Monday, January 6, 2014

Ghost Girl & Me - Part 2

အခန်း ၃

”‘ဟဲ့ ဘယ်သွားမလို.လဲ..” မနက် အိပ်ရာကနိုးနိုးချင်း ရေမိုးချိုးပြီး အပြင်ထွက်မယ်အလုပ်..
“ပလုတ်တုတ်.. လန့်တာ…” မြတ် တကယ်လန့်ပြီး ထအော်မိခြင်းပါ…. “ဘာလဲဟာ..”
“ငါ နင့်နောက်က ထပ်ချပ်မကွာ ရှိနေမယ်လို. ပြောထားတယ်လေ..” ကောင်မလေးကပြောသည်။
“ဟာ.. ငါ မနက်စာထွက်စားမလို.လေ… နင်ကဘာလိုက်လုပ်မှာလဲ..”
“ငါလဲ ဗိုက်ဆာတယ်.. ငါ့ကိုလဲကျွေး..”
“နင်က သရဲလေ.. ဘယ်လိုလုပ်စားမှာလဲ..”
“သရဲလဲ ဗိုက်ဆာတာဘဲဟ..”
“ဒုက္ခဘဲ.. ငါက သရဲကို ဘယ်လိုကျွေးရမှာလဲဟ…”
“နင် စားစရာမှာရင် ငါ့အတွက် သတ်သတ်မှာပေးပြီး၊ စားဖို.သောက်ဖို. ဇွန်း ခက်ရင်း စီစဉ်ပေး၊ ဒါဆို ငါစားလို.ရပြီ”
“အင်း.. ဒါဆိုလဲ ပြီးရော..”
သူမတို.၂ယောက် သဘောတူညီချက်ယူပြီး၊ အိမ်ပြန်သို. တူတူထွက်လာခဲ့ကြသည်။
ဒီနေ့တော့ လောကကြီးက အလွန်သာသာယာယာရှိနေသည်။ မနေ့ညက ရွာထားတဲ့ မိုးရေစက်တွေလဲ နေမင်းရဲ့ အပူဒဏ်ကြောင့် ခြောက်သွေ.ကုန်ပြီထင်သည်။ အရာရာက ပန်းချီကားတစ်ချပ်လို သူ.နေရာနှင့်သူ သေသေသပ်သပ် အစီအစဉ်တကျရှိနေခဲ့သည်။
“ဒါနဲ့…” သူမ ဘေးမှလိုက်ပါလာသော ကောင်မလေးကို တချက်ငဲ့ကြည့်ရင်း … “နင်က သရဲဆိုတော့ အရည်ပျော်မသွားဘူးလား..”
ကောင်မလေးက မြတ်ပြောသော စကားကို နားမလည်သလိုတစ်ချက်ကြည့်ရင်း.. “ဘာကိုပြောတာလဲ..”
“ဟိုလေ.. ငါသိတာက သရဲတွေက အလင်းရောင်ကြောက်တယ်လေ.. အမှောင်ထဲမှာဘဲ..”
ကောင်မလေးက ပြောလက်စ စကားကို လက်ကာပြရင်း.. “နင်ပြောတာ ငါသိပြီ၊ ငါက သရဲအစစ်မဟုတ်သေးဘူးလေ၊  ငါဘယ်လိုသေလဲ မေ့နေတဲ့သူဆိုတော့ ၀ိဥာဉ်ဘ၀နဲ့တင် ရပ်ပြီး ဘ၀ကူးမရဖြစ်နေတာ၊ ဒီတော့ သာမန်သရဲတွေလို အလင်းကြောက်တာဘာညာ မရှိသေးဘူး..”
“သြော်.. သြော်…” ကောင်မလေးပြောသမျှကို ခေါင်းငြိမ့်ရင်း၊ လမ်းထိပ်အကျော်နားမှာတွေ.သော မနက်စာဆိုင်လေးတွင် ခြေလှမ်းများကို ရပ်တန်.လိုက်သည်။ “ဒီမှာ စားကြမယ်..”
ကောင်မလေးက ဆိုင်းဘုတ်ကို တစ်ချက်မော့ဖတ်ရင်း.. “အင်း.. နင်စားနေကျဆိုင်ဘဲ..”
“နင် ဘယ်လိုသိလဲ..”
“သြော်.. ငါ နင့်အကြောင်းတွေကို သိနေပါတယ်ဆို..”
မြတ် ဘာမှ ပြန်မပြောတော့ဘဲ ဆိုင်တံခါးကို တွန်းဖွင့် ၀င်လာခဲ့သည်။
.
.


.
ဆိုင်ထဲမှာ လူနဲနဲရှုပ်နေသည်။
ထိုစဉ်.. ဆိုင်တာဝန်ခံဖြစ်ဟန်တူသော ခပ်၀၀အမျိုးသမီးတစ်ယောက် ထွက်လာကာ… “ဟယ်.. မြတ် ခရီးကနေ ပြန်လာပြီလား။ လာလာ… မြတ်တို. ထိုင်နေကျ စားပွဲအားတယ်..” ဟု ပြောပြောဆိုဆိုနှင့် သူမလက်ကိုတရင်းတနှီးဆွဲကာ ညာဘက်အစွန် မှန်ပြတင်းနားမှ ၂ယောက်ထိုင်စားပွဲခုံ အသေးလေးတွင် နေရာချပေးသည်။
သူမချပေးသော နေရာတွင် ၀င်ထိုင်ရင်း၊ စားပွဲခင်း အနီကွက်လေးကို မြင်ဖူးသလိုလို ကြည့်နေမိသည်။
“နင် ဒီဆိုင်က ပေါင်မုန်.နို.ဆမ်း အရမ်းကြိုက်တာ..”
“ဟာ မဖြစ်နိုင်တာ၊ ကလေးစာတွေ..” စားပွဲပေါ်မှ တစ်ရှူးဗူးနှင့် ငံပြာရည်၊ ငရုတ်သီးစသည့် ဗူးလေးများထည့်ထားသော ခြင်းငယ်ကိုကြည့်ရင်း.. “မုန်.ဟင်းခါးတို. ခေါက်ဆွဲသုတ်တို.ဘဲစားမှာပေါ့.. “

မြတ်ကို နေရာချပေးရင်း ထထွက်သွားသော အမျိုးသမီးမှ ဇွန်နှင့် ခရင်းကို ရေနွေးထဲစိမ်ထားသော ဇလုံငယ်လေးကို စားပွဲပေါ် ပြန်လာချပေးရင်း၊
“မြတ်.. ပေါင်မုန်. နို.ဆမ်းဘဲ စားမှာလား..”
“အဲ..” မြတ် ဘာပြောရမှန်း မသိအောင် ခဏ ကြောင်သွားပြီး၊ ကောင်မလေးကို လှမ်းကြည့်မိသည်။
သူမကတော့ ငါမပြောဘူးလားဆိုသော အထာနှင့်။
“ဟို.. ခေါက်ဆွဲသုတ် စားမလားလို.” ဟု မြတ်က ခပ်တိုးတိုး ပြောကြည့်တော့..
“ဟယ်.. ခေါက်ဆွဲသုတ်က မြတ်နဲ့ မတည့်ဘူးလေ..မြတ်က အစာအိမ်သမား….  အသုတ်စုံတို. မုန်.ဟင်းခါးတို.က ပန်းအိစားနေကျ…” စကား တစ်ဝက်တစ်ပျက်နှင့် ထိုအမျိုးသမီးက သူမပါးစပ်ကို သူမဘာသာ အမြန်ပိတ်ရင်း..”ဆောရီးဘဲ မြတ်ရယ်.. မနက်စောစော ငါကလဲ ဘာတွေ ပြောမိမှန်း မသိ..”
“ပန်းအိ…” သူမပြောသော ထိုနာမည်က မြတ် အတွက် တရင်းတနှီးရှိလွန်းနေသလို
မြတ်ရှေ.မှာ ထိုင်နေသော ကောင်မလေးကလဲ တခုခုကို သိချင်လာသလို မြတ်ကို ငေးကြည့်နေသည်။
.
.
ဆိုင်တာဝန်ခံ အမျိုးသမီးမှ ဆက်ပြီး၊ “စိတ်တော့ မကောင်းဘူးမြတ်ရယ်.. ဒါပေမယ့် မသိမှာစိုးလို. ပြောလက်စနဲ့ ဆက်ပြောရဦးမယ်.. ဒီနေ့ ပန်းအိရဲ့ ရက်လည်ဆွမ်းကျွေး၊ သင်္ခါရ ဘုန်းတော်ကြီးကျောင်းမှာ လုပ်မယ်တဲ့.. နေ့လည် ၁၀နာရီဆိုတော့ ခဏနေ စတော့မှာ.. မြတ် မသွားဘူးလား..”
မြတ်နဲ့ ကောင်မလေး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း၊ ကောင်မလေး မျက်လုံးတွေက မြတ်ကို တစ်ခုခု ပြောနေသယောင်…
“မြတ် သွားတော့မယ်..”
“ဟဲ့.. မနက်စာ မစားတော့ဘူးလား..”
“နောက်နေ့မှ လာစားတော့မယ် အစ်မ....” ဟု ပြန်ပြောကာ ဆိုင်ထဲမှ အမြန်ဆုံး ထွက်လာခဲ့သည်။
.
.
.
သူမခြေထောက်တွေက တစ်နေရာရာကို ဦးတည်နေသည်။ သူမဘယ်သွားနေလဲ ဦးနှောက်မှ သေချာ မသိပေမယ့်၊ ခြေထောက်တွေက သိနေသလိုလို…
လမ်းသွယ်အချို.ကို ဖြတ်ကျော်ရင်း.. သူမ ဦးတည်ရာမဲ့ ပြေးလွှားနေရင်း၊ လူကုံထံတွေ နေကြတဲ့ ရပ်ကွက်တစ်ခုရဲ့ မီးခိုးရောင် တိုက်မြင့်တစ်ခုရှေ. ခြေစုံရပ်လိုက်သည်။
မှန်သားချပ်၊ မာဘယ်လ်ကျောက်သားများနဲ့ ခမ်းနားစွာ ဖန်တီးထားသော လေအေးပေးစက်တပ် Lobby တစ်ခုကို ဖြတ်ကျော်ရင်း၊ ဓာတ်လှေကားခန်းထဲ ခပ်မြန်မြန် ၀င်လိုက်သည်။
“နင် ဘယ်တွေ သွားနေတာလဲ..” တချိန်လုံး ငြိမ်သက်စွာ လိုက်ပါလာသော ကောင်မလေးက သူမကို ခပ်တိုးတိုးမေးသည်။
မြတ် ဘာမှ ပြန်မဖြေဘဲ လက်တွေက ၄ ဂဏန်းရေးထားသော ခလုတ်လေးပေါ်နှိပ်ရင်း ဓာတ်လှေကားမောင်းတတ်သွားသည်ကို ငြိမ်သက်စွာ စောင့်စားလိုက်ပါသွားသည်။
.
၁..
၂..
၃..
၎..
Ting tong~~~~
လေးထပ်မြောက်မှာ ဓာတ်လှေကားပွင့်သွားသည်နှင့် သူမ အသက်ကိုအောင့်ကာ မျက်စိကို စုံမှိတ်မိသည်။
ဘာလို.မှန်းမသိပေမယ့် ၀မ်းနည်းစရာ တစ်ခုခုကို သူမတို. တွေ.ကြုံရမည်ဆိုတာ ရင်ထဲမှာ သိနေမိသည်။
“မြတ် .. မျက်လုံးဖွင့်ကြည့်ပါဦး..” ကောင်မလေးရဲ့ ခပ်တိုးတိုးခေါ်သံကြားမှ
မျက်လုံးများကို တဖြေးဖြေးချင်း ဖွင့်ကြည့်ချိန် တွေ.လိုက်ရတဲ့ မြင်ကွင်းက…
ဓာတ်လှေကား အထွက်မှ စပြီး အခန်းနံပါတ် ၄၀၁ တစ်ခုလုံးရှေ.မှာ ကာထားသော အ၀ါ၊ အနက်ကျား တိတ်များနှင့် Danger စာလုံးများ။ အခန်းတံခါးမှာ “တာဝန်မှအပ မည်သူမျှ မ၀င်ရ”ဆိုသော စာတန်းနှင့်အတူ အနီရောင် တိတ်သားများကပ်လို.။ ဒါတွေကို မြင်သူတိုင်း ဒီအိမ်မှာ လောလောလတ်လတ် ရာဇ၀တ်မှု တစ်ခုခုဖြစ်ခဲ့သည်ဆိုတာ လူတိုင်း သိနိုင်သည်။
မြတ် ဘေးနားအကဲခတ်ကြည့်တော့ မည်သူမျှ အခန်းရှေ.မှာ စောင့်နေတာမတွေ.၊ ကြည့်ရတာ အစောင့်တွေ မရှိဟု ထင်သည်။ တားဆီထားသော အကာအရံတွေကို ခပ်သွက်သွက်ဖယ်ရှားပြီး၊ အခန်းတံခါးမှ password ကို ခပ်သွက်သွက်နှိပ်ချလိုက်သည်။
8888
ဘာလို. ဒီနံပါတ်ကိုမှ ရွေးနှိပ်ဖြစ်လဲ စဉ်းစားနေရန် အချိန်မရှိပါ။ lock ပွင့်သွားသော တံခါးကို ခပ်မြန်မြန်တွန်းဖွင့်ရင်း အိမ်ခန်းထဲကို ၀င်လိုက်သည်။
အိမ်ထဲ ရောက်ရောက်ချင်း ပြိုလဲနေသော စာအုပ်စင်အသေးလေးတစ်ခုနှင့် ကြမ်းပြင်ပေါ်မှာ ကျနေသော စာအုပ်အချို.၊ ကွဲအက်နေသော ပန်းအိုးတစ်လုံးနှင့် ပန်းခြောက်အကြွေများ၊ ထိုအရာတွေရဲ့ အဆုံးသတ်မှာ အနီရောင်အကွက်အချို.နှင့် လဲကျနေသော လူပုံစံဆွဲထားသည်. မြေဖြူခြစ်ရာတစ်ခု….
“အဲဒီ အနီရောင်တွေက သွေးတွေလားဟင်…” ငြိမ်သက်နေသော သူမကို ကောင်မလေးက မ၀ံ့မရဲနှင့်လာမေးသည်။
“ဟုတ်တယ် ပန်းအိ… နင့်နာမည်က ပန်းအိ၊ ဒီအခန်းမှာ နေခဲ့တယ်၊ နင့်ကို တစုံတစ်ယောက်က သတ်သွားတာ၊ အဲဒီအချိန်မှာ ငါလဲ ရှိနေတယ်ထင်တယ်.. ငါလဲ သေသေချာချာတော့ မသိဘူးဟာ…” သူမ ခပ်လေးလေး ပြန်ဖြေဖြစ်သည်။ “သွားရအောင်.. ငါ နင့်ရက်လည်ကို သွားရဦးမယ်.. နင်ဘယ်လိုသေရလဲ ငါသိချင်လာပြီ” ဟုဆိုကာ ထိုအခန်းထဲမှ ခပ်မြန်မြန် ပြန်ထွက်လာခဲ့သည်။
.
အခန်း (၄)
“ဟယ်… မြတ်.. “ ဘုန်းကြီးကျောင်းရောက်ရောက်ချင်း အဒေါ်ကြီးတစ်ယောက်က လှမ်းအော်သည်။
မြတ်လက်မောင်းကိုဆွဲကာ.. “မြတ်ရယ်… ညည်းသူငယ်ချင်း အဖြစ်က ဆိုးပါတယ်… “   ဟဟဟု ပြောကာ ငိုတော့သည်။
“ဟို…” မြတ်လဲ ရုတ်တရတ် ဘာပြောရမှန်းမသိ…
“သူမွေးနေ့ကို မြတ်နဲ့ တူတူကျင်းပချင်လို.ဆိုပြီး တဖွဖွပြောနေတဲ့သူက မြတ်ခရီးထွက်မယ်လဲသိရော အရမ်းဝမ်းနည်းသွားသေးတယ်။ အခုတော့ မွေးနေ့မှာ ဘယ်သူသတ်သွားမှန်း မသိ အသတ်ခံလိုက်ရတယ်…”
“မွေးနေ့..” မြတ်က အသက်မရှိတော့သူတစ်ယောက်လို အေးစက်စက်ရေရွတ်ရင်း သူမ မှတ်မိသမျှတွေကို ရေရွတ်နေခဲ့မိသည်။
ပန်းအိရဲ့မွေးနေ့….
မြတ် အလုပ်ကိစ္စနဲ့ ခရီးထွက်မယ်ဆိုပြီး ပန်းအိကို ညာပြောခဲ့တာတွေ..
အလုပ်ရှင်ကို ခရီးထွက်ဖို. ခွင့်တိုင်ခဲ့တာ….
မွေးနေ့မှာ Surprise ဖြစ်အောင် ပန်းစည်းလေးဝယ်ပြီး ပန်းအိရဲ့ အိမ်ကို ခိုးသွားခဲ့တာ..
ပန်းအိရဲ့ အိမ်ထဲမှာ ပန်းအိတင်မကဘဲ မြတ်သိတဲ့ အခြားလူတစ်ယောက်…
အခြားလူ….
ထိုလူ ဘယ်သူလဲ….
ပန်းအိကို သတ်သွားတာ… အဲဒီလူလား…
ပန်းအိက မွေးနေ့မှာ အသတ်ခံခဲ့ရတာ..
မြတ်ခေါင်းထဲမှာ အတွေးတွေ ချာချာလည်နေပြီ…

ထိုစဉ်

ခွမ်း…

ဘုန်းကြီးကျောင်းဝင်းထဲမှ ရက်လည် ရေအိုးခွဲသံနှင့်အတူ လူအချို့ရဲ့ ငိုသံများ…
……….


 (ဆက်ရန်)

1 comment:

  1. ဆက်ရန် မျှော်နေပါသည်။

    ReplyDelete