Saturday, June 1, 2013

Flame of Love - Chapter 17 & 18 (Final)

Chapter – 17


ယုငယ်….

မျက်လုံးထဲမှ တလိမ့်လိမ့်ကျဆင်းနေတဲ့ မျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်ရင်း၊ ကားကို တရကြမ်းမောင်းနေမိသည်..

ရင်ထဲမှာ ဘာမှ မသိတော့….

မိုးနဲ့ ဝေးရပြီဆိုတဲ့ အသိထက် သစ္စာဖောက်ခံရပြီဆိုတဲ့ အသိက သူမရင်ကို မီးစနဲ့ ထိုးထားသလို…

“Oh Oh~~ Kiss me .. Oh Kiss me…”
မိုးနဲ့ဆင်တူထည့်ထားတဲ့ ဖုန်း Ring သံက သူမရဲ့ ခံစားချက်ကို ပိုမိုပြင်းထန်လာစေသလို…
“တောက်…”
ဖုန်းသံက မကိုင်မချင်း တောက်လျောက်မြည်နေသည်… သစ္စာဖောက်မဆီက ဖုန်းဆိုတဲ့ အသိက သူမရင်ကို ခါးသီးလွန်းသည်..

.
.
.

တစ်ခုခုကို အမြန်စဉ်းစားပြီး ကားကို လမ်းဘေးထိုးရပ်လိုက်ကာ၊ သံသာ့ထံဖုန်းဆက်သည်။.. ဒီအချိန်မှာ သူမအတွက် ရင်ဖွင့်စရာတစ်ယောက်လိုနေခဲ့သည်လေ… သံသာကလွဲလို. သင့်တော်မယ့်သူ ဒီအချိန်မှာ ရှာမတွေ.နိုင်…

“သံသာ.. အခုဘယ်မှာလဲ… အိမ်မှာလား..” အက်ကွဲနေတဲ့ အသံတွေနဲ့ သူမ အလောတကြီးမေးမိသည်..

“ငယ်.. ဘာတွေဖြစ်နေတာလဲ… ဟုတ်တယ် အိမ်မှာ..”

“OK.. ခုချက်ချင်းလာခဲ့မယ်.. စောင့်နေပါ… “ ဖုန်းကို တစ်ခါတည်း Power Shut Down လုပ်ပြီး၊ ကားစက်ပြန်နှိုးကာ သံသာ့အိမ်သို. တောက်လျောက်မောင်းလာခဲ့သည်…
.
.
.

“ဒေါက် ဒေါက်…”
တံခါးလာဖွင့်သည့် သံသာ့ကို မြင်သည်နှင့် သူမရင်ထဲက ခံစားချက်တွေကို မသယ်ပိုးနိုင်တော့စွာ.. သံသာ့ကို ဖက်ပြီး ငိုမိသည်…
“ငယ်.. ဘာတွေဖြစ်လာတာလဲ… စိတ်ပူလိုက်တာ..”
“ငယ့်ကို သစ္စာဖောက်တယ်..”
“ဘယ်သူကလဲ..”
“မိုး…”
“ဟာ…” ဒီလောက် ချောမောပြီး အပြစ်ကင်းစင်တတ်တဲ့ ကောင်မလေးက သစ္စာဖောက်တယ်တဲ့… မဖြစ်နိုင်တာ.. သံသာ့ခေါင်းထဲမှာ အတွေးတွေ ချာချာလည်ကုန်ပြီ။
“ငယ်ရယ်.. သူများတွေ လျောက်ပြောတာကို မယုံပါနဲ့.. မဖြစ်နိုင်တာ..” ဖေးမစွာ တွေးပြီးပြောတော့…
“ငယ်ကိုယ်တိုင် မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာ.. သူ့သူငယ်ချင်းဆိုတဲ့ တစ်ယောက်နဲ့…… “ စကားမဆက်နိုင်အောင်… ပုံရိပ်အချို.ကို ပြန်မြင်ယောင်မိလာပြန်သည်…
“အမှန်တော့ ၂ယောက်လုံးကို သတ်ခဲ့ရမှာ.. “ မခံရပ်နိုင်စွာ ယုငယ် ညည်းတွားမိသည်..
ယုငယ်ကို အားပေးကာ ခပ်တင်းတင်းပွေ.ဖက်ရင်း၊ သူမအရမ်းချစ်ရသူကို သစ္စာဖောက်ရက်ခဲ့သော မိုးကို ခါးခါးသီးသီးမုန်းမိသွားသည်။
.
.
.
“ဟဲ့ .. အငယ်လေး.. အကြောင်းမကြား ဘာမကြားနဲ့ ဘယ်ကရောက်လာ…” ယုငယ်ရုပ်ပျက်ဆင်းပျက်ငိုကြွေးနေတာကိုတွေ.တော့ တေးနုယဉ် အမေးရပ်သွားသည်။

“ဘုရားရေ… ဘာတွေဖြစ်လာတာလဲ..” အလန်.တကြားမေးမိတော့…
ယုငယ်အစား သံသာက အစ်မဖြစ်သူကို ရှင်းပြပေးသည်။ အကြောင်းစုံရှင်းပြပြီးတော့…

“မိုးရယ်.. လုပ်ရက်လိုက်တာ.. မထင်ရဘူးဟယ်…. ညီမလေးသံသာ သူ.ကို အခန်းထဲခေါ်သွားလိုက်လေ.. ယုငယ်ပင်ပန်းလာမှာပေါ့.. မမ အအေးဖျော်ပြီး လိုက်လာခဲ့မယ်…”

တေးနုယဉ်က ပြောပြောဆိုဆို မီးဖိုခန်းဘက်သို. အအေးစီစဉ်ရန်ထွက်လာခဲ့သည်။ သတင်းစုံကို ပြောပြရန် လက်ထဲက Hand Phone ကတော့ စိုးနွယ်ရဲ့ ဖုန်းနံပါတ်ကို ခပ်သွက်သွက်နှိပ်ပြီးသားဖြစ်သည်။
.
.
.
မိုး…..


ယုငယ်ရဲ့ ဖုန်းနံပါတ်ကို တောက်လျောက်ခေါ်နေပေမယ့်၊ ယုငယ်က ပြန်မထူးတဲ့အပြင် Power Off လုပ်သွားသည်။ သူမအလုပ်ဆက်လုပ်ဖို.တောင် အားမရှိတော့ဘဲ နေ့တစ်ဝက်ခွင့်ယူကာ အိမ်သို.မြန်မြန်ပြန်လာခဲ့သည်။

အခန်းထဲရောက်တော့ ယုငယ်ရှိမနေပါ..
အိမ်ကိုလဲ လာသွားသည့် အရိပ်အယောင်မမြင်..
ယုငယ်အိမ်က ပြင်ဆင်နေဆဲဆိုတော့ အိမ်လဲပြန်မှာမဟုတ်လောက်… ဒါဆိုရင်…
စဉ်းစားမိသည်က တေးနုယဉ်ရဲ့ အိမ်ကလွဲလို. ယုငယ်မှာ တခြားသွားစရာနေရာသိပ်မရှိ…
တေးနုယဉ်အိမ်မှာဆိုရင် သံသာရှိနေလိမ့်မည်…
သက်ပြင်းတစ်ချက်ချပြီး ဒီနေရာမှာ ရပ်ပြီး စဉ်းစားနေသည်ထက် တေးနုယဉ်အိမ်ကို မြန်မြန်လိုက်သွားမှ ဖြစ်မည်…

သူမ ယုငယ်ကို လက်လွတ်ဆုံးရှုံးမခံချင်…

သူမ မှားခဲ့တာ မှန်ပေမယ့်၊ ယုငယ်ကို အရမ်းချစ်တာလဲ သေချာသည်။ အညှာလွယ်တတ်တဲ့ သူမအကျင့်ကြောင့် အခုလို ပြသနာက မထင်မှတ်ဘဲ ဖြစ်လာခဲ့ပြီ။ ယုငယ် ကျေနပ်သည်အထိ တောင်းပန်ဖို. အားတင်းရင်း၊ တေးနုယဉ်အိမ်သို. ထွက်လာခဲ့သည်။
.
.


တေးနုယဉ်..

“ဒေါက်… ဒေါက်…” ဒီနေ့အတွက် တေးနုယဉ်အိမ်မှာ ဧည့်သည်တွေ စုံနေပြီ…
ပထမဆုံး ယုငယ်.. ပြီးတော့ စိုးနွယ်.. အခုလဲ နောက်တစ်ယောက်…
ခေါင်းကို ခပ်လေးလေးခါယမ်းရင်း၊ တံခါးကိုဖွင့်လိုက်တော့…
အရမ်းကို နွမ်းလျပြီး၊ မျက်ရည်တွေနဲ့ နောက်ထပ်ကောင်မလေးတစ်ယောက်…
မိုး…
သူမအမှားဆိုတာ သိနေပေမယ့်၊ သူမတို.၂ယောက်ရဲ့ ချစ်ခြင်းကိုလဲ သိထားခဲ့သူဆိုတော့ ချက်ချင်းလက်ငင်းတော့ မုန်းမပစ်ရက်သေးပါ…
“ယုငယ်.. အထဲမှာ သံသာနဲ့ အတူရှိတယ်..”
“ဟုတ်..” ခပ်တိုးတိုးပြန်ဖြေရင်း၊ တေးနုယဉ်ညွှန်ပြသော အခန်းထဲကို ခပ်သွက်သွက်ဝင်သွားသည်။
ဧည့်ခန်းထဲမှာထိုင်နေသော စိုးနွယ်ဆီသို. ပြန်သွားရင်း၊ သူမတို.နှစ်ယောက် လူကြီးပီပီ ကလေးတွေ ကိစ္စကို ၀င်မပါဘဲ ငြိမ်သက်စွာ ထိုင်စောင့်နေခဲ့ကြသည်။
.
.
.

တံခါးကို တွန်းဖွင့်လိုက်သည်နှင့် တွေးလိုက်ရတဲ့ မြင်ကွင်းက ယုငယ်က သံသာ့ရင်ခွင်ထဲမှာ ငိုရှိုက်နေသည်။

“နင် ဘာလာလုပ်တာလဲ..” မိုးကို တွေ.တွေ.ချင်း အရင်ဆုံးရန်တွေ.သူက သံသာ…
“ငယ်..”
သံသာ့အမေးကို ပြန်မဖြေဘဲ ယုငယ်ကိုသာ လှမ်းခေါ်တော့…

“…………………… “ မထူး…. ယုငယ်က သူမကို ကျောခိုင်းထားသည်။
“ငယ်..” ယုငယ်လက်မောင်းကိုကိုင်ကာ ထပ်ခေါ်ဖို.အလုပ်…
သံသာက မိုးရဲ့လက်ကို ပုတ်ထုတ်ကာ “နင်.. ယုငယ်ကို မထိနဲ့..”
“Excuse Me… ဒီကိစ္စက ငါနဲ့ ယုငယ်ရဲ့ ကိစ္စ.. တဆိတ်လောက် နင်အခန်းပြင်ခဏထွက်ပေးလို.ရမလား သံသာ..” မိုး စိတ်တိုစွာနှင့် သံသာ့ကို ခပ်ဆတ်ဆတ်ပြန်အော်ဖြစ်သည်။


ယုငယ်….

သံသာ့လက်ကို ဆွဲရင်း သူမကို ဘာမှ ထပ်မပြောဖို. မျက်ရိပ်ပြလိုက်သည်။ မိုးကို လှည့်ကြည့်ပြီး အက်ကွဲတုန်ရီစွာ အားယူပြီးပြောသည်က

“မိုး…. ထွက်သွားပါ… အဝေးဆုံးကို… ငယ်တို.နှစ်ယောက် ပြီးသွားပြီ..”

 ပြီးသွားပြီဆိုသောစကားက တိုးညှင်းစွာ နစ်ဝင်ပျောက်ဆုံးသွားပေမယ့်၊ အခန်းထဲက လူသား၃ယောက်လုံး ရှင်းရှင်းလင်းလင်းကြားနိုင်ခဲ့သည်။
ယုငယ်ရဲ့ မျက်ဝန်းမှာ အမုန်းတွေနဲ့ နာကြည်းမှုတွေသာ မိုး မြင်နေရသည်…
သူမကို နာနာကြည်းကြည်းမုန်းသွားခဲ့ပြီပေါ့…
.
.
.


မိုး…

သူမ အိမ်ကို ဘယ်လိုပြန်ရောက်လာလဲ မမှတ်မိနိုင်တော့…
သေချာနေတာ အိမ်ပြန်ရောက်ကတည်းက အရက်တွေတစ်ခွက်ပြီး တစ်ခွက် မူးမူးရူးရူးသောက်နေခဲ့မိသည်ဘဲ..


ယုငယ်က ထွက်သွားပါတဲ့….

“အဟား…” ခါးသီးစွာ တစ်ချက်အော်ရယ်ရင်း.. အရာရာကို မုန်းတီးလာမိသည်…
သူမက သစ္စာဖောက်သတဲ့လား….
ညအမှောင်မှာ သွေးသားကို တက်ကြွစေတဲ့ တီးလုံးသံတွေ၊ မှိန်ပြပြမီးရောင်နဲ့ Unlimited လို.ခေါ်တဲ့ လိုအပ်သလောက် အလကားသောက်သုံးခွင့်ရနေတဲ့ ယမကာရည်တွေကြားမှာ…. လိင်အထိအတွေ.ဆိုတဲ့ အရာကို သူမတို. Night Club မှာ ရိုးနေပြီဖြစ်တဲ့ အဖြစ်အပျက်တစ်ခု…….
 ယုငယ်ဆိုရင်ရော လွန်ဆန်နိုင်မှာတဲ့လား…
.
.
.
.
“မိုး…” ခပ်တိုးတိုး သူမနာမည်ကို တစ်စုံတစ်ယောက်က ခေါ်သည်… သူမအိမ်ခန်းထဲကို ဘယ်လိုဝင်ရောက်လာသလဲ အဖြေရှာမနေတော့….
.
.
ရည်မွန်… နာမည်နဲ့လိုက်အောင် အမြဲရည်မွန်ဖော်ရွေစွာ သူမကို အမြဲအနစ်နာခံပေါင်းတတ်တဲ့ သူငယ်ချင်းလေး…. အဲ……. ငယ်မအားချိန်၊ အလုပ်တွေရှုပ်နေချိန်မှာ မိုးရဲ့ဆန္ဒကိုဖြည့်ဆည်းပေးတတ်သူလေးလို.လဲ ပြောလို.ရတယ်…. ထိုကောင်မလေးက သူမတို.ချစ်ခြင်းကိုခွဲခံသူတဲ့….

Mascara စီးကြောင်းတွေနဲ့ မိတ်ကပ်ဆိုးဆေးတွေက သူမမျက်နှာပေါ်မှာ ဟိုတစ်ကွက် ဒီတစ်ကွက်..
ဆပ်ကပ်ထဲက လူရွှင်တော်ရုပ်လို ရီချင်စရာကောင်းနေပေမယ့် သူမမျက်နှာက မျက်ရည်တွေနဲ့ ကြေကွဲစရာကောင်းနေပြန်ရော….

သူမကို မုန်းပစ်လိုက်ရမလား…

သူမကြောင့် ယုငယ်က ထွက်သွားလို. ပြောခံခဲ့ရတာလေ….

အားလုံး ရည်မွန်.အပြစ်တွေလို. ပုံချလိုက်ရမလား…

ကျားသစ်တစ်ကောင်လို ရည်မွန်.မျက်နှာကို ကုတ်ခြစ်ထုရိုက်ပြီး၊ မိုးစိတ်တွေ ပေါက်ကွဲပစ်လိုက်သည်။ မိတ်ကပ်အပျက်တွေနဲ့ မျက်နှာမှာ နီရဲရဲရောင် သွေးစက်အချို.က ရည်မွန်.မျက်နှာပေါ်မှာ ကြည့်ကောင်းနေသလိုလို….

 “စိတ်ထိန်းပါမိုးရယ်.. ငါနင့်ဘေးမှာ ရှိနေတယ်လေ…” ရည်မွန်ရဲ့ ခပ်တိုးတိုးအသံက ဟိုးအဝေးတစ်နေရာကထွက်ပေါ်လာသလို သူမနားထဲမှာ…

“Shut up… နင့်အသံကိုမကြားချင်ဘူး… နင့်မျက်နှာကိုလဲ မမြင်ချင်ဘူး… ထွက်သွားစမ်း… “

မိုးက နာကြည်းစွာအော်ဟစ်ပြီး အရှေ.က အရက်ပုလင်း၊ ဖန်ခွက်တွေကို ပစ်ပေါက်ခွဲသည်။
“ငါက ဘယ်ကိုထွက်သွားရမှာလဲ… နင့်ကိုချစ်လွန်းလို. အောက်ကျနောက်ကျခံပြီး၊ နင်လိုအပ်ချိန်တိုင်း အမြဲအသင့်ရှိနေပေးခဲ့တာ… အခု နင်ရည်းစားက နင့်ကိုပစ်သွားပြီမဟုတ်လား၊ ဘယ်သူမှ နင့်ကို မလိုချင်တော့ဘူးမဟုတ်လား၊ … မိုး… နင် လျောက်တွေးမနေနဲ့… နင့်ကိုငါပိုင်ပြီ..” ရည်မွန် စကားတွေ တရစပ်ပြောပြီးမှ မောသွားသလို သက်ပြင်းခပ်ကြမ်းကြမ်းတချက် ရှူထုတ်သည်…

မိုးက ရည်မွန်ပြောသွားသောစကားတွေကို စကားတတ်ကာစကလေးတစ်ယောက်လို နားမလည်နိုင်စွာ တစချင်း ပြန်ဆက်စပ်စဉ်းစားပြီး ခဏတွေဝေနေခဲ့သည်….
ပြီးမှ ရည်မွန်ခံစားချက်ကိုနားလည်သလို…

“မဖြစ်နိုင်တာ… ယုငယ်က ငါ့ကို ထားမသွားပါဘူး… ငါတို.နှစ်ယောက်ခဏ စိတ်ကောက်နေကြတာ… ပြီးတော့ Sorry ဘဲရည်မွန်…. မိုးက နင့်အတွက်ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး…”
“နင်က ငါ့အတွက်ဘဲဖြစ်ရမယ် မိုး…. ငါပေးဆပ်ခဲ့တဲ့ အရာတွေ အရမ်းများနေပြီ.. နင်ငါ့ကို ပြန်ပေးဖို. အချိန်ရောက်ပြီ…”
“ရည်မွန်… အခု ငါအရမ်းစိတ်ညစ်နေတယ်နော်.. Peace .. ဖြစ်ခဲ့တဲ့ကိစ္စတွေအတွက် ငါတောင်းပန်တယ်… ငါ ယုငယ်ဆီပြန်သွားရမှာ… အခု နင်ပြန်တော့… “
“မိုး… နင် ယုငယ်ဆီ ပြန်မသွားရဘူး…”
“No way… ငါ ပြန်သွားရမှာပေါ့… ယုငယ်က ငါ့ချစ်သူလေ…”
“မဟုတ်ဘူး… နင်တို.နှစ်ယောက် ကွဲသွားပြီ…”
“F**k.. နင်ထွက်သွားစမ်းပါ.. ငါ့ကိုလာမစားနဲ့…” ရည်မွန်.ရင်ဘတ်ကို ဆောင့်တွန်းပြီး၊ အိမ်ထဲက နှင်ထုတ်ဖို.အလုပ်…

ခုနက ထုရိုက်နေစဉ်က အရမ်းနူးညံ့နေခဲ့တဲ့ ရည်မွန်က ရုတ်တရတ် သန်မာလွန်းလာသလို…
မိုးကို တွန်းလှဲချပြီး သူမနှုတ်ခမ်းတွေကို နမ်းဖို.ကြိုးစားလာသည်…
“ငါ့ကိုမထိနဲ့… “
သူမကို ဖက်ထားတဲ့ ရည်မွန့်လက်မောင်းကို ကုတ်ခြစ်ပြီး၊ မိုး အားကုန်သုံးပြီး ကြိုးစားရုန်းနေပေမယ့် အရက်ရှိန်ကြောင့် သူမရဲ့အားအင်တွေ လွန်မင်းစွာချိနဲ့နေခဲ့ပြီ…
“ထွက်သွား…. နင့်ကိုငါမုန်းတယ်…”
သူမခန္ဓာကိုယ်ကို ရမ္မက်ပြင်းစွာ တပ်မက်နေတဲ့ ရည်မွန်.အတွက် မုန်းတယ်ဆိုတဲ့ စကားတစ်ခွန်းက အရာရာကို တုန်.ဆိုင်းသွားစေသလို…
ရည်မွန့်လှုပ်ရှားမှုတွေရပ်သွားတာနဲ့ ပထမဆုံးလုပ်မိတာက..
“ဖျန်း…” ခပ်ကြမ်းကြမ်း လက်ဝါးရိုက်ချက်…. “နင့်ကိုငါသိပ်မုန်းတယ်… ရွံလဲရွံတယ်… ငါ့ရှေ.ကထွက်သွား…”
“ငါ့ကို နင်မုန်းလို.မရဘူး…”
ရည်မွန်.ရဲ့ သန်မာသောလက်တွေက မိုး၏လည်မျိုတစ်ဝိုက်မှာ ရစ်ပတ်လို.
“Ah…..” ဆက်မလုပ်ဖို. တောင်းပန်ချင်ပေမယ့် မိုးလည်ချောင်းက စကားပြောခွင့်မပေးတော့…
“နင်ငါ့ကိုထားသွားခွင့်မပေးဘူး မိုး…”စကားတွေ တရစပ်ပြောရင်း….. သူမလက်ချောင်းတွေကို အဆုံးသတ်လိုက်သည်…
ဒီအချိန်မှာ ဘာကိုမှမတွေးချင်တော့… ဖြစ်ချင်နေခဲ့တာ… မိုးတစ်ယောက်ခပ်မြန်မြန်အိပ်ပျော်သွားဖို. တစ်ခုသာ… ဘယ်တော့မှ နိုးမထမယ့်အိပ်ခြင်းတစ်ခုဆီပေါ့….
.
.
.
.
သူမလက်ထဲမှာ နွေးထွေးစွာ ပျော့ခွေသွားသော ချစ်သူကို ငုံ.ကြည့်ရင်း နဖူးပြင်သို. အနမ်းတစ်ပွင့်ခြွေလိုက်သည်။
“Good Night Sweetie.. နင့်ကိုငါ အရမ်းချစ်တယ်...”
ခုနက မိုးပစ်ခွဲထားသော အရက်ဖန်ခွက်တစ်ခုရဲ့ ခပ်ကြီးကြီးဖန်ကွဲစကို ကောက်ယူလိုက်ပြီး၊ သူမရဲ့ လက်ကောက်ဝတ်ဆီသို. ခပ်ပြင်းပြင်းစိုက်ထိုးလိုက်သည်….
အနီရင့်ရောင်သွေးတွေက သူမတို.နှစ်ဦးရဲ့ လက်ထပ်မင်္ဂလာအတွက် တမလွန်မှာ ကောင်းချီးပေးနေမှာပါ….
………………………………………………….
.
.


Chapter – 18 (The End)

တစ်နှစ်ကြာသောအခါ……

ကောင်းကင်ပြာပြာက ကြည်လင်နေပေမယ့် မိုးဖွဲဖွဲက နေရာအနှံ.မှာ ဖျန်းပက်လို.
မြက်ခင်းစိမ်းစိမ်းတွေပေါ်မှာ ခပ်ဖွဖွ လျောက်နင်းလာတဲ့ ခြေထောက် ၆စုံနဲ့ ထီး၃ချောင်း…
.
.
ဟိုး မြက်ခင်းစိမ်းစိမ်းတွေရဲ့ အဆုံးမှာ.. လူတစ်ယောက်စီရဲ့ နောက်ဆုံးမှတ်တိုင်လေးတွေရှိကြတယ်..
ထိုမှတ်တိုင်လေးတွေက ထိုသူဘယ်လောက်ကောင်းခဲ့ ဆိုးခဲ့တယ်ဆိုတဲ့ အတိတ်ကိုမဖော်ပြဘဲ… ကျောက်သားပကတိ ငြိမ်သက်စွာ…..
.
.
.
ယုငယ်….
အပြစ်တစ်ခုကိုကျူးလွန်ခဲ့သူဆိုတာမှန်ပေမယ့် မိုးကို ဒီလိုအဖြစ်ဆိုးမျိုးနဲ့ ကြုံဖို. သူမ မမျှော်လင့်ခဲ့ပါဘူး။ ခုဆို မိုးမရှိတာ တစ်နှစ်ပြည့်ခဲ့ပြီ။
လက်ထဲက ကိုင်လာတဲ့ ပန်းစည်းကို သူမရှေ.က မှတ်တိုင်လေးပေါ်ညင်သာစွာချရင်း….
မျက်ရည်တစ်ပေါက် ပန်းစည်းပေါ်ကျသွားချိန်…. သူမလက်မောင်းကို နွေးထွေးစွာဆုပ်ကိုင်ပြီး၊ အားပေးအပြုံးနဲ့ နံဘေးမှာ ရှိနေသူစိုးနွယ်နဲ့ တေးနုယဉ်ကို မပီပြင်စွာ ပြန်လည်ပြုံးပြရင်း….
“ဒီအချိန်ဆို မိုး ကောင်းရာမွန်ရာ ဘုံဘ၀ကို ရောက်နေလောက်ပါပြီကွယ်…” ငုသွယ်က ၀င်ပြောတော့…နဘေးမှ ခိုင်ကလဲ သူမပခုံးကို ခပ်တင်းတင်းတစ်ချက်ညှစ်ကာ အားပေးသည်….
.
.
ခေါင်းကိုငြိမ့်ပြရင်း… မျက်ရည်ဥတွေ ဆက်လက်လိမ့်ဆင်းလာသည်ကို သုတ်သင်မနေတော့ဘဲ….
သူမရင်ထဲမှာ ဘယ်တော့မှ မမေ့နိုင်မယ့်ချစ်သူဆီမှ ခပ်ဖြေးဖြေး တိတ်ဆိတ်စွာ လှမ်းထွက်ရင်း….
ပခုံးကိုလေနဲ့အတူပါလာတဲ့ မိုးစက်အချို.ရိုက်ခတ်မှုကိုခံစားရချိန်….
အသင့်လက်ကမ်းကြိုဆိုနေသော သံသာ့ရဲ့ နွေးထွေးတဲ့ လက်အစုံဆီသို.

…………………………….
Xxxxxxxxxxxxxxxxxxxxx

The End

No comments:

Post a Comment