Chapter – 16
ခိုင်…
နှာဝဆီသို. တိုးဝှေ.၀င်လာသော ညှော်နံ.က အိပ်ရာထဲမှ မထချင်ပေမယ့်၊
အစာအိမ်ရဲ့ တောင်းဆိုမှုကြောင့် နိုးထလာခဲ့ရသည်။
မျက်လုံးဖွင့်ဖွင့်ချင်း လက်နှစ်ဖက်ကို ခေါင်းရင်းဘက်ဆွဲဆန်.ပြီး၊
အပျင်းကြော ခဏဖြေလျော့ကာ ငုသွယ်ဘာချက်လဲ စဉ်းစားနေမိသည်။ သူမရဲ့ အိမ်ခန်းလေးမှာ အိမ်ရှင်မလေးရှိနေခဲ့ပြီဆိုတဲ့
အသိက သူမကို နွေးထွေးစေသည်။
ကုတင်နဘေး စားပွဲတင် ဓာတ်ပုံကလေးကို ငေးကြည့်မိတော့ မျိုးက အေးအေးချမ်းချမ်းလေး
ပြုံးပြနေသည်။
ရင်ထဲတစ်ချက်ကျင်ခနဲ ဖြစ်သွားပေမယ့်၊ အတိတ်နဲ့ ပစ္စုပ္ပန်ကြားမှာ
ပစ္စုပ္ပန်ဘက်သို. လူကိုယ်တိုင်ရော နှလုံးသားပါ အားပါနေခဲ့ပြီလေ။ ဒါပေမယ့်….
ခေါင်းကို တစ်ချက်ခါယမ်းရင်း၊ မီးဖိုချောင်ဘက်သို.ထွက်လာခဲ့သည်။
“မင်္ဂလာနံနက်ခင်းပါ Snow White လေး..”
“အိုး.. ခိုင်နိုးပြီ၊ မင်္ဂလာပါရှင်.. ဒီနေ့အတွက် ခိုင်ကြိုက်တဲ့
နန်းကြီးသုတ်လုပ်ကျွေးဖို. ပြင်ဆင်နေတာ၊ ကြက်သွန်ဆီချက်လိုက်တာကြောင့် နိုးသွားတာလားဟင်..”
မျက်နှာငယ်လေးနဲ့ ငုသွယ်က စိုးရိမ်တကြီးမေးတော့…
“အာ.. မဟုတ်ပါဘူး၊ ခိုင်က ဒီအချိန်ဆို ထနေကျဘဲဟာ။ ငုသွယ်ကိုသာ ခိုင်က
အားနာနေရတာ ဘာလို. ဒါတွေ လျောက်လုပ်နေတာလဲ၊ နေကောင်းတာလဲ မဟုတ်ဘဲနဲ့…”
“ရပါတယ်.. ငုသွယ် ဒီတစ်ခေါက် ဆေးရုံကဆင်းမှ ပိုပြီးနေကောင်းလာသလိုဘဲ၊
ပြီးတော့ ခိုင့်ကိုလဲ ချက်ကျွေးချင်လို.”
“စေတနာကို အရမ်းကျေးဇူးတင်ပါတယ် .. ဒါပေမယ့် ငုသွယ် ကျန်းမာရေးကိုလဲ
ဂရုစိုက်ပါနော်။ ငုသွယ် နေမကောင်းရင် ခိုင်အရမ်းစိတ်ပူတာ.. “
ခိုင့်ရဲ့စကားအဓိပ္ပာယ်အချို.က ငုသွယ်ရဲ့ ဖြူဖွေးသော မျက်နှာလေးကို
ပန်းသွေးရောင်ထသွားစေခဲ့ပြီး၊ သူမရဲ့ နန်းကြီးသုပ်ပန်းကန်ကိုသာ ငုံ.ကြည့်လို.
ခိုင်ကိုယ်တိုင်လဲ ဆံပင်ထဲသို. လက်တစ်ချက်ထည့်ဖွကာ.. ကိုယ့်ဘာသာပြုံးရင်း…
“ခိုင် မျက်နှာသွားသစ်လိုက်ဦးမယ်နော်..”
ငုသွယ်က ခေါင်းငုံ.လျက် ထပ်ငြိမ့်ပြတော့ သူမခေါင်းကလေး ပိုငုံ.သွားသလို….
ခိုင်ရင်ထဲမှာလဲ ဘာလို.မှန်းမသိ နံနက်ခင်းလေးက လှပလို.
.
.
တစ်နေကုန် ငုသွယ်ကို Meidcal Check up အတွက် ဆေးခန်းလိုက်ပို.ပေး၊
ငုသွယ်ဂျီကျလို. တစ်ပတ်စာ ဟင်းချက်စရာတွေ သွားဝယ်ပေးနဲ့ ညနေစာစားပြီး TV ကြည့်တဲ့ အချိန်မှာတော့
ခိုင်တစ်ယောက် ဆိုဖာပေါ်မှာ ငိုက်လို.နေပြီ…
TV ကလာတဲ့ Minutes to Win It အစီအစဉ်ကို အာရုံစိုက်နေတဲ့ ငုသွယ်က
ခိုင်အိပ်ပျော်နေတာကို မသိသေး…
“အိုး.. ၁မိနစ် ပြည့်တော့မယ်.. ၂၀စက္ကန်.ဘဲလိုတော့တယ်.. ခိုင်… ခိုင်..” TV ကြည့်ရင်း ခိုင့်ဒူးခေါင်းကို အားမရစွာလှုပ်ခါယမ်းပြီး၊
ပြန်လည်တုန်.ပြန်မှု မရှိသောခိုင့်ကို လှည့်ကြည့်သောအခါ…
“ဟောတော့.. သူက အိပ်တောင်နေပြီ…”
ငုသွယ်တခါမှ စေ့စေ့မကြည့်ဖူးတဲ့ ကောင်မလေးကို အိပ်ပျော်နေတုန်း
အခွင့်ကောင်းယူပြီး သေချာကြည့်မိတော့…
သူမရဲ့ မိတ်ကပ်ကင်းစင်နေတဲ့ မျက်နှာလေးမှာ အဆီလေးနည်းနည်းပျံနေတာကလွဲရင်
ကြည့်ကောင်းတဲ့ ကောင်မလေးတစ်ယောက်ပေါ့။ ပခုံးပေါ်ဝဲကျနေတဲ့ ဆံနွယ်အချို.က ကြမ်းတမ်းတဲ့
သူမကို နူးညံ့အောင်ဖန်တီးပေးထားသလို….
အရမ်းမပြည့်တဲ့ရင်သားက သူမရဲ့ပိန်သွယ်တဲ့ ခန္ဓာကိုယ်အတွက်တော့ အဆင်ပြေပြေကြည့်ကောင်းနေသား၊
အိမ်နေရင်းဝတ်ထားတဲ့ စွပ်ကျယ်အပါးအောက်က သူမရဲ့ ချောကလက်ရောင်ဗိုက်ကြွက်သား ကျစ်ကျစ်လျစ်လျစ်တွေက
ငုသွယ်ခိုးမကြည့်ဘဲမနေနိုင်အောင် ဆွဲဆောင်အားကောင်းလွန်းတဲ့နေရာပေါ့…
မီးသတ်ရဲဘော်တစ်ယောက်ဆိုတာ ပြောစရာမလိုအောင် ကျန်းမာရေးလိုက်စားထားတဲ့
ကျစ်လျစ်တဲ့ ကြွက်သားတွေ…
ဆိုဖာရှေ.က စားပွဲခုံလေးပေါ် ခြေထောက်တင်ပြီး ခိုင်တစ်ယောက် အပူအပင်ကင်းမဲ့စွာအိပ်ပျော်နေပုံလေးက
အပြစ်ကင်းစင်လွန်းနေသည်။
အိမ်နေရင်းလဲ အမြဲဘောင်းဘီရှည်ဝတ်ထားတတ်တဲ့ ခိုင်..
ငုသွယ်ရင်ထဲက စပ်စုချင်စိတ်ကို တားဆီးလို.မရစွာ.. သူမရဲ့ ညာဘက်ခြေသလုံးနားက
ဘောင်းဘီအနားစကို ဖွဖွလေးဖယ်ကြည့်လိုက်တော့…
“Oh~~~..” ခြေကျင်းဝတ်အထက်နားမှစပြီး ဘယ်နေရာမှာမှ ဆုံးနိုင်မယ်မသိတဲ့
အမာရွတ်အကြီးကြီးတစ်ခု…
“ကျေနပ်သွားပြီလား…” ခိုင်ကမေးတော့…
ငုသွယ်ထခုန်မတတ် လန့်ဖျတ်ပြီး… “Ah..Eh… “ ဘာပြောလို. ပြောရမှန်းမသိ..
“ သူများ Privacy ကို ဒီလောက်နှောင့်ယှက်ရတော်ရောပေါ့…“
ငုသွယ်ကို ခပ်ခါးခါးအကြည့်တစ်ချက်နဲ့ကြည့်ပြီး၊ သူမအိပ်ခန်းကို
ဝင်သွားတော့မှ ငုသွယ်ကြောင်နေရာမှ သတိဝင်လာမိသည်…
“Ah.. မဟုတ်ဘူး… ခိုင်… ငုသွယ်ကို အဲလို မထင်ပါနဲ့..” ခိုင့်နောက်မှ
အပြေးလိုက်ရင်း၊ ပိတ်ခါနီးဆဲဆဲ သူမအိပ်ခန်းတံခါးကို အတင်းတွန်းဖွင့်ဝင်ကာ ခိုင့်ကို
ရှင်းပြဖို.ကြိုးစားသည်။
“တကယ်ပါ… ငုသွယ် အရမ်းစိတ်မကောင်းဖြစ်မိတာကလွဲရင် တခြားခံစားချက်မရှိပါဘူး…”
“လာညာမနေစမ်းပါနဲ့… ဒီလောက် ဆိုးရွားတဲ့ အမာရွတ်ကိုမြင်တိုင်း လူတိုင်းက
ရွံရှာသွားကြတာဘဲ.. လမ်းမြန်မြန်လျောက်တိုင်း ထော့နဲ့ ထော့နဲ့ဖြစ်နေတာကို မြင်သူတိုင်း
လှောင်ချင်ကြတာဘဲ.. လွတ်လွတ်လပ်လပ် ဝေဖန်လို.ရပါတယ်.. “ ဒေါသတွေ၊ အားငယ်ရှက်ရွံ.မှုတွေနဲ့
ခိုင့်ကို ငုသွယ် တခါမှ မမြင်ဖူးခဲ့… အမြဲတမ်း တတ်ကြွပြီး ရဲရင့်တတ်သူမှာ ဒီလို အဖြစ်ဆိုးကြီးရှိသတဲ့လား…
“မဟုတ်ပါဘူး ခိုင်ရယ်.. ခိုင့်ကို ငုသွယ်က မရွံတဲ့အပြင်…. ပိုတောင်ချစ်မိသွားတာ…”
စကားအဆုံးမှာ ငုသွယ် ကြမ်းပြင်ပေါ်ဒူးထောက်လိုက်ပြီး၊ ခိုင့်ရဲ့ ခြေထောက်မှ အမာရွတ်ကို
ဖွဖွငုံ.နမ်းမိသည်…
ငုသွယ်မျက်ဝန်းမှ မျက်ရည်တွေ ခိုင့်ခြေဖမိုးပေါ်သို. ပူနွေးစွာ ကျဆင်းလို.
.
.
.
“Ah… Eh….” ဒီတခါ ငြိမ်သက်သွားသူက
ခိုင်ကိုယ်တိုင်…. ငုသွယ် ဘာကိုဆိုလိုတာလဲ… ငုသွယ်မှာလဲ ခိုင်နဲ့ တူတဲ့ ခံစားချက်ရှိတယ်တဲ့….
သူမရှေ.မှာ ဒူးထောက်နေတဲ့ ကောင်မလေးကို ဆွဲထူပြီး၊ သူမမေးစေ့ကို လက်ချောင်းတွေနဲ. တယုတယ ပင့်တင်လိုက်တော့… မျက်ရည်တွေနဲ့ နှင်းဆီရောင်သန်းနေသော မျက်နှာလေးတစ်ခု….
ရင်ထဲမှာ လိပ်ပြာလေးတွေ ထောင်သောင်းမက ပျံသန်းလာသလို…
“ခိုင်လဲ ငုသွယ်ကို အရမ်းချစ်တယ်…” ငုသွယ်ရဲ့ ဆေးဆိုးမထားသော နှုတ်ခမ်းလေးက
သူမအတွက် ချိုမြိန်တဲ့ သစ်သီးတစ်လုံးရဲ့ အရသာထက် အရာရာ သာလွန်လို.ပေါ့…
အနမ်းဆိုတဲ့ အရာမှာ မကျွမ်းကျင်သေးတဲ့ အပျိုစင်နတ်သမီးလေးကတော့
ခိုင့်အနမ်းတွေကို စည်းချက်မညီစွာတုန်.ပြန်ရင်း… သူမတို.နှစ်ဦးရဲ့ ခန္ဓာကိုယ်တွေမှာ
အပူလှိုင်းတွေ ပျံ.နှံ.လို.
သူမ နှုတ်ခမ်းကို နှမြောစွာ
ခဏခွာရင်း မေးဖြစ်တာက “ဒီည ခိုင့်အခန်းထဲမှာ အိပ်မလား… “
ဘာမှ ပြန်မဖြေပေမယ့် ငုသွယ်ရဲ့ မျက်ဝန်းတွေက လုံးဝမငြင်းတဲ့ အရိပ်အယောင်တွေကို
ခိုင် ကောင်းကောင်းဖတ်တတ်ခဲ့ပြီလေ…
ငုသွယ်ခန္ဓာကိုယ်လေးကို ပွေ.ဖက်ပြီး၊ ခိုင့်လက်တွေက ငုသွယ်ရဲ့ အိမ်နေရင်းဝတ်
တီရှပ်အကျီပွပွရဲ့အောက်မှာ ခပ်သွက်သွက်လှုပ်ရှားနေခဲ့သည်….
ငုသွယ်ရဲ့ အသက်ရှူသံတွေ ပြင်းထန်လာပြီး၊ ခိုင့်ရဲ့ အတွေ.အထိအောက်မှာ
ကျဆုံးလို.
ခိုင့်လက်တွေက ငုသွယ်ရဲ့ အတွင်းခံ Bra Clip ကို ဖြုတ်ချလိုက်ချိန်မှာတော့
ငုသွယ်ရဲ့ လက်သည်းအချို.က သူမလက်မောင်းအရည်ခွံကို ခပ်ကြမ်းကြမ်း ထိုးဖောက်လာသည်.. သူမနှုတ်ခမ်းလေးကို
စုပ်ယူလိုက်ပြီး၊ အချိန်သိပ်ဆွဲမနေတော့ဘဲ Bra ကြိုးကိုပါ ခပ်သွက်သွက် တီရှပ်အောက်မှ
လက်မောင်းဘက်သို.ဆွဲချကာ Bra ချွတ်ချင်းအလုပ်ကို အဆုံးသတ်လိုက်သည်။
လက်ထဲသို. လွယ်လွယ်ကူကူပါလာသော Bra ပန်းရောင်လေးကို အ၀တ်ခြင်းထဲပစ်ထည့်ကာ…
“မိန်းကလေး တော်တော်များများက ညအိပ်ရင် Bra မ၀တ်ဘဲ အိပ်တတ်ကြတယ်လေ..
ခုအိပ်တော့မယ်ဆိုတော့… “
ခပ်ညစ်ညစ်ပြုံးကာ ရှက်နေသော ချစ်သူခန္ဓာကိုယ်လေးကို ပွေ.ကာ ခိုင့်ရဲ့
၂ယောက်အိပ်ကုတင်ပေါ်မှာ အသာနေရာချထားပေးသည်…
အိပ်ခန်းမီးကို ပိတ်လိုက်သည်။ ငုသွယ်ဘေး နေရာယူကာ ခြေရင်းမှ စောင်ကိုဆွဲယူလိုက်ပြီး၊
သူမတို. ခန္ဓာကိုယ်၂ခုပေါ်ခြုံလိုက်သည်။ ငုသွယ်ခါးလေးကို ခပ်ဖွဖွဆွဲဖက်ပြီး၊ သူမနဖူးလေးကို
နမ်းရင်း… “Good Night Princes…”
ကုတင်ဘေးက စားပွဲခုံလေးမှာ မျိုးရဲ့ ဓာတ်ပုံကတော့ အပြုံးလေးတွေ
မှိန်ဝါးသွားသလို…
.
.
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx xxxxxxxxxxxxxx
No comments:
Post a Comment