အခန်း (၉)
“Hello ခိုင်…”
ပြတ်တောက်နေသော ပါဝါကြိုးကို လက်ကကိုင်ထားရင်း လှုပ်ရှားနေသော စိတ်တို.နဲ့အတူ ဝေါ်ကီတော်ကီခလုတ်ကိုနှိပ်ကာ
တဖက်မှအသံကို နားစွင့်နေခဲ့သည်။
စိတ်ထဲမှာတော့
သူကိုယ်တိုင်ဘဲ အိပ်မက်မက်နေခဲ့တာလား… တစ်စုံတစ်ယောက်ကဘဲ ကျီစယ်နေခဲ့တာလား စဉ်းစားလို.မရ…..
“မင်္ဂလာပါ..”
တစ်ဖက်မှ ကြားနေကျ ခိုင့်ရဲ့အသံက လေလှိုင်းကြားမှ ပီပီပြင်ပြင်ထွက်ပေါ်လာသည်။
“ဟာ…..” မြတ်မွန်
ဘာပြန်ပြောလို. ပြောရမှန်းမသိအောင် အာခေါင်တွေခြောက်ကပ်နေသည်။ နဘေးမှ laptop ကိုအလျင်အမြန်လှုပ်ရှားရင်း ၁၉၉၄ခုနှစ်က
အကြောင်းအရာတွေကို အင်တာနက်မှာ ရှာဖွေနေမိသည်။
“ခိုင်..
ကျွန်တော် ပြောတာကြားရလား..”
“အင်း.. ကြားရတယ်လေ..”
“ခိုင်မနေ့ကပြောတယ်နော်…
၁၉၉၄ခုနှစ်မှာ နောက်ဆုံးနှစ်တတ်နေတယ်ဆိုတာ…”
“ဟုတ်ကဲ့…”
“ဒီနေ့ ဘယ်နှရက်နေ့လဲ…
အဲဒီမှာ…”
“ဂျူလိုင်
၁၇ရက်လေ…ဘာဖြစ်လို.လဲ”
“ဟုတ်ပြီ
မနက်ဖန် ၁၈ ဂျူလိုင်.. ကျောင်းမှာ ကျောင်းသားတွေ ဆူပူကြလိမ့်မယ်… သြဂုတ် ၈ရက်နေ့မှာ
ပိုဆိုးလာမယ်.. ကျောင်းတွေပါပိတ်မယ်..”
“ဘာတွေလာပြောနေတာလဲ..
မင်းက ဗေဒင်ဆရာလား မြတ်မွန်…”
“ခိုင် ကျွန်တော်ကလေ
၂၀၁၃မှာ တကယ်ကိုကျောင်းတတ်နေတဲ့ ကျောင်းသားပါ… ခိုင်တို. ၁၉၉၄ကအကြောင်းအရာတွေကို ကျွန်တော်ပြောပြနေတာ..”
“မင်းလာနောက်မနေနဲ့
၂၀၁၃က ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…”
“တကယ်ပြောတာခိုင်..
မနက်ဖန် ၁၈ ဂျူလိုင် အာဇာနည်နေ့မတိုင်ခင် တစ်ရက်အလိုမှာ ကျောင်းသားတွေ သစ်ပုတ်ပင်ကြီးနားမှာ
စုကြလိမ့်မယ်… မကြာခင်မှာ သစ်ပုတ်ပင်ကြီးလဲ ခြံခတ်ပစ်လိမ့်မယ်…”
“မင်းအရူးဘဲ…”
“နောက်တစ်ခု…
အခုကန်နေတဲ့ အရှေ.တောင်အာရှ ဘောလုံးပွဲစဉ်မှာ မြန်မာက ဖိုင်နယ်ထိတတ်ပေမယ့် ထိုင်းကိုရှုံးလိမ့်မယ်
ခိုင်..ပြီးတော့ အဲဒီနှစ်က အေ၇ှ.တောင်အာရှမှာ
မြန်မာအနေနဲ့ နောက်ဆုံးကန်ရတဲ့ ဘောလုံးပွဲစဉ်”
“ဘာတွေလာပြောနေတာလဲ…
မင်းနဲ့ငါပြောရတာ စိတ်ကုန်လာပြီ… အရူးလိုဘဲ..”
“ကျွန်တော်
မနက်ဖန်ညနေ ဒီအချိန်မှာ စောင့်နေမယ် ခိုင်… good night”
လိုင်းပြတ်သွားပြီ…..
နှုတ်ခမ်းစွန်းကို
ခပ်ကွေးကွေးပြုံးရင်း တစ်ခုခုကိုကျေနပ်သလိုခံစားမိသည်။ သူက ၁၉၉၄ခုနှစ်က လူသားတစ်ယောက်နဲ့
အမှန်တကယ် စကားပြောနေခဲ့ရတယ်ဆိုတာပေါ့….
ကမ္ဘာကြီးက
ဆန်းတော့ ဆန်းသားနော်….
.
.
အခန်း (၁၀)
ဒီနေ့ ခါတိုင်းနေတွေလိုပင်
ဘာမှမထူးခြားသော သာမန်ရက်လေးတစ်ရက်။
မနေ့ညက ဟိုခပ်ကြောင်ကြောင်ကောင်ရဲ့ စကားတွေကိုပြန်စဉ်းစားမိတိုင်း
ဘယ်လိုမှမဖြစ်နိုင်တဲ့ဟာသတစ်ခုလိုပင်။ နေ့လယ်ထမင်းစားချိန်ကျရင်တော့ မွန်.ကိုရီစရာတစ်ခုအနေနဲ့
ပြန်ပြောပြရဦးမည်။
.
.
ဦးချစ်ကင်န်တင်းမှာ
ကန်စွန်းပလိန်းတစ်ပွဲမှာပြီး အိမ်ကအမေထည့်ပေးလိုက်သည့် ထမင်းချိုင့်ကိုဖွင့်နေဆဲ မွန်ရောက်လာသည်။
“ခိုင်ရေ..
သတင်းတွေကြားပြီးပြီလား.. ဒီနေ့ ကျောင်းသားတွေဆန္ဒပြပွဲလုပ်မယ်တဲ့..”
ထမင်းချိုင့်ဖွင့်နေဆဲလက်တွေ
လေထဲမှာရပ်တန်.ကာ….
“ဘယ်..ဘယ်မှာ
လုပ်ကြမှာတဲ့လဲ…”
“သစ်ပုတ်ပင်ရှေ.မှာဘဲလေ..
မွန်တို.အတန်းကလူတွေတောင် ဒီနေ့အတန်းမတတ်ကြဘဲ ပိုစတာတွေနဲ့ အလံတွေအတွက် ပြင်ဆင်နေကြပြီ…”
“ဟမ်…သစ်ပုတ်ပင်…”
“ဟော.. ဟိုမှာ
ပင်နီအကျီင်္ဝတ်ထားတဲ့အဖွဲ.တွေ.. သူတို.တွေ သစ်ပုတ်ပင်ဘက်ကိုသွားနေကြတာ..”
“တိုက်ဆိုင်တာဘဲနေမှာပါကွာ…”
ခိုင် ခပ်တိုးတိုးညည်းမိသည်။
“ဘာကိုပြောတာလဲခိုင်…”
“ဘာမှမဟုတ်ဘူး…
ထမင်းစားကြရအောင်မွန်… ငါဗိုက်ဆာနေပြီ…”
“အင်း.. ဟုတ်တယ်..
မွန်လဲဆာနေပြီ..”
နေ့လည်စာကို
ငြိမ်သက်စွာစားရင်း မနေ့ညက မြတ်မွန်ဆိုသောသူရဲ့ စကားတွေကို ပြန်စဉ်းစားနေမိသည်။
ဖြစ်တော့မဖြစ်နိုင်ပါဘူးလေ…
မနက်ဖန် အာဇာနည်နေ့ဆိုတော့ ဒီကောင်မှန်းပြီးပြောတာ ရမ်းသမ်းမှန်သွားတာလဲ ဖြစ်နိုင်တာဘဲလေ…
ဂျုလိုင် ၁၉ကျောင်းပိတ်မှာဆိုတော့ ကျောင်းဖွင့်ရက်ကို မှန်းပြောတာဘဲနေမှာပါ…
ထိုနေ့က နေ့လည်စာစားပြီး
အတန်းပြန်သွားတော့ ဆရာတွေက အတန်းဖျက်လိုက်ပြီ အိမ်ပြန်ကြတော့ဟုပြောသည်။ ခိုင်နည်းနည်းစိတ်ထဲမတင်မကျဖြစ်ပေမယ့်
မွန်.အတန်းဘက်သွားဖို. ဆုံးဖြတ်လိုက်သည်။
“မွန်လဲအခုဘဲ
ခိုင့်ဆီလာတော့မလို.” မွန်က ခိုင့်ကို မြင်မြင်ချင်းပြောသည်။ “ဒီနေ့ မွန်တို.အတန်းမရှိဘူး..”
“အေး… ငါတို.ရောဘဲဟ..
ကောင်းတော့ ကောင်းသား သူတို.ဆန္ဒပြတော့ ငါတို. ကျောင်းစောစောပြီးတာပေါ့..”
“ဟုတ်ပ..”
ထိုစဉ်… ကျောင်းသားတစ်အုပ်စု
သူမတို.ဘက် ဆူညံစွာပြေးလာသည်…
“ပြေးကြဟေ့…
“ပြေး.. ပြေး…”
ခိုင်တို.နှစ်ယောက်
ကြောင်အစွာရပ်ကြည့်နေတုန်း…
“မွန်ရေ အိမ်မြန်မြန်ပြန်တော့
ဒီနေ့လမ်းတွေပိတ်မယ်တဲ့.. အခြေအနေမကောင်းဘူး…” မွန်.အတန်းဖော် သူငယ်ချင်းတစ်ယောက်က
ပြေးရင်းအော်ပြောသွားသည်။
“တော်တော်ဆိုးလား
ကိုမြင့်ဆိုင်…” မွန်ကပြန်အော်မေးတော့
“ဆိုးမဆိုးတော့
မသိဘူးဟ….သစ်ပုတ်ပင်တော့ သူတို. လက်ထဲပါသွားပြီ…၀င်းခတ်ပစ်မယ်လို.ပြောတယ်…..” ဟု မကျေမနပ်အော်ကာ
ထွက်ပြေးသွာသည်။
ခိုင့် ခေါင်းထဲမှာ
ဒိန်းခနဲ့ဖြစ်ကာ….. “သစ်… သစ်ပုတ်ပင်ကို ၀င်းခတ်မယ်…” သူမ အာခေါင်တွေခြောက်သွေ.လာပြီး၊
မြတ်မွန်ကို သတိရလိုက်သည်။
အိမ်မြန်မြန်ပြန်မှဖြစ်တော့မယ်….
.
.
.
.
အခန်း (၁၁)
“Hello
Testing…. Khine on the line…”
“Wow…. ဒီနေ့
ခင်ဗျားက အရင်စ စကားပြောနေပါလား ခိုင်… ဒီနေ့ကျောင်းပိတ်လား …..” မြတ်မွန် ကျေနပ်စွာပြုံးရင်း
အသံခပ်မြူးမြူးနှင့် မေးခွန်းထုတ်လိုက်သည်။
“မြတ်မွန်
ငါအတည်မေးမယ်… မင်း အဲဒါတွေဘယ်လိုသိလဲ… ကျောင်းမှာ တကယ် ဆန္ဒပြပွဲတွေဖြစ်တယ်.. ပြီးတော့
သစ်ပုတ်ပင်… “ ခိုင် စိတ်မကောင်းစွာဆက်ပြောသည်…. “သူတို. တကယ်ကို ခြံဝင်းခတ်ပစ်မယ်တဲ့…”
“ဟင်း… ကြားရတာ
စိတ်မကောင်းပါဘူးဗျာ.. ရန်ကုန်တက္ကသိုလ်ကျောင်းသားတိုင်း ဂျပ်ဆင်နဲ့ သစ်ပုတ်ပင်ကို ချစ်ကြတာ
ကျွန်တော်သိပါတယ်.. ဒါပေမယ့် ဘာတတ်နိုင်မှာလဲ… ခိုင်ကအခု နောက်ဆုံးနှစ်နော်… ပိုပြီးစိတ်မကောင်းစရာပြောရရင်..
ခင်ဗျား စာမေးပွဲဖြေခွင့်ရမှာ မဟုတ်ဘူး.. ၈ရက် ၈လမှာ အခြေအနေတွေ တော်တော်ဆိုးဝါးလာပြီး
တက္ကသိုလ်တွေအကုန် ရပ်အကန်.အသတ်မရှိ ပိတ်လိမ့်မယ်..”
“မင်းက ဒါတွေအကုန်ဘယ်လိုသိ…”
“ကျွန်တော်က
၂၀၁၃ခုနှစ်ကလို. ပြောပြီးပြီဘဲ…”
ခိုင့်ဘက်က
တော်တော်ကြာကြာ အသံတိတ်သွားပြီး… ခဏနေမှ “ငါက ၁၉၉၄ကဆိုတာ မင်းယုံလား မြတ်မွန်..”
“အမှန်တိုင်းပြောရရင်
ကျွန်တော်လဲ အိပ်မက်တစ်ခုလိုပါဘဲ.. ဒါပေမယ့် ဒီခေတ်ထဲမှာ မသုံးတော့တဲ့ Power ကြိုးမဆက်ဘဲ
အလုပ်လုပ်နေတဲ့ Ham Radio အပျက်တစ်လုံးက ခိုင်ဆိုတဲ့ ခင်ဗျားအသံကို ကျွန်တော်နဲ့ စကားပြောလို.ရအောင်
ဆက်သွယ်ပေးနေမှတော့ ကျွန်တော် ယုံကြည်လိုက်တယ်ခိုင်…”
မြတ်မွန်ပြောမှ
ခိုငလဲ သတိထားမိသည်။ သူ.ရဲ့ Ham Radio က စက်မှုက ကျောင်းသားတောင် ပြင်မရလို. လွှင့်ပစ်လိုက်တဲ့
စက်အပျက်တစ်လုံးဆိုတာရယ်… ပါဝါပလပ်ကြိုးမတပ်ဘဲ
အလုပ်လုပ်နေတယ်ဆိုတာရယ်… ဒါတွေအားလုံး အဖြစ်အပျက်တွေ တူညီနေတာက တိုက်ဆိုင်မှုသတ်သတ်တော့
ဘယ်လိုမှမဖြစ်နိုင်……..
ခြောက်သွေ.နေသော
နှုတ်ခမ်းကို လျာနှင့်တစ်ချက်သပ်တင်ရင်း မယုံကြည်နိုင်စွာ ပြန်ပြောဖြစ်လိုက်တာက….“ဒါ…
ဒါဆို ငါလဲ ယုံလိုက်သင့်တာပေါ့…”
“For
Sure…”
တိုင်ပင်မထားဘဲ
၂ဦးသား လွတ်လပ်စွာရယ်မောလိုက်မိကြသည်။
“ဟားဟားဟား….”
……………………………………………………………………………..
အခန်း (၁၂)
“ကိုအောင်စည့်မေမေက
လှည်းကူးမှာ အိမ်ဝယ်လိုက်ပြီတဲ့… မွန်တို.ရပ်ကွက်ထဲမှာဘဲ….” သခွားမွှေးဖျော်ရည်ကို ရေခဲတွေကျေသွားအောင်
ပိုက်နှင့်မွှေရင်း မွန်ကပြောသည်။
“ရန်ကုန်မှာ
မ၀ယ်ဘဲ ဘာလို. လှည်းကူးမှာဝယ်တာလဲ..” ခိုင်က နားမလည်သလိုပြန်မေးတော့…
“ငယ်သူငယ်ချင်းနဲ့
နီးနီးနားနားနေချင်လို.တဲ့…. ပြီးတော့ သူ.မေမေကလဲ လှည်းကူးကဘဲလေ.. အိမ်ထောင်ကျပြီးမှ
ရန်ကုန်ကို ရွှေ.သွားကြတာ…”
“သြော်… အေး…
ကောင်းသားဘဲ.. သူငယ်ချင်းတွေ နီးနီးနားနား နေရတာပေါ့.. ငါတို. ကျောင်းပြီးလို. အလုပ်တွေရရင်
နင်ငါနဲ့တူတူရန်ကုန်လိုက်နေမှာလား၊ ငါကနင်နဲ့တူတူလှည်းကူးလိုက်နေရမှာလာ..”
မွန်က တစ်ချက်စဉ်းစားရင်း..
“ငါတို.ရမယ့်ဘွဲ.တွေနဲ့က လှည်းကူးမှာ အခြေချလို. ရမယ်မထင်ဘူး.. ရန်ကုန်မှာဘဲ အလုပ်လုပ်ရင်း
အိမ်ငှားဖို. ပိုက်ဆံစုပြီး တူတူနေကြတာပေါ့နော် ခိုင်..”
“ကောင်းသားဘဲ…”
မွန်ပြောတာကို ခေါင်းညိမ့်ထောက်ခံရင်း တစ်စုံတခုကို တွေးမိသည်…
“ငါတို. ဘွဲ.ကောရပါ့မလား
မသိဘူး မွန်ရယ်…”
“စာမေးပွဲက
၆လဘဲလိုတော့တာပါခိုင်ရဲ့ နင်လဲ စာမညံ့သလို ငါလဲ စာလိုက်နိုင်တာဘဲ.. မအောင်စရာမရှိပါဘူး
ခိုင်ရယ်.. မပူပါနဲ့…”
“ငါပူနေတာ
အဲဒါမဟုတ်ဘူးဟ…” ပြောလက်စ စကားကိုရပ်ကာ မွန်.သခွားမွှေးဖျော်ရည်ခွက်ကိုသာ မရေမရာ စိုက်ကြည့်နေမိတော့သည်။
.
.
.
“မင်းရဲ့
၂၀၁၃ခုနှစ်ကနေ ၁၉၉၄က အချက်အလက်တွေကို ဘယ်လိုရှာလဲ မြတ်မွန်..”
“ငါ
Google ကနေရှာတာကွ..”
“Google ဆိုတာ…”
“အေး.. ပြောရမယ်ဆို
နည်းနည်းရှုပ်မယ်.. Google ဆိုတာ အင်တာနက်က လိုချင်သမျှကိုရှာလို.ရတဲ့ ဆော့ဖ်ဝဲတစ်ခုကွ..
“
“မင်းပြောတဲ့
အင်တာနက်ဆိုတာက… “ ခိုင်က သူမရဲ့ စည်သူလွင်ဒီဇိုင်း
ဆံပင်နီနီ အလယ်ခွဲကို တစ်ချက်ကုတ်လိုက်ရင်း မေးသည်။
“အဲ… အင်တာနက်ဆိုတာ..
မင်း ကွန်ပျူတာကို သိလား..”
“ကွန်ပျူတာ..
အေးကွ… ကွန်ပျူတာနဲ့ စာရင်းတွက်လို.ရတယ်ဆိုလားဘဲ.. ငါ့အဖေပြောနေတာတော့ ကြားဖူးတယ်…”
“အေး.. အဲဒီ
ကွန်ပျူတာကကွာ ငါတို. ၂၀၁၃မှာ အရမ်းကို တွင်ကျယ်စွာသုံးလို.ရလာတယ်.. အဲဒီကွန်ပျူတာမှာ
အင်တာနက်ဆိုတဲ့ Net work ကိုချိတ်ပြီး ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေလဲ ဘာတွေဖြစ်ခဲ့လဲဆိုတာတွေ
အကုန်ရှာလို.ရတယ်.. “
“ဟာ.. မင်းပြောတာက
အရမ်းကို အကြီးကြီးဖြစ်သွားပြီ.. ငါတကယ် နားမလည်တော့ဘူး…”
“ငါလဲ မင်းကိုနားလည်အောင်
ရှင်းမပြတတ်ဘူးကွ… ငါတို.တွေအချိန်က နှစ်၂၀နီးပါးကွာနေတာဆိုတော့ ဒီကြားထဲ အပြောင်းအလဲကလဲ
တော်တော်များတယ်..”
“အေးကွာ…
ငါလဲ အနာဂတ်ကိုမြင်ဖူးချင်လိုက်တာ..”
“အနာဂတ်မှာ
ကောင်မလေးတွေပိုချောလာတယ်ဆရာ… “
“မင်းတို.
၂၀၁၃မှာ ကောင်မလေးအချင်းချင်း ပေါ်တင်တွဲလို.ရလား..”
“တရားဝင်မဟုတ်ပေမယ့်
မင်းတို.ခေတ်လောက်တော့ မတင်းကြပ်တော့ဘူးကွ… ဟိုနားဒီနားသွားရင် ကောင်လေးအချင်းချင်း
ကောင်မလေးအချင်းချင်းအတွဲတွေက သိပ်မဖူးဆန်းတော့တဲ့ အတွဲတွေဖြစ်နေပြီ…”
“ဒါဆို မင်းမှာလဲ
ချစ်သူရှိတယ်ပေါ့….”
“ဟိ… ရှိတယ်ကွ….
“
“၀ါး… ပေါ်တင်တွဲတာဘဲလား..”
“ပေါ်တင်တွဲရုံတင်မကဘူး
ငါတို.တွေတူတူတောင်နေနေပြီ…”
“ဟာ… အတူနေတယ်..
တကယ်ကြီး..”
“နေပါဦးခိုင်…
မင်းကငါ့ချည်းဘဲမေးနေတယ်.. မင်းမှာရော ကောင်မလေးရှိလား..”
ခိုင်က ခပ်ရှက်ရှက်ရယ်ရင်း…
“ငါလဲ အသဲနှလုံးနဲ့လူဘဲကွာ… “
“သြော်….
ပြောစမ်း ပြောစမ်း.. မင်းစော်လေးကို ဘယ်နှခါ အာဘွားပေးပြီးပြီလဲ…”
“နမ်းဖို.နေနေသာသာကွာ
လက်တောင် ၃လပြည့်မှ ကိုင်ဖူးတာဟ..”
“ဟာကွာ… ညံ့ပါ့..
ငါသာဆိုရင်…”
“ဟေ့ရောင်..
တော်တော်… ငါ့အသဲကိုလာမထိနဲ့ ကိုယ့်ကောင်မလေးကိုယ် လုပ်ချင်တာလုပ်…” တကယ်မလုပ်မှန်းသိပေမယ့်
ခိုင်က အူတိုစွာ အော်ဟစ်တားမြစ်လိုက်သည်။
“ဟားဟားဟား…
အေးပါကွာ.. ငါ့ချစ်ချစ်လေးဘဲ ငါလုပ်မှာပါ… “ မြတ်မွန်က အောက်ကလိသံနှင့် အော်ဟစ်ရီမောရင်း
ခိုင့်ကိုမနာလိုအောင် ပြောသည်။
ဒီလိုနဲ့
သူတို.၂ယောက်က ပုံပြင်တွေထဲကလို ရေဒီယိုအစုတ်တစ်လုံးနဲ့ သူငယ်ချင်းအရင်းကြီးတွေဖြစ်လာကြသည်။
.
.
.
အခန်း (၁၃)
မြတ်မွန်ပြောသလိုဘဲ
ခိုငတို.ကျောင်းအခြေအနေက တကယ်ကို မတည်မငြိမ်တွေဖြစ်လာခဲ့သည်။ သစ်ပုတ်ပင်လဲ ခြံဝန်းခတ်ပြီး
အစောင့်အချို.က ၂၄နာရီ စောင့်ကြည့်နေသည်။ ကျောင်းတတ်ရတာလဲ အရင်လိုမလွတ်လပ်တော့… ကျောင်းသူ
ကျောင်းသားတွေလဲ အတန်းတတ်ချိန်ကလွဲပြီး အရင်လို ဟိုစုစု ဒီစုစုသိပ်မရှိကြတော့ပေ။
“မွန်… ကိုယ်တို.၂၀၁၃မှာ
ဘာတွေဖြစ်နေကြမယ်ထင်လဲ…” လူရှင်းနေသော ပုဂံလမ်းမှာ လမ်းလျောက်ရင်း မွန်.ကိုမေးခွန်းထုတ်မိသည်။
“၂၀၁၃…. သက္ကရာဇ်
၂၀၀၀ရောက်ရင်တောင် ကမ္ဘာပျက်မယ်ပြောနေကြတာ ခိုင်ရယ်.. ၂၀၁၃ဆိုတာက အဝေးကြီး… မွန်တို.တောင်
အသက်ရှင်ပါဦးမလားမသိ…”
“သက္ကရာဇ်၂၀၀၀မှာ
ကမ္ဘာမပျက်ဘူးမွန်.. ကမ္ဘာကြီးက ၂၀၁၃ထိရှိနေသေးတယ်..”
မွန်က ခိုင့်လက်မောင်းကို
မှီတွဲရင်း… “သက္ကရာဇ်၂၀၀၀မှာ ကမ္ဘာကြီးသာ တကယ်မပျက်ရင် ခိုင်ပြောတဲ့ ၂၀၁၃မှာ ခိုင့်လက်မောင်းကို
ဒီလိုဘဲမှီတွဲပြီး ခိုင်နဲ့အတူ ဘ၀တစ်ခုကို အတူရင်ဆိုင်နေမှာပေါ့ ခိုင်ရယ်….”
“မွန်… နင်တကယ်ငါ့ကိုရွေးချယ်ပြီးပြီပေါ့..
ငါနဲ့တူတူ အရာရာကို ဖြတ်ကျော်ဖို.”
ခိုင့်ပြောလက်စနှုတ်ခမ်းတွေကို
နွေးထွေးစိုအိသော နှုတ်ခမ်းတစ်စုံနဲ့ဖိကပ်လိုက်သည်…
ခဏပါဘဲ..
တကယ့်ကို
ခဏလေး..
ဒါပေမယ့်..
ခိုင့် အသက်ရှူသံတွေရပ်တန်.သွားသလို
ဘေးနားက လေထုကငြိမ်သက်သွားသလို
ပတ်ဝန်းကျင်က
အသံတွေ မရှိတော့သလို
ကမ္ဘာကြီးမှာ
ခိုင် နဲ့ မွန် ၂ယောက်တည်း…..
ခိုင့်နားထဲမှာကြားနေရတာ
ထောင်သောင်းမကသော လိပ်ပြာလေးတွေရဲ့ တောင်ပံခတ်သံတွေ…
ချစ်သူရဲ့
တစ်သက်စာမပြယ်မယ့် အနမ်းတံဆိပ်လေးတစ်ခု….
.
.
.
“ခိုင်….
မွန်လေ လူတစ်ယောက်ကို မစဉ်းစားဘဲ မချစ်တတ်ဘူး.. ချစ်ပြီးရင်လဲ အဲဒီသူနဲ့အတူ အရာရာကို
ရင်ဆိုင်ဖို. ၀န်မလေးဘူး… ခိုင်က မွန့်ရဲ့ ပထမဆုံးနဲ့ နောက်ဆုံးချစ်သူ.. ခိုင်နဲ့မွန်
ဘယ်တော့မှလက်တွဲမဖြုတ်ဘူး… ခိုင့်ကို မွန်အရမ်းချစ်တယ်…”
မွန်.ကိုတင်းကျပ်စွာ
ပွေ.ဖက်ရင်း ရင်ထဲမှ လှိုက်လှိုက်လှဲလှဲပြောမိတာက… “ကျေးဇူးပါ မွန်လေးရယ်… ငါလဲနင့်ကို
ရူးမတတ်ချစ်ပါတယ်…”
.
.
.
.
.
“ဟာ… ဒါဆို
ခင်ဗျား ဒီနေ့ ပထမအနမ်းကို ရခဲ့တာပေါ့..”
ခိုင်က ခပ်ရှက်ရှက်ရီရင်း
“အေးကွာ…”
“နာမည်ကျော်
ပုဂံလမ်းမှာ ချစ်သူကပေးတဲ့ ပထမအနမ်း…. လုံးဝ Romance ဘဲဗျာ… ကျွန်တော်မြင်ချင်လိုက်တာ…”
မြတ်မွန်က အားမလို အားမရပြောသည်။
“ဟီး… ငါလဲ
ခုထိရင်ခုန်နေတုန်းကွ..”
“ကျွန်တော်နဲ့
ကျွန်တော့်ကောင်မလေးရဲ့ ပထမအနမ်းကတော့ ဘယ်တုန်းကမှန်းတောင် မမှတ်မိတော့ဘူးဗျ… အင်း…
၉တန်းတုန်းကထင်တယ်.. ဟိဟိ..”
“ငါလေ ငါ့ချစ်သူကိုအရမ်းချစ်တာဘဲကွာ…
ဘ၀ရှေ.ရေးအတွက်ရင်မောရတာလဲ အရမ်းဘဲ… မင်းပြောသလိုသာ စာမေးပွဲတွေမဖြေရရင် ဒီကြားထဲ ဘာအလုပ်လုပ်ရမလဲတောင်
တွေးနေမိတယ်…”
“အေးဗျာ..
ကျွန်တော်ကတော့ မနေ့ကဘဲ မိဇော်နဲ့ ရန်ဖြစ်တယ်… သူညညဆို သူငယ်ချင်းတွေနဲ့ ကလပ်သွားပြီး
အရက်သောက်တာ လုံးဝမကြိုက်ဘူးဗျာ.. တားလို.လဲမရဘူး.. တစ်ပတ်တခါလောက်မှ မသွားရရင် သေမလိုဘဲ..”
“အင်း.. မင်းကော
လိုက်မသွားဘူးလား…”
“ကျွန်တော်က
လူကသာ ကောင်လေးလိုနေတာ.. အဲဒါတွေလုပ်ရတာ မကြိုက်ဘူး.. အိမ်မှာ ကွန်ပျူတာတစ်လုံးနဲ့
ရှုပ်ချင်ရှုပ် ဒါမှမဟုတ် စာကြည့်တိုက်မှာ သချာင်္စာအုပ်တွေဖတ်ရင်း ပုစ္ဆာတွေ အဖြေရှာနေရတာ
ပိုသဘောကျတယ်..”
“မင်းဆီက
ဂရုစိုက်မှုကို လိုချင်လို. သူအဲလိုတွေလုပ်နေတာလဲ ဖြစ်မှာပေါ့…. စိတ်ဝင်စားတာက သတ်သတ်ပေါ့ကွာ…
သူ.ကိုလဲ အချိန်နည်းနည်းတော့ ပေးသင့်တာပေါ့..”
မြတ်မွန်က
စဉ်းစားသလို တစ်ချက်လုပ်ပြီး… “အင်းဗျ.. ဒါလဲ ဖြစ်နိုင်တာဘဲ.. ဒီကောင်မလေးက တခုခုဆို
ပါးစပ်ကပြောတာထက် မလုပ်နဲ့ဆို ပိုပိုလုပ်ပြီး အရွဲ.တိုက်တတ်တယ်…”
“… ဂရုစိုက်ပေးလိုက်ပါကွာ…
မိန်းကလေးတွေက သူတို.ကို တယုတယဂရုစိုက်တာ သိပ်ကြိုက်တာ…”
……….
ခိုင်နဲ့
မြတ်မွန် တို.၂ယောက် ဒီလိုဘဲ တနေ့တာရဲ့ အရာရာကို ရင်ဖွင့်နေကျ…
သက္ကရာဇ်တွေ
မတူညီပေမယ့် လိင်တူချစ်တတ်သူ Tomboy အချင်းချင်းဆိုတော့ အရာရာကို တခြားသူတွေထက် ပိုမို
နားလည်ပေးနိုင်ကြတယ်..
ဘယ်သူမှ မယုံပေမယ့်
ဒီအလုပ်မလုပ်တော့တဲ့ စက်အစုတ်တစ်လုံးကနေ သူငယ်ချင်းအရင်းကြီးတွေ ဖြစ်လာကြတယ်…
“နေဦး.. ခိုင်က ရန်ကုန်တက္ကသိုလ်ကဘဲနော်… ၁၉၉၄ဆိုတော့
ကျွန်တော့် အဖေနဲ့ အမေလဲ ရန်ကုန်တက္ကသိုလ်ကဘဲဗျ… အမေကလဲ ၁၉၉၀ကဆယ်တန်းအောင်တာ…”
“၀ိုး.. ဟုတ်လား..
မင်းအမေက ၁၉၉၀ကဆယ်တန်းဆိုတော့ ငါနဲ့တူတူဘဲပေါ့ဟ… နာမည်ဘယ်သူလဲ ပြောပါဦး.. ငါတို.ထဲက
နာမည်ကြီးအတွဲတွေထဲကများလား…”
“ဦးအောင်စည်နဲ့
ဒေါ်မွန်မွန်စိုး…ဖေဖေကတော့ မေမေထက် ၃နှစ်ကျော်လောက်ကြီးတယ်… မဟာတန်းတတ်ခဲ့ဖူးတယ်လို.တော့
ပြောတာဘဲ…”
ခိုင် ရုတ်တရက်
ဘာဆက်ပြောရမှန်း မသိတော့အောင် ဆွံ.အသွားသည်….
နားထဲမှာ
အလွှာပါးပါးလေးရှိတဲ့ ရေခဲပြင်လေးက ခွပ်ကနဲ ကွဲအက်သွားသလို…..
ဦးအောင်စည်နဲ့
ဒေါ်မွန်မွန်စိုးတဲ့
သူ.ရင်ထဲမှာ
တခုခုကျကွဲသံနှင့်အတူ…. မျက်ရည်တွေရစ်ဝဲလာခဲ့သည်…
ဘာဆက်လုပ်ရမလဲ…
“ခိုင်
…. ခိုင်… ခင်ဗျား လိုင်းပေါ်မှာ ရှိသေးလား..”
“အေး.. အဲ..”
“ပြောပါဦး…
့ကျွန်တော့် ဖေဖေနဲ့ မေမေက နာမည်ကြီး စုံတွဲတွေလား… သူတို.တွေ အရမ်းချစ်ကြတာဘဲလား..”
ခိုင် သက်ပြင်းခိုးရှိုက်ကာ..
“အေး.. ငါမသိတဲ့ စုံတွဲထင်ပါတယ်ကွာ.. ငါအခုအိပ်တော့မယ် မြတ်မွန်.. ဂွတ်နိုက်..”
ဝေါ်ကီတော်ကီကို
ပစ်ချရင်း မျက်ရည်တွေက အတောမသတ်ကျဆင်းလာသည်။
ဒါတွေ အမှန်မဟုတ်ပါစေနဲ့
ဆုတောင်းရင်း……
.
.
.
.
“သမီးကြီး
ကျောင်းသွားတော့မှာလား..” မနက်စာစားရင်း သတင်းစာဖတ်နေသော ဖေဖေက လှမ်းမေးသည်။
“ဟုတ်ကဲ့..
ဒါနဲ့ ဒီနေ့ ရုံးမသွားဘူးလားဖေကြီး…” သူမက ပြန်မေးတော့
“ညည်းအဖေလေ
မနေ့ညက ဘောလုံးပွဲကို မိုးချုပ်တဲံ့ထိကြည့်ပြီး ဒီနေ့မနက် အိပ်ရာမထနိုင်လို. အလုပ်နောက်ကျနေတာဟေ့..”
မေမေက၀င်ပြောသည်။
“သြော်… ဘာပွဲလဲ
ဖေဖေ..”
“အရှေ.တောင်
အာရှပွဲလေကွာ… မြန်မာက ဖိုင်နယ်ထိရောက်ပြီးမှကွာ.. ဒီတစ်ခေါက်တော့နိုင်ပြီထင်တာ.. ထိုင်းကို
ပယ်နယ်တီဘောနဲ့ ရှုံးသွားတာ…”
“ဟာ…” ခိုင်
တစ်ညလုံး အမှန်တရားမဟုတ်ပါစေနဲ့လို. ဆုတောင်းနေရတဲ့အရာတွေက… အခုတော့….
မိဘတွေရှေ.မှာပင်
သူမ မျက်ရည်တွေ မထိန်းနိုင်စွာ ကျဆင်းလာသည်။
မေမေက သူမပခုံးကိုဖက်ရင်း…..
“ဒီနှစ်မနိုင်လဲ နောက်နှစ်နိုင်မှာပါသမီးရယ်…”
သူမ စိတ်နဲ့
လူနဲ့မကပ်စွာ မေမေ့ကို ပြန်ပြောဖြစ်ခဲ့တာက… “၂၀၁၃ထိ မြန်မာက အရှေ.တောင်အာရှမှာ ထပ်ကန်ခွင့်မရှိတော့ဘူးတဲ့..”
အံ့သြစွာ
ကြည့်နေတဲ့ မိဘ၂ပါးကို ပြန်လည်ရှင်းပြမနေတော့ဘဲ .. ကျောင်းကို ထွက်လာခဲ့သည်။
ထိုနေ.က မှတ်မှတ်ရရ
သြဂုတ်လ ၁ရက်နေ့ ……………
.
.
.
တစ်နေ့ညက
ခိုင်နဲ့ စကားပြောပြီးကတည်းက ခုထိပေါ်မလာတာ ၂ညရှိပြီ။
မြတ်မွန်စိတ်ထဲ
တစ်ခုခုလိုနေသလို ခံစားရသည်။ ခိုင် ဘာဖြစ်သွားတာလဲ… ဇဝေဇ၀ါစိတ်တွေနဲ့အတူ ဝေါ်ကီတော်ကီကို
ကိုင်လိုက် ချလိုက်ဗျာများနေခဲ့သည်။ နောက်ဆုံးတော့ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။
မိုးလင်းတာနှင့်
လှည်းကူးက မေမေ့အိမ်ကိုသွားပြီး တခုခုကို ရှာဖွေဖို.ဆုံးဖြတ်ပြီး ဘတ်စ်ကားတောင်စောင့်မစီးဘဲ
တက်စီငှားကာ ထွက်လာခဲ့သည်။
အိမ်ရောက်တော့
ဘွားဘွားက အလန်.တကြားနှင့်..
“ဟယ်.. ငါ့မြေးလေး
… ဘယ်က ဘယ်လိုလုပ်ရောက်လာ..”
“ဘွား… အမေ့အခန်းကိုကြည့်ချင်လို.”
“ဘာဖြစ်လာတာလဲ
မြေးရဲ့.. မြေးအမေအခန်းက သူထွက်သွားကတည်းက သုံးမယ့်သူမ၇ှိလို. စတိုခန်းလုပ်ထားတာ ကြာပေါ့…”
“ကျွန်တော်
သွားမှ ဖြစ်မယ်.. အခန်းသော့ပေး…”
“ညအိပ်မှာ
မဟုတ်လား.. ဘွား ထမင်းစားဖို. ပြင်လိုက်မယ်…”
အဘွားကို
ဘာမှ ပြန်မပြောတော့ဘဲ သူလှမ်းပေးသော သော့ကိုသာယူပြီး အမေ့အခန်းဟောင်းဆီသို. ထွက်လာခဲ့သည်။
.
.
.
မေမေ့အခန်းထဲမှာ
ဖုန်တွေအလိမ်းလိမ်းနှင့် မသုံးတော့သော ပရိဘောဂအချို.သာရှိသည်။ ထိုအရာတွေကို အလောတကြီးမြန်မြန်ဖယ်ရင်း
တခုခုတွေ.လိုတွေ.ငြား ….
“စာအုပ်စင်..”
ဟုတ်သည်..
ထိုစာအုပ်စင်မှာ မေမေ့ရဲ့ ကျောင်းစာအုပ်အချို.ရှိနေသေးသည်။
ဘွားဘွားက
အခန်းထဲ လိုက်ဝင်လာရင်း…
“မြေးမေမေ
တက္ကသိုလ် နောက်ဆုံးနှစ်မှာ ကျောင်းတွေပိတ်လို. ကျောင်းဆက်မတတ်တော့ဘဲ အဝေးသင်ပြောင်းတတ်တော့
အဲဒီစာအုပ်တွေက အလကားဖြစ်နေတာလေ..” ဟု အဘွားကပြောသည်။
“မေမေ့မှာ
ကျောင်းတုန်းက ဓာတ်ပုံတွေရှိလား အဘွား..”
“အေး.. အယ်လ်ဘမ်ထဲမှာ
ရှိတယ်ထင်ပါ့ကွယ်… မြေးမေမေက မင်းသမီးရူးလေ.. ဓာတ်ပုံရိုက်ရသိပ်ကြိုက်တာ..”
“အဲဒီ အယ်လ်ဘမ်တွေရော…”
“ခဏ..” အဘွားက
အခန်းထဲက ထွက်သွားပြီး အတန်ကြာတော့ ဓာတ်ပုံအယ်လ်ဘမ်အချို.နှင့် ပြန်ဝင်လာသည်။
“ဒါတွေက မြေးဖေဖေ
နဲ့ မေမေတို. မင်္ဂလာဆောင်တုန်းက ပုံတွေ… မြေးဖေဖေက မစောင့်နိုင်လို. မိမွန်တောင် ဘွဲ.မရသေးဘူး
အတင်းကို လာတောင်းရမ်းယူသွားတာ..”
“မေမေ ကျောင်းတုန်းကပုံတွေက..”
“ဒီအယ်လ်ဘမ်ထဲမှာထင်တယ်…”
ဟုဆိုကာ အညိုရင့်ရောင် အယ်လ်ဘမ်တစ်ခုကို လှမ်ပေးသည်။
မေမေ့အယ်လ်ဘမ်ထဲမှာ
မေမေက လှပစွာပြုံးလို.ရယ်မောနေသည်။ သူမဓာတ်ပုံတော်တော်များများမှာ ယောလုံခြည်နီညိုရောင်နှင့်
ရှပ်အကျီအကွက်လေးများကို ၀တ်ထားတတ်သော ဆံပင်တိုတို မျက်နှာထား ခပ်တည်တည်နှင့် ကောင်မလေးတစ်ယောက်…
“ဒါလေးက မြေးအမေရဲ့
အမှတ်တရပစ္စည်းလေးတွေ ထည့်ထားတဲ့ဗူးလေးပေါ့.. သူက ဒီဗူးလေးကို တော်တော်ဂရုစိုက်တာ..
သွားလေရာသယ်သွားတယ်.. နိုင်ငံခြားထွက်တော့မှ မောင်အောင်စည်က ပစ္စည်းတွေမနိုင်လို. ထားခဲ့ပါပြောတာနဲ့
ဘွားဆီမှာ သေချာလာသိမ်းခိုင်းထားတာ…”
မြတ်မွန်
အဘွားပေးတဲ့ ဗူးလေးကို လက်နဲ့ ဖွင့်ကြည့်တော့… အထဲမှာ တွေ.လိုက်ရတာက
အင်းလေးပိုက်ဆံအိတ်
အစိမ်းရောင်လေးနှင့် အသဲပုံ သော့ချိတ်လေးတစ်ခု…
ထိုသော့ချိတ်ကလေးမှာ
ဆေးသားမထင်ရှားပေမယ့် မြင်နေရသေးတဲ့ ဓာတ်ပုံလေးမှာ မေမေနှင့် ကောင်လေးဆန်ဆန် သူမသူငယ်ချင်းလေး…
“ဘွား…ဒီတစ်ယောက်ကိုသိလား…”
“အေး.. သူ.သူငယ်ချင်း
ခိုင်မြတ်သူ… မိမွန်ကတော့ တော်တော်ချစ်ရှာတယ်.. ကျောင်းတွေပိတ်လို. လှည်းကူးပြန်လာချိန်တောင်
ခိုင်သူ.ဆီလိုက်လာမှာဆိုပြီး နေ့တိုင်း တငိုငိုတရီရီနဲ့ စောင့်နေသေးတယ်.. ကောင်မလေးက
လိုက်မလာပါဘူး.. သူလဲ သူ.အပူနဲ့သူရှိမှာပေါ့မြေးရယ် ခေတ်ကြီးကမှ မကောင်းတာကွယ်… မြေးမေမေနဲ့
ဖေဖေသာ မင်္ဂလာဆောင်သွားတယ်.. သူပေါ်မလာပါဘူး.. အဲ
ရေဒီယို အစုတ်လေးတစ်လုံးတော့ လူကြုံနဲ့ ထည့်ပေးလိုက်တယ်……”
“ခိုင်မြတ်သူ
တဲ့လား…”
သူ.နာမည်မှာ
ဖေဖေနာမည်မပါဘဲ မြတ်တစ်လုံးပါနေခဲ့တာ….
ငယ်ငယ်ကတည်းက
ကောင်မလေးလို ဆင်ရမယ့်အစား ကောင်လေးလိုသာ ပုံသွင်းခဲ့တာ
လက်ရှိမှာ
ကောင်မလေးနဲ့ တွဲနေတယ်ဆိုတာ အပြစ်မပြောတဲ့အပြင် ဖေဖေဆူတာကပါ ကာကွယ်ပေးနေခဲ့တဲ့ မေမေ…..
မြတ်မွန်
တခုခုကိုသဘောပေါက်လိုက်သလို ရင်ထဲမှာ နာကျင်သွားမိသည်။
ခိုင်သာ မေမေ့ကို
ရွေးချယ်ခဲ့မယ်ဆိုရင် ဒီနေ့ ဒီနေရာမှာ မြတ်မွန်ဆိုတာ ရှိလာဦးပါ့မလား….
“ဟာကွာ….”
.
.
.
.
ရက်သတ္တပတ်ကို
ဖြတ်ကျော်ရင်း သြဂုတ်လ ၈ရက်နေ့မှာ မြတ်မွန်ပြောသလို ကျောင်းသားအရေးအခင်းတွေ ဖြစ်လာခဲ့ပြီး၊
သူတို. ကျောင်းတွေကိုလဲ ရက်အကန်.အသတ်မရှိပိတ်လိုက်တယ်။
အတန်းတွေလဲ
တစ်တန်းနဲ့ တစ်တန်းကူးခွင့်မရခဲ့လို. မွန်နဲ့ ဒီရက်တွေမှာ တွေ.ခွင့်မရှိခဲ့…
ဒီနေ့တော့
ဖြစ်ချင်ရာဖြစ် မွန်.အဆောင်လိုက်သွားမိတော့….
ကျောင်းတွေပိတ်လို. မွန်တို.တွေ
အဆောင်ကနေချက်ချင်းထွက်ခိုင်းတယ်ခိုင်။ ကိုအောင်စည်လာကြိုလို. သူကားနဲ့ လှည်းကူးကို
အမြန်ပြန်သွားရတယ်။ ဒီစာရရချင်း လှည်းကူးကိုလိုက်ခဲ့ပါနော်။ မွန်စောင့်နေမယ်။ ခိုင့်ကိုအရမ်းချစ်တယ်။
လုံးဝမခွဲနိုင်ဘူး။ မြန်မြန်လိုက်လာပါ။
လူကြုံနဲ့
မြန်မြန်ရေးသွားတဲ့ စာတိုလေးကိုဖတ်ရင်း ခိုင့်အတွေးတွေ ငိုင်တွေနေခဲ့သည်။
သူမ ဘာလုပ်ရမှာလဲ။
အနာဂတ်ကို
ကြိုသိတာတစ်ခုနဲ့တင် မွန်.ကို လက်လွှတ်မခံဘဲ အရယူရမှာလား…
ဒါမှ မဟုတ်…
သူမ ဘယ်တုန်းကမှ
တွေးမထားခဲ့ဖူးတဲ့… မွန်.ကို ဆုံးရှုံးလိုက်ရမှာလား…
သူမနဲ့ မွန်
တူတူနေခဲ့ရင်… ရေဒီယိုထဲက မြတ်မွန်ဆိုတဲ့ ကောင်မလေးကရော….
ဘာတွေဖြစ်လာမှာလဲ…
……………………..
……………………..
………………………..
“ခိုင်…”
“ကိုအောင်စည်..”
“မွန်က ခိုင့်ကိုသွားကြိုပေးပါဆိုလို.
ကျွန်တော် ပြန်လာတာ…” ကိုအောင်စည့် မျက်လုံးတွေက တခုခုကို ခံစားနေရပုံပေါ်သည်။
“ကိုအောင်စည်
လာမကြိုချင်ဘူး မဟုတ်လား..” ခိုင်က အေးစက်စွာ မေးသည်။
ရယ်စရာမပါပေမယ့်
ကိုအောင်စည်က တစ်ချက်ရယ်လိုက်ရင်း “အဟား… ခိုင်က နားလည်လွယ်သားဘဲ..” ပြီးမှ…… “ခိုင်
လိုက်မှာလား..”
“ခိုင် ဘာလုပ်သင့်တယ်
ထင်လဲ…” သူမ ပြန်လည်မေးခွန်းထုတ်လိုက်သည်။
“ကျွန်တော်
မပြောတတ်ဘူးခိုင်.. ကျွန်တော် မွန်.ကို တကယ်ချစ်တာပါ။ သူ.ဘ၀လေးကိုလဲ တာဝန်ယူပေးချင်တယ်..
ကျွန်တော့်မေမေကလဲ မွန်.ကို ချွေးမတော်ချင်နေပြီလေ.. “
အံတင်းတင်ကြိတ်ရင်း…
“ခိုင် မလိုက်တော့ဘူး.. ဒါပေမယ့် လမ်းကြုံရင်တော့ မွန်.အတွက် လက်ဆောင်လေးတစ်ခု ပို.ပေးလိုက်ပါမယ်လို.
ပြောပေးပါ…”
ဖြတ်ခနဲ လင်းလက်သွားတဲ့
ကိုအောင်စည့်မျက်လုံးတွေက အပျော်ကို မဖုံးနိုင် မဖိနိုင်အောင်….
“ကျွန်တော်
အားနာတယ်ခိုင်.. ဒါပေမယ့်..”
“ခိုင် သွားတော့မယ်…
မွန်.ကိုသာ စောင့်ရှောက်ပါ..”
.
.
ခိုင်မငိုဖို.
အားတင်းထားပေမယ့်.
.
.
.
ရင်ထဲမှာ
နာနေတယ်မွန်…
ငါ့ကို ခွင့်လွှတ်ပါလို.
မပြောတော့ပါဘူး..
နင့်ဘက်က
သစ္စာမပျယ်ပေမယ့်
ငါတို.၂ယောက်
နီးစပ်ဖို. ငါကပျက်ကွက်ခဲ့တာပါ..
ငါ့ကို မုန်းလိုက်ပါ….
……………………………………………
“ခိုင်… ကျွန်တော်
ဒီနေ့ ခင်ဗျားပုံကို ရှာတွေ.တယ်..”
“ငါ မွန်နဲ့
လမ်းခွဲလိုက်ပြီ မြတ်မွန်…”
“ဟာဗျာ…”
မြတ်မွန် ဘာပြောရမှန်းမသိအောင် ဆွံ.အသွားသူ တစ်ယောက်လို
“ငါ ဒီရေဒီယိုလေးကို
မင်း ဖေဖေနဲ့ မေမေအတွက် မင်္ဂလာလက်ဆောင်အဖြစ်ပို.ပေးလိုက်မယ်… သူတို.ကတော့ ဘာအဓိပ္ပာယ်ဆိုတာ
နားလည်မှာ မဟုတ်ပေမယ့် မင်းအရွယ်ရောက်တဲ့အထိတော့ သိမ်းပေးထားနိုင်မယ် ထင်ပါတယ်… ငါတို.၂ယောက်
ဒီညကစပြီး ထပ်မတွေ.တော့ဘူး မြတ်မွန်… မင်းကောင်မလေးကို တန်ဖိုးထားပါကွာ… သူမင်းကို
တကယ်ချစ်တာပါ….Good Luck!”
တီ…တီ….တီ….တီ…..
လိုင်းကျသွားပြီ
မြတ်မွန်ရဲ့
မျက်ရည်တွေ
ခိုင့်ရဲ့
မျက်ရည်တွေ
အားလုံးရဲ့
မျက်ရည်တွေ ဒီ Ham Radio လေးထဲမှာ စီးဝင်လို.
.
.
.
အခန်း (၁၄)
ရန်ကုန်တက္ကသိုလ်
ကျောင်းသားရေးရာ
ကျောင်းသားရေးရာမှ
ဦးလေးကြီးက.. “သြော်.. ဟိုယောက်ျားဆန်တဲ့ဆရာမလား… သူကပဲခူးကောလိပ်ကို မနှစ်ကတည်းကပြောင်းသွားပြီလေ…”
“ကျွန်တော်
တက္ကသိုလ်စတတ်တဲ့ နှစ်က ပြောင်းသွားတာပေါ့..”
“အေးကွ… ငါတို.လဲ
မပြောတတ်ဘူး… “
“ကျေးဇူးပါ
ဦးလေး..”
.
.
“မြတ်မွန်…
နင်ဘာလို. သူ.ကို အဲလောက် အသဲအသန်လိုက်ရှာနေတာလဲဟာ..” မိဇော်က မကျေမနပ်နှင့်မေးသည်။
“ငါ ပဲခူးကိုသွားမှ
ဖြစ်မယ်..”
“နင်ဘာတွေဖြစ်နေတာလဲ..”
“သူ…. သူ
ငါ့ကြောင့် သူ.ချစ်သူနဲ့ ကွဲခဲ့ရတယ် မိဇော်…”
“ငါနားမလည်ဘူး
ကိုမြတ်ရယ်…” မိဇော်က ခပ်တိုးတိုးညည်းတွားရင်း သူ.ကို နားမလည်စွာကြည့်သည်။
မိဇော်ကို
ဖက်ရင်း သူ.မျက်ရည်တွေ တားဆီးမရအောင်ကျလာပြန်သည်။
“မိဇော်ရယ်…
ငါ… ငါ မတရားဘူးဟာ…”
“ကိုမြတ်..
နင်ဘာဖြစ်ဖြစ် နင့်ကို ငါချစ်တယ်..”
“ကျေးဇူးတင်ပါတယ်
မိဇော်ရယ်…”
.
.
.
ပဲခူးကောလိပ်….
“ကိုမြတ်..
ငါ အပြင်မှာစောင့်နေမယ်နော်… နင့်ဘာသာဘဲ ၀င်သွားပြီးတွေ.ခဲ့တော့…” ဟု မိဇော်က သူ.ကိုနားလည်စွာပြောသည်။
သူဘာမှပြန်မပြောတော့ဘဲ
Ham Radio လေးကို ရင်ခွင်မှာပိုက်ထွေးရင်း စာသင်ခန်းတွေရှိရာသို.ထွက်လာခဲ့သည်။
“ဆရာမ… ဟို..
တီချာ ဒေါ်ခိုင်မြတ်သူ သင်တဲ့အခန်းက ဘယ်အခန်းလဲ မသိဘူး..”
လမ်းမှာတွေ.သည်
ဆရာမတစ်ယောက်ကိုမေးတော့
“ဟော.. ဟိုမှာ
202 Bက.. အခုဘဲအတန်းဆင်းတယ်.. ဒေါ် ခိုင်မြတ်သူ ထွက်လာလိမ့်မယ်..” ဟုလက်ညှိုးထိုးကာညွှန်ပြသည်။
“ဟုတ်.. ကျေးဇူး..”
ထိုဆရာမ ညွှန်ပြသွားသောအခန်းက
သူနဲ့ ရွယ်တူ ကျောင်းသား ကျောင်းသူတွေ အတန်းဆင်းလို. ဆူညံစွာ ထွက်လာကြသည်။
ထိုသူများထဲမှာ…..
မျက်နှာထားတည်တည်
အသားဖြူဖြူနှင့် မျက်မှန်တစ်လက်အပိုတပ်ပြီး ပိုရင့်ကျက်လာပုံပေါက်သော…
မြတ်မွန်မြင်ခဲ့ရတဲ့
ဓာတ်ပုံထဲကသူနှင့် တထေရာတည်းတူသော….
အညိုရင့်ရောင်
ယောထမီအစား၊ ပါတိတ်ထမီကို ရင်ဖုံးအကျီပြောင်နှင့်တွဲဖက်ဝတ်ဆင်ထားသော….
.
.
“ခိုင်..”
မြတ်မွန် ရင်ထဲမှ ခပ်တိုးတိုးခေါ်မိသည်။
သေချာပါတယ်…
လူထပ်မှားစရာမရှိတော့ပါဘူးလေ…
.
.
မြတ်မွန်စူးစိုက်ကြည့်နေတာကို
သိသည့်အလား ခိုင်က မြတ်မွန်ဘက်ကိုလှမ်းကြည့်သည်။
မျက်လုံးချင်းဆုံချိန်မှာ
မြတ်မွန်ကို
ခိုင်သိတယ်ဆိုတာ မျက်လုံးတွေထဲမှာ အဖြေရှာတွေ.လိုက်သည်။
“ခိုင် အဆင်ပြေရဲ့လား..”
“ငါနေသားကျနေပါပြီ”
“ကျွန်တော်
ရေဒီယိုလေး ပြန်လာပေးတာ..”
“ငါ့အတွက်မလိုတော့ပါဘူး
မင်းဘဲသိမ်းထားလိုက်ပါ..”
“ကျွန်တော်
တောင်းပန်ပါတယ် ခိုင်ရယ်..”
“…………………………………..”
သူတို.၂ဦး
မျက်ဝန်းထဲက စကားတွေ အများကြီးပြောလိုက်ကြသည်။
လက်တွေ.မှာတော့….
ခိုင်က တစ်သက်မမေ့နိုင်မယ့်
အပြုံးတစ်ခုနဲ့ ပြုံးပြရင်း မြတ်မွန်ကို ဖြတ်ကျော်သွားသည်။
ပြီးပြီပေါ့…
မြတ်မွန်နဲ့
ခိုင်နဲ့ ဒီတစ်သက်မှာ ထပ်တွေ.မှာ မဟုတ်တော့ဘူးပေါ့။
ခိုင့်မှာ
မြတ်မွန်အတွက် ဘာမှ ပြောစရာစကားတွေ မရှိတော့ဘူးပေါ့
.
.
.
.
ကျောင်းရှေ.မှာ
မပျင်းမရိရပ်စောင့်နေတဲ့ ချစ်သူ မိဇော်ကို နောက်မှ သိုင်းဖက်ရင်း
“အိမ်ပြန်ကြစို.”
“ဟင်.. မြန်လိုက်တာ..”
“အင်း ဟုတ်တယ်..”
“မတွေ.ခဲ့ဘူးလား
မြတ်မွန်..”
“တွေ.ခဲ့တယ်..
သူပိုပြီး မိန်းမဆန်လာတယ်… အရမ်းလဲ တည်ငြိမ်သွားပြီ.. ပြီးတော့ သူပျော်နေတယ် မိဇော်..”
ဘာမှ မသိရှာတဲ့
မိဇော်ကတော့…
“ကောင်းတာပေါ့..
ငါချစ်လေး မြတ်မွန် စိတ်မညစ်ရတော့ဘူးပေါ့”
“ဟုတ်တယ်မိဇော်..
ပြီးတော့ နင့်ကိုငါအရမ်းချစ်တယ်..”
“အယ်.. ဘာမှလဲ
မဆိုင်ဘူး..” မိဇော်က ရှက်မျက်စောင်းလေးထိုးကာ သူ.ဆီက အပြေးထွက်သွားသည်။
သူက ကျယ်လောင်စွာရယ်မောရင်း
မိဇော်ပြေးထွက်သွားရာနောက်သို. အပြေးလိုက်ရင်း.
.
.
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ပြီးပါပြီ
(Ditto ဆိုတဲ့
ကိုရီးယားကားက ဇာတ်လမ်းကျောရိုးကို မှီငြမ်းရေးထားတာပါ)
စာဖတ်သူများအားလုံးကို
ကျေးဇူးတင်ပါတယ်
No comments:
Post a Comment