Monday, November 25, 2013

Ham Radio - Final

အခန်း (၉)
“Hello ခိုင်…” ပြတ်တောက်နေသော ပါဝါကြိုးကို လက်ကကိုင်ထားရင်း လှုပ်ရှားနေသော စိတ်တို.နဲ့အတူ ဝေါ်ကီတော်ကီခလုတ်ကိုနှိပ်ကာ တဖက်မှအသံကို နားစွင့်နေခဲ့သည်။
စိတ်ထဲမှာတော့ သူကိုယ်တိုင်ဘဲ အိပ်မက်မက်နေခဲ့တာလား… တစ်စုံတစ်ယောက်ကဘဲ ကျီစယ်နေခဲ့တာလား စဉ်းစားလို.မရ…..
“မင်္ဂလာပါ..” တစ်ဖက်မှ ကြားနေကျ ခိုင့်ရဲ့အသံက လေလှိုင်းကြားမှ ပီပီပြင်ပြင်ထွက်ပေါ်လာသည်။
“ဟာ…..” မြတ်မွန် ဘာပြန်ပြောလို. ပြောရမှန်းမသိအောင် အာခေါင်တွေခြောက်ကပ်နေသည်။ နဘေးမှ  laptop ကိုအလျင်အမြန်လှုပ်ရှားရင်း ၁၉၉၄ခုနှစ်က အကြောင်းအရာတွေကို အင်တာနက်မှာ ရှာဖွေနေမိသည်။
“ခိုင်.. ကျွန်တော် ပြောတာကြားရလား..”
“အင်း.. ကြားရတယ်လေ..”
“ခိုင်မနေ့ကပြောတယ်နော်… ၁၉၉၄ခုနှစ်မှာ နောက်ဆုံးနှစ်တတ်နေတယ်ဆိုတာ…”
“ဟုတ်ကဲ့…”
“ဒီနေ့ ဘယ်နှရက်နေ့လဲ… အဲဒီမှာ…”
“ဂျူလိုင် ၁၇ရက်လေ…ဘာဖြစ်လို.လဲ”
“ဟုတ်ပြီ မနက်ဖန် ၁၈ ဂျူလိုင်.. ကျောင်းမှာ ကျောင်းသားတွေ ဆူပူကြလိမ့်မယ်… သြဂုတ် ၈ရက်နေ့မှာ ပိုဆိုးလာမယ်.. ကျောင်းတွေပါပိတ်မယ်..”
“ဘာတွေလာပြောနေတာလဲ.. မင်းက ဗေဒင်ဆရာလား မြတ်မွန်…”
“ခိုင် ကျွန်တော်ကလေ ၂၀၁၃မှာ တကယ်ကိုကျောင်းတတ်နေတဲ့ ကျောင်းသားပါ… ခိုင်တို. ၁၉၉၄ကအကြောင်းအရာတွေကို ကျွန်တော်ပြောပြနေတာ..”
“မင်းလာနောက်မနေနဲ့ ၂၀၁၃က ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…”
“တကယ်ပြောတာခိုင်.. မနက်ဖန် ၁၈ ဂျူလိုင် အာဇာနည်နေ့မတိုင်ခင် တစ်ရက်အလိုမှာ ကျောင်းသားတွေ သစ်ပုတ်ပင်ကြီးနားမှာ စုကြလိမ့်မယ်… မကြာခင်မှာ သစ်ပုတ်ပင်ကြီးလဲ ခြံခတ်ပစ်လိမ့်မယ်…”
“မင်းအရူးဘဲ…”
“နောက်တစ်ခု… အခုကန်နေတဲ့ အရှေ.တောင်အာရှ ဘောလုံးပွဲစဉ်မှာ မြန်မာက ဖိုင်နယ်ထိတတ်ပေမယ့် ထိုင်းကိုရှုံးလိမ့်မယ် ခိုင်..ပြီးတော့ အဲဒီနှစ်က အေ၇ှ.တောင်အာရှမှာ  မြန်မာအနေနဲ့ နောက်ဆုံးကန်ရတဲ့ ဘောလုံးပွဲစဉ်”
“ဘာတွေလာပြောနေတာလဲ… မင်းနဲ့ငါပြောရတာ စိတ်ကုန်လာပြီ… အရူးလိုဘဲ..”
“ကျွန်တော် မနက်ဖန်ညနေ ဒီအချိန်မှာ စောင့်နေမယ် ခိုင်… good night”
လိုင်းပြတ်သွားပြီ…..
နှုတ်ခမ်းစွန်းကို ခပ်ကွေးကွေးပြုံးရင်း တစ်ခုခုကိုကျေနပ်သလိုခံစားမိသည်။ သူက ၁၉၉၄ခုနှစ်က လူသားတစ်ယောက်နဲ့ အမှန်တကယ် စကားပြောနေခဲ့ရတယ်ဆိုတာပေါ့….
ကမ္ဘာကြီးက ဆန်းတော့ ဆန်းသားနော်….
.
.
.

Sunday, November 24, 2013

Ham Radio - Part (2)

အခန်း (၅)
“ခိုင်ရေ.. မွန်တို. ဒီဘက်မှာ..” ဦးချစ်ကင်န်တင်းထဲမှ မွန်ကလှမ်းခေါ်သည်။
ကင်န်တင်းထဲမှာ မွန်နဲ့အတူ ရှပ်အကျီအပြာကွက်နှင့် ပုဆိုးနီညိုရောင်အကွက်ကိုတွဲဝတ်ထားသော အရပ်ရှည်ရှည် အသားလတ်လတ်နှင့်သူတစ်ယောက်…
“မြင်ဖူးသလိုဘဲ..” ခိုင်က ဇဝေဇ၀ါရေရွတ်ရင်း…
“ခိုင်.. သူနာမည်က ကိုအောင်စည်တဲ့၊ မွန်တို. တက္ကသိုလ်စိန်ဝင်းမှာ ဓာတ်ပုံရိုက်တုန်းက ကူညီပေးနေတဲ့သူလေ..” ဟု မွန်က ၀င်မိတ်ဆက်ပေးသည်။
စားပွဲခုံကို လက်ဝါးဖြင့်ပုတ်ရင်း… “အား.. ဟုတ်သားဘဲ.. အရင်အပတ်ကဘဲ တွေ.ထားတာ..”
“ကိုအောင်စည်က မွန်နေတဲ့ အဆောင်က သူငယ်ချင်းဆီ ဓာတ်ပုံလာပို.ရင်းတွေ.ကြတာ။ စကားစပ်မိမှသိတယ် သူ.မေမေနဲ့ မွန်.မေမေက ကျောင်းတုန်းက သူငယ်ချင်းတွေဖြစ်နေရော။ ဒါနဲ့ မေမေ့ကိုပြောပြတော့ မေမေတို. သူငယ်ချင်း၂ယောက်လဲ အခုမှပြန်တွေ.ကြလို. ပျော်နေကြရော… ဒီနေ့တော့ ကိုအောင်စည်က မွန်.ဓာတ်ပုံတွေ အတန်းထိ တကူးတကလာပို.ပေးလို. ခိုင်နဲ့ပါမိတ်ဆက်ပေးရအောင် ဒီကင်န်တင်းကို ခေါ်လာတာ..”
“သြော်… “ မွန်.စကားဆုံးတော့ သူလဲ ဘာပြန်ပြောရမယ်မှန်းမသိဘဲ သြော်သာပြောဖြစ်သည်။
ထိုလူကိုကြည့်ရတာကတော့ ရည်ရည်မွန်မွန်ပါဘဲ။
“ကိုအောင်စည် ဒါက ခိုင်.. မွန်.ရဲ့ အချစ်ဆုံးသူငယ်ချင်း၊ သူ.ထက်ချစ်ရတာ ဘယ်သူမှမရှိတော့ဘူး။” သူမလက်ကိုကိုင်ရင်း မွန်ကပြောတော့ ဖြူဝင်းသောအသားအရည်ပိုင်ရှင် ခိုင့်မျက်နှာ ရှက်ပြီးနီနေမှာ သေချာနေပြီ။ ရှက်နေပေမယ့်လဲ သူမတို.၂ယောက်သာ နားလည်နိုင်သော အတိုင်းအတာတစ်ခုကို မွန်က သွယ်ဝိုက်သောနည်းဖြင့် တစိမ်းယောကျာ်းတစ်ယောက်ရှေ.မှာ ပြောပြပေးတယ်ဆိုတော့ သူ.ကို သံသယကင်းစေချင်တဲ့ မွန်.ရဲ့စိတ်ရင်းကို နားလည်ကျေနပ်မိသည်။
“ဟုတ်ကဲ့ မခိုင်.. တွေ.ရတာ ၀မ်းသာပါတယ်ဗျာ။ ကျွန်တော်က ဘူမိဗေဒအထူးပြုနဲ့ လှိုင်တက္ကသိုလ်မှာ မဟာတန်းဆက်တတ်နေပါတယ်။ ဓာတ်ပုံရိုက်တာကတော့ ကျွန်တော့် ၀ါသနာဆိုတော့ အားရင် အားသလို ကိုစိန်ဝင်းဆီမှာ ပညာသင်ပေးနေတာပါ။”
“မွန်ခေါ်သလို ခိုင်လို.ဘဲ ခေါ်လို.ရပါတယ်။ မွန်ကတော့ ဓာတ်ပုံရိုက်ရမယ် အလှပြင်ရမယ်ဆိုရင် ထမင်းမေ့ ဟင်းမေ့ပါဘဲ။ “
“အေးဗျာ နောက်ကို အခွင့်သင့်ရင် ခိုင်နဲ့ မွန်တို. သူငယ်ချင်း၂ယောက်လုံးကို ကျွန်တော့် ဓာတ်ပုံလက်စွမ်းလေးတွေ ပြချင်ပါသေးတယ်။ ဒီနေ့တော့ ကျွန်တော် ချိန်းထားတာလေးရှိလို. ခွင့်ပြုဦးဗျ”
“ဟုတ်ကဲ့.. နောက်မှ တွေ.ကြတာပေါ့..”
ကိုအောင်စည်က ခိုင်တို.၂ယောက်ကို ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်ကာ စကားဝိုင်းမှ ထထွက်သွားသည်။.
.
.
“ခိုင် .. ဓာတ်ပုံတွေလှတယ်နော်…” ဟုဆိုကာ သူမလက်ထဲကို ဓာတ်ပုံတွေ အတင်းထိုးထည့်ပေးသည်။
မွန်ပြောလဲ ပြောချင်စရာကောင်းလောက်အောင် ဓာတ်ပုံတွေက တကယ်ကို လှလွန်းသည်။ ဒါကြောင့်လဲ ဒီဓာတ်ပုံဆရာတွေ နာမည်ကြီးကြချင်းဖြစ်မည်။
ထိုနေ့ကတော့ မွန်နဲ့ အတူ ကင်န်တင်းန်မှာထိုင်ရင်း သူမဓာတ်ပုံလှလှလေးတွေကြားမှာ ၂ယောက်အတူစီးမြောရင်း ညနေခင်းကို ဖြတ်သန်းခဲ့ကြသည်။
.
.
.
.

Ham Radio - Part (1)

အခန်း (၁)

မနေ့ကမှ အဖေနဲ့အတိုက်အခံလုပ်ပြီးဆိုးထားတဲ့ ဆံပင်အနီရောင်အလယ်ခွဲလေးကို ကျေနပ်စွာ ပွတ်သပ်ရင်း ချစ်သူလာမယ့်လမ်းကိုလှမ်းမျှော်နေလိုက်တယ်…
“ခိုင် … ရောက်နေတာ ကြာပြီလား…”
Casper အရုပ်လေးတွေပါတဲ့ တီရှပ်အကျီအဖြူရောင်ပွပွကို ထမီကြည်ပြာရောင်လေးနဲ့တွဲဝတ်ထားတဲ့ သွယ်လျလျပုံရိပ်လေးနဲ့ အရမ်းချစ်ရတဲ့ မွန်….
“သိပ်မကြာသေးပါဘူး… “ လက်ပတ်နာရီကို တစ်ချက်မြှောက်ကြည့်ရင်း.. “အင်း.. ၁၅မိနစ်လောက်ဘဲရှိသေးတယ်..”
မျက်နှာရှေ.မှာကွယ်နေတဲ့ ဆံပင်တွေကို သူမရဲ့လက်ချောင်းကလေးတွေနဲ့ ဖယ်ရှားရင်း..
“အမယ်.. မွန်.ချစ်သူက အရမ်းကို မိုက်နေပါလား…”
သူ ခပ်ရှက်ရှက်တစ်ချက်ရယ်လိုက်ရင်း… “ အိမ်ကဖားသားကြီးဆဲတာခံပြီး ဆေးဆိုးထားတာ..”
“ခိုင်က အသားဖြူလို.လားမသိဘူး ဒီဆံပင်ရောင်လေးနဲ့ လိုက်တယ်…”
“အယ်.. အချင်းချင်းစွတ်မြှောက်နေပြန်ပြီ…. အတန်းနောက်ကျတော့မယ် သွားကြစို.”
ချီးကျူးစကားတွေဆိုနေတော့ မျက်နှာမထားတတ်တော့သူပီပီ သူမလက်ကိုဆွဲပြီးကျောင်းဝင်းဘက်ကို ထွက်လာခဲ့တယ်…
.
.
.
“ခိုင့်ကိုပြောရဦးမယ်.. မနေ့က မြတ်မြတ်ဇော်တို.တွေ တက္ကသိုလ်စိန်ဝင်းမှာ ဓာတ်ပုံသွားရိုက်လာတာ ပုံထွက်တွေလှတယ်ဆရာ..”
ကြက်တူရွေးတံဆိပ်ပီကေတစ်ခုကိုဖောက်ဝါးရင်း အင်းဟုသာ ခေါင်းငြိမ့်ပြလိုက်သည်။
ဓာတ်ပုံရိုက်ဝါသနာပါသော သူမချစ်သူလှလှလေးက စကားတော့ကြောင်းနေပြီ…
“အဲဒါလေ.. ဒီတစ်ပတ် စနေနေ့ကျောင်းပိတ်ရက်ကျရင် သွားရိုက်ရအောင် ခိုင်ရယ်… အဲဒီဓာတ်ပုံဆရာက ရိုက်ချင်တဲ့သူတွေတန်းစီနေလို. တိုကင်ယူပြီးစောင့်ရတယ်တဲ့..”
“အာ… မွန်ကလဲ တော်ကြာ ဓာတ်ပုံဆရာတွေက ဟိုကိုင်ဒီကိုင်နဲ့ဆို ငါသ၀န်တိုတာနဲ့ ထလုပ်မိမှာ..”
“အဲလောက်တော့ မဆိုးပါဘူး… Outdoor ရိုက်တာဘဲဟာ… လူမြင်ကွင်းမှာ သူတို.ဘာမှလုပ်လို.မရပါဘူးဟာ…”
“စားပြီကွာ..” ခေါင်းကိုတချက်ကုတ်ရင်း ညည်းတွားလိုက်သည်။
သူမချစ်သူလေးက ဓာတ်ပုံနဲ့ပါတ်သတ်ရင် အလွန်ဝါသနာကြီးတာ.. ရုပ်ရှင်မင်းသမီးဖြစ်ချင်တာလဲ တစ်ပိုင်းသေနေပြီ.. ရုပ်ကလေးကချောပေမယ့် ဒီခေတ်ကြီးမှာ ရုပ်ရှိတိုင်းလဲ မင်းသမီးလုပ်လို.ဖြစ်တာမဟုတ်…
ဝတ်ထားတဲ့ ယောထမီခပ်တိုတိုကို ပြန်ပြင်ဝတ်ရင်း..
“အေးပါဟာ… ဒီအပတ်စနေ ဟုတ်လား… “ ခပ်ညည်းညည်းမေးတော့
ကာခြယ်ရောင်စုံဆိုးထားတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေကို ပိုဝိုင်းအောင်းလုပ်ရင်း ကလေးလေးလို ခေါင်းငြိမ့်ပြသည်။
သူမ အသည်းယားလာကာ မွန်.လက်မောင်းကို တစ်ချက်ညှစ်ရင်း.. “နေ့လည် ၁၁း၀၀၊ လှည်းတန်းမှတ်တိုင်မှာစောင့်နေမယ်.. သွား၊ အတန်းထဲဝင်တော့…”
“ဟုတ်… ဒါကြောင့် ခိုင့်ကို အရမ်းချစ်…”
“ရှူး.. တိုးတိုးဟ၊ သူများတွေကြားသွားဦးမယ်..” ခပ်ကြိတ်ကြိတ်သတိပေးစကားဆိုရင်း၊ သူမ အတန်းဘက်သို.ထွက်လာခဲ့သည်။
.
.