Friday, May 3, 2013

Forbidden Love (စ-ဆုံး)


နတ်ဆိုးတွေ အုပ်ချုပ်တဲ့ Vampire တွေ၊ ၀ိဥာဉ်၊ မှင်စာတွေနဲ့ ကျိန်စာသင့်နေတဲ့ တိုင်းပြည်တစ်ခု…..

ထိုတိုင်းပြည်မှာ ရှင်သန်နေရသော မိန်းမတိုင်းရဲ့ လိုအပ်ချက်တစ်ခုက၊ ညစဉ်ညတိုင်း ယောကျာ်းတွေ အိပ်ပျော်နေချိန် သူတို.ရဲ့ အိပ်မက်ထဲမှာ ချစ်ရည်လူးပြီး သူမတို.ရဲ့ သက်တမ်းကိုဆက်ရတယ်….

ထိုကျိန်စာကို ပြီးပြည့်စုံအောင် မဖန်တီးနိုင်ခဲ့ရင် … သေခြင်းကလွဲလို. ရွေးချယ်စရာမရှိသူတွေ….

.
.
.

ဆိုးလ် …..


နတ်ဆိုးတိုင်းပြည်ရဲ့ မင်းသမီးလေး….
သူမရဲ့ လှပတဲ့မျက်ဝန်း၊ နူးညံ့တဲ့ နှုတ်ခမ်းအစုံ၊ ရင်သက်ရှုမောဖွယ် သဲနာရီတစ်လုံးလို အနာအဆာမရှိတဲ့ ကောက်ကြောင်းတွေက နတ်ဆိုးတိုင်းပြည်က ပုရိသတွေအတွက် အိပ်ငွေ.ချစရာမလိုလှအောင် သူမနဲ့ လက်ဆက်ချင်နေသူတွေအပြည့်…
.
.

ကျိန်စာတွေပြည့်နေတဲ့ တိုင်းပြည်ရဲ့ နတ်ဆိုးမလေးအတွက်တော့ .. သူမအတွက် သီးသန်.ကျိန်စာက..
၁) အိပ်မက်ခိုးယူရမယ့်သူက လူသားစင်စစ်ဖြစ်ရမည်
၂) ထိုယစ်ပူဇော်ခံရမည့်လူသားသည် ယောကျာ်းစင်စစ်ဖြစ်ရမည်
ထိုအချက်၂ချက်ကိုပြည့်စုံအောင် မဖန်တီးနိုင်ခဲ့ရင် သူမအတွက် သေလမ်းသတ်သတ်သာ…
.
.

ညအချိန်ရောက်ပြီ…

သူမတို.အတွက် ယစ်ပူဇော်ပြီး ကျိန်စာတွေကို ပေးဆပ်ဖို. မဲကောင်တွေလိုက်ရှာရတော့မယ်…



“ဟိတ်..”
ခေါ်သံကြားလို. လှည့်ကြည့်မိတော့ သူမရဲ့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်း ဒီနာ…
“အဆင်သင့်ဖြစ်ပြီလား” အမေးကို ပြန်မဖြေဘဲ ညင်သာစွာ ခေါင်းတစ်ချက်ညိမ့်ပြရင်း၊တော်ဝင်မင်းသမီးတစ်ပါပီသစွာ ရာဇအိနြေ္ဒအပြည့်နှင့် ညင်သာစွာ ဧည့်ခန်းမှ လှမ်းထွက်လာခဲ့သည်။

.
.
“ဖခမည်းတော်” စစ်မြေပုံတွေနှင့် စာကြည့်ခန်းမှာ အလုပ်ရှုပ်နေသော ဖခင် ဘုရင်ကြီးကို ခေါ်လိုသည်။
လက်ထဲမှ မြေပုံကို ခဏချရင်း…. သူမတို.ကိုလှည့်ကြည့်သည်… “ညအချိန်တောင် ရောက်ပြီတဲ့လား…”
ဆိုးလ် ဘာမှပြန်မဖြေဘဲ မျက်လုံးတွေကိုသာ စိုက်ကြည့်နေမိသည်…. ပြီးမှ…
“သွားတော့မယ်..”
“နေကောင်းတယ်မဟုတ်လား ဆိုးလ်.. မြန်မြန်သွား မြန်မြန်ပြန်ခဲ့…စည်းကမ်းချက်တွေ သိတယ်မဟုတ်လား”

.
.
ဖခင်ကို ခွင့်တောင်းပြီးတော့ သူမတို.၂ယောက် အခန်းထဲမှ ထွက်ခဲ့ကြသည်….
အပြင်ရောက်တော့
“အရှေ.တိုင်းဘက် သွားရအောင်” ဟု ဒီနာက မှတ်ချက်ချသည်…

ဆိုးလ်အဖြေကိုမစောင့်ဘဲ မျက်နှာရှေ. လက်တစ်ချက်ခါထုတ်ရင်း “ကမ္ဘာမြေဆီသို.” မန္တန်ကိုရွတ်ဆိုရင်း မီးခိုးငွေ.တွေအဖြစ်ပျောက်ကွယ်သွားသည်။
သက်ပြင်းခပ်သာသာချရင်း ဆိုးလ်လဲ ဒီနာ့အတိုင်းလိုက်လုပ်ကာ သူမသွားရာနောက်သို. လိုက်ပါရင်း….
.
.
.
လူစည်ကားရာမြို.တစ်မြို. မှာ သူမတို.နှစ်ယောက်ပေါ်ထွက်လာကြသည်…
ဒီမြို.မှာ လူတွေမအိပ်ကြသေး… လူတွေက နည်းနည်းကြမ်းတမ်းကြပုံတွေ…
သူမနှင့် ဒီနာ ခေါင်းကို ခါယမ်းရင်း လက်တွေ ၀ဲပျံကာ..

နောက်တစ်မြို.

နောက်တစ်မြို.

မြို.တွေ တော်တော်များများ ဖြတ်သန်းရင်း….
.
.
“အိုး… ဒီကောင်လေးက ချစ်စရာလေး.. ငါသွားတော့မယ်…” ဟုပြောရင်း ဒီနာတစ်ယောက် သူမမြင်ကွင်းမှ ပျောက်ကွယ်သွားသည်..

.
.
ကမ္ဘာမြေမှာ လူသားတွေ အရမ်းများပေမယ့် သူမအတွက် သားကောင်တွေက တစ်နေ့ထက်တစ်နေ့ ပိုပိုရှားလာတယ်…
တော်ဝင်မင်းသမီးတစ်ပါးအနေနဲ့ တွေ.ကရာယောကျာ်းတစ်ယောက်ရဲ့ အိပ်မက်ထဲမှာလဲ မပျော်ပါးချင်ပြန်ဘူး…
.
.
မြို.တစ်မြို.ရဲ့ လမ်းငယ်တစ်ခုမှာ သူမလျောက်သွားနေခဲ့တယ်…
.
.
လူကူးမျဉ်းကြားတစ်ခုရှေ.ရောက်တော့ သူမရပ်လိုက်ပြီး..
အမှန်တော့ သူမက ၀ိဥာဉ်နတ်ဆိုးတစ်ပါးဖြစ်လို. လူတွေရဲ့စည်းကမ်းတွေကို လိုက်နာဖို.မလိုပါဘူး။
သူမရဲ့ခြေလှမ်းတွေကို ရပ်တန်.စေခဲ့တာ ဂီတာတစ်လုံးကိုလွယ်ပြီး လမ်းဖြတ်ကူးဖို.စောင့်နေတဲ့ လူတစ်ယောက်ကြောင့်…
.

.
ဂီတ ဆိုတာသူမတို.ဆီမှာတော့ ကျွန်တွေသာ အသုံးပြုကြတယ်။ ဧည့်ခန်းမဆောင်မှာ ပွဲလမ်းသဘင်တွေရှိချိန်… ကျွန်တွေသာ ကပြအသုံးတော်ခံ တင်ဆက်ကြတာ…. သူမတို.ရဲ့ ဂီတက သားရဲတိရိစ္ဆာန်တွေလို ကြမ်းတမ်းမှုတွေနဲ့ သံစဉ်တွေသာ…. ထိုဂီတတွေကို သူမ မနှစ်သက်….

လူသားတွေရှိတဲ့ကမ္ဘာကိုစရောက်လာချိန်မှာတော့ သူမအနေနဲ့ လူသားတွေဖန်တီးတဲ့ဂီတကို နှစ်သက်သဘောကျခဲ့တယ်။ အထူးသဖြင့် ဂီတာတစ်လုံးက ဖန်တီးပေးတဲ့ သံစဉ်တွေကို အရမ်းသဘောကျတယ်….
.
.
ဂီတာကိုသဘောကျတဲ့စိတ်နဲ့ ဂီတာလွယ်ထားတဲ့ ထိုလူနောက်ကို သူမလိုက်လာခဲ့တယ်..
သူရဲ့ ခြေလှမ်းတွေက မနှေးလွန်း မမြန်လွန်း…. ခေါင်းကိုခပ်ငိုက်ငိုက်လမ်းလျောက်တတ်တဲ့ သူ.ပုံစံက သူမကို ဘာလို.ဖမ်းစားစေခဲ့တာပါလိမ့်..

.
.
ပန်းခြံတစ်ခုရဲ့ ရှေ.မှာ သူခြေလှမ်းတွေကို အဆုံးသတ်ပြီး….

“ဟိတ်ရောင်… နောက်ကျလိုက်တာကွာ..” ပန်းခြံရှေ.က သူ.လိုဘဲ ဂစ်တာလွယ်ထားတဲ့ ကောင်လေး၁ယောက်နဲ့ အခြားဂီတပစ္စည်းတွေကို ကိုယ်စီသယ်ထားတဲ့ ကောင်လေး၂ယောက် က လှမ်းနှုတ်ဆက်တယ်…
“Sorry” ဘုရားရေ…. ချိုကြည်စွာထွက်ပေါ်လာတဲ့ သူ.အသံလေးက မိန်းမဆန်လိုက်တာ…
“သွားကြမယ်.. သူများတွေဆိုနေကြပြီ.. ငါတို.အလှည့်ရောက်တော့မှာ…” အခြားကောင်လေးတစ်ယောက်ကပြောပြီး၊ ပန်းခြံထဲကို သူတို.အဖွဲ. ထွက်သွားကြသည်…
.
.
သူတို.က အဖွဲ.လိုက်သီဆိုကြမှာပေါ့… သူမလဲ ဘာကြောင့်မှန်းမသိ ထိုအဖွဲ.နောက်သို. လိုက်ပါရင်း ထိုကောင်လေးအကြောင်းကို ပိုသိချင်လာသည်။ အရမ်းလဲ စိတ်ဝင်စားနေမိသည်။
သူတို.တွေ ပန်းခြံ ပလက်ဖောင်းပေါ်မှာ နေရာယူရင်း သီချင်းတွေဆိုကြသည်…
ကောင်မလေးပရိတ်သတ်တွေ တော်တော်များများက သူတို.ဘာဆိုဆို ဆူညံစွာအော်ဟစ်အားပေးနေကြသည်။

တစ်ပိုဒ်ပြီးတစ်ပိုဒ် သီချင်းကိုအလှည့်ကျဆိုကြရင်း၊ သူမကောင်လေးရဲ့ မိန်းမဆန်တဲ့ အသံကို ပိုသတိထားမိတယ်။ ကောင်လေးရဲ့ အသံက ချိုချိုရှရှလေး…

နာရီအနည်းငယ်အကြာ သီဆိုကြလို.အပြီးမှာတော့ ကောင်လေးတွေ ဂစ်တာတွေပြန်သိမ်းရင်း အိမ်ပြန်ကြဖို. ပြင်ကြတယ်..


“စော်မရသေးဘူးလားကွ မိုးညို..”
သူ.နာမည်က မိုးညိုတဲ့လား။ သူ.မျက်ဝန်းလေးတွေကလဲ ညှို.ညှို.မှိုင်းမှိုင်းလေးတွေ..
“ ငါတကယ်ချစ်ရမယ့်သူမတွေ.သေးဘူး..”
“မင်းချစ်သူရလဲ forbidden love ဘ၀ဘဲ ရမှာပါကွာ..”
Forbidden Love တဲ့ .. ဘာကိုဆိုလိုဘာလိမ့်… လူသားတွေကြားမှာ အနေကြာခဲ့ပေမယ့် ခုထိ သူတို.သုံးတဲ့စကားအဓိပ္ပာယ်တွေက သူမအတွက်တော့ နားလည်ရခက်နေဆဲ…
“ ဘာတတ်နိုင်မှာလဲကွာ..” မိုးညိုက ခပ်တိုးတိုးပြန်ဖြေသည်… အခုတော့ သူမရဲ့ကောင်လေးမျက်ဝန်းတွေ ပိုလို.တောင် ညှို.ဆိုင်းလာသလိုလို…
“ဟိတ်ရောင်.. မင်းကတခုတော့ ကံကောင်းတယ်ကွ.. မင်းကောင်မလေး ကိုယ်ဝန်ရမှာတော့ ပူနေစရာမလိုဘူးပေါ့..ဟားဟား.. “ သူ.သူငယ်ချင်းတစ်ယောက်က ၀င်နောက်သည်..
ကိုယ်ဝန်မရနိုင်ဘူးတဲ့… သူတို. ဘာကိုဆိုလိုနေတာပါလိမ့်… တကယ်ပါဘဲ လူသားတွေကို နားမလည်တော့ဘူး…
“ဟဲ့… နင်တို.တွေ မိုးညိုကို lesbian ဆိုပြီး မနှိမ်နဲ့.. သူ.ကို နင်တို.ယောက်ျားတွေထက် ငါတို.ကပိုချစ်တယ်..” ရုတ်တရက် ပရိတ်သတ်မိန်းကလေးတစ်ယောက် သူမလက်ထဲမှ ပန်းစည်းနှင့်ပစ်ပေါက်အော်ဟစ်ရင်း မိုးညိုဘက်က ၀င်ပြောသည်…
ကျန်တဲ့ မိန်းကလေးတွေလဲ စတင်ပစ်ပေါက်လာကြပြီမို.၊ သူတို.အဖွဲ. ယူစရာများကို မြန်မြန်ယူကာ ပန်းခြံမှ ခပ်မြန်မြန်ပြေးထွက်သွားကြသည်…

ဆိုးလ်လဲ သူတို.ပြေးရာ ထပ်ချက်မကွာလိုက်ပါရင်း   Lesbian ဆိုတဲ့စကားလုံးကိုရွတ်ရင်း..
ဘာ… LESBIAN???… သူက ကောင်လေး… မဟုတ်ဘူး.. ကောင်မလေး…

ခေါင်းကိုခါယမ်းရင်း… Tomboy?
.
.

တွေဝေငေးမောရင်း

သူမရဲ့ကောင်လေး.. ….မဟုတ်ဘူး.. သူမရဲ့ကောင်မလေးအိမ်ထိလိုက်လာခဲ့တယ်…
လမ်းသွယ်တစ်ခုထဲက ကန်ထရိုက်တိုက်တစ်တိုက်ရဲ့ ဒုတိယအလွှာမှာ ထိုကောင်မလေးနေတယ်…

အခန်းတံခါးကို ခပ်မြန်မြန်ဖွင့်ပြီး၊ ကျောပေါ်က ဂစ်တာကို ကြမ်းပေါ်ပစ်ချကာ သူမကလည်စည်းကို ခပ်ကြမ်းကြမ်းဖြုတ်ချလိုက်တယ်…
ဝိုး…. သူမရဲ့ လှုပ်ရှားမှုတွေက ဆိုးလ်တို.ဆီက အချို.နတ်ဆိုးတွေ၊ Vampire တွေထက်တောင် ယောကျာ်းပိုဆန်သေးတယ်.. သူမရဲ့ နမ်းချင်စရာ နှုတ်ခမ်းတွေက နီရဲပြီး…
AHHHHHHH… ဆိုးလ်…. ငါဘာတွေတွေးနေမိပါလိမ့်…
ရူးနေပြီထင်တယ်…

.
.

ထိုအချိန် သူမရဲ့ လက်ကိုင်ဖုန်းက မြည်လာပြီး..

“Yoh..” ဖုန်းဖြေတာတောင် သူမရဲ့ဟန်ပန်က ယောကျာ်းဆန်လွန်းနေပါလား..
“Bro ကျွန်တော်အခုဘဲပြန်ရောက်တာ ရေချိုး အ၀တ်အစားလဲပြီးရင် ပြန်ခေါ်မယ်..”
သူမရဲ့ အမူအယာတွေက တကယ်ကို အထူးအဆန်းဖြစ်စေတယ်..

ဖုန်းချပြီး ရှပ်အကျီကို ချွတ်ချလိုက်တော့…

ဝိုး…

ဆိုးလ် မျက်လုံးတွေ မပိတ်နိုင်အောင်ဘဲ… ပိန်တယ်ဆိုပေမယ့် ကြည့်ရမဆိုးတဲ့ ခန္ဓာကိုယ်က ဆွဲဆောင်မှုရှိတယ်ဆိုတဲ့ ဟန်ပန်ဘက်ကို ပိုရောက်နေတယ်…
သူမရင်သားတွေက မိန်းမ မဆန်ပေမယ့် သူမက ယောကျာ်းတစ်ယောက်မဟုတ်တာ သေချာနေခဲ့တယ်..
ခဏနေတော့ သူမရေချိုးခန်းထဲကို ၀င်သွားပြီး၊ ရေကျသံတွေ ကြားနေရတယ်…
အမှန်တော့ ဒီကနေ ထွက်သွားသင့်နေပြီ… သန်းခေါင်မတိုင်ခင် အသက်ဆက်နိုင်ဖို.အတွက် ယောက်ျားတစ်ယောက်ကို မြန်မြန်ရှာရတော့မယ်လေ…
သူမရဲ့ရင်ခုန်သံတွေကို ပြန်ကြားနေမိတယ်.. ဒီညအတွက် သူမလိုချင်ခဲ့တာ မိုးညိုကိုဘဲလေ…
Forbidden Love ရဲ့ အဓိပ္ပာယ်ကို ခပ်ရေးရေးသဘောပေါက်လာသလိုရှိတယ်…
ချစ်နေပေမယ့် တရားဝင် ပက်သက်ခွင့်မှ မရှိတာ… အချစ်ဆိုတာကို သိသိလိုက်ခြင်း သူမအတွက် ချစ်သူက ဘာလို.များ သူမကို အသက်ဆက်ရှင်ခွင့်ပေးနိုင်တဲ့ ယောကျာ်းတစ်ယောက်မဟုတ်ခဲ့တာလဲ…
မိန်းမတစ်ယောက်ရဲ့ အိပ်မက်ကို ခိုးယူပြီး ရရှိမယ့် ကျိန်စာရဲ.အပြစ်က အသက်သေဆုံးခြင်းဘဲ ရှိတာလေ..
သက်ပြင်းတစ်ချက် ရှိုက်ထုတ်လိုက်ရင်း၊ ဆုံးဖြတ်ချက်ချလိုက်တယ်..
မတတ်နိုင်ဘူးလေ.. ငါ့အတွက် ရွေးစရာလမ်းမှ မလိုချင်တော့တာ…
.
.
.

 မိုးညို…

ရေချိုးပြီးသည်နှင့် မှန်ရှေ.သို.၀င်ထိုင်ရင်း..
“ဟင်း… ငါ့ရဲ့ယောက်ျားဆိုတဲ့ ပုံစံက ဒါမျိုးတဲ့လား..” ကိုယ့်ကိုယ်ကို မှန်ရှေ.မှာ ကြည့်ရင်း မသက်မသာ ညည်းတွားမိသည်..

အမှန်တော့ သူမက lesbian ဖြစ်ဖို.ရွေးချယ်ခဲ့တာမဟုတ်၊ lesbian ဘ၀ကသာ သူမကိုရွေးချယ်ခဲ့တာ၊ မွေးကတည်းက lesbian တစ်ယောက်အဖြစ်မွေးဖွားလာခဲ့တာ… ဒီအတွက်လဲ ဘယ်တော့မှ နောင်တရမှာမဟုတ်..

သူငယ်ချင်းအချို.က လက်ခံပေးကြသလို အချို.ကတော့ လက်မခံကြ..
ခါးခါးသီးသီးငြင်းဆန်ခဲ့တဲ့မိဘတွေကြောင့် သူတို.မတောင်းဆိုပါဘဲ၊ အရွယ်ရောက်ရောက်ခြင်း အိမ်ပေါ်မှဆင်းကာ တစ်ကိုယ်ရေ စိတ်ကြိုက်ဘ၀ကို တည်ထောင်ခဲ့တာ…

တတိယလိင်ကို နားလည်လက်ခံမပေးတဲ့လူတွေကို တကယ်အံ့သြမိပါတယ်။ Bible စာအုပ်ထဲမှာ ကျား၊မ ၂မျိုးထဲရှိတာကို သိထားပါတယ်။ ဒါပေမယ့် လူ.လောကကြီးမှာ သူမတို.ကလဲ အသက်ရှင်နေတဲ့ လူသားမျိုးနွယ်ရဲ့ တစ်စိတ်တစ်ပိုင်းဘဲလေ..
သက်ပြင်းတစ်ချက်ချပြီး၊ ဗီရိုထဲမှ အိမ်နေရင်းဝတ် တီရှပ်တစ်ထည်နှင့် ဘောင်းဘီကို ကောက်စွပ်လိုက်သည်။

“၀ှား….” အကြောများကို အညောင်းပြေဆန်.ထုတ်ရင်း .. ဒီနေ့အရမ်းချမ်းနေတာကို ခံစားမိသည်..
“ညနေကတောင် ဒီလောက်မအေးပါဘူး…” သူမအခန်းထဲမှာ ရေခဲပါးပါးဖုံးလွှမ်းနေသလို ခပ်စိမ့်စိမ့်အအေးဒဏ်ကိုခံစားရင်း သူမမျက်ခွံတွေ လေးလံလာခဲ့သည်…
“ငါဘာလို အရမ်းအိပ်ချင်နေတာလဲ…” တစ်နေ့လုံး စတူဒီယိုမှာ သီချင်းရေးပြီး၊ ညနေစောင်းမှ ပန်းခြံမှာ သီချင်းဆိုခဲ့တာ ဘာမှလဲ ပင်ပင်ပန်းပန်းလုပ်မထားမိပါဘူးဟုတွေးရင်း အိပ်ရာပေါ်လှဲကာ လေးလံလာသော မျက်ခွံများကို ပိတ်ရင်း….. “ငါ့ အစ်ကိုဆီ ဖုန်းပြန်ခေါ်ရဦးမယ်” ဟုတွေးရင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့သည်…
.
.
.
.
မိနစ်အနည်းငယ်ကြာသောအခါ…
မိုးညိုအိပ်ရာက နိုးလာသည်….

အတွေးတွေလွတ်လပ်ပေါ့ပါးပြီး၊ စိတ်တွေကြည်လင်လန်းဆန်းလို.
သူမ အိပ်မက်မက်နေတာ သိပေမယ့် ထိုအိပ်မက်က လက်တွေ.ဘ၀လို ခံစားနေရသည်…
မျက်လုံးတွေဖွင့်ကြည့်လိုက်တော့ သူမနဘေးမှာ လဲလျောင်းနေသော အရမ်းချောမောလွန်းသည့် အမျိုးသမီးတစ်ယောက်…

“အာ..” မိုးညို အလန်.တကြား ထအော်မည်အပြု
သူမရဲ့ နှုတ်ခမ်းတွေက မိုးညိုနှုတ်ခမ်းတွေကို ထိကပ်ကာ အော်သံတွေကို ရပ်တန်.ရင်း….
သူမရဲ့ခန္ဓာကိုယ် အထိအတွေ.တစ်ခုဆီသို.နူးညံ့စွာ လှုပ်ရှားရင်း..
သူမဘယ်သူလဲ အရမ်းသိချင်နေပေမယ့် အထိအတွေ.တွေကို မရုန်းကန်နိုင်စွာ သူမရဲ့ ဦးဆောင်မှုနောက်ဆီ မိုးညို အရှုံးပေးကာလိုက်ပါစီးမျောရင်း….

အိပ်မက်လိုလို တကယ်လိုလိုအဖြစ်အပျက်ကြားမှာ မိုးညိုသတိပြုနေခဲ့မိတာ…
သူမပခုံးစွန်းကို နစ်ဝင်အောင် ကုတ်ခြစ်နေတဲ့ ထိုအမျိုးသမီးရဲ့ လက်သည်းချွန်ချွန်တွေနဲ့ ၀ံပုလွေတစ်ကောင်လို သူမလည်ပင်းကို ကိုက်ခဲထားတဲ့နာကျင်မှုအချို.
လက်တွေ.ဘ၀မှာ တခါမှ မရခဲ့ဖူးတဲ့ မိန်းမတစ်ယောက်ဆီက ချိုမြိန်တဲ့ အချစ်တွေ…
သူမရဲ့ ပြီးပြည့်စုံ နူးညံ့အိစက်လွန်းနေတဲ့ ခန္ဓာကိုယ်အထိအတွေ.
.
.
ဆေးလိပ်မီးခိုးလို အငွေ.တွေနဲ့ ရေခဲပါးပါးဖုံးအုပ်ထားတဲ့ အေးစက်စက် ပတ်ဝန်းကျင်မှာ ဘယ်သူမှန်းမသိတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ချစ်ခြင်းတွေဖွဲ.သီပြီး မိုးညိုပြန်အိပ်ပျော်သွားခဲ့တယ်….

သူမဘယ်သူလဲ၊ ဘယ်ကလဲ၊ နာမည်ဘယ်လိုခေါ်လဲ မေးဖို. သတိရနေပေမယ့်…. နှုတ်ခမ်းတွေက အနမ်းတွေဖဲ့ခြွေဖို.သတ်သတ်သာ အသုံးဝင်ခဲ့တယ်…..
သူမနဲ့ ခန္ဓာကိုယ်ချင်းကွာဝေးသွားတာနဲ့ ဘယ်ကဘယ်လ်ုဝင်လာမှန်းမသိတဲ့ အိပ်ချင်ခြင်းတွေက မိုးညိုတစ်ကိုယ်လုံးကို ဖုံးလွှမ်းပြီး၊ အရာရာက အမှောင်ကျလို.
.
.
.
.

ဆိုးလ်….

00:00

“Shit” နာရီကိုလှမ်းကြည့်ရင်း သူမခပ်တိုးတိုးဆဲရေးမိတယ်….
သွားပြီ…. သူမအတွက် ဘာမှမရှိတော့ဘူး…
ကျိန်စာစည်းကမ်းကိုချိုးဖောက်မိတဲ့ သူမအတွက် ပြစ်ဒဏ်ဆိုတာလာတော့မယ်….
“နေရပ်ဆီသို.” မန္တန်ကို ရွတ်ဆိုရင်း သူမတိုင်းပြည်သို. ပင်ပန်းစွာပြန်လာရင်း….
“ဆိုးလ်… ငါနင့်အနံ့ကို ဟိုးအဝေးကြီးကနေ ရလာခဲ့တယ်… နင်ဘာဖြစ်နေတာလဲ .. ယဇ်ပူဇော်ဖို. သားကောင်မရခဲ့ဘူးလား… “ ဒီနာ အပြေးအလွှားရောက်လာပြီး မေးချိန်မှာ သူမခန္ဓာကိုယ်က မြေကြီးပေါ်ပုံလဲမကျသွားဖို. အားယူနေချိန်….
“ငါ… ငါ….”
“နင့်ဆီက မိန်းမတစ်ယောက်ရဲ့ အနံ.ကိုဘဲ ငါရနေတယ် ဆိုးလ်… ဘုရားရေ…နင်…နင်…Forbidden…”
“မတတ်နိုင်ဘူးဒီနာ… ငါ့ရဲ့ ကံကြမ္မာဘဲ…” ဟု ပြန်ဖြေရင်း သူမပျောက်ကွယ်ခဲ့သည်… ဘယ်တော့မှ ပြန်ပေါ်မလာနိုင်တဲ့ ပျောက်ဆုံးခြင်းနဲ့ပေါ့….
.
.
.
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မိုးညို……


နံနက် ၈း၀၀လောက်မှာ မိုးညို အိပ်ရာကနိုးလာခဲ့သည်…

“အား…” တစ်ကိုယ်လုံးချွေးစေးတွေပြန်ပြီး မနေ့ညက အိပ်မက်ကို သတိရနေမိခဲ့သည်…
အမျိုးသမီးတစ်ယောက်…
ဟုတ်တယ်.. ညက အိပ်မက်ထဲမှာ အရမ်းချောတဲ့ အမျိုးသမီးတစ်ယောက်နဲ့ သူမ…. ဟင်း………

“တီ…တီ…တီ…” ဖုန်းသံကြားလို့ အိပ်ရာကအထ… “အ..” သူမဒူးတွေခွေကာ ကုတင်ပေါ်ပြန်လဲကျမလိုဖြစ်သည်… ဘာဖြစ်တာလဲ….ခန္ဓာကိုယ်က အရမ်းပင်ပန်းနာကျင်နေသလို.. ညက အဖြစ်အပျက်တွေက အိပ်မက်မဟုတ်ဘဲ တကယ်ဖြစ်ခဲ့သလိုလို……

“သေပြီ…” ဖုန်းမဖြေခင် နံပါတ်ကိုကြည့်မိတော့… ညက အရေးကြီးလို.ပြန်ခေါ်ပါပြောထားသော အစ်ကိုဖြစ်သူရဲ့ နံပါတ်…

“ဟိတ်ရောင်… မိုးညို.. မင်းကို အရေးကြီးလို. ပြန်ခေါ်ပါပြောတာကို တစ်ညလုံးဘယ်ပျောက်နေတာလဲ.. ဖုန်းပြန်ခေါ်တော့လဲ မကိုင်ဘူး..”
အမှန်တော့ ဖုန်းသံမကြားဘဲ အိပ်ပျော်ရအောင် သူမ အဲလောက် အအိပ်မမက်တတ်…

“Sorry ဘဲ Bro… ကျွန်တော် မနေ့ညက အရမ်းပင်ပန်းပြီး အိပ်ပျော်…….” သူမလည်ပင်းကို ပွတ်ရင်း ဖုန်းပြန်ဖြေနေတုန်း.. လက်ထဲမှာ စမ်းမိတာက ဒဏ်ရာတစ်ခု…

မှန်ဆီသို. မြန်မြန်လျောက်ရင်း ကြည့်မိတော့ ပခုံးမှ လက်သည်းခြစ်ရာအချို.နဲ့ လည်ပင်းမှာ ခရမ်းရောင်ထပြီး သွေးအနဲငယ်စို.နေသော အညိုအမည်းဒဏ်ရာတစ်ခု…

“WHAT THE HELL….”

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

THE END…

No comments:

Post a Comment