Monday, January 6, 2014

Ghost Girl & Me - Part 1

“၀ုန်း..”
“ဟာ.. တိုက်ပြီ..”
“ပြောနေသားဘဲ ကားကို သေချာမောင်းပါဆိုမှ..”
“မဟုတ်ဘူး.. သူကလမ်းကြားထဲက မကြည့်ဘဲပြေးထွက်လာတာ..”
“စကားမရှည်နဲ့… ဆင်းကြည့်ရအောင်..”
တစ်လမ်းလုံးကားမောင်းရင်း ရန်ဖြစ်လာကြသော လင်မယား၂ယောက်ရဲ့ အကျိုးဆက်က  လမ်းကြားထဲမှပြေးထွက်လာသော ကောင်မလေး၁ယောက်ကို တိုက်မိခြင်းဖြစ်သည်။
ယောကျာ်းလုပ်သူက လဲကျနေသော ကောင်မလေးပခုံးကို ကိုင်လှုပ်ရင်း.. “ကလေးမ… ကလေးမ“
“အသက်တော့ရှိသေးတယ်.. သွေးထွက်သံယိုတော့လဲမရှိဘူး.. လန့်ပြီးသတိမေ့သွားတာထင်တယ်” မိန်းမလုပ်သူက တီးတိုးရေရွတ်သည်။
“အေးကွ.. ကဲ.. အချိန်ရှိတုန်း ဆေးရုံပို.ရအောင်.. အမှုပတ်လဲ မတတ်နိုင်ဘူး..အမှုကဖြစ်နေပြီဘဲ..” ဟုဆိုကာ သတိမေ့နေသော ကောင်မလေးကို ဆေးရုံပို.ဖို. ပွေ.ချီလိုက်သည်။
.
.
.
.
.
အခန်း (၁)

“မင်း နာမည်ဘယ်သူလဲ..”
“…………………………….”
“ဘယ်မှာနေလဲ”
“………..”
“မိဘ”
“….”
“ဒီဟာဘာလဲ..” ကုတင်ကို လက်ညှိုးထိုးပြသည်။
“ကုတင်”
“ဒီဆိုင်းဘုတ်က ဘာရေးထားတာလဲ..”
“ဦးနှောက်နှင့် အာရုံကြောဌာန..”
“မင်းနာမည်က..”
“………………..”
“တကယ်ဘဲ ဘာမှကို မမှတ်မိဘူးလား..”
ကောင်မလေးက ခေါင်းငြိမ့်ပြသည်။
ဆရာဝန်သက်ပြင်း ခပ်လေးလေးကိုချရင်း.. “ခေါင်းကိုလဲ အဲလောက်ထိခိုက်မသွားပါဘူး… ဘယ်လိုလုပ်ပြီး အတိတ်မေ့သွားပါလိမ့်…တခြားဟာတွေကျ အားလုံးသိနေတယ်…” ခပ်တိုးတိုး ညည်းတွားသည်။
ပြီးမှ ဆုံးဖြတ်ချက်တစ်ခုကို ချကာ..”ကဲ.. မင်းကျန်းမာရေးအခြေအနေက အားလုံးကောင်းနေတယ်။ မင်းကိုယ်မင်းမေ့နေတာကတော့… အက်ဆီးဒင့်ကြောင့် လန်.သွားတာဖြစ်မယ်ထင်တယ်… အိပ်ရေး၀၀အိပ်ပြီး အနားယူလိုက်ရင် ကောင်းသွားမှာပါ.. ရဲစခန်းကို အကြောင်းကြားပေးထားမယ် မင်းအတိတ်မေ့နေတာကို၊ စခန်းမှာ မင်းလက်ဗွေနဲ့ စစ်ပြီး မင်းဘယ်သူလဲဆိုတာ အဖြေရှာလို.ရတယ်။ သူတို.က မင်းရဲ့ နာမည်နဲ့ နေရပ်လိပ်စာပြောပြပေးလိမ့်မယ်.. အိမ်ပြန်ပြီး အနားယူလိုက်ဦး။ ၂ပတ်ကြာရင် ဆေးရုံကိုပြန်လာခဲ့..”
ဆရာဝန်က စကားခပ်ရှည်ရှည်ပြောပြီးနောက် မောသွားဟန်နှင့် လေပူတစ်ချက်ကို မှုတ်ထုတ်သည်။
သူမကတော့ လှုပ်ရှားမှုကင်းမဲ့စွာ အသက်မဲ့သောမျက်လုံးများနှင့် အရာရာကို အသစ်တစ်ခုလို တွေဝေငေးမောလျက်….
.
.
.
.
.

မြို.နယ် ရဲစခန်း…


ကွန်ပျူတာစာရေး ရဲတစ်ယောက်က သူမလက်ဗွေ scan ဖတ်ထားသော အချက်အလက်အချို.နှင့် အလုပ်နဲနဲရှုပ်နေသည်။
ကွန်ပျူတာစာပွဲခုံ အရှေ.ကထိုင်ခုံမှာ ငြိမ်သက်စွာထိုင်နေရင်း သူမကိုယ်သူမ မေးခွန်းတွေမေးနေမိသည်..
ငါဘယ်သူလဲ…
ဘယ်ကလဲ…
“နင့်နာမည်က မြတ်ဖူးငုံ.. ရန်ကင်းမှာနေတယ်.. အိမ်နံပါတ် ၂၀၂.. ၃လွှာ.. “
ဘုရားရေ.. သူမနဘေးမှာ ဘယ်တုန်းကတည်းက ထိုင်နေမှန်းမသိတဲ့ ကောင်မလေးတစ်ယောက်…
ပန်းရောင်ဂါဝန်၊ ဆံပင်ဂုတ်ဝဲ ပါးဖောင်းဖောင်း မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ထိုကောင်မလေးကို မျက်စောင်းထိုးရင်း အရေးမစိုက်သလိုနေလိုက်သည်…
သူများတကာ အတိတ်မေ့နေလို. စိတ်ညစ်နေပါတယ်ဆိုမှ အပြောင်အပျက်သဘောနှင့် လာစသော သူမကို နည်းနည်းစိတ်ဆိုးမိသွားသည်။
ကွန်ပျူတာစာရေးက တခုခုရှာဖွေတွေ.သွားဟန်ပြပြီ…
“အိုကေ.. ရပြီ… ညီမနာမည်က မြတ်ဖူးငုံ၊ အသက် ၂၂နှစ်၊ အိမ်နံပါတ် ၂၀၂၊ ၃လွှာ၊ ရန်ကင်း၊ မိဘတွေ ကွယ်လွန်၊ မောင်နှမသားချင်း မရှိ..”
သူမ ဂရုတစိုက်သေချာနားထောင်နေရင်း ရုတ်တရတ် လန့်ကာ…”ရှင်… မြတ်ဖူးငုံ၊ အိမ်နံပါတ် ၂၀၂…” နဘေးက ကောင်မလေးကို လှမ်းကြည့်တော့ မရှိတော့…
“ခ..ခဏလေး.. ဟို ဟိုကောင်မလေး…” ကွန်ပျူတာသမားကို လက်ကာပြရင်း ခုနက ကောင်မလေးကို လက်ညှိုးထိုးပြသည်…
“ညီမ ဘာတွေဖြစ်နေတာလဲ..”
“ဟို ပန်းရောင်ဂါဝန်လေးနဲ့ ကောင်မလေးလေ… သူပြောသွားတဲ့ လိပ်စာတွေက အကုန်မှန်နေတယ်..”
“ဒီစခန်းထဲမှာ မိန်းမဆိုလို. ညီမနဲ့ ဟိုဘက်စားပွဲက ရဲမေနဲ့ဘဲရှိတာ…” ကွန်ပျူတာ သမားက သူမကို စိတ်ပျက်လက်ပျက်ပြန်ပြောသည်။
“ကဲ… ဒီမှာ မင်းလိပ်စာရေးပေးလိုက်တယ်။ ယာဉ်တိုက်မှုဖြစ်တုန်းက မင်းနဲ့အတူပါတဲ့ ပိုက်ဆံအိတ်နဲ့ လက်ကိုင်ဖုန်းက ဒီမှာ.. ပိုက်ဆံအိတ်ထဲမှာ ငွေတချို.ပါတယ်၊ မင်း Taxi ငှားပြန်ဖို. လောက်ပါတယ်။ ဖုန်းကတော့ သုံးမရတော့ဘူး.. ဆိုင်မှာ သွားပြင်ကြည့်ပေါ့။ ဒီပုံစံစာရွက်မှာ လက်မှတ်ထိုးပေး။ အားလုံးလက်ခံရရှိကြောင်း၊ ယာဉ်တိုက်သူကိုတော့ ဥပဒေအရ အမှုဖွင့်ထားတယ်။ မင်းဘက်က အဆင်ပြေရင်လဲ အမှုကျေအေးပေးလိုက်ပေါ့။ အတိအကျကိုတော့ နောက်အပတ်မှ အကြောင်းကြားမယ်။ “ သူမကို ရူးသွားပြီအထင်မျိုးနှင့် မြန်မြန်ပြီးအေးရော သဘောထားကာ နှင်လွှတ်နေမှန်းသိသာသည်။
“ဟုတ်ကဲ့..” သူမဘက်က ထိုစကားတစ်ခွန်းမှလွဲပြီး ဘာမှ ပြန်ပြောစရာမရှိပါ။
ပေးထားသော ပုံစံစာရွက်မှာ လက်မှတ်ထိုး၊ ပစ္စည်းတွေ ကောက်ယူကာ ရဲစခန်းထဲမှ ထွက်လာခဲ့သည်။
စိတ်ထဲမှာတော့ မြတ်ဖူးငုံဆိုတဲ့ သူမနာမည်ကို အခါခါရွတ်ရင်း…..

.
.
.
.
.

Taxi မောင်းသမား ချပေးသွားသော အစိမ်းရောင် တိုက်မြင့်တစ်ခုရှေ.မှာ သူမအချိန်ကြာကြာ ရပ်တန်.နေမိသည်။ ဒီတိုက်က ၃ထပ်မြောက်မှာ သူမရဲ့ အခန်းလေးတစ်ခုရှိသည်တဲ့။ ဒီတိုက်က သူမနဲ့ ရင်းနှီးမှု ရှိမရှိ ပုံဖော်ကြည့်ပေမယ့် ရင်ထဲမှာ ဘယ်လိုမှ မခံစားရ။ သူစိမ်းဆန်လွန်းတဲ့ အရိပ်အငွေ.တွေသာ ခံစားရသည်။ သူမတကယ်ရော ဒီတိုက်မှာ နေခဲ့ရဲ့လား?
ရင်ထဲမှာ ဒွိဟတွေနှင့် မီးထွန်းမထားသော အုတ်လှေကား ခပ်ကျဉ်းကျဉ်းကို သတိထားကာ တတ်လာမိသည်။
မှောင်နေသော လှေကားထစ်များပေါ်မှာ လမ်းလျောက်ရင်း အနားမှာ အအေးဓာတ်တချို. ခြုံလွှမ်းလာသလို ခံစားမိရင်း၊ သူမခေါင်းထဲ မူးလာသလိုလို၊ လက်တွေလဲ ချွေးစေးအချို.ပျံလာသည်။
သူမ အခန်းထဲ မြန်မြန်ဝင်ပြီး အနားယူမှ ဖြစ်တော့မည်။ လှေကားလက်ရန်းကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း၊ အားတင်းကာ သုံးလွှာထိရောက်အောင် တတ်လာခဲ့သည်။



202-3B ဟုရေးထားသော အခန်းတံခါးဝမှာ သူမလက်သည်းအချို.ကို ကိုက်ရင်း စိတ်ပျက်လက်ပျက် ရပ်နေမိသည်။
အာမခံသော့ဟုခေါ်သော ခိုင်ခန်.လွန်းသည့် သော့ခလောက်ကြီးက သူမကို အခန်းထဲဝင်ခွင့်မပေးဟု ခပ်မာမာပြောနေသယောင်။
ရဲစခန်းကပြောလို. ဒီအခန်းကို ရောက်လာပေမယ့် သူမကို သော့မပေးလိုက်တော့ ဘာနဲ့ဖွင့်ရပါ့။
“ပန်းအိုးအောက်မှာ သော့ရှိတယ်…”
အနောက်မှ တစ်စုံတစ်ယောက်က စကားလာပြောလို. လှည့်ကြည့်လိုက်တော့…
“ဟင်.. နင်…” ခုနက ပန်းရောင် ဂါဝန်လေးနဲ့ ကောင်မလေး..
“ပန်းအိုးအောက်မှာ ရှိပါတယ်ဆို.. ဟို ပန်းအိုး..” သူမက တံခါးရှေ.မှာ အစီအရီချထားသော ပန်းအိုးများထဲမှ ၃အိုးမြောက်ကို လက်ညှိုးထိုးပြသည်။
ယုံတစ်ဝက် မယုံတစ်ဝက်နှင့် ပန်းအိုးအောက်ကို စမ်းလိုက်တော့. သော့တစ်ချောင်း တကယ်ရှိနေသည်။
“နင် ဘယ်လိုသိ…”
“မြန်မြန်ဝင်စမ်းပါ.. ငါနားချင်ပြီ… ၀င်နှင့်မယ် လိုက်လာခဲ့ဟာ..” ဆိုကာ ပိတ်ထားသော တံခါးကို ဖောက်ထွက်ကာ အခန်းထဲ ၀င်သွားသည်။
“ဘုရားရေ… “
.
.


အခန်း (၂)


“..နင်… နင်က..” အခန်းသော့မြန်မြန်ဖွင့်ပြီး သူမအရှေ.မှ ၀င်သွားသော ဟိုကောင်မလေးကို လက်ညှိုးထိုးရင်း .. သူမ ဘာတွေ ဆက်ပြောရမှန်းမသိအောင်ပင်…
“ငါက သရဲ…” ကောင်မလေးက လက်ကိုပိုက် သူမကိုကြည့်ကာ ခပ်တည်တည်နှင့် ပြောသည်။
“အဲ.. မဟုတ်သေးပါဘူး..” သူမက ခပ်ညည်းညည်းပြောတော့
“ဘာလို. မဟုတ်ရမှာလဲ.. ခုဘဲ နင့်ရှေ.ကနေ တံခါးကို ဖောက်ပြီး ၀င်ခဲ့ပြီးပြီလေ…” ထိုကောင်မလေးက ခပ်စွာစွာပြန်ပြောသည်။
“ငါဆိုလိုတာက… သရဲဆိုတာ ကြောက်စရာကောင်းတယ်လေ.. နင်က ကြောက်စရာမှ မကောင်းတာ… ငါကရော ဘာလို. နင့်ကို ခုထိ မကြောက်သေးတာလဲ..”
“ငါက ချစ်စရာကောင်းတဲ့ သရဲမို.လို.ပေါ့… “ သူမ မျက်လုံးဝိုင်းဝိုင်းလေးတွေကို ပေကလပ် ပေကလပ်လုပ်ပြရင်း မြတ်ဖူးငုံကို ကြည့်သည်။
“Aish… “ မြတ်ဖူးငုံ တကယ်ကို ရင်ခုန်သွားမိသည်။ ထိုသရဲမလေးရဲ့ ချစ်စရာ မျက်နှာလေးက ပါးဖောင်းဖောင်းလေးကို လိမ်ဆွဲချင်စရာ…. “ကဲ.. ထားပါလေ နင်က သရဲ.. ငါ့အိမ်ကို ဘာလိုက်လုပ်တာလဲ..”
“ငါလဲ မသိဘူး… ငါသေပြီးကတည်းက နင့်ဘေးရောက်နေတာ.. နင်က ဆေးရုံမှာ အဲဒီတုန်းက..”
“ဆေးရုံမှာ… နင်က ဆေးရုံက သရဲပေါ့..”
“ငါလဲ မသိဘူး.. နင့်လိုဘဲ ငါလဲ အတိတ်မေ့နေတယ်။  ငါဘယ်သူလဲ ဘာလို. သေလဲ မမှတ်မိဘူးဖြစ်နေတယ်။ ဒါပေမယ့် နင့်အကြောင်းကိုတော့ ငါသိနေတယ်။’”
“ဘယ်လို ဘယ်လို … နင်က နင့်အကြောင်းတော့ မသိဘဲ ငါ့ကိုတော့ သိနေတယ်..”
“အေး.. နင်နဲ့ ငါက တော်တော်ရင်းနှီးခဲ့ကြပုံရတယ်.. ငါမှတ်မိနေတာက ငါမသေခင် နောက်ဆုံးတွေ.ခဲ့ရတာ နင့်မျက်နှာကို…”
“နင်ကငါ့ကို နောက်ဆုံးတွေ.တယ်.. “
“ငါလဲ မသိဘူး.. သေသေချာချာ… ငါသိတာ နင်နဲ့ငါ အရမ်း ရင်းနှီးတယ်…”
“ဟင်း.. ထားပါတော့.. အခုက နင်ကလဲ သေပြီ၊ ငါကလဲ အတိတ်မေ့နေတယ်.. နင်က ငါ့နောက် ဘာလိုက်လုပ်မှာလဲ…”
“နင်က ငါဘယ်သူလဲ ဘယ်လိုသေလဲ ရှာပေးလေ…”
“ဟာ.. မဖြစ်နိုင်တာ.. ငါ့ဘာသာငါတောင် ဘယ်လိုနေရမယ် မသိသေးဘူး.. နင်က အမှုလာပတ်နေပြန်ပြီ…”
“နင် ကူညီချင်ကူညီ မကူချင်နေ ငါဂရုမစိုက်ဘူး… ငါကတော့ ငါ့အကြောင်းတွေ မသိရသရွေ. နင့်နားက တဖ၀ါးမှ မခွာဘဲ လိုက်ကပ်နေမှာဘဲ…” ထိုသရဲမလေးက ခပ်ညစ်ညစ်ပြောကာ သူမရှေ.မှ ပျောက်သွားသည်။
“ဟာ… ဟဲ့ ကောင်မလေး..” ဆံပင်ရှည်တွေကို ခပ်ကြမ်းကြမ်းဆွဲဖွရင်း သူမစိတ်ညစ်ညူးစွာ ဧည့်ခန်းထဲမှ ဆိုဖာပေါ် လှဲချလိုက်သည်။

သူမ ဘာတွေ ဖြစ်နေခဲ့ပါလိမ့်.
သတိရသလောက် ပြန်တွေးမိသည်က သူမနိုးနိုးချင်း ဆေးရုံမှာ… သူမကိုယ်သူမ မသိ… ဆေးရုံက ရဲစခန်းကို လွှတ်တော့ ရဲစခန်းက သူမ မြတ်ဖူးငုံဆိုတာ ပြောသည်။ ရဲစခန်းမှာ ဟိုကောင်မလေးနှင့်တွေ.သည်။ အိမ်အထိပါလာသည်။ သူမက သရဲကို မြင်နေရသည်။ သူမကိုယ်တိုင်ကတော့ သရဲမဟုတ်သေး။

“ဟာ.. ဘာတွေလဲဟာ….” စိတ်ညစ်ညစ်နှင့် အော်ဟစ်ရင်း မျက်လုံးအစုံကို မှိတ်လိုက်သည်။
ဆရာဝန်က ပြောလိုက်သည်၊ အိမ်ရောက်ရင် အိပ်ပြီးအနားယူလိုက်ပါတဲ့။
အခု သူမ ပေါက်ကရတွေ မြင်နေသည်မှာ အရမ်းအားနည်းနေလို.ဖြစ်မည်။
ဆေးရုံက ထိုးပေးလိုက်သည့် အိပ်ဆေးလဲ အစွမ်းပြနေပြီထင်သည်။
သူမ မျက်ခွံတွေ လေးလံလာခဲ့သည်။
.
.
.

(ဆက်ရန်)

No comments:

Post a Comment