Monday, January 6, 2014

ွ့Ghost Girl & Me - Part 3

အခန်း (၅)

ပန်းအိက အင်းယားကို သွားရအောင်ဆိုလို.သာ တူတူထွက်လာခဲ့တာ မြတ်ခေါင်းထဲမှာ အခုထိ သူမဘာကိုဆိုလိုနေမှန်း မသိသေး။
ကန်ဘောင်မှာ စနေ၊ တနင်္ဂနွေမဟုတ်တော့ လူတွေသိပ်မစည်။ A21ဆပ်ပြာကြောငြာထားသော ခုံတစ်ခုမှာ ပန်းအိဝင်ထိုင်ပြီး၊ သူမကိုလဲ လာထိုင်ဖို. လက်ယပ်ခေါ်သည်။
ပန်းအိနဘေးမှာ ၀င်ထိုင်ဖြစ်တော့…
“မြတ် .. နင်မှတ်မိလား… ငါတို.၂ယောက် ဒီနေရာမှာ စတွေ.ခဲ့တာ…”
သူမခေါင်းထဲမှာ ဘာကိုမှ မမှတ်မိပါ.. ဒါကြောင့် ပန်းအိကို ဘာမှ ပြန်မပြောဘဲ သူမပြောမယ့်စကားတွေကို ထိုင်နားထောင်နေမိသည်။
“အဲဒီနေ့က နင်က ဒီရေပြင်ကိုကြည့်ပြီး ငိုနေခဲ့တာ။ ငါက နင်ဘာလို.ငိုနေလဲမေးတော့ နင်ကငါ့ကို ရန်သူလိုကြည့်ပြီး ဘုတောတော့တာဘဲ..” ပန်းအိက မြတ်အရှေ. မျက်နှာချင်းဆိုင်နေရာမှာ ဒူးထောက်ထိုင်ရင်း “ငါက နင့်ကို လောကကြီးမှာ နင့်ထက်ကံဆိုးတဲ့သူတွေရှိပါတယ်လို.ပြောတော့”
“မိဘ၂ပါးမျက်စိရှေ.မှာ လက်တလောဆုံးသွားတဲ့ ငါ့ထက်ကံဆိုးလားလို. နင်ပြန်မေးတယ်လေ..” ပန်းအိစကားကို ဖြတ်ပြီး မြတ်ဝင်ပြောမိသည်။
“အေး.. ဟုတ်တယ် မြတ်.. အဲဒီမှာ နင်နဲ့ ငါ တစ်ယောက်ကို တစ်ယောက်ဖက်ပြီး ငိုကြွေးခဲ့ကြတာ..”
“ငါတို.၂ယောက် အဲဒီအတိတ်ဆိုးတွေကို ဘယ်တော့မှ ပြန်မပြောကြေးလို.လဲ ကတိပေးခဲ့ကြတယ်..”
ပန်းအိက သူမပြောတဲ့စကားတွေက အမှန်ပါလို.ထောက်ခံသလိုအပြုံးနဲ့ ကြည့်နေခဲ့သည်။
.
.
ဟုတ်တယ်.. သူမနဲ့ ပန်းအိ ဒီကန်ဘောင်ပေါ်မှာ တွေ.ခဲ့ကြတယ်..
အမုန်းတွေ နားကျဉ်းမှုတွေနဲ့ ပြည့်နှက်နေခဲ့တဲ့နေ့.
တစ်သက်စာ ကိုယ့်ကိုယ်ကို ရွံရှာမုန်းတီးခဲ့ရတဲ့နေ.
အဲဒီနေ့က ပန်းအိနဲ့သာမတွေ.ရင် ကိုယ်ကိုယ်ကို အဆုံးစီရင်ဖို.ထိ ကြံရွယ်ခဲ့တာ…
.
.
သူမရဲ့ အပျိုစင်ဘ၀ကို အလိုမတူဘဲ သိမ်းပိုက်သွားတဲ့ လူတစ်ယောက်ကြောင့်
.
.
.
ထိုလူ….
.
.
ထိုလူကို ပန်းအိအိမ်မှာ….
.
.
.

Ghost Girl & Me - Part 2

အခန်း ၃

”‘ဟဲ့ ဘယ်သွားမလို.လဲ..” မနက် အိပ်ရာကနိုးနိုးချင်း ရေမိုးချိုးပြီး အပြင်ထွက်မယ်အလုပ်..
“ပလုတ်တုတ်.. လန့်တာ…” မြတ် တကယ်လန့်ပြီး ထအော်မိခြင်းပါ…. “ဘာလဲဟာ..”
“ငါ နင့်နောက်က ထပ်ချပ်မကွာ ရှိနေမယ်လို. ပြောထားတယ်လေ..” ကောင်မလေးကပြောသည်။
“ဟာ.. ငါ မနက်စာထွက်စားမလို.လေ… နင်ကဘာလိုက်လုပ်မှာလဲ..”
“ငါလဲ ဗိုက်ဆာတယ်.. ငါ့ကိုလဲကျွေး..”
“နင်က သရဲလေ.. ဘယ်လိုလုပ်စားမှာလဲ..”
“သရဲလဲ ဗိုက်ဆာတာဘဲဟ..”
“ဒုက္ခဘဲ.. ငါက သရဲကို ဘယ်လိုကျွေးရမှာလဲဟ…”
“နင် စားစရာမှာရင် ငါ့အတွက် သတ်သတ်မှာပေးပြီး၊ စားဖို.သောက်ဖို. ဇွန်း ခက်ရင်း စီစဉ်ပေး၊ ဒါဆို ငါစားလို.ရပြီ”
“အင်း.. ဒါဆိုလဲ ပြီးရော..”
သူမတို.၂ယောက် သဘောတူညီချက်ယူပြီး၊ အိမ်ပြန်သို. တူတူထွက်လာခဲ့ကြသည်။
ဒီနေ့တော့ လောကကြီးက အလွန်သာသာယာယာရှိနေသည်။ မနေ့ညက ရွာထားတဲ့ မိုးရေစက်တွေလဲ နေမင်းရဲ့ အပူဒဏ်ကြောင့် ခြောက်သွေ.ကုန်ပြီထင်သည်။ အရာရာက ပန်းချီကားတစ်ချပ်လို သူ.နေရာနှင့်သူ သေသေသပ်သပ် အစီအစဉ်တကျရှိနေခဲ့သည်။
“ဒါနဲ့…” သူမ ဘေးမှလိုက်ပါလာသော ကောင်မလေးကို တချက်ငဲ့ကြည့်ရင်း … “နင်က သရဲဆိုတော့ အရည်ပျော်မသွားဘူးလား..”
ကောင်မလေးက မြတ်ပြောသော စကားကို နားမလည်သလိုတစ်ချက်ကြည့်ရင်း.. “ဘာကိုပြောတာလဲ..”
“ဟိုလေ.. ငါသိတာက သရဲတွေက အလင်းရောင်ကြောက်တယ်လေ.. အမှောင်ထဲမှာဘဲ..”
ကောင်မလေးက ပြောလက်စ စကားကို လက်ကာပြရင်း.. “နင်ပြောတာ ငါသိပြီ၊ ငါက သရဲအစစ်မဟုတ်သေးဘူးလေ၊  ငါဘယ်လိုသေလဲ မေ့နေတဲ့သူဆိုတော့ ၀ိဥာဉ်ဘ၀နဲ့တင် ရပ်ပြီး ဘ၀ကူးမရဖြစ်နေတာ၊ ဒီတော့ သာမန်သရဲတွေလို အလင်းကြောက်တာဘာညာ မရှိသေးဘူး..”
“သြော်.. သြော်…” ကောင်မလေးပြောသမျှကို ခေါင်းငြိမ့်ရင်း၊ လမ်းထိပ်အကျော်နားမှာတွေ.သော မနက်စာဆိုင်လေးတွင် ခြေလှမ်းများကို ရပ်တန်.လိုက်သည်။ “ဒီမှာ စားကြမယ်..”
ကောင်မလေးက ဆိုင်းဘုတ်ကို တစ်ချက်မော့ဖတ်ရင်း.. “အင်း.. နင်စားနေကျဆိုင်ဘဲ..”
“နင် ဘယ်လိုသိလဲ..”
“သြော်.. ငါ နင့်အကြောင်းတွေကို သိနေပါတယ်ဆို..”
မြတ် ဘာမှ ပြန်မပြောတော့ဘဲ ဆိုင်တံခါးကို တွန်းဖွင့် ၀င်လာခဲ့သည်။
.
.

Ghost Girl & Me - Part 1

“၀ုန်း..”
“ဟာ.. တိုက်ပြီ..”
“ပြောနေသားဘဲ ကားကို သေချာမောင်းပါဆိုမှ..”
“မဟုတ်ဘူး.. သူကလမ်းကြားထဲက မကြည့်ဘဲပြေးထွက်လာတာ..”
“စကားမရှည်နဲ့… ဆင်းကြည့်ရအောင်..”
တစ်လမ်းလုံးကားမောင်းရင်း ရန်ဖြစ်လာကြသော လင်မယား၂ယောက်ရဲ့ အကျိုးဆက်က  လမ်းကြားထဲမှပြေးထွက်လာသော ကောင်မလေး၁ယောက်ကို တိုက်မိခြင်းဖြစ်သည်။
ယောကျာ်းလုပ်သူက လဲကျနေသော ကောင်မလေးပခုံးကို ကိုင်လှုပ်ရင်း.. “ကလေးမ… ကလေးမ“
“အသက်တော့ရှိသေးတယ်.. သွေးထွက်သံယိုတော့လဲမရှိဘူး.. လန့်ပြီးသတိမေ့သွားတာထင်တယ်” မိန်းမလုပ်သူက တီးတိုးရေရွတ်သည်။
“အေးကွ.. ကဲ.. အချိန်ရှိတုန်း ဆေးရုံပို.ရအောင်.. အမှုပတ်လဲ မတတ်နိုင်ဘူး..အမှုကဖြစ်နေပြီဘဲ..” ဟုဆိုကာ သတိမေ့နေသော ကောင်မလေးကို ဆေးရုံပို.ဖို. ပွေ.ချီလိုက်သည်။
.
.
.
.
.
အခန်း (၁)

“မင်း နာမည်ဘယ်သူလဲ..”
“…………………………….”
“ဘယ်မှာနေလဲ”
“………..”
“မိဘ”
“….”
“ဒီဟာဘာလဲ..” ကုတင်ကို လက်ညှိုးထိုးပြသည်။
“ကုတင်”
“ဒီဆိုင်းဘုတ်က ဘာရေးထားတာလဲ..”
“ဦးနှောက်နှင့် အာရုံကြောဌာန..”
“မင်းနာမည်က..”
“………………..”
“တကယ်ဘဲ ဘာမှကို မမှတ်မိဘူးလား..”
ကောင်မလေးက ခေါင်းငြိမ့်ပြသည်။
ဆရာဝန်သက်ပြင်း ခပ်လေးလေးကိုချရင်း.. “ခေါင်းကိုလဲ အဲလောက်ထိခိုက်မသွားပါဘူး… ဘယ်လိုလုပ်ပြီး အတိတ်မေ့သွားပါလိမ့်…တခြားဟာတွေကျ အားလုံးသိနေတယ်…” ခပ်တိုးတိုး ညည်းတွားသည်။
ပြီးမှ ဆုံးဖြတ်ချက်တစ်ခုကို ချကာ..”ကဲ.. မင်းကျန်းမာရေးအခြေအနေက အားလုံးကောင်းနေတယ်။ မင်းကိုယ်မင်းမေ့နေတာကတော့… အက်ဆီးဒင့်ကြောင့် လန်.သွားတာဖြစ်မယ်ထင်တယ်… အိပ်ရေး၀၀အိပ်ပြီး အနားယူလိုက်ရင် ကောင်းသွားမှာပါ.. ရဲစခန်းကို အကြောင်းကြားပေးထားမယ် မင်းအတိတ်မေ့နေတာကို၊ စခန်းမှာ မင်းလက်ဗွေနဲ့ စစ်ပြီး မင်းဘယ်သူလဲဆိုတာ အဖြေရှာလို.ရတယ်။ သူတို.က မင်းရဲ့ နာမည်နဲ့ နေရပ်လိပ်စာပြောပြပေးလိမ့်မယ်.. အိမ်ပြန်ပြီး အနားယူလိုက်ဦး။ ၂ပတ်ကြာရင် ဆေးရုံကိုပြန်လာခဲ့..”
ဆရာဝန်က စကားခပ်ရှည်ရှည်ပြောပြီးနောက် မောသွားဟန်နှင့် လေပူတစ်ချက်ကို မှုတ်ထုတ်သည်။
သူမကတော့ လှုပ်ရှားမှုကင်းမဲ့စွာ အသက်မဲ့သောမျက်လုံးများနှင့် အရာရာကို အသစ်တစ်ခုလို တွေဝေငေးမောလျက်….
.
.
.
.
.

မြို.နယ် ရဲစခန်း…


ကွန်ပျူတာစာရေး ရဲတစ်ယောက်က သူမလက်ဗွေ scan ဖတ်ထားသော အချက်အလက်အချို.နှင့် အလုပ်နဲနဲရှုပ်နေသည်။
ကွန်ပျူတာစာပွဲခုံ အရှေ.ကထိုင်ခုံမှာ ငြိမ်သက်စွာထိုင်နေရင်း သူမကိုယ်သူမ မေးခွန်းတွေမေးနေမိသည်..
ငါဘယ်သူလဲ…
ဘယ်ကလဲ…
“နင့်နာမည်က မြတ်ဖူးငုံ.. ရန်ကင်းမှာနေတယ်.. အိမ်နံပါတ် ၂၀၂.. ၃လွှာ.. “
ဘုရားရေ.. သူမနဘေးမှာ ဘယ်တုန်းကတည်းက ထိုင်နေမှန်းမသိတဲ့ ကောင်မလေးတစ်ယောက်…
ပန်းရောင်ဂါဝန်၊ ဆံပင်ဂုတ်ဝဲ ပါးဖောင်းဖောင်း မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ထိုကောင်မလေးကို မျက်စောင်းထိုးရင်း အရေးမစိုက်သလိုနေလိုက်သည်…
သူများတကာ အတိတ်မေ့နေလို. စိတ်ညစ်နေပါတယ်ဆိုမှ အပြောင်အပျက်သဘောနှင့် လာစသော သူမကို နည်းနည်းစိတ်ဆိုးမိသွားသည်။
ကွန်ပျူတာစာရေးက တခုခုရှာဖွေတွေ.သွားဟန်ပြပြီ…
“အိုကေ.. ရပြီ… ညီမနာမည်က မြတ်ဖူးငုံ၊ အသက် ၂၂နှစ်၊ အိမ်နံပါတ် ၂၀၂၊ ၃လွှာ၊ ရန်ကင်း၊ မိဘတွေ ကွယ်လွန်၊ မောင်နှမသားချင်း မရှိ..”
သူမ ဂရုတစိုက်သေချာနားထောင်နေရင်း ရုတ်တရတ် လန့်ကာ…”ရှင်… မြတ်ဖူးငုံ၊ အိမ်နံပါတ် ၂၀၂…” နဘေးက ကောင်မလေးကို လှမ်းကြည့်တော့ မရှိတော့…
“ခ..ခဏလေး.. ဟို ဟိုကောင်မလေး…” ကွန်ပျူတာသမားကို လက်ကာပြရင်း ခုနက ကောင်မလေးကို လက်ညှိုးထိုးပြသည်…
“ညီမ ဘာတွေဖြစ်နေတာလဲ..”
“ဟို ပန်းရောင်ဂါဝန်လေးနဲ့ ကောင်မလေးလေ… သူပြောသွားတဲ့ လိပ်စာတွေက အကုန်မှန်နေတယ်..”
“ဒီစခန်းထဲမှာ မိန်းမဆိုလို. ညီမနဲ့ ဟိုဘက်စားပွဲက ရဲမေနဲ့ဘဲရှိတာ…” ကွန်ပျူတာ သမားက သူမကို စိတ်ပျက်လက်ပျက်ပြန်ပြောသည်။
“ကဲ… ဒီမှာ မင်းလိပ်စာရေးပေးလိုက်တယ်။ ယာဉ်တိုက်မှုဖြစ်တုန်းက မင်းနဲ့အတူပါတဲ့ ပိုက်ဆံအိတ်နဲ့ လက်ကိုင်ဖုန်းက ဒီမှာ.. ပိုက်ဆံအိတ်ထဲမှာ ငွေတချို.ပါတယ်၊ မင်း Taxi ငှားပြန်ဖို. လောက်ပါတယ်။ ဖုန်းကတော့ သုံးမရတော့ဘူး.. ဆိုင်မှာ သွားပြင်ကြည့်ပေါ့။ ဒီပုံစံစာရွက်မှာ လက်မှတ်ထိုးပေး။ အားလုံးလက်ခံရရှိကြောင်း၊ ယာဉ်တိုက်သူကိုတော့ ဥပဒေအရ အမှုဖွင့်ထားတယ်။ မင်းဘက်က အဆင်ပြေရင်လဲ အမှုကျေအေးပေးလိုက်ပေါ့။ အတိအကျကိုတော့ နောက်အပတ်မှ အကြောင်းကြားမယ်။ “ သူမကို ရူးသွားပြီအထင်မျိုးနှင့် မြန်မြန်ပြီးအေးရော သဘောထားကာ နှင်လွှတ်နေမှန်းသိသာသည်။
“ဟုတ်ကဲ့..” သူမဘက်က ထိုစကားတစ်ခွန်းမှလွဲပြီး ဘာမှ ပြန်ပြောစရာမရှိပါ။
ပေးထားသော ပုံစံစာရွက်မှာ လက်မှတ်ထိုး၊ ပစ္စည်းတွေ ကောက်ယူကာ ရဲစခန်းထဲမှ ထွက်လာခဲ့သည်။
စိတ်ထဲမှာတော့ မြတ်ဖူးငုံဆိုတဲ့ သူမနာမည်ကို အခါခါရွတ်ရင်း…..

.
.
.
.
.

Taxi မောင်းသမား ချပေးသွားသော အစိမ်းရောင် တိုက်မြင့်တစ်ခုရှေ.မှာ သူမအချိန်ကြာကြာ ရပ်တန်.နေမိသည်။ ဒီတိုက်က ၃ထပ်မြောက်မှာ သူမရဲ့ အခန်းလေးတစ်ခုရှိသည်တဲ့။ ဒီတိုက်က သူမနဲ့ ရင်းနှီးမှု ရှိမရှိ ပုံဖော်ကြည့်ပေမယ့် ရင်ထဲမှာ ဘယ်လိုမှ မခံစားရ။ သူစိမ်းဆန်လွန်းတဲ့ အရိပ်အငွေ.တွေသာ ခံစားရသည်။ သူမတကယ်ရော ဒီတိုက်မှာ နေခဲ့ရဲ့လား?
ရင်ထဲမှာ ဒွိဟတွေနှင့် မီးထွန်းမထားသော အုတ်လှေကား ခပ်ကျဉ်းကျဉ်းကို သတိထားကာ တတ်လာမိသည်။
မှောင်နေသော လှေကားထစ်များပေါ်မှာ လမ်းလျောက်ရင်း အနားမှာ အအေးဓာတ်တချို. ခြုံလွှမ်းလာသလို ခံစားမိရင်း၊ သူမခေါင်းထဲ မူးလာသလိုလို၊ လက်တွေလဲ ချွေးစေးအချို.ပျံလာသည်။
သူမ အခန်းထဲ မြန်မြန်ဝင်ပြီး အနားယူမှ ဖြစ်တော့မည်။ လှေကားလက်ရန်းကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း၊ အားတင်းကာ သုံးလွှာထိရောက်အောင် တတ်လာခဲ့သည်။