Monday, April 1, 2013

Flame of Love - Chapter 11



Chapter – 11

မိနစ်၂၀လောက်ကြာသည်အထိ သံသာပြန်မလာတော့
“သံသာ့ကို သွားကြည့်လိုက်ဦးမယ်.. သူထွက်သွားတာ တော်တော်ကြာနေပြီ” ဟု တေးနုယဉ်ကပြောကာ သန့်စင်ခန်းဘက်သို.ထွက်လာခဲ့သည်။

@ Ladies Restroom
တံခါးပိတ်ထားသော အိမ်သာခန်းတစ်ခုမှလွဲပြီး သန့်စင်ခန်းထဲမှာ လူရှင်းနေသည်။

“သံသာ… အထဲမှာရှိလား”
“…………………………….”  အထဲမှ ဘာမှပြန်ထူးသံမကြားသဖြင့် ပိတ်ထားသောတံခါးကို တွန်းကြည့်တော့ စေ့ရုံသာစေ့ထားသော တံခါးက ပွင့်ဟသွားသည်။
“သံသာ.. ညီမလေး..” အထဲမှာ ရှိုက်ကြီးတငင်ငိုကြွေးနေသော သံသာ့ကိုတွေ.ရသောအခါ တေးနုယဉ် ပျာယာခတ်မိအောင် စိတ်ပူသွားသည်။
သူ.ညီမလေး သံသာ ဘာဖြစ်လို.များ ငိုနေပါလိမ့်…
“ညီမလေး နေမကောင်းဘူးလား.. တခုခုများဖြစ်လို.လားကွယ်..” ငိုနေသော ညီမငယ်ကို ထွေးပွေ.လိုက်ရင်း၊ ချော့မေးဖြစ်သည်။
တေးနုယဉ်ကိုတွေ.မှ သံသာရဲ့ ငိုသံတွေက ပိုမိုကျယ်လောင်လာသလို…
အစ်မဖြစ်သူကို ဖက်ပြီး ရင်တွေပေါက်ထွက်မတတ်ငိုမိသည်…
“သံသာ.. မမကိုပြောဦးလေ.. ညီမလေး ဘာတွေခံစားနေရလဲဆိုတာ.. ဒီလိုဘဲ ငိုနေရင် မမဘယ်လိုလုပ် သိမှာလဲ..”
သံသာ့မျက်နှာကို လက်နှစ်ဖက်နှင့် ဆွဲမော့ယူရင်း မျက်လုံးချင်းစိုက်ကြည့်ကာ သေချာမေးလိုက်သည်။
“သံသာ… သူ.ကို အရမ်းချစ်တယ်..”
“ဘယ်သူ.ကိုလဲ… သူဆိုတာ..”
“ယုငယ်…”
“ဘုရားရေ..” တေးနုယဉ် တကယ်ကို ဘုရားတမိပါပြီ…
သူ.ညီမလေးက ယုငယ်ကို ချစ်နေသတဲ့လား…
သံသာ့ကို ပြန်လည်ပွေ.ဖက်ရင်း… “ ညီမလေးရယ်… ယုငယ်မှာ ချစ်သူရှိတယ်လေ..”
“သံသာခုမှသိတယ်.. အားလုံးကလဲ မပြောကြဘူး… သူ.ချစ်သူနဲ့ သူ.ကိုတွဲတွေ.လိုက်ရတာ သံသာ့ရင်တွေကွဲထွက်မတတ်ပါဘဲ ..”
“အင်း..”  တေးနုယဉ်အနေနဲ့ သူ.ညီမကို ဖြေသိမ့်စရာစကားရှာမတွေ.နိုင်အောင် ၀မ်းနည်းနေမိသည်။
သူမရဲ့ အချစ်ရဆုံးသော ညီမငယ်လေးရဲ့ ပထမဆုံးအချစ်က အခုလို ကြေကွဲစရာဇာတ်လမ်းမျိုးဖြစ်လာဖို. ဖန်တီးမိတ်ဆက်ပေးခဲ့သူက သူမကိုယ်တိုင်…
“သံသာလေးရယ်..” ဘာမှမပြောနိုင်တော့ဘဲ ညီမငယ်ရဲ့ နာမည်ကိုသာ တဖွဖွရွတ်ရင်း ကျောကို ပွတ်သပ်ပေးနေမိသည်။
.

.
ခဏနေတော့ ဆုံးဖြတ်ချက်တစ်ခုကိုချကာ..
“ညီမလေး ဒီကနေအပြင်ထွက်ပြီး မမကိုစောင့်နေ… တို.ညီအစ်မ၂ယောက် အိမ်ပြန်ကြစို.၊ ညီမလေး စားပွဲမှာ ပြန်သွားထိုင်နေရင် ညီမလေး အနေနဲ့ ပိုပြီးနာကျင်ရလိမ့်မယ်..”
“ဒါပေမယ့်.. မမစိုးနွယ်က စောင့်နေသေးတယ်လေ..” ရှိုက်သံတစ်ဝက်နှင့် သံသာပြန်ပြောတော့..
“စိုးနွယ်နဲ့ ကျန်တဲ့သူတွေကို ညီမလေးနေမကောင်းလို. အိမ်ပြန်ပို.ရမယ်လို. မမအခု သွားပြောလိုက်မယ်.. ညီမလေးသာ အခုမျက်နှာသစ်ပြီး၊ အပြင်မှာစောင့်နေ..ok “
သံသာက အဖြေပြန်မပေးဘဲ ခေါင်းငြိမ့်ပြတော့….
ညီမငယ်၏ နဖူးကို ဖွဖွလေးတစ်ချက်နမ်းကာ သန်.စင်ခန်းထဲမှ ထွက်လာခဲ့သည်။
.
.
.
“စိုး… သံသာနေမကောင်းလို. တေးတေး အိမ်ပြန်ပို.ပေးရမယ်..”
“ဟင်..  ဟုတ်လား။ စိုးရိမ်ရလား။ စိုး ကားနဲ့လိုက်ပို.ပေးမယ်လေ..”
“ရတယ် စိုး၊ ခိုင်နဲ့ ကလေးတွေကို စိုးဘဲ ဧည့်ခံလိုက်တော့နော်။ သံသာ့ကို တေးတေး ပြန်ပို.ပေးမှဖြစ်မှာမို.လို.
ခိုင်၊ မိုး နဲ့ ယုငယ်.. အားလုံးဘဲ တောင်းပန်ပါတယ်.. ညစာတူတူစားဖို.ချိန်းပြီးမှ ပျက်ကွက်ရတာကို..”
“ရပါတယ် … သံသာ့ကိုသာ သေချာဂရုစိုက်လိုက်ပါနော်.. ညကျမှ ဖုန်းဆက်လိုက်ပါ့မယ်လို.လဲ ပြောပေးပါ “ ဟု ယုငယ်က ၀င်ပြောသည်။
တေးတေးက ခေါင်းငြိမ့်ပြကာ အားလုံးကို နှုတ်ဆက်ပြီးထွက်သွားသည်။
.
.
တေးတေးထွက်သွားပြီး ခဏကြာတော့ မှာထားသော ဟင်းလျာများရောက်ရှိလာသဖြင့် အားလုံးငြိမ်သက်စွာ စားသောက်ဖြစ်ကြသည်။
မိုးရဲ့ စိတ်ထဲမှာတော့ ဒီနေ့အတွက် သံသာရဲ့ အပြုအမူက နဲနဲထူးဆန်းနေသလိုခံစားရသည်။ အားလုံးက ထိုအကြောင်းမဆွေးနွေးကြတော့ သူမလဲ ဘာမှ ၀င်ရောက်စွက်ဖက်ခြင်းမပြုတော့ဘဲ၊ စားစရာများကိုသာ အာရုံထားနေလိုက်သည်။
.
.
အားလုံး စားသောက်ပြီးကြတော့…
“ခိုင်.. ဒီည တခုခုအတွက် ချိန်းထားတာရှိသေးလား။” စိုးနွယ်က မေးဖြစ်သည်။
ခိုင်က ခေါင်းယမ်းပြရင်း “မရှိပါဘူး။ ဘာလို.လဲ..”
“ခိုင်အချိန်ရရင် စိုးနွယ်တို.အိမ်ကို ၀င်ပြီး မကြီးအတွက်လိုအပ်တာတွေဝင်ယူပြီး၊ ခိုင့်အိမ်ကို ၀င်ပို.ချင်လို.ပါ။ မနက်ဖန်ကစပြီး၊ မကြီးက ခိုင်နဲ့နေမှာဆိုတော့..”
“ငုသွယ်ရဲ့ တစ်ကိုယ်ရေသုံးပစ္စည်းနဲ့ အ၀တ်အစားကလွဲရင် ကျန်တာအကုန် ခိုင့်အိမ်မှာရှိပါတယ်…
…ရတယ်လေ၊ အခုအပြန်တခါတည်းဝင်ယူကြတာပေါ့..”
“ယုငယ်လဲ အိမ်ခဏပြန်ရဦးမယ်..” ဟု ယုငယ်က ၀င်ပြောသည်။
အကုန်လုံးက သူမကိုလှမ်းကြည့်တော့…
“ဟိဟိ.. ဟုတ်တယ်လေ.. မကြီးက ခိုင်နဲ့သွားနေမှာဆိုတော့ ယုငယ်လဲ hotel booking ဖျက်ပြီး၊ မိုးအိမ်မှာ ဧည့်သည်သွားလုပ်မယ်လေ.. “
“Ok.. ဒါဆိုလဲ သွားကြစို.၊ လိုအပ်တာတွေယူပြီးရင် ငါလဲ မကြီးဆီသွားစောင့်အိပ်ပေးရဦးမယ်..” ဟု စိုးနွယ်ကပြောကာ စကားဝိုင်းကိုရပ်ပြီး၊ အပြင်ထွက်ဖို.ပြင်သည်။
ကောင်တာမှာ ငွေရှင်းပြီးတော့ စိုးနွယ်နှင့် ခိုင်က ကားတစ်စီး၊ မိုးနှင့်ယုငယ်တို.က ကားတစ်စီးသတ်သတ်စီဖြင့် ပြန်လာဖြစ်ကြသည်။
.
.
.xxxxxxxxxxxxxxxxxxxxxxxxxx xxxxxxxxxxxxxxxxxxxxxxxxxxxx

လူကြီးမင်းဆက်သွယ်သော တယ်လီဖုန်းမှာ.. ဖုန်းပိတ်ထားပါသဖြင့်…

“သံသာ ဘာဖြစ်တာလဲ မသိဘူး၊ ဖုန်းလဲပိတ်ထားတယ်.. တော်တော်များ နေမကောင်းဖြစ်နေလားမသိ..”
ကားမောင်းနေရင်း သံသာ့ဆီဖုန်းဆက်နေသော ယုငယ်က စိုးရိမ်စွာ ညည်းတွားမိသည်။ ဘာရယ်မဟုတ် ရွယ်တူသူငယ်ချင်းမရှိသော ယုငယ်အတွက် အဲဒီကောင်မလေးသံသာကို တော်တော်ခင်မိသည်။
“ငယ်ရယ်.. ကားမောင်းတာ သေချာမောင်းပါ။ ဖုန်းကို အိမ်ကျမှဆက်တာမဟုတ်ဘူး။” ဟုပြောကာ မိုးက လက်ထဲမှ ဖုန်းကိုဆွဲလုသည်။
မိုးရဲ့ လက်တစ်ဖက်ကို ဆွဲယူကာ “ဖုန်းကိုလုသွားတဲ့အတွက် လက်တစ်ဖက်အစားပြန်ပေးရမယ်..”
မိုးက လက်ကိုပြန်မရုပ်ဘဲ ယုငယ်ကို မျက်စောင်းဖွဖွထိုးရင်း  “သံသာ့ကိုကြည့်ရတာ မိုးကို မကြိုက်သလိုဘဲ ခံစားရတယ်..” ဟု ခပ်တိုးတိုးပြောမိသည်။
“Sugar ရယ်… လျောက်မတွေးပါနဲ့။ သံသာက ခင်တတ်ပါတယ်။ ဒီနေ့ သူတကယ်နေမကောင်းလို.နေမှာပါ။”
သက်ပြင်းတစ်ချက်ရှိုက်ကာ ခေါင်းကိုငြိမ့်ရင်း၊ “အင်း.. ဟုတ်မှာပါလေ.. မိုးကိုက အတွေးများနေတာနေမှာပါ။”
“ဘာမှ လျောက်မတွေးနဲ့… ငယ့်ကိုချစ်တဲ့အကြောင်းဘဲတွေးနော်..” သူမလက်ဖ၀ါးကို ခပ်ဖွဖွညှစ်ရင်း ပြောသည်။
“ငယ်…ကားမောင်းတာ ဂရုစိုက်ကွယ်.. “
ယုငယ် ခပ်ဖွဖွပြုံးရင်း၊ ချစ်သူစိတ်တိုင်းကျ ကားကိုဂရုစိုက်မောင်းနေလိုက်သည်။ သူမညာဘက်လက်ထဲမှ ချစ်သူလက်ကလေးကိုတော့ ကိုင်ထားဆဲ…
Xxxxxxxxxxxxxxxxxxxxxxx xxxxxxxxxxxxxxxxxxx




No comments:

Post a Comment