Thursday, July 25, 2013

အမည်မဲ့ - အပိုင်း ၃

(Ghost ဇာတ်ကားကို မှီငြမ်းပြီး ရေးထားတာဖြစ်ပါတယ်...း)

အခန်း 7


ပြည်သူ.ဆေးရုံကြီး…


“မဇင်မင်းသူ က ကွယ်လွန်သူ မခိုင်မွန် ရဲ့ အရင်းနှီးဆုံးမိတ်ဆွေနော်..”
“ဟုတ်ကဲ့..”
“တာဝန်အရ ကျွန်တော်တို. စစ်မေးစရာလေးတွေရှိလို. ဒီဘက်ခန်းခဏ လိုက်ခဲ့လို.ရမလား…”
ရဲဝတ်စုံနဲ့ အရာရှိတချို.က ဇင့်ကို တဘက်ခန်းသို.ခေါ်သွားကြသည်။
သူမကတော့ အ၀တ်အဖြူရောင်အုပ်ထားသော သူမရဲ့ သက်မဲ့ ခန္ဓာကိုယ်နဘေးမှာ ကျန်နေခဲ့သည်။
ခဏနေတော့ အပြာရောင်ဝတ်ထားသော ဆေးရုံဝန်ထမ်းအချို.က သူမရဲ့ သက်မဲ့ခန္ဓာကိုယ်တင်ထားသော တွန်းလှည်းအား လာရောက်ယူဆောင်သွားကြသည်။
“မယူသွားပါနဲ့…” သူမအော်ဟစ်တားဆီးပေမယ့်… အချည်းနှီးသာ…
သူမအော်သံကို မကြားနိုင်တော့…

ထိုစဉ်..


“အန်တီ… အန်တီ က သေသွားပြီနော်…”
အသက် ၃နှစ်အရွယ်.. ကလေးမလေးတစ်ယောက်..
“အန်တီလား… မင်းက ဘယ်သူလဲ..” သူမ ဇဝေဇ၀ါနှင့် ပြန်မေးမိတော့..
“သမီးလား.. သရဲပါ..”
“သရဲ..”
“မသိဘူးလား.. သေသွားတဲ့သူလေ.. အန်တီလဲ သေသွားပြီလေ.. သရဲဘဲပေါ့..”
“သရဲတဲ့လား…..”
ကလေးမက သူမအလောင်းကို သယ်ဆောင်သွားရာ အခန်းဆီ ခန္ဓာကိုယ်တစ်ပိုင်း ၀င်ကြည့်ကာ …
“ခေါင်းမှာ ထိခိုက်မိတာဘဲ…”
“အဲဒါ ဘယ်လိုလုပ်လိုက်တာလဲ..” ခိုင်တော်တော် အံ့သြသွားသည်။ ထိုကလေးမက တံခါးကို ဖောက်ထွင်းကြည့်ရှုနိုင်တယ်ဆိုတော့…
“ဒါက လွယ်လွယ်လေးပါ.. တခြား.. ဒီလိုမျိုးလဲ လုပ်နိုင်တယ်..” ဟုဆိုကာ မျက်နှာကြက်မှ မီးချောင်းကို လက်ညှိုးနှင့်ထိုးကာ မီးကို ပိတ်လိုက်ဖွင့်လိုက်ဖြစ်အောင်လုပ်ပြသည်။
“ဒီလိုလဲ လုပ်နိုင်သေးတယ်..” ဆိုပြီး အနားရှိ ဆေးတင်ထားသော သံတွန်းလှည်းလေးကို လက်နှင့် ဆောင့်တွန်းပြသည်။
သူနာပြုဆရာမလေးတစ်ယောက် ရောက်လာကာ ကြောက်ကြောက်လန့်လန့်နှင့် တွန်းလှည်းကို အမြန်လာသိမ်းသွားသည်။
သူမ တအံ့တသြနဲ့ ငေးကြောင်နေစဉ်..
“ဟာ… ပန်းချီသင်ပေးတဲ့ အန်တီ…”
ကလေးမ ညွှန်ပြရာ ကြည့်မိတော့… “ဇင်..”
ဇင့်ကို ပြေးအဖက်…
သူမမှာ ခန္ဓာကိုယ်မရှိတော့တာ မေ့နေခဲ့သည်… သူမ၀ိဥာဉ်က ဇင့် ခန္ဓာကိုယ်ကို ဖောက်ထွက်ပြီး တစ်ဘက်သို.ရောက်သွားသည်… သူမအနေနှင့် ဇင့်ရဲ့ နွေးထွေးတဲ့ ခန္ဓာကိုယ်ကို ထိကိုင်နိုင်စွမ်းမရှိတော့ပြီ…
.
.
ဇင်က သူမရုပ်အလောင်းရှိရာ အခန်းကို နောက်ဆုံးအနေနဲ့ ငေးကြည့်ရင်း…
“ခိုင်ရယ် ငါဘယ်လိုဖြေရမှာလဲ.. နင်မရှိတော့ဘူး..… ငါတစ်ယောက်တည်း….” ဇင့် မျက်ရည်တွေ ..
“ဇင်… ငါက နင့်ဘေးမှာရှိတယ်လေ.. ဇင်.. ငါလေ..” သူမ ဇင့် နဘေးမှာထိုင်ရင်း.. ဇင့်ပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်ပေးချင်ပေမယ့်… “ဇင်ရယ်…”
.
.
.
အခန်း ၈

သုသာန်…

သူမရဲ့ ဇင်က အနက်ရောင် ကုတ်အကျီလေးနဲ့ သူမ၀ယ်ပေးထားတဲ့ ဂျင်းဘောင်းဘီအနက်လေးကို တွဲဖက်ဝတ်ရင်း၊ သူမရဲ့ ဆေးမခြောက်သေးတဲ့ အုတ်ဂူလေးဘေးမှာ ငိုနေခဲ့တယ်…
ဒီရက်တွေအတွင်း သူမ ဇင့်ရဲ့နံဘေးမှာ စက္ကန်.မလပ်ရှိနေခဲ့တာ…
ဇင် သူမအတွက် ခံစားနေရတာတွေက သူမကို ပိုပြီး စိတ်မချဖြစ်စေခဲ့တယ်…
နဂိုပိန်တဲ့ ဇင့်ရဲ့ ခန္ဓာကိုယ်လေးက အခုလို အအိပ်ပျက် အစားပျက်နဲ့ ပိုမိုချိနဲ့လာသလိုဘဲ…
“ကျန်းမာရေးကို ဂရုစိုက်ပါဇင်ရယ်” လို. ပြောချင်ပေမယ့်.. သူမမှာ ပြောပိုင်ခွင့်က မရှိတော့…
.
.
“ဇင်..” 
အုတ်ဂူဘေးကို နောက်ထပ်ရောက်ရှိလာတာက သူမရဲ့ သူငယ်ချင်း … ပပ
“ခိုင်ကလေ မိသားစုမရှိတော့ နင့်ကို အရမ်းတွယ်တာခဲ့တာ.. ဇင်နဲ့ ဆုံခဲ့ရတာကို သူ အရမ်းကျေနပ်ခဲ့ပါတယ်..” ဟုပြောကာ သူမ ငိုကြွေးတော့..
ဇင်က သူမ ပခုံးကို ဆုပ်ကိုင် အားပေးရင်း..
“ငါသွားတော့မယ် ပပ… ခိုင့်မှာ နင့်လို သူငယ်ချင်း တစ်ယောက်ရှိနေပေးခဲ့တာ ကျေးဇူးတင်ပါတယ်..”
“ဇင်.. နင်လဲ အကူအညီလိုရင်ပြောနော်…”
ဇင်က ပပကို ခေါင်းတစ်ချက် ပြန်ငြိမ့်ပြရင်း.. သုသာန်မြေမှ စတင်ထွက်ခွာသွားသည်။
သူမ အနေနှင့် ပပနားမှာ နေခဲ့ချင်ပေမယ့် ချစ်သူ ဇင့်ကို စိတ်မချသဖြင့် ဇင်သွားရာနောက်သို. ခပ်သွက်သွက်လိုက်ရင်း….
ညနေခင်းက မလှပစွာ နေ၀င်ခဲ့သည်…
လမ်းတစ်လျောက်မှာ အနက်ရောင်ဝတ်စုံနှင့် သည်းထန်စွာ ငိုကြွေးနေသော ဇင့်ကို လူတွေက အရူးတစ်ယောက်လို ၀ိုင်းကြည့်ကြသည်…
ဘယ်သူ.ကိုမှ ဂရုမစိုက်နိုင်စွာ ဇင်တစ်ယောက် ငိုကြွေးရင်း အိမ်ကိုပြန်နေသည်..
သူမကိုယ်တိုင်လဲ ဇင့်ကို စိတ်မချနိုင်စွာ ဇင့်နောက်သို. ထပ်ချပ်မကွာလိုက်ရင်း…..
.
.
အိမ်ကိုရောက်တော့ ထုံးစံအတိုင်း ဇင်က ငြိမ်သက်စွာ သူမဆွဲထားခဲ့ဖူးသော မီးညောင်ပုံ ပန်းချီကားလေးကို တိတ်တိတ်လေးကြည့်သည်…
“ဒီပန်းချီကားလေးက နင့်ကို တကယ်အမှတ်ရစေတယ် ခိုင်..” ဇင်က တီးတိုးပြောသည်။
တစ်အိမ်လုံးမှာ သူမထားခဲ့တဲ့ အမှတ်တရတွေက အခုတော့ ဇင့်အတွက် သတိရ နာကြင်စရာတွေ ဖြစ်နေခဲ့ပြီထင်သည်။ ဖြစ်နိုင်ရင် သူမရဲ့ အရိပ်တွေ ဇင့်ဘ၀ထဲကနေ ဆွဲထုတ်ပစ်ချင်သည်။ ဇင် အခုလို နာကြင်ခံစားနေရတာ မကြည့်ရက်နိုင်တော့…
“ဒေါက်.. ဒေါက်..”
တံခါးခေါက်သံကြားပြီး  ဇင်ထဖွင့်ပေးတော့ ရဲအရာရှိ၂ယောက်…..
သူမခန္ဓာကိုယ်ပေါ်မှရသော ကျန်ရစ်ပစ္စည်းများ လာအပ်နှံခြင်းပါ..
“ဇင်မင်းသူက ခိုင်မွန်နဲ့ တူတူနေတာ ကြာခဲ့ပြီနော်..”
“ဟုတ်ကဲ့ တစ်နှစ်နီးပါးရှိပါပြီ…”
“ပန်းချီဆွဲတယ်ဆိုတာ သိရပေမယ့် စီးပွားရေးအရ လုံလုံလောက်လောက်ရှိပါရဲ့လား.. စားနိုင်သောက်နိုင် ရှိရဲ့လား..”
“ဘာကိုဆိုလိုတာပါလဲ..” ဇင်က နားမလည်စွာမေးသည်…
“တခြား တွေးစရာလေးတွေ ရှိလာလို.ပါ.. မခိုင်မွန်က အရမ်းချမ်းသာသလို သူမရဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို မကြာခင်ကမှတွေ.ရတဲ့ မဇင်မင်းသူကို သေတမ်းစာထဲမှာ အပြီးလွှဲပေးထားကြောင်းတွေ.ရတော့…” ရဲအရာရှိက ပြောလက်စ စကားကို ရပ်ရင်း ဇင့်ကို မသင်္ကာသလို စိုက်ကြည့်သည်…
“အဲဒါနဲ့ ကျွန်တော်က သတ်ခဲ့တယ်လို. ထင်တာလား..”
“တကယ်များ သတ်ခဲ့သလား..”
“ခင်… ခင်ဗျားတို…” ဇင် ဒေါသ အရမ်းထွက်နေပြီ… ဇင့် အသားတွေ တဆတ်ဆတ်တုန်ကာ ပြောစရာ စကားမရှိတော့လောက်အောင်….
သူမ ဘယ်လိုမှ မနေနိုင်တော့ “မဟုတ်ဘူး… အဓိပ္ပာယ်မရှိစွပ်စွဲနေတယ်.. အသတ်ခံရတဲ့ ကျွန်မကိုယ်တိုင်က မဟုတ်ဘူးလို. ပြောနေတယ်လေ..”
သူမ  အသံကုန်အော်နေပေမယ့်…
“တောင်းပန်ပါတယ်.. ဖြစ်နိုင်ချေတွေကို စဥ်းစားကြည့်တော့ ဒီလိုမျိုးလဲ ဖြစ်နိုင်တယ်လို. ကောက်ချက်ချမိလို.ပါ..” ဒေါသထွက်နေသော ဇင့်ကိုကြည့်ပြီး၊ ရဲတစ်ယောက်က တောင်းပန်စကားပြောသည်။
“ကျွန်တော် ခိုင်.ကို သတ်စရာအကြောင်းမရှိပါဘူး.. ပြန်ပါတော့……” ဇင်က ဆို.နစ်ကြေကွဲစွာပြောသည်။
“ကျွန်တော်တို. အမှုမှန်ကို ရှာဖွေဖော်ထုတ်မှာပါ….”
“ပြန်ပါတော့… ထွက်သွားပါ….” ဇင် မခံမရပ်နိုင်စွာ အော်ဟစ်နှင်ထုတ်မှ ထိုရဲ၂ယောက်ထွက်သွားကြသည်။
……………………… ……………..

ရဲတွေထွက်သွားတော့ ဇင်တစ်ယောက် အခန်းထဲမှာ ဒေါသတကြီး အော်ဟစ်ငိုယိုနေခဲ့သည်။
ခဏနေတော့ အပေါ်ဝတ်ရှပ်အကျီတစ်ထည်ကောက်ဆွဲကာ အိမ်အပြင်သို. ထထွက်သွားသည်။ သူမလိုက်ဖို. ကြိုးစားပေမယ့် တံခါးကပိတ်သွားပြီမို. တံခါးလက်ကိုင်ကို သူမထိလို.မရ…
တံခါးလက်ကိုင်ကို ကြိုးစားပြီး ဖွင့်ပေမယ့်.. ခန္ဓာကိုယ် မရှိတော့သော သူမအတွက် ဘယ်လိုမှ ကြိုးစားလို.မရ..
စိတ်ညစ်ညစ်နှင့်လက်ကို ခါထုတ်မိတော့ သူမလက်တွေ တံခါးကို ထိုးဖောက်နိုင်စွမ်းရှိနေခဲ့တာ အံ့သြစွာ သိရှိရသည်…
ထိုစဉ်..
တစုံတစ်ယောက်၏ အိမ်သော့ဖွင့်သံကြားရသည်။
“ဟင်…” ဇင်မဟုတ်ဘူး… အညိုရင့်ရောင် ၀တ်စုံနှင့် ယောကျာ်းတစ်ယောက်..
မျက်နှာကို သေချာကြည့်တော့…
“သူ… သူ….” သူမကို ဆိုင်ကယ်နှင့် တိုက်သတ်သွားသောသူ…
အခု ဇင့်အိမ်ထဲမှာ… သော့အတုနှင့် ၀င်လာသည်…
“ရှင် ဘာလာလုပ်တာလဲ…” သူမ စိုးရိမ်စွာမေးနေပေမယ့်..
ထိုသူက အိမ်ထဲသို. အေးအေးဆေးဆေးဝင်ကာ ဇင့် ပစ္စည်းတွေကို စတင်မွှေနှောက်ရှာဖွေနေသည်..
“ထွက်သွားစမ်း… ဒါ နင့် အိမ်မဟုတ်ဘူး… ထွက်သွား… “ သူမ အမိန့်ပေးနေပေမယ့်…
နာရီဝက်လောက် စိတ်ကြိုက်ရှာဖွေပြီးမှ အိမ်ကနေထွက်သွားရန်ပြင်သည်။
“ဒီလူ ဘာအကြံရှိလို.လဲ.. ငါ့ကို သတ်တာလဲ Accident ကြောင့် မဟုတ်ဘူးပေါ့.. အခုလဲ..”
သူမအတွေးတွေ များပြီး ထိုသူသွားရာ နောက်သို.လိုက်ခဲ့သည်။
…………………………………………

No comments:

Post a Comment