Thursday, July 25, 2013

အမည်မဲ့ - အပိုင်း ၃

(Ghost ဇာတ်ကားကို မှီငြမ်းပြီး ရေးထားတာဖြစ်ပါတယ်...း)

အခန်း 7


ပြည်သူ.ဆေးရုံကြီး…


“မဇင်မင်းသူ က ကွယ်လွန်သူ မခိုင်မွန် ရဲ့ အရင်းနှီးဆုံးမိတ်ဆွေနော်..”
“ဟုတ်ကဲ့..”
“တာဝန်အရ ကျွန်တော်တို. စစ်မေးစရာလေးတွေရှိလို. ဒီဘက်ခန်းခဏ လိုက်ခဲ့လို.ရမလား…”
ရဲဝတ်စုံနဲ့ အရာရှိတချို.က ဇင့်ကို တဘက်ခန်းသို.ခေါ်သွားကြသည်။
သူမကတော့ အ၀တ်အဖြူရောင်အုပ်ထားသော သူမရဲ့ သက်မဲ့ ခန္ဓာကိုယ်နဘေးမှာ ကျန်နေခဲ့သည်။
ခဏနေတော့ အပြာရောင်ဝတ်ထားသော ဆေးရုံဝန်ထမ်းအချို.က သူမရဲ့ သက်မဲ့ခန္ဓာကိုယ်တင်ထားသော တွန်းလှည်းအား လာရောက်ယူဆောင်သွားကြသည်။
“မယူသွားပါနဲ့…” သူမအော်ဟစ်တားဆီးပေမယ့်… အချည်းနှီးသာ…
သူမအော်သံကို မကြားနိုင်တော့…

ထိုစဉ်..


“အန်တီ… အန်တီ က သေသွားပြီနော်…”
အသက် ၃နှစ်အရွယ်.. ကလေးမလေးတစ်ယောက်..
“အန်တီလား… မင်းက ဘယ်သူလဲ..” သူမ ဇဝေဇ၀ါနှင့် ပြန်မေးမိတော့..
“သမီးလား.. သရဲပါ..”
“သရဲ..”
“မသိဘူးလား.. သေသွားတဲ့သူလေ.. အန်တီလဲ သေသွားပြီလေ.. သရဲဘဲပေါ့..”
“သရဲတဲ့လား…..”
ကလေးမက သူမအလောင်းကို သယ်ဆောင်သွားရာ အခန်းဆီ ခန္ဓာကိုယ်တစ်ပိုင်း ၀င်ကြည့်ကာ …
“ခေါင်းမှာ ထိခိုက်မိတာဘဲ…”
“အဲဒါ ဘယ်လိုလုပ်လိုက်တာလဲ..” ခိုင်တော်တော် အံ့သြသွားသည်။ ထိုကလေးမက တံခါးကို ဖောက်ထွင်းကြည့်ရှုနိုင်တယ်ဆိုတော့…
“ဒါက လွယ်လွယ်လေးပါ.. တခြား.. ဒီလိုမျိုးလဲ လုပ်နိုင်တယ်..” ဟုဆိုကာ မျက်နှာကြက်မှ မီးချောင်းကို လက်ညှိုးနှင့်ထိုးကာ မီးကို ပိတ်လိုက်ဖွင့်လိုက်ဖြစ်အောင်လုပ်ပြသည်။
“ဒီလိုလဲ လုပ်နိုင်သေးတယ်..” ဆိုပြီး အနားရှိ ဆေးတင်ထားသော သံတွန်းလှည်းလေးကို လက်နှင့် ဆောင့်တွန်းပြသည်။
သူနာပြုဆရာမလေးတစ်ယောက် ရောက်လာကာ ကြောက်ကြောက်လန့်လန့်နှင့် တွန်းလှည်းကို အမြန်လာသိမ်းသွားသည်။
သူမ တအံ့တသြနဲ့ ငေးကြောင်နေစဉ်..
“ဟာ… ပန်းချီသင်ပေးတဲ့ အန်တီ…”
ကလေးမ ညွှန်ပြရာ ကြည့်မိတော့… “ဇင်..”
ဇင့်ကို ပြေးအဖက်…
သူမမှာ ခန္ဓာကိုယ်မရှိတော့တာ မေ့နေခဲ့သည်… သူမ၀ိဥာဉ်က ဇင့် ခန္ဓာကိုယ်ကို ဖောက်ထွက်ပြီး တစ်ဘက်သို.ရောက်သွားသည်… သူမအနေနှင့် ဇင့်ရဲ့ နွေးထွေးတဲ့ ခန္ဓာကိုယ်ကို ထိကိုင်နိုင်စွမ်းမရှိတော့ပြီ…
.
.