Friday, September 13, 2013

နံနက်ခင်းရဲ့ ဆောင်းရာသီ

နံနက်ခင်းရဲ့ ဆောင်းရာသီ

အခန်း (၁)

ဒီဇင်ဘာရဲ့ မနက်စောစောမှာ အပြေးလေ့ကျင့်ဖို. ကန်တော်ကြီးဘက်ကို Nil တစ်ယောက်တည်း ထွက်လာခဲ့တယ်။ ကန်တော်ကြီးရှေ.မှာ ယာဉ်မောင်း ဦးလေးက ကားရပ်ပေးပြီး၊ “မြန်မြန်ပြန်ခဲ့နော် သမီး၊ ဦးလေး လက်ဖက်ရည်ဆိုင်မှာ စောင့်နေမယ်” လို.ပြောတဲ့ အမှာစကားကို ဆုံးအောင်နားမထောင်ဘဲ အပြင်ဘက်ကိုခပ်သွက်သွက်အထွက် ခပ်ပါးပါးနှင်းငွေ.က သူမမျက်နှာကို ရိုက်ခတ်ကြိုဆိုရင်း မင်္ဂလာ နံနက်ခင်းပါလို. နှုတ်ဆက်တယ်။
“ဟား………” လက်နှစ်ဖက်ကို ဆန်.ပြီး လေကို တစ်ဝကြီးရှူသွင်းလိုက်ရင်း ကျေနပ်စွာပြုံးလိုက်တယ်။
အအေးဒဏ်ကို ကာကွယ်ဖို.အတွက် မီးခိုးရောင် အားကစားအကျီင်္ကို လည်ပင်းထိဇစ်ဆွဲပြီး သူမအပြေးလေ့ကျင့်နေကျ ကန်တော်ကြီးရဲ့ သစ်သားတံတားလေးဘက်ကို ထွက်လာခဲ့တယ်။
ကန်တော်ကြီးမှာတော့ ထုံးစံအတိုင်း ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းယူနေကြသူတွေနဲ့ နံနက်ခင်းရဲ့ ပန်ချီကားကို ချယ်မှုန်းနေပြီ။ သူမလဲ ထိုပန်းချီထဲက ဇာတ်ကောင်တစ်ကောင်ပေါ့။
ကွန်ကရစ်လမ်းမာမာပေါ်ကနေ ရုတ်တရက် သစ်သားကြမ်းခင်းထားတဲ့ တံတားပေါ်ပထမခြေလှမ်းက စတင်ချင်း ရင်ထဲမှာ သိမ့်ခနဲဖြစ်သွားရတဲ့ ခံစားချက်ကို ကျေနပ်စွာပြုံးရင်း သူမရဲ့ ခြေလှမ်းတွေကို ခပ်သွက်သွက်လှုပ်ရှားရင်း နံနက်ခင်းရဲ့ လေထုထဲကို တိုးဝင်လိုက်တယ်။
.
.
.
.
.
ခြေလှမ်းခပ်မှန်မှန်ပြေးရင်း မျက်လုံးတွေက ဆံပင်ရှည်ရှည်နဲ့ ကောင်မလေးတွေကို လိုက်လံငေးမောနေမိတာ…
ဆယ်ငါးမိနစ်လောက် ပြေးပြီးချိန်မှာတော့ သူမရဲ့ ဆံပင်ရှည်ရှည်နဲ့ အ၀ါရောင် နတ်သမီးလေးကို တွေ.ပါပြီ…..
မနက်တိုင်းရဲ့ ဘယ်တော့မှ မရိုးနိုင်တဲ့ ပန်းချီကားလေးထဲက နေ့စဉ်ဇာတ်ကောင်လေးသူမက တခြားသူတွေနဲ့ မတူစွာ တံတားကန်ပေါင်ကိုမှီရပ်ရင်း၊ အချိန်ကြာမြင့်စွာတွေးငေးနေတတ်တာ တစ်ရက် နှစ်ရက်မကတော့ဘူးပေါ့…..
သူမရဲ့ မျက်ဝန်းတွေမှာ အဆွေးရိပ်သန်းနေတတ်သလို၊ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ရေပြင်ကို နာရီပေါင်းများစွာငေးနေတတ်တဲ့ အလွမ်းမင်းသမီးလေးတစ်ပါး……
အပြေးခဏရပ်ကာ သူမနဲ့ မလှမ်းမကမ်းဘေးနေရာမှာ တံတားဘောင်ကို အားပြုရင်း Push Up လုပ်ဟန်ဆောင်ကာ ကန်ရေပြင်မှတဆင့် သူမရဲ့ မျက်နှာလေးကို ထုံးစံအတိုင်းခိုးကြည့်ဖြစ်သည်။ လှိုင်းဂယက်လေးတွေကြားမှာ သူမပုံရိပ်လေးက မတည်ငြိမ်စွာရှိနေတာကို ကြည့်ရင်း Nil ရဲ့ နှုတ်ခမ်းတွေက ခပ်မြူးမြူးပြုံးမိသည်။ ဘာလို.မှန်းမသိ ထိုအလွမ်းမင်းသမီးလေးက Nil ရဲ့ နေ့သစ်တိုင်းမှာ မပါမဖြစ် အာဟာရတစ်ခုလို လိုအပ်နေခဲ့မိတာ။ ကောင်မလေးအချင်းချင်း စိတ်ဝင်စားတတ်တယ်ဆိုတဲ့စိတ်က မသိစိတ်မှာ အလိုလိုငြိတွယ်တတ်လာခဲ့တာ သူမအပြစ်တော့မဟုတ်ဘူးထင်ပါတယ်။ သဘာဝကဖန်တီးလိုက်တဲ့ မတူညီတဲ့အရာတွေကြားက တစ်စုံတစ်ခုဘဲနေမှာပေါ့။
သူမက အရမ်းလှတဲ့ကောင်မလေးမဟုတ်ပါဘူး၊ ကဗျာလေးတစ်ပုဒ်လိုတော့ ချစ်စရာကောင်းတယ်။  ချစ်နေရတဲ့ သူအတွက်တော့ သူမရဲ့ အရာရာဟာ စွဲမက်စရာတွေပါဘဲ။


သူမရဲ့ တံတားဘောင်ကို မှီတွဲတွဲလေး မခို.တရို.ရပ်နေပုံလေးက သူမကို ရင်ခုန်စေတယ်၊ လေတွေကြားမှာ မချည်နှောင်ဘဲ ပျံ.လွင့်နေတဲ့ ဆံနွယ်တွေက ဘောင်ကွပ်မထားတဲ့ ပန်ချီးကားလေးလိုဘဲ လွတ်လပ်လွန်းတယ်၊ ဆွေးရိပ်သန်းနေတဲ့ မျက်ဝန်းတွေက ရီဝေေ၀ယမကာတစ်ခွက်ကို သောက်နေရသလို လူကို မူးယစ်စေတယ်။
တံတားဘောင်ကို လှုပ်ခါရင်း Push Up လုပ်နေတဲ့Nil ကို ကောင်မလေးက အမြင်မကြည်သလို လှည့်ပြီး မျက်စောင်းထိုးတဲ့ အချိန်မှာတော့ Nil အနေနဲ့ အပြေးလေ့ကျင့်ခန်းကို ဆက်လုပ်သင့်ပြီလို. သဘောပေါက်လိုက်တယ်။ သူမရဲ့ အလွမ်းအဆွေးတွေကို မကုစားပေးနိုင်မယ့်အတူတူတော့ သူမကို လိုသည်ထက်ပိုပြီး မနှောင့်ယှက်ချင်တော့ပါဘူးလေ။ Nil ရဲ့ တစ်နေ့တာလဲ ထိုအသိအမှတ်ပြု မျက်စောင်းလေးတစ်ချက်နဲ့တင် လုံလောက်ပါပြီ။
.
.
.
.
အခန်း (၂)
ဝင့်

အသားညိုညို၊ သွယ်လျလျ၊ အရပ်ပုပုနဲ့ ပိုးကောင်လေးနဲ့တူတဲ့ ထိုကောင်မလေးက မနက်တိုင်း ဒီကန်တော်ကြီးမှာ အပြေးလေ့ကျင့်တတ်တာကို ၀င့်သတိထားမိတာကြာပြီ။ သတိမထားလို.လဲ မရအောင်၊ ကိုကို.ကို ၀င့်လွမ်းတိုင်း တူတူလျောက်ခဲ့ကြဖူးတဲ့ ဒီကန်တော်ကြီးတံတားမှာ လာငေးနေခဲ့တာတစ်ရက်၊ တစ်လမှမကတော့တာလေ။ ကိုကိုလို. အမြဲအမြတ်တနိုးခေါ်ပြီး ချစ်ခဲ့ရသော ၀င့်ရဲ့ တစ်စုံတစ်ယောက်က ဘယ်တော့မှ ပြန်မဆုံနိုင်တော့တဲ့ တစ်နေရာဆီသို. ၀င့်မပါဘဲ အရင်သွားနှင့်တယ်။ ဒီတော့ ကန်ရေပြင်ကိုငေးရင်း လွမ်းဖို.ကလွဲလို. ၀င့်ဘာမှ မတတ်နိုင်ခဲ့ဘူး။
အစကတော့ ကိုကို.ကို တမ်းတစိတ်နဲ့ လာငေးတတ်ပေမယ့်၊ ကြာလာတော့ နဘေးမှာ အရိပ်လေးလို အမြဲရောက်ရောက်လာတတ်တဲ့ ပိုးကောင်လေးကို အမြဲမြင်ချင်လာတယ်။ သူမတံတားဘောင်ကို လှုပ်ပြီး အားကစားတခုခုလုပ်တိုင်း ၀င့်ရဲ့ ပျံ.လွင့်နေတဲ့စိတ်အာရုံကို ပုံမှန်ပြန်ရောက်အောင် ကူညီပေးတယ်။ ကန်ရေထဲက ၀င့်ရဲ့ပုံရိပ်ကို ခိုးကြည့်ရင်း၊ သူမနှုတ်ခမ်းပါးပါးလေးက သွားတတ်လေးတွေ ပေါ်အောင်ပြုံးတော့လဲ ၀င့်ပါလိုက်ပြုံးချင်ပေမယ့်၊ သူမထံ အာရုံရောက်နေတာ သိမှာစိုးလို. မျက်နှာကို အတင်းတည်ထားရတယ်။ သူမအကြည့်တွေ လိုအပ်တာထက် ပိုပြီး ၀င်အနေခက်လောက်အောင် စူးရှလာပြီဆိုရင်တော့၊ နှုတ်ခမ်းကိုစူပြီး ခပ်စူးစူးမျက်စောင်းတစ်ချက် ပိတ်ထိုးမိတာပေါ့။ ထိုအခါဆိုရင်တော့ သံပတ်ပေးထားတဲ့ အရုပ်လေးလို လှုပ်ရှားမှုတွေအားလုံးရပ်ပြီး ၀င့်အနှောင့်အယှက်မဖြစ်စေချင်တဲ့သဘောနဲ့ ခေါင်းတစ်ချက်ဆတ်ကာ နှုတ်ဆက်ပြီး၊ သူမရဲ့ နေ့စဉ်အပြေးလေ့ကျင့်ခန်းကို ဆက်လုပ်တတ်တယ်။
ကိုကို.လို Tomboy ပုံစံမဟုတ်ပေမယ့် ထိုကောင်မလေးရဲ့ အကြည့်တွေက ၀င့်ကိုစိတ်ဝင်စားမှု ရှိနေတယ်ဆိုတာ သိသာပါတယ်။ သူမကသာ ခွင့်တောင်းခဲ့မယ်ဆိုရင် ကိုကို.နေရာမဟုတ်တောင် နှလုံးသားနဲ့ အနီးဆုံးနေရာမှာ နေခွင့်ပြုမှာပါ။ ဘာကြောင့်လဲဆိုတော့ ကိုကိုပြီးရင် ၀င့်ရင်ကို ဒုတိယမြောက် ခုန်စေတဲ့သူက ထိုပိုးကောင်မလေးဖြစ်နေလို.ပေါ့။
ခက်နေတာက ၀င့်ဘက်က ခင်မင်ချင်လို. နှုတ်ဆက်ဖို. အမူအယာ တစ်ခုခုပြတာနဲ့ ကောင်မလေးက အလျင်အမြန်ပျောက်ကွယ်သွားတတ်တာ တစ်ခါနှစ်ခါမကတော့ဘူး။ ဒီလိုနဲ့ဘဲ ၀င့်လဲ သူမဘက်က စတင်စကားလာပြောမယ့်နေ့ကို စောင့်မျှော်ရင်း………………
.
.
.
Nil
ဆံပင်ရှည်ရှည်ကောင်မလေးထံမှ ထွက်ခွာခဲ့ပြီး၊ သူမနဲ့ ဆန့်ကျင်ဘက် ဦးတည်ရာသို. ခြေလှမ်းတွေ ခပ်သွက်သွက်ပြေးနေပေမယ့် နှလုံးသားကတော့ ထိုကောင်မလေးနဘေးမှာ ထုံးစံအတိုင်း ကျန်ရစ်ခဲ့တယ်။
တခါတရံမှာ သူမက အသိအမှတ်ပြု ပြုံးပြတတ်သလို၊ နှုတ်ခွန်းဆက်ဖို. နှုတ်ခမ်းဖူးလေးတွေ ဖွင့်ဟတတ်တယ်..
အဲဒီအချိန်မျိုးဆို Nil သိပ်ကြောက်တာဘဲ။ သူမဘက်က သံစဉ်တစ်ခုလို ချိုမြတဲ့နှုတ်ခွန်းဆက်စကားတွေ ထွက်လာမယ့်အချိန်မှာ ၊ Nil ရဲ့ ခြောက်သွေ.နေတဲ့လည်ချောင်းထဲက အလုပ်မလုပ်တဲ့ အသံအိုးက Nil ပြောချင်တဲ့စကားတွေကို လေထဲမှာချေဖျက်ပျောက်ကွယ်သွားမှာကို ကောင်မလေးသိရင် Nil ကို မခင်ချင်တော့မှာ၊ ရွံမုန်းသွားမှာကို သိပ်ကြောက်နေမိခဲ့တယ်။
အမှန်ဆို Good Morning ပါဆိုတာလေးနဲ့ နှုတ်ဆက်စကားသီရင်း၊ သူမနဲ့ စကားတွေ ဖောင်ဖွဲပြောချင်တာ။ သူမနာမည်လေးကိုမေးပြီး၊ သူမအိမ်ရှေ.မှာ မနက်တိုင်း ကန်တော်ကြီးသွားဖို. သွားကြိုချင်တာ၊ မိတ်ဖြစ်ဆွေဖြစ် ကန်တော်ကြီးစောင်းက မုန်.ဆိုင်လေးတွေမှာ ထိုင်စားကြရင်း သူမနဲ့ သူငယ်ချင်းဖြစ်ချင်တာ၊ တဖြည်းဖြည်းနဲ့ သူမရဲ့ အရိပ်ကလေးလုပ်ပြီး၊ သူမရဲ့နှလုံးသားမှာ နေရာလေးတစ်ခုဝင်ယူချင်ခဲ့တာ….
ကံတရားက သူမကိုဆွံ.အသူအဖြစ် ဒဏ်ခတ်ခဲ့မှာတော့ အလွမ်းတွေနဲ့ နှလုံးသားကို သူမနားမှာ ချန်ထားခဲ့ပြီး၊ သူမနဲ့ ဆန်.ကျင်ဘက်ဦးတည်ရာသို.  ခြေလှမ်းတွေ တရွေ.ရွေ.  
 ………………………………………………….   ………………………………………………..


The End~~

No comments:

Post a Comment