အခန်း (၉)
သူမ မရောက်ဖူးသော လမ်းကြားတစ်ခု….
ဟောင်းနွမ်းမှောင်မည်းနေသော အဆောက်အဦးတစ်ခုရဲ့ လှေကား…
ထိုမှတဆင့် အစိမ်းရောင်သုတ်ထားသော တံခါးခပ်စုတ်စုတ်တစ်ခုရှေ.မှာ ထိုလူရပ်သွားသည်။ အခန်းတံခါးကို ခေါက်တော့ အထဲမှ မမြင်ရသော တစုံတစ်ယောက်က လာဖွင့်ပေးသည်။ သူ အထဲဝင်သွားပြီ။
သူမလိုက်မ၀င်ဖြစ်သေး…. တစ်ခုခုကို နားမလည်နိုင်စွာ စဉ်းစားတွေဝေနေမိသည်။
ထိုသူကို သူမ မသိပါ။ တစ်ခါမှလဲ မပတ်သက်ခဲ့ဖူးပါ။ ဒါပေမယ့် ထိုလူက သူမကို ဆိုင်ကယ်နှင့် တိုက်သတ်ခဲ့ပြီး၊ ဇင့်ရဲ့ အိမ်ခန်းကိုလဲ မွှေနှောက်ရှာဖွေခဲ့တယ်။ ဒါတွေအားလုံးက တိုက်ဆိုင်မှုသတ်သတ်တော့ မဖြစ်နိုင်။
.
.
.
“ရှပ်.. ရှပ်..ရှပ်..”
တစုံတစ်ယောက် လှေကားပေါ်တတ်လာသံ….
သူမအတွေးတွေ ခဏရပ်သွားပြီး၊ ဒီအဆောက်အဦးပေါ်တတ်လာသူကို စပ်စုလိုက်သည်။
“ ဟင်… ပပ..” သူမ အချစ်ဆုံး သူငယ်ချင်းကို မြင်ရတော့ စိတ်ပူသွားမိသည်။ ပပ ဒီကို ဘာလာလုပ်တာလဲ။
တံခါးအစိမ်းရှေ.မှာ ရပ်ပြီး ….
“ဒေါက် ဒေါက်…”
“ ပပ မ၀င်နဲ့ … အထဲမှာ လူဆိုးတွေ ရှိတယ်..” သူမ စိတ်ပူစွာတားဆီးပေမယ့် နောက်ကျသွားပြီ……
အထဲမှ တစ်စုံတစ်ယောက်က တံခါးလာဖွင့်ပေးသည်။
ပပက စိတ်တိုစွာ တံခါးကို ဆောင့်တွန်းရင်း…
“ဘယ်မှာလဲ မှတ်စုစာအုပ်..” ဒေါသတကြီးမေးသည်။
“ဒီမှာ…” ခပ်သြသြအသံတစ်ခု..
သူမ အရာရာကို ဘယ်လိုမှ နားမလည်တော့…. ပပနှင့် ထိုလူက ဘယ်လိုသိနေကြတာလဲ…
မှတ်စုစာအုပ်ဆိုတာကရော…