Friday, May 24, 2013

Flame of Love - Chapter 14


ယုငယ်…
.
.
ကားသော့ကို သော့ပေါက်ထဲထည့်ကာ စက်နှိုးရင်း၊ ချစ်သူကို သွားတွေ.ဖို. ဆုံးဖြတ်လိုက်သည်။ သူမအလုပ်လုပ်တဲ့ Bar ကို မရောက်တာလဲကြာပြီ၊ အလုပ်ထဲမှာ နည်းနည်းပင်ပန်းလာတော့ ယမကာတစ်ခုခုသောက်ရင်း အလုပ်ရှုပ်နေတဲ့ ချစ်သူကို သွားကြည့်ကာ စိတ်အပန်းဖြေမယ်ဟု စဉ်းစားလိုက်သည်။
စိုးနွယ်က အိမ်ပြင်တာပြီးပြီ၊ ပြန်လာတော့တဲ့။ ဖြစ်နိုင်ရင် မိုးနဲ့ဘဲ တစ်သက်လုံးတူတူနေလိုက်ချင်တာ။ သူမရဲ့အချစ်တွေက မိုးပေါ်မှာ ပိုပိုတိုးလာခဲ့ပြီး၊ အချိန်တိုင်း မျက်စိအောက်က မပျောက်နိုင်အောင်ရှိနေခဲ့တာ။
ကားကို ကျင်လည်စွာမောင်းရင်း အတွေးတွေမှာတော့ သူမနဲ့ မိုးရဲ့ အတိတ်၊ ပစ္စုပန်နှင့် အနာဂတ်အကြောင်းတွေ တောင်စဉ်းရေရာမက တွေးတောလို.
ကားထဲမှာ ဖွင့်ထားသည့် ဘန်နီဖြိုးရဲ့ တစ်ကိုယ်တော် Valentine က သူမနဲ့ ဘာမှမသက်ဆိုင်သလိုပင်..
ဟုတ်တယ်လေ.. သူမရဲ့ Valentine လေးမိုးက နံဘေးမှာ တူတူရှိနေခဲ့တာ …
.
.
Car Parking မှာ ကားကို နေရာချပြီးသည်နှင့် ကားသော့ကို လက်ညှိုးမှာချိတ်ကာ လေထဲဝဲနေအောင်ဆော့ရင်း Club Entrance ကို ခပ်မှန်မှန်လျောက်လာခဲ့သည်။ Club ထဲရောက်တော့ သူမအလှကို ရှုစားနေကြသော ပုရိသအချို.ရဲ့ လေချွန်သံ၊ မျက်စပစ်သံတွေက မမြင်ချင်ဘဲမြင်နေ၊ မကြားချင်ဘဲ ကြားနေရတဲ့ ပုံမှန် စိတ်ရှုပ်စရာအချို.ပေါ့… …
ဘယ်သူကိုမှ အရေးစိုက်မနေဘဲ ချစ်သူအလုပ်လုပ်နေကျ Bar Counter ကိုသာ တည့်တည့်မတ်မတ်သွားဖြစ်သည်။
“Hello…” bar chair တစ်လုံးကို ဆွဲယူရင်း၊ Bar counter မှာ ရပ်နေသော နေနေ့ကို လှမ်းနှုတ်ဆက်လိုက်သည်။ သူမက မိုးရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်၊ မိုးနဲ့ ယုသွယ်တို.အကြောင်းကိုပါ သိထားသောသူပေါ့….
“Wow… ယုငယ်… မတွေ.ရတာကြာပြီဘဲ..”
“ဟုတ်တယ်.. ခုတလော အလုပ်နည်းနည်းရှုပ်နေလို.”
“Ok… သောက်ဖို.သတ်သတ်လာတာတော့ မဟုတ်ဘူးမှတ်လား..” နေနေက ကျီစယ်ရင်း မေးသည်..
“Of course.. haha.. ချစ်သူကို လွမ်းလို. လာကြည့်တာ..”
“ရှင်တို.နှစ်ယောက် တူတူနေနေပြီဆို.. ဒါတောင် လွမ်းသေးတာလား ယုငယ်ရယ်..”
“တူတူနေမှ ပိုပိုလွမ်းတတ်လာတာလေ.. အချစ်တွေ ပိုလာတာ တားမရဘူး..” ယုငယ်က ခပ်မြူးမြူးဖြေရင်း၊ bar counter ပေါ်က Drinks Menu လေးကို ဖွင့်ဖတ်သည်။
“Vodka ဘဲသောက်မှာမဟုတ်လား… ဒါနဲ့ ရှင့်ကောင်မလေးက Toilet ထဲမှာ.. လိုက်ချင်လိုက်သွားလေ…” နောက်မှဝင်လာသည့် ယသော်က ယုငယ်ဖတ်နေသော Drink Menu ထဲမှ Vodka Section Page ကို လက်ညှိုးထိုးပြရင်း၊ မမေးသော မေးခွန်းကိုဖြေသည်။
“ဟဲ့..” နေနေက ယသော့်ကို မျက်လုံးအပြူးသားနဲ့ ကြည့်နေပေမယ့်..
ယုငယ်က ဂရုမစိုက်ဖြစ်ဘဲ.. “hey .. ယသော်.. ငါ့အကြိုက်ကို သိနေတုန်းဘဲကိုး.. Thanks Thanks.. Vodka ဘဲ အဆင်ပြေတာ တခုခုနဲ့ ရောပေးနော်၊ ပြန်လာမှဘဲသောက်တော့မယ်.. ခုတော့ Toilet ကိုလိုက်သွားဦးမယ်..”
“Ok.. ခပ်ပြင်းပြင်းလေးလုပ်ထားပေးမယ်.. Toilet က Staff Toilet နော်.. Guest ဘက်ကို လိုက်မသွားနဲ့…”
ယုငယ်က ခေါင်းကို ခပ်သွက်သွက်ငြိမ့်ပြရင်း “Thanks again..” Bar Counter မှ ခပ်မြန်မြန်ထွက်လာခဲ့သည်။
.
.
.
ယုငယ်ထွက်သွားတော့…
နေနေက ယသော်လက်မောင်းကို ပုတ်လိုက်ပြီး..
“မိုးက ရည်မွန်နဲ့…”
နေနေ့ပြောစကားကို လက်ကာပြရင်း.. မဲ့ပြုံးတစ်ခုပြုံးကာ… “သိပ်ချစ်ကြတဲ့ ချစ်သူတွေရဲ့ အဆုံးသတ်ကို စောင့်ကြည့်ချင်လို.”
နေနေ သက်ပြင်းတစ်ချက်ချရင်း ခေါင်းကို ဖြည်းညင်းစွာယမ်းကာ… ပြောစရာ စကားမရှိတော့..
ယသော်ကတော့ ယုငယ်အတွက် Alcohol များများပါတဲ့ ခပ်ပြင်းပြင်း Vodka တစ်ခွက်ကို စိတ်ပါလက်ပါရောစပ်နေလေရဲ့….
.
.
.
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

No comments:

Post a Comment