်ပြောတာဘဲလေ……….
.

Monday, March 11, 2013

Flame of Love - Chapter 3


Chapter 3

ခိုင်~~

မီးတောက်တွေ မီးလျံတွေကြားမှ….
“ခိုင်~~ ကယ်ပါဦး…. ခိုင်ရေ~~”
“မျိုး…”
“ခိုင် လာနေပြီ မျိုးရေ… ခဏစောင့်နော်…”
ချစ်သူရှိရာသို. မီးတောက်တွေကြားမှာ ကျွန်တော်တို. တပ်ဖွဲ. သတိထားပြီး သွားနေကြသည်…
“ခိုင်.. မင်း သွားလို.မရတော့ဘူး.. လမ်းဆုံးနေပြီ..” Captain ကိုဇော်ဝင်းက တားသည်..
“မရဘူး အစ်ကို.. မျိုး အထဲမှာ ပိတ်မိနေတယ်…”
“ဟိတ်ရောင်.. မင်းပါ သေလိမ့်မယ်…” ပြန်ဆွဲခေါ်နေကြသော သူနှစ်ယောက်ကို တွန်းကန်ပစ်ခဲ့ရင်း.. မီးတောက်တွေကြားထဲ တိုးဝင်ခဲ့သည်…
“မျိုးရေ~~”
.
.
မီးစွဲနေသော ထုတ်တန်းတစ်ခု ပြုတ်ကျလာပြီး…
“အား……………….”
“ခိုင်~~”
“မျိုး…”
.
.

လည်ချောင်းကွဲမတတ်အသံကုန်အော်ဟစ်ပြီး အိပ်ရာက နိုးလာတော့….
အရာရာဟာ အိပ်မက်တွေမှန်း သတိထားမိသည်…
မျိုး… အိပ်မက်ထဲမှာ ထပ်တွေ.ရသည်… ချစ်သူဆုံးခဲ့တာ ၃နှစ်ကျော်ခဲ့ပြီပေါ့…. …
“ဟူး..”
ရင်ထဲကအပူငြိမ်းရန် ရေတစ်ခွက်ထသောက်ဖြစ်သော်လည်း ဒီအပူဘယ်တော့မှ မငြိမ်းနိုင်မှန်း.. ကိုယ့်ကိုယ်ကိုသာအသိဆုံး..
နှုတ်ခမ်းကို ခပ်နာနာကိုက်ရင်း ၀ဲကျလာသော မျက်ရည်အချို.ကို လက်ခုံနှင့် ခပ်ကြမ်းကြမ်းသုတ်ကာ မျိုး အကြောင်း မတွေးမိအောင် စိတ်ထိန်းသည်…

Thursday, March 7, 2013

Flame of Love - Chapter 2


Chapter 2

ငုသွယ်~~~


စိတ်ပူတတ်သော ညီမငယ်အလုပ်သွားပြီဆိုတော့ တစ်ယောက်တည်းအိမ်မှာ ရှိနေတယ်ဆိုတဲ့ အတွေးက လူကို အားငယ်စေလာသည်..
“ခဏနေ နွယ်လေး ပြန်လာမှာဘဲလေ..” ကိုယ့်ကိုယ်ကို အားတင်းလိုက်ရင်း၊ အိပ်ရာပေါ်မှ ခပ်ဖြေးဖြေးထသည်။
အမှန်တော့ ခေါင်းမူးပြီး လူကအားနည်းနေသော်လည်း၊ အိပ်ယာထဲမှာ လူမမာတစ်ယောက်လို အိပ်မနေချင်..

အသက်ကို ပုံမှန်ဖြစ်အောင်ရှူရင်း၊ ရေချိုးခန်းဆီသို. ခပ်ဖြေးဖြေးလျောက်သည်..

ပိန်လှီနေသော သူမခြေထောက်တွေ ပြန်ငုံ.ကြည့်ရင်း လွန်ခဲ့တဲ့ ၃နှစ်ခန်.က အောင်မြင်စွာကျော်ကြားခဲ့သော နာမည်ကြီး Model ငုသွယ်ရဲ့ ခြေထောက်တွေဆိုတာ ယုံရခက်ခက်…
အသက် ၂၇နှစ်ဆိုတာ သာမန်လူတစ်ယောက်အတွက် ပျော်ပါးသွက်လက်နေရမယ့်အရွယ်.. သူမအတွက်ကတော့ ဝေဒနာဖိစီးမှုကြောင့် အိမ်ထဲကအပြင်ထွက်ခွင့်မရှိတဲ့ အိပ်ရာပေါ်မှ လူပိုတစ်ယောက်..

Flame of Love - Chapter 1


Chapter 1

“မကြီး… ငယ် အလုပ်သွားတော့မယ်…” အလုပ်မသွားခင် အခန်းတံခါးကို အသာဖွင့်ဟရင်း မကြီးကို အသိပေးလိုက်သည်…
.
.
ကုတင်ပေါ်မှာ အိပ်နေသော မကြီးထံမှ ချက်ချင်းပြန်ဖြေသံမကြားရ….
“မကြီး..” ယုငယ် စိုးရိမ်စွာနှင့် အခန်းထဲကို ၀င်လာခဲ့သည်..
“မကြီး.. အိပ်နေတာလား..”

ပိတ်ထားသော မျက်လုံးများကို အားယူဖွင့်ပြီး မလန်းမဆန်းအပြုံးနှင့်အတူ.. “ငယ်လေး အလုပ်သွားတော့မှာလား… တံခါးတွေ သေချာပိတ်သွားနော်..”
ယုငယ် ကုတင်ဘေးမှာ ဒူးထောက်ထိုင်ချရင်း.. “မကြီး နေမကောင်းဘူးလားဟင်..”
“ညက အိပ်တာနောက်ကျလို.ထင်တယ်.. နည်းနည်းခေါင်းမူးနေတာပါ.. မကြီးကို စိတ်မပူနဲ့နော်.. ငယ်လေး အလုပ်သွားတော့…”

ကြိုးစားပြီး စကားပြောနေရသော မမကြီးက စိတ်မပူပါနှင့် ပြောနေသော်လည်း၊ ယုငယ် စိတ်ပူနေမိသည်..
Schedule ကို သေချာပြန်ကြည့်တော့ ဒီနေ့ကျမှ အရေးကြီး Magazine တစ်ခုအတွက် Photo Model လုပ်ပေးဖို.ရှိသည်။

Monday, March 4, 2013

Tomboy တစ်ယောက်ကို ချစ်တော့မယ်ဆိုရင်...


နားလည်ပေးပါ

၁) Tom တစ်ယောက်က ကောင်လေးဆန်တဲ့ ကောင်မလေးတစ်ယောက်ပါ
၂) Tom တစ်ယောက်ရဲ့ နှလုံးသားက ကောင်မလေးတစ်ယောက်လို နူးညံ့တတ်တယ်၊ စွဲစွဲနစ်နစ်ချစ်တတ်တယ်…
၃) တခါတလေမှာ သူတို.က မိန်းကလေးဆန်တတ်တယ်.. နားလည်ပေးပါ သူတို.လဲ ကောင်မလေးတစ်ယောက်ဘဲဆိုတာ…
၎) တခါတလေမှာ သူတို.ရဲ့ အပြုအမူတွေက ခက်ထန်ကြမ်းတမ်းနေတတ်တယ်.. နားလည်ပေးပါ သူတို.ဘ၀က ကောင်လေးဆန်တဲ့ အပြုအမူတွေနဲ့ ရောထွေးရှင်သန်နေကြရလို.ပါ..
၅) တချို. Tom တွေက ရှက်တတ်ကြတယ်.. နားလည်ပေးပါ ကောင်လေးမဆန်တဲ့ ခန္ဓာကိုယ်နဲ့ ကောင်လေးစိတ်ကို ရထားတဲ့သူတွေမို.လို. မိန်းကလေးအချင်းချင်းဘာဖြစ်လဲဆိုတဲ့မှတ်ချက်က သူတို.ကို နာကြင်စေတယ်…
၆) Tom တွေအားလုံးရဲ့ တူညီတဲ့စိတ်က ကောင်မလေးတွေအတွက် အားကိုးစရာဖြစ်ချင်ကြတယ်၊ ချစ်သူကို ကာကွယ်ပေးချင်ကြတယ်….. တကယ်လို.များ ညီမလေးအတွက် ချစ်သူ Tom က အထင်ကြီး အားကိုးစရာမဖြစ်ခဲ့ရင် အချစ်စိတ်လေးနဲ့ ဖြေတွေးပေးပါ… Tom တွေက တကယ့်ကောင်လေးအစစ်မဟုတ်တော့ သူတို.ရဲ့ ခံနိုင်ရည်နဲ့ အကြမ်းခံနိုင်မှုက ညီမလေးတို.ထက် နည်းနည်းလေးဘဲ ပိုနိုင်ပါတယ် (တချို.ဆို ညီမလေးတို.ထက် ပိုနူးညံ့နိုင်ပါတယ်)
၇) သူတို.ကို ယုံကြည်ပေးပါ….. ချစ်သူအတွက် ပင်လယ်ကိုဖြတ်မယ် မီးတောင်ကိုကျော်မယ်လောက်ထိမလုပ်နိုင်ပေမယ့် ယောက်ျားဆန်ချင်တဲ့အတွက် သူတို.ကတိကိုတော့ တည်အောင်နေကြပါတယ်..