Sunday, November 24, 2013

Ham Radio - Part (2)

အခန်း (၅)
“ခိုင်ရေ.. မွန်တို. ဒီဘက်မှာ..” ဦးချစ်ကင်န်တင်းထဲမှ မွန်ကလှမ်းခေါ်သည်။
ကင်န်တင်းထဲမှာ မွန်နဲ့အတူ ရှပ်အကျီအပြာကွက်နှင့် ပုဆိုးနီညိုရောင်အကွက်ကိုတွဲဝတ်ထားသော အရပ်ရှည်ရှည် အသားလတ်လတ်နှင့်သူတစ်ယောက်…
“မြင်ဖူးသလိုဘဲ..” ခိုင်က ဇဝေဇ၀ါရေရွတ်ရင်း…
“ခိုင်.. သူနာမည်က ကိုအောင်စည်တဲ့၊ မွန်တို. တက္ကသိုလ်စိန်ဝင်းမှာ ဓာတ်ပုံရိုက်တုန်းက ကူညီပေးနေတဲ့သူလေ..” ဟု မွန်က ၀င်မိတ်ဆက်ပေးသည်။
စားပွဲခုံကို လက်ဝါးဖြင့်ပုတ်ရင်း… “အား.. ဟုတ်သားဘဲ.. အရင်အပတ်ကဘဲ တွေ.ထားတာ..”
“ကိုအောင်စည်က မွန်နေတဲ့ အဆောင်က သူငယ်ချင်းဆီ ဓာတ်ပုံလာပို.ရင်းတွေ.ကြတာ။ စကားစပ်မိမှသိတယ် သူ.မေမေနဲ့ မွန်.မေမေက ကျောင်းတုန်းက သူငယ်ချင်းတွေဖြစ်နေရော။ ဒါနဲ့ မေမေ့ကိုပြောပြတော့ မေမေတို. သူငယ်ချင်း၂ယောက်လဲ အခုမှပြန်တွေ.ကြလို. ပျော်နေကြရော… ဒီနေ့တော့ ကိုအောင်စည်က မွန်.ဓာတ်ပုံတွေ အတန်းထိ တကူးတကလာပို.ပေးလို. ခိုင်နဲ့ပါမိတ်ဆက်ပေးရအောင် ဒီကင်န်တင်းကို ခေါ်လာတာ..”
“သြော်… “ မွန်.စကားဆုံးတော့ သူလဲ ဘာပြန်ပြောရမယ်မှန်းမသိဘဲ သြော်သာပြောဖြစ်သည်။
ထိုလူကိုကြည့်ရတာကတော့ ရည်ရည်မွန်မွန်ပါဘဲ။
“ကိုအောင်စည် ဒါက ခိုင်.. မွန်.ရဲ့ အချစ်ဆုံးသူငယ်ချင်း၊ သူ.ထက်ချစ်ရတာ ဘယ်သူမှမရှိတော့ဘူး။” သူမလက်ကိုကိုင်ရင်း မွန်ကပြောတော့ ဖြူဝင်းသောအသားအရည်ပိုင်ရှင် ခိုင့်မျက်နှာ ရှက်ပြီးနီနေမှာ သေချာနေပြီ။ ရှက်နေပေမယ့်လဲ သူမတို.၂ယောက်သာ နားလည်နိုင်သော အတိုင်းအတာတစ်ခုကို မွန်က သွယ်ဝိုက်သောနည်းဖြင့် တစိမ်းယောကျာ်းတစ်ယောက်ရှေ.မှာ ပြောပြပေးတယ်ဆိုတော့ သူ.ကို သံသယကင်းစေချင်တဲ့ မွန်.ရဲ့စိတ်ရင်းကို နားလည်ကျေနပ်မိသည်။
“ဟုတ်ကဲ့ မခိုင်.. တွေ.ရတာ ၀မ်းသာပါတယ်ဗျာ။ ကျွန်တော်က ဘူမိဗေဒအထူးပြုနဲ့ လှိုင်တက္ကသိုလ်မှာ မဟာတန်းဆက်တတ်နေပါတယ်။ ဓာတ်ပုံရိုက်တာကတော့ ကျွန်တော့် ၀ါသနာဆိုတော့ အားရင် အားသလို ကိုစိန်ဝင်းဆီမှာ ပညာသင်ပေးနေတာပါ။”
“မွန်ခေါ်သလို ခိုင်လို.ဘဲ ခေါ်လို.ရပါတယ်။ မွန်ကတော့ ဓာတ်ပုံရိုက်ရမယ် အလှပြင်ရမယ်ဆိုရင် ထမင်းမေ့ ဟင်းမေ့ပါဘဲ။ “
“အေးဗျာ နောက်ကို အခွင့်သင့်ရင် ခိုင်နဲ့ မွန်တို. သူငယ်ချင်း၂ယောက်လုံးကို ကျွန်တော့် ဓာတ်ပုံလက်စွမ်းလေးတွေ ပြချင်ပါသေးတယ်။ ဒီနေ့တော့ ကျွန်တော် ချိန်းထားတာလေးရှိလို. ခွင့်ပြုဦးဗျ”
“ဟုတ်ကဲ့.. နောက်မှ တွေ.ကြတာပေါ့..”
ကိုအောင်စည်က ခိုင်တို.၂ယောက်ကို ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်ကာ စကားဝိုင်းမှ ထထွက်သွားသည်။.
.
.
“ခိုင် .. ဓာတ်ပုံတွေလှတယ်နော်…” ဟုဆိုကာ သူမလက်ထဲကို ဓာတ်ပုံတွေ အတင်းထိုးထည့်ပေးသည်။
မွန်ပြောလဲ ပြောချင်စရာကောင်းလောက်အောင် ဓာတ်ပုံတွေက တကယ်ကို လှလွန်းသည်။ ဒါကြောင့်လဲ ဒီဓာတ်ပုံဆရာတွေ နာမည်ကြီးကြချင်းဖြစ်မည်။
ထိုနေ့ကတော့ မွန်နဲ့ အတူ ကင်န်တင်းန်မှာထိုင်ရင်း သူမဓာတ်ပုံလှလှလေးတွေကြားမှာ ၂ယောက်အတူစီးမြောရင်း ညနေခင်းကို ဖြတ်သန်းခဲ့ကြသည်။
.
.
.
.


အခန်း (၆)

ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်

“ကိုမြတ်”
“ဟာကွာ.. အရှုပ်ထုတ်လာပြီ..” မြတ်မွန် ညည်းတွားရင်း တွက်လက်စ သင်္ချာကိုဆက်တွက်သည်။
“မြတ်မွန်…” ခုနက ချွဲတဲတဲ ကိုမြတ်လို.ခေါ်နေရာကနေ ချက်ချင်း မြတ်မွန်ဟု ဆူအောင့်အောင့်ခေါ်ပြီဆိုကတည်းက မိဇော်တစ်ကောင် စိတ်ကောက်တော့မည်ဆိုတာ သိသွားပြီ။
“ဘာလဲကွာ..”
“နင့်နာမည်ကို အားလို.လာခေါ်နေတာမဟုတ်ဘူး။ ငါ့ကို နည်းနည်းလဲ အဖတ်လုပ်ဦး..”
“မအားလဲ လာမခေါ်နဲ့ဟာ ငါအိမ်စာလုပ်နေတယ်..”
ဒါက သူငယ်ချင်းအရင်းကြီးဘ၀ကနေ ချစ်သူဖြစ်လာကြသော သူတို. ရည်းစား၂ယောက်ရဲ့ ပုံမှန်အခြေအနေ။ တစ်ယောက်ယောက်မရှိရင်လဲ သေလောက်အောင်လွမ်းသလို၊ တခုခုလုပ်နေတုန်း ရောက်လာရင်လဲ ရှုပ်တယ် မျက်စိနောက်တယ်ဆိုကာ အပြစ်ရှာနေတတ်သည်။
“ဒီမှာ..” မြတ်မွန်ရဲ့ သချာင်္စာအုပ်ပေါ်ကို စာတစ်စောင် ကျလာသည်။
“ဟာ.. ဘာလဲဟာ..”
“နိုင်ငံခြားက နင့်အမေရဲ့စာ..”
“ငါ့အီးမေလ်ကို ၀င်စစ်ပြန်ပြီလား”
“နင်က ကိုယ့်အီးမေးလ်တောင် ကိုယ်ပုံမှန်စစ်တဲ့သူမှမဟုတ်တာ.. ဒီတော့လဲ အရေးကြီးကိစ္စ သေရေးရှင်ရေးဆို မသိမှာ စိုးလို. ငါကတကူးတကစစ်ပေးနေရတာပေါ့…”
“တော်ပါ… ငါက ချောလွန်းတော့ ကောင်မလေးတွေ ၀ိုင်းဝိုင်းလည်နေတာကို သ၀န်တိုပြီး အရာရာလိုက်စစ်နေတာများ မသိရင်ခက်မယ်..”
“အမယ်.. ဒီရုပ်ကြီးကိုများ ချောတယ်တဲ့ အလကားပေးတောင် ယူမယ့်သူမရှိတာကိုများ.. စာလဲ ဖတ်ကြည့်ဦးဟဲ့၊ နင့်အဖေအကြောင်းလဲရေးထားတယ်..”
“နင်ဖတ်ပြီးသားဘဲဟာ ဘာထူးခြားလဲဘဲပြောပြ…. ငါဖတ်ဖို. မအားဘူးဟာ…”
“ငပျင်း.. ကိုယ့်အမေဆီကစာတောင် မဖတ်ဘူး… နင့်အဖေရာထူးတတ်လို. အိမ်အသစ်ကိုပြောင်းရတဲ့အကြောင်း၊ နင့်ကို ကျောင်းပြီးတာနဲ့ သူတို.နောက်လိုက်လာဖို.ဆိုတဲ့အကြောင်း”
“ထင်တဲ့အတိုင်း ဘာမှ အရေးမကြီးတာကြီးကို.. ငါက နင့်ကိုထားသွားပြီး သူတို.နောက်လိုက်စရာလား..”
မိဇော်က မျက်စောင်းပြုံးပြုံးလေးတစ်ချက်ထိုးရင်း.. “ငါကရော နေခဲ့မှာတဲ့လား…. နင့်နောက်လိုက်လာမှာပေါ့ ချစ်ကလေးရဲ့…” “ဒါနဲ့ နင့်အမေက သူ.မွေးနေ့ဒီလထဲမှာရှိတယ်တဲ့..”
“ဟာ.. ဟုတ်သားဘဲ.. ဒီနေ့ ဘယ်နှရက်နေ့လဲ မိဇော်..” သူရုတ်တရက်ပြာယာခတ်သွားသည်
“၅ရက်နေ့လေ..”
“သေပြီဆရာ.. ငါ့မားသားကြီးမွေးနေ့က ဂျူလိုင် ၃ရက်နေ့ဟ…”
တွက်လက်စ စာအုပ်တွေ ကျောပိုးအိတ်ထဲ အမြန်ထိုးထည့်ရင်း… “လာလာ.. အပြင်မြန်မြန်ထွက်ကြမယ်.. ငါ့အမေဆီဖုန်းခေါ်မှ ရမယ်..” ဟုဆိုကာ စာကြည့်တိုက်ထဲမှ အမြန်ပြေးထွက်လာခဲ့သည်။
.
.
.
Happy Birthday to you~~~~
“ဒီမှာ မွေးနေ့လက်ဆောင်..”
“ချစ်စရာလေးတော့… ခိုင်က တော်လိုက်တာ“
ခိုင်နဲ့ မွန်တို.၂ဦးသား တူတူရိုက်ထားသော ပုံကလေးနှင့် အသဲပုံကီးချိန်းလေးကိုကြည့်ရင်း မွန်တစ်ယောက် ခုန်ဆွခုန်ဆွနှင့် ပျော်မြူးနေသည်။
“မွန်က ဓာတ်ပုံလေးတွေကြိုက်တတ်တာရယ်၊ ငါတို.၂ယောက်အတွက်လဲ အမှတ်တရဖြစ်စေချင်တာရယ်ကြောင့်”
“အရမ်းကို ချစ်သွားပြီ.. မွန်.ချစ်သူလေးက သိပ်သိပ်ချစ်ဖို.ကောင်း” ဟု မွန်ကပြောရင်း လွယ်အိတ်ထဲမှ အင်းလေးပိုက်ဆံအိတ်လေးကိုထုတ်ကာ ဇစ်ခေါင်းလေးမှာ ကီးချိန်းလေးကိုတပ်သည်။
“မေမေ၀ယ်ပေးထားတဲ့ အိတ်ကလေးမှာ ခိုင်ပေးတဲ့ ကီးချိန်းလေးတပ်ထားမယ်နော်… မွန်သွားလေရာယူသွားလို.ရအောင်..”
………………………………………………………
.
.
.
အခန်း (၇)
“မင်္ဂလာပါ..”
“ဟုတ်ကဲ့ပြောပါ..”
“ခိုင်.. ကျွန်တော့်ကို စိတ်ဆိုးနေသေးလားဗျ..”
“ဒီလိုပါဘဲ.. ထားလိုက်ပါလေ.. မင်းလဲ ရေချိုးခန်းထဲ ချော်မလဲဘူးမဟုတ်လား..”
“ဟားဟား.. မလဲပါဘူးဗျာ..”
“အင်း..”
“ဒါနဲ့ ခိုင်လို.သာခေါ်နေရတယ်.. ရွယ်တူလဲမဟုတ်တော့ အားနာတယ်.. အစ်ကိုလို.ခေါ်ရမလား၊ အစ်မလို.ခေါ်ရမလားဗျ..”
“ရပါတယ်.. ခိုင်လို.ဘဲခေါ်လို. အဆင်ပြေပါတယ်..”
“ခိုင်က အခု နောက်ဆုံးနှစ်ဆိုတော့ ဆယ်တန်းအောင်တာ ဘယ်နှခုနှစ်ကလဲဗျ.. “
“90 ခုနှစ်က..”
“ဗျာ….”
“…………………………….”
“……………………………….”
“Hello~~~ ကြားရသေးလား.. မြတ်မွန်..”
“ဟို.. ဟိုလေ ကျွန်တော်များ နားကြားလွဲသလားလို.”
“ခိုင် ဆယ်တန်းအောင်တဲ့ နှစ်က…”
“၉၀လေ.. ၉၀က ဆယ်တန်းအောင်တယ်.. အခု ၉၄ မှာ နောက်ဆုံးနှစ်တတ်နေတယ်..”
“…………………………….”
“မြတ်မွန်.. လိုင်းကျသွားတာလား..”
“၉၄ဆိုတာ… ၁၉၉၄ကိုပြောတာလား..”
“အေးလေ… ၁၉၉၄ကို ၉၄လို.ဘဲ အတိုခေါ်ကြတာကြီးကို…”
မြတ်မွန် တစ်ချက်ပြုံးရင်း ခေါင်းကိုယမ်းလိုက်သည်.. ဒီလူကတော့ တကယ့်ကို ဆိုက်ကိုဘဲ..
ချိန်းထားတဲ့ နေရာကို လာသည်ဟုလဲညာသည်။ အခုလဲ သူက ၁၉၉၄ခုနှစ်ကပါတဲ့…
“မြတ်မွန်…”
“အဟော်… အေးဗျ.. ၁၉၉၄ဆိုတော့ ခိုင်က ကျွန်တော်နဲ့ တော်တော်ကွာတာဘဲ..”
“ဟုတ်လား.. မြတ်မွန်က ဘယ်နှနှစ်လဲ..”
“ကျွန်တော်က ၁၉၉၆မှမွေးတာဗျ.. အခု ၂၀၁၃မှာ ၁၇နှစ်နဲ့ တက္ကသိုလ်ပထမနှစ်တတ်နေတယ်ဗျ..”
“၂၀၁၃….”
တစ်ဖက်မှ တီးတိုးရေရွတ်သံကို နားထောင်ရင်း မြတ်မွန်ရယ်မောမိသည်.. တကယ်အူတဲ့လူ..
“အေးဗျာ.. ခင်ဗျားက ၁၉၉၄ဆိုတော့လဲ ၁၉၉၄ပေါ့ဗျာ.. ဟားဟား..”  ရယ်မောရင်း တစ်ခုကို သတိထားမိသွားသည်။
Radioစက်က ပါဝါပလပ်ကြိုးတပ်မထား..
“ဒီမှာ မြတ်မွန် .. မင်းအဲလောက် ငယ်ချင်နေလဲ နောင်ဘ၀သာ သွားနေလိုက်တော့.. ငါကို အရူးလိုလို ကလေးလိုလို အထာတွေနဲ့ လာမစနဲ့… မင်းအရမ်းအားနေလဲ တခြားသူငယ်ချင်းတွေသာရှာပြီး နောက်တော့..” ဟုဆိုကာ တစ်ဖက်မှ အသံငြိမ်သွားသည်။
“အဲ.. ဟို.. ခိုင်… ခိုင် ခဏနေဦး..”
“………………………………….” ခိုင့်ဘက်မှ အသံမလာတော့..
ပါဝါကြိုးကို ကိုင်ရင်း မြတ်မွန် ငိုင်နေမိသည်။
“ဒီကြိုးက ပလပ်မှာ တပ်မထားဘဲ ဒီစက်က အလုပ်လုပ်နေတာဆိုတော့…..ဘာက .. ဘယ်လို…”
……………………………………………………


အခန်း (၈)

“မြတ်မွန် နင်အဲဒီစက်ကို မိုးလင်းကတည်းက ကလိနေတာ.. ခုထိမပြီးသေးဘူးလား..”
“ပါးစပ်ပိတ်ထား မိဇော်ရာ..”
“ငါဗိုက်ဆာနေပြီ..”
“သွားစားကွာ..”
“မြတ်မွန်.. နင်ငါ့ကို အဲလိုလေသံနဲ့မပြောနဲ့နော်.. နင်မပါဘဲ ငါဘယ်တုန်းက နေ့လည်စာစားလို.လဲ.. နင်ကရော အဲဒီ စက်ထဲကတစ်ယောက်နဲ့ ညညကိုစကားတွေပြောရင်း ငါ့ကိုဘာလို.အဲလောက်တောင် စိမ်းကားနေရတာလဲ..”
“ဟာကွာ.. အရစ်ဘဲ.. ဒီစက်က ဘာ power connection မှမရှိဘဲ ငါ့ကို ၁၉၉၄ခုနှစ်က ကျောင်းသူတစ်ယောက်နဲ့ စကားပြောလို.ရအောင်လုပ်နေတာ.. နင်သိလား.. “
မိဇော် နည်းနည်းကြောင်သွားပြီး  “၁၉၉၄…. နင့်အမေအရွယ်ကြီးနဲ့ နင်ကစကားပြောနေတာလား..”
“မဟုတ်ဘူး.. သူကလဲ ကျောင်းသားဘဲ ငါတို.ထက် နည်းနည်းဘဲကြီးတယ်.. ဒါပေမယ့် ၁၉၉၄က ကျောင်းသား…”
“ဒီ..ဒီစက်က သရဲခြောက်နေတာလား..”
မြတ်မွန်ခေါင်းကို ဖြေးညင်းစွာ ခါယမ်းရင်း… “အဲလိုလဲ မဟုတ်ဘူး… ထားပါကွာ မိဇော်ဗိုက်ဆာနေပြီမဟုတ်လား.. ထမင်းသွားစားကြမယ်..”
စက်ကို ကျောပိုးအိတ်ထဲ ပြန်ထည့်ရင်း မိဇော်လက်ကိုဆွဲကာ ကင်န်တင်းဘက်ထွက်လာခဲ့သည်။ ရင်ထဲမှာတွေးနေတာကတော့ ဒီည ခိုင်နှင့် စကားပြောရမှဖြစ်မည်။
………………………………………………..

No comments:

Post a Comment