Monday, January 6, 2014

ွ့Ghost Girl & Me - Part 3

အခန်း (၅)

ပန်းအိက အင်းယားကို သွားရအောင်ဆိုလို.သာ တူတူထွက်လာခဲ့တာ မြတ်ခေါင်းထဲမှာ အခုထိ သူမဘာကိုဆိုလိုနေမှန်း မသိသေး။
ကန်ဘောင်မှာ စနေ၊ တနင်္ဂနွေမဟုတ်တော့ လူတွေသိပ်မစည်။ A21ဆပ်ပြာကြောငြာထားသော ခုံတစ်ခုမှာ ပန်းအိဝင်ထိုင်ပြီး၊ သူမကိုလဲ လာထိုင်ဖို. လက်ယပ်ခေါ်သည်။
ပန်းအိနဘေးမှာ ၀င်ထိုင်ဖြစ်တော့…
“မြတ် .. နင်မှတ်မိလား… ငါတို.၂ယောက် ဒီနေရာမှာ စတွေ.ခဲ့တာ…”
သူမခေါင်းထဲမှာ ဘာကိုမှ မမှတ်မိပါ.. ဒါကြောင့် ပန်းအိကို ဘာမှ ပြန်မပြောဘဲ သူမပြောမယ့်စကားတွေကို ထိုင်နားထောင်နေမိသည်။
“အဲဒီနေ့က နင်က ဒီရေပြင်ကိုကြည့်ပြီး ငိုနေခဲ့တာ။ ငါက နင်ဘာလို.ငိုနေလဲမေးတော့ နင်ကငါ့ကို ရန်သူလိုကြည့်ပြီး ဘုတောတော့တာဘဲ..” ပန်းအိက မြတ်အရှေ. မျက်နှာချင်းဆိုင်နေရာမှာ ဒူးထောက်ထိုင်ရင်း “ငါက နင့်ကို လောကကြီးမှာ နင့်ထက်ကံဆိုးတဲ့သူတွေရှိပါတယ်လို.ပြောတော့”
“မိဘ၂ပါးမျက်စိရှေ.မှာ လက်တလောဆုံးသွားတဲ့ ငါ့ထက်ကံဆိုးလားလို. နင်ပြန်မေးတယ်လေ..” ပန်းအိစကားကို ဖြတ်ပြီး မြတ်ဝင်ပြောမိသည်။
“အေး.. ဟုတ်တယ် မြတ်.. အဲဒီမှာ နင်နဲ့ ငါ တစ်ယောက်ကို တစ်ယောက်ဖက်ပြီး ငိုကြွေးခဲ့ကြတာ..”
“ငါတို.၂ယောက် အဲဒီအတိတ်ဆိုးတွေကို ဘယ်တော့မှ ပြန်မပြောကြေးလို.လဲ ကတိပေးခဲ့ကြတယ်..”
ပန်းအိက သူမပြောတဲ့စကားတွေက အမှန်ပါလို.ထောက်ခံသလိုအပြုံးနဲ့ ကြည့်နေခဲ့သည်။
.
.
ဟုတ်တယ်.. သူမနဲ့ ပန်းအိ ဒီကန်ဘောင်ပေါ်မှာ တွေ.ခဲ့ကြတယ်..
အမုန်းတွေ နားကျဉ်းမှုတွေနဲ့ ပြည့်နှက်နေခဲ့တဲ့နေ့.
တစ်သက်စာ ကိုယ့်ကိုယ်ကို ရွံရှာမုန်းတီးခဲ့ရတဲ့နေ.
အဲဒီနေ့က ပန်းအိနဲ့သာမတွေ.ရင် ကိုယ်ကိုယ်ကို အဆုံးစီရင်ဖို.ထိ ကြံရွယ်ခဲ့တာ…
.
.
သူမရဲ့ အပျိုစင်ဘ၀ကို အလိုမတူဘဲ သိမ်းပိုက်သွားတဲ့ လူတစ်ယောက်ကြောင့်
.
.
.
ထိုလူ….
.
.
ထိုလူကို ပန်းအိအိမ်မှာ….
.
.
.


“မြတ်.. ဘာတွေတွေးနေတာလဲ…”
“အောင်သက်.. ငါ သူ.ကို နင့်အိမ်မှာ တွေ.ခဲ့တယ်…”
“ဘာကိုပြောတာလဲ မြတ်..”
“ပန်းအိကိုသတ်တဲ့သူ..”
“ဟင်..”
………………………

အခန်း (၆)

မြို.နယ် ရဲစခန်း

“မပန်းအိကို သတ်တဲ့သူကို ညီမက တွေ.ခဲ့တယ်ပေါ့” စခန်းမှူးက မေးသည်။
“ဟုတ်ကဲ့”
“ညီမက ဘယ်လိုသိတာလဲ”
“အဲဒါတွေ ကျွန်မ မမှတ်မိဘူး၊ ကျွန်မသိသမျှက အဲဒီနေ့က ပန်းအိအိမ်ထဲမှာ ကျွန်မရယ်၊ အောင်သက်ရယ်၊ ပန်းအိရယ် ၃ယောက်တူတူရှိနေခဲ့တယ်”
“ဆက်ပြောပါဦး”
“အဲဒါဘဲ သိတယ်.. မမှတ်မိတော့ဘူး…”
“ကွယ်လွန်သူက ဓားထိုးခံရတဲ့ ဒဏ်ရာနဲ့ သေဆုံးခဲ့တာ.. ကိုအောင်သက်က မပန်းအိကို ဓားနဲ့ထိုးတာကို မြတ်ဖူးငုံက မျက်မြင်တွေ.ခဲ့တာလား..”
“ကျွန်မ တကယ်မသိဘူး.. မမှတ်မိတော့ဘူး.. အဲဒီနေ့က ပန်းအိမွေးနေ့၊ ကျွန်မတို. ၃ယောက် ပန်းအိ အိမ်မှာ တူတူရှိခဲ့ကြတယ်၊ အောင်သက်က မွေးနေ့ကိတ်ယူလာတယ်၊ မွေးနေ့ကိတ်ခွဲဖို. ဓားကပန်းအိရဲ့လက်ထဲမှာ.. ကျွန်မက ပန်းစည်းယူလာတယ်…” သူမဆံပင်ရှည်တွေ လွင့်နေအောင် ခေါင်းကို ခါယမ်းရင်း မျက်ရည်အချို.ပါးပေါ်ကျလာခဲ့သည်။ ရှိုက်သံတစ်ဝက်နှင့် ဆက်ပြောမိတာက “ကျွန်မ တကယ်ကို မသိတော့ဘူး”

နဘေးမှ ကွန်ပျူတာစာရေးရဲက ၀င်ပြောသည်။
“တစ်နေ့ကမှ အတိတ်မေ့နေတယ်ဆိုတဲ့ ဆေးရုံကမှတ်ချက်နဲ့ စခန်းကို သူလာပြီး သူ.ရဲ့ ကိုယ်ရေးရာဇ၀င်ကို လာတောင်းသွားတယ်ဆရာ..”
စခန်းမှူးက နားလည်သွားသလို ခေါင်းတစ်ချက်ငြိမ့်ရင်း၊
“ကောင်းပြီ.. ညီမပြောတာတွေကို ကျွန်တော်တို. မှတ်တမ်းတင်ထားပါ့မယ်။ ကိုအောင်သက်ကိုယ်တိုင်လဲ အမှုဖြစ်တဲ့ ရက်ဝန်းကျင်ကတည်းက ပျောက်နေခဲ့တယ်ဆိုတော့ ညီမပြောတာတွေက ထည့်စဉ်းစားရမယ့်အချက်တစ်ခုပါ။ လက်ရှိတော့ သက်သေခိုင်မာမှု မရှိသေးတာာရယ်၊ အချက်အလက်တွေ မပြည့်စုံသေးတာရယ်ကြောင့် ကိုအောင်သက်ကို တရားခံလို. စွပ်စွဲလို.မရသေးပါဘူး။ ကျွန်တော်တို. အနေနဲ့ အမှုထဲမှာ ပါဝင်ပတ်သက်သူအားလုံးကို စောင့်ကြည့်သွားမှာပါ။ ဒီရက်ပိုင်းအတွင် ညီမလဲ ခ၇ီးဝေး မသွားပါနဲ့။ လိုအပ်ရင် ချက်ချင်းခေါ်မေးလို.ရအောင်ပါ။ အခုလို သိသမျှကို လာပြောပြတဲ့အတွက် ကျေးဇူးပါ။”
စခန်းမှူးပြောသော စကားများကို နားထောင်ပြီး၊ သူမရဲ့ အစိမ်းရောင် တိုက်ခန်းလေးကို ပြန်လာခဲ့သည်။
အခန်းထဲရောက်တော့ သူမတစ်ကိုယ်လုံး အားအင်ချိနဲ့နေပြီ။ ပန်းအိက သူမနဘေးမှာ မှီထိုင်ရင်း တစုံတခုကို တွေးတော လွင့်မျောနေသလို။
တကယ်တော့ သူမတို.၂ယောက်ဟာ လမ်းပျောက်နေတဲ့ လမ်းမှာ စမ်းတ၀ါးဝါးလျောက်နေရသူတွေလို…..

(ဆက်ရန်)ွ့သျ

4 comments:

  1. အမြန်ဆုံးဆက်ရေးပေးပါဦး...စိတ်ဝင်စားလို့....အဆက်အသွယ်ပြတ်တောက်နေခဲ့တာ.ကြာပြီနော်...အလုပ်ပြောင်းလိုက်လို့..ရုံးသစ်မှာ.အရာအားလုံးအသစ်ဆိုတော့..အင်တာနက်ကအစမသုံးဖြစ်သေးလို့..ပို့စ်တွေကိုခုမှဖတ်ရတယ်....ဘလော့မှာလဲဆက်မရေးတော့ဘူးလား...tommyမေမေဆီတောင်..ဟိုးတလောလောက်က.ဖုန်းဆက်ဖြစ်သေးတယ်...:)

    ReplyDelete
  2. ဆက်မတော့ဘူးလာားကိုtommyအားပေးနေတာကို!:)

    ReplyDelete
  3. ရေးပါနော်အမြန်စုံးပေါ့!;)

    ReplyDelete
  4. do you have facebook account? I want to be friend with you.

    ReplyDelete