Friday, May 24, 2013

Flame of Love - Chapter 13


Chapter – 13

“Ting Tong~~” လူခေါ်ခေါင်းလောင်းတီးသံကြားသည်နှင့်…
တံခါးနားမှာ အဆင်သင့်ရပ်စောင့်နေသော ခိုင်တစ်ယောက် တံခါးချက်ချင်းဖွင့်ကာ “မင်္ဂလာပါ”
အိုး…..
Snow White လေးရဲ့ မျက်နှာလေးက နွမ်းဖတ်လို.
ဆေးရုံကဆင်းလာပေမယ့် သူမမျက်နှာလေးက အရမ်းကြီးနေကောင်းသေးပုံမပေါ်
မထိရက် မကိုင်ရက်လောက်အောင် နုဖတ်နေသော ကောင်မလေးကို အသာလက်ဆွဲခေါ်ရင်း..
“ငုသွယ်..  မောလာတာလား၊ ခိုင့်အိမ်က အထပ်မြင့်လို.နေမှာ၊ အအေးသောက်မလား၊ အခန်းထဲသွားနားချင်လား” မေးခွန်းတွေ တရစပ်မေးရင်း သူမကို ဧည့်ခန်းထဲက ဆိုဖာပေါ်မှာနားစေသည်။
“ခိုင်… ပစ္စည်းနဲနဲကူသယ်ပေးလို.ရမလား” ပစ္စည်းတွေမနိုင်မနင်းနှင့် သယ်ထားရသော စိုးနွယ်မေးတော့မှ ခိုင်တစ်ယောက် သတိဝင်ကာ…
“အာ.. ဟုတ်ကဲ့.. “ ပြာပြာသလဲ စိုးနွယ်ဆီပြေးကာ ပစ္စည်းတွေ နေရာဝိုင်းချပေးသည်။
.
.
“ကဲ.. ပစ္စည်းတွေလဲ နေရာချပြီးပြီ၊ ခိုင် ပြင်ဆင်ပေးထားတာတွေလဲ လိုလေးသေးမရှိဘဲ၊ မကြီး အဆင်ပြေမှာပါ။ နွယ်လဲသွားတော့မယ်၊ မကြီး လိုအပ်တာရှိရင် ဖုန်းခေါ်လိုက်နော်” စိုးနွယ်က အစ်မဖြစ်သူကို နှုတ်ဆက်ရင်း သွားဖို.ပြင်သည်။
“ခိုင် အားလုံးအတွက် ကျေးဇူးပါ။ ခိုင်နဲ့နေရတာ မကြီးပျော်မှာသေချာပါတယ်။” ခိုင့်ကိုလဲ နှုတ်ဆက်သည်။
“ငုသွယ်အတွက် စိတ်ချပါ။” ခိုင်က ပြန်ဖြေရင်း၊ စိုးနွယ်ကို တံခါးဝ လိုက်ပို.သည်။
.
.

စိုးနွယ်ထွက်သွားပြီးတော့ အိမ်ထဲမှာ ငုသွယ်နှင့် ခိုင် ၂ယောက်တည်း..
ခေတ္တခဏ တိတ်ဆိတ်နေပြီးမှ အိမ်ရှင်ဖြစ်သော ခိုင်က… ရေခဲသေတ္တာသို.သွားပြီး၊ လိမ္မော်ရည်ပုလင်းထုတ်ကာ ဖန်ခွက်ထဲထည့်ပြီး ယူလာသည်…
“သောက်လိုက်ဦး.. ငုသွယ် ပင်ပန်းနေပုံရတယ်..”
အားနည်းသော အပြုံးလေးနှင့် ကောင်မလေးက ပြန်ပြုံးပြရင်း ခွက်ကို လှမ်းယူသည်။ “ကျေးဇူး”
“ဗိုက်ဆာနေလား၊ တခုခုစားမလား”
“ဟင့်အင်း၊ ဒီကိုမလာခင်ကမှ စိုးနွယ်နဲ့ ထမင်းနဲနဲစားလာတာ”
“ကောင်းပြီ၊ ဒါဆို အခန်းထဲမှာ နားချင်သေးလား”
“ဟင့်အင်း၊ ဆေးရုံမှာလဲ တနေကုန် လှဲနေရတာ၊ အိပ်ခန်းထဲ သွားချင်သေးဘူး”
“OK..” …
၂ဦးသား ခဏ တိတ်ဆိတ်သွားပြန်သည်။ လူများများနှင့် စကားပြောနေမကျသော ခိုင်နှင့် နေမကောင်းသဖြင့် အိပ်ရာထဲမှာ အချိန်တော်တော်ကြာနေခဲ့ရသော ငုသွယ်တို.ရဲ့ စကားဝိုင်းက တိတ်ဆိတ်နေခဲ့တာ အထူးအဆန်းတော့ မဟုတ်…
.
.
ငြိမ်သက်နေတဲ့ သူမတို.ကြားမှာ ငုသွယ်စပြောတဲ့ စကားက  “ကျေးဇူးတင်ပါတယ်…” … “ငုသွယ်ကို မီးတွေကြားက ကယ်ခဲ့တဲ့အပြင် အခုလို အိမ်မှာပါနေခွင့်ပေးတဲ့ခိုင်က ငုသွယ်အတွက်တော့ တကယ့် Guardian Angel ပါဘဲ..”
ခိုင်က ခပ်တိုးတိုးရီမောရင်း.. “ငုသွယ်က ခိုင့်ကို Angel လို.သာခေါ်မယ်ဆိုရင်တော့ ခိုင်က Angel အတုဘဲနေမှာ..”
“ဘာဖြစ်လို.”
“Angel အစစ်လေးက ခိုင့်ရှေ.မှာ ထိုင်နေတဲ့ ငုသွယ်မို.လို.လေ..”
“သြော်.. ဒီလိုလား.. ငုသွယ်က Angel မဟုတ်ပါဘူး.. ခိုင်ကသာ… “
ခိုင်က သူမနှုတ်ခမ်းစွန်းတွေ ခပ်ကွေးကွေးပြုံးရင်း “ကဲပါလေ.. ကိုယ်တို.နှစ်ယောက်ငြင်းနေကြမယ့်အစား၊ ငုသွယ်အခန်းတွေလိုက်ကြည့်ပါလား.. မီးခလုတ်နေရာတွေဘာတွေ သိထားရအောင်..”
“ကောင်းသားဘဲ.”
“ခိုင့်အိမ်က အကျယ်ကြီးတော့ မဟုတ်ပါဘူး.. ဒါပေမယ့် ရောက်ခါစဆိုတော့ အဆင်မပြေဖြစ်မှာစိုးလို.”
“ဟုတ်..” ငုသွယ်က ခေါင်းငြိမ့်ရင်း ခိုင်ပြနေသော အိမ်ခန်းထဲရှိ သိထားသင့်တဲ့နေရာလေးတွေကို စူးစမ်းလေ့လာနေသည်။
“ဒါက မီးဖိုခန်း၊ Hot Plate က ဒီခလုတ်နဲ့ ဆက်သုံးတာ၊ ရေနွေးကျိုချင်ရင် ဒီဘက်မှာ.. ပန်းကန်လုံးတွေက ဗီရိုထဲမှာရှိတယ်… အံဆွဲထဲမှာက ဇွန်း၊ ခရင်း၊ ဓားတွေထားတယ်..” ခိုင်က စိတ်ပါလက်ပါနှင့် သေချာရှင်းပြပေးသည်။
.
.
ခိုင့်အခန်းရှေ့ကိုရောက်တော့….
“ဒါက ခိုင့်အခန်း… ငုသွယ် ကြည့်ချင်သေးလား..” အမှန်တော့ ငုသွယ်ကို မကြည့်ချင်ပါဟု ငြင်းစေချင်သည်။
ဒါပေမယ့် ခိုင့် ဆုတောင်းမပြည့်.. “ ဟုတ်… ကြည့်မယ်..”
အခန်းထဲရောက်ရောက်ချင်း….
ခိုင်နှင့် ငုသွယ်မသိသော အမျိုးသမီးတစ်ယောက်ရဲ့ ဓာတ်ပုံက ငုသွယ်အာရုံကို ဆွဲဆောင်နေခဲ့သည်။ သူမရဲ့ ချစ်သူဖြစ်မယ်ဆိုတာ မေးနေစရာမလိုအောင် သူမတို.နှစ်ယောက်ရဲ့ မျက်ဝန်းတွေက အသက်ဝင်လွန်းသည်။
ငုသွယ်ရင်ထဲမှာ ပြောမပြတတ်သော နာကျင်မှုတစ်ချို.ခံစားရင်း…
“ဒါ…ဒါ ခိုင့်ရဲ့ ချစ်သူလား..”
“ခိုင့်ရဲ့ ဇနီး..”
“ဇနီး.. ဒါဆို ခိုင်က ဘာလို.တစ်ယောက်တည်းနေတာလဲ..”
“သူမဆုံးသွားတာကြာခဲ့ပြီ…” ခိုင်က တိုးညှင်းစွာဖြေရင်း ကုတင်ပေါ်မှာ ၀င်ထိုင်သည်။
မကောင်းမှန်းသိပေမယ့် သူမဆုံးသွားပြီဆိုတဲ့စကားက ငုသွယ်ကို အနည်းနဲ့အများတော့ စိတ်ချမ်းသာစေသည်။ ဘာလို. ဒီလိုခံစားရမှန်းမသိပေမယ့်၊ ခိုင်နဲ့ပတ်သက်ပြီး သူမအရာရာကို ပိုင်ဆိုင်ချင်နေခဲ့တာ အသေအချာ။
ကုတင်ပေါ်မှာ ဒူးလေးပိုက်ပြီး ဓာတ်ပုံကို ငေးနေတဲ့ ခိုင့်ရဲ့ ပုံရိပ်က သူမရင်ကို နာကျင်စေသည်။
ခိုင့်ပခုံးကို အသာဖက်ကာ အားပေးရင်း ခိုင်.နံဘေးမှာ ၀င်ထိုင်တော့…
နာကြင်ရိပ်တွေနဲ့ မျက်ရည်ဝဲနေသော ခိုင့်မျက်ဝန်းတွေက သူမကို လှည့်ကြည့်သည်။
“မျိုးဆုံးသွားတာ ခိုင့်ကြောင့်…” ခိုင့်မျက်ရည်တွေ တလိမ့်ချင်းကျလာတော့..
ခိုင့်မျက်နှာကို သူမပခုံးပေါ်အပ်ကာငိုစေပြီး၊ သန်မာကျစ်လျစ်တဲ့ ခိုင့်ရဲ့ခန္ဓာကိုယ်ကို ဖက်ထားကာ သူမတတ်နိုင်သလောက်ဖြေသိမ့်ပေးနေမိသည်။
ရင်ထဲမှာတော့ စကားတွေ အများကြီးပြောနေဖြစ်ခဲ့တာ…
ခိုင့်ရဲ့ အတိတ်တွေကို စိတ်မ၀င်စားပါဘူး.. ငုသွယ်သိနေခဲ့တာ သူမရင်ခွင်ထဲမှာ ကလေးလေးတစ်ယောက်လို ငိုနေတဲ့ ခိုင်ဆိုတဲ့ လူကြမ်းမလေးကို နှစ်နှစ်ကာကာချစ်နေမိခဲ့ပြီ ဆိုတာကိုပေါ့….
.
.
.
Xxxxxxxxxxxxxxxxxxxxxxxxx  xxxxxxxxxxxxxxxxxxxxx

No comments:

Post a Comment