Friday, May 24, 2013

Flame of Love - Chapter 15


Female Toilet လို.ဆိုင်းဘုတ်ချိတ်ထားတဲ့ အခန်းကိုတွန်းဖွင့်လိုက်တော့ အထဲမှာ လူရှင်းနေသည်။ မိုးကို တော့မတွေ.၊ ကြည့်ရတာ toilet ထဲမှာ မရှိတော့ဘူးထင်သည်။
Toilet cubical ခန်းတစ်ခုထဲ မိန်းမနှစ်ဦးရဲ့ အသက်ရှူသံခပ်ပြင်းပြင်းနဲ့ ညည်းညူသံအချို.က ခံစားချက်ရဲ့ အထွတ်အထိပ်ကိုရောက်နေကြပုံဘဲ။
ယုငယ် အနည်းငယ်ပြုံးရင်း၊ Toilet ထဲမှ စုံတွဲကို မနှောင့်ယှက်ဖို.ဆုံးဖြတ်လိုက်သည်။
 “Hmmmmm…. “
Toilet ထဲမှ ထွက်ဖို.အလုပ်….
မိုး……………


ယုငယ်ခြေလှမ်းတွေ ရပ်တန်.ခဲ့ပြီ။ သူမဘယ်လိုမှ မမှားနိုင်သော မိုးရဲ့ အသက်ရှူသံ၊ ညည်းတွားသံတွေ..
ခေါင်းကိုခါယမ်းရင်း… မဖြစ်နိုင်ဘူးဟု ကိုယ့်ကိုယ်ကို ပြောမိသည်။ ခြေလှမ်းတွေကတော့ Lock ချမထားသော Toilet Cubical ဆီသို.
တပါးသူရဲ့ Privacy ကိုမနှောင့်ယှက်ချင်ပေမယ့်၊ သူမ အဖြေတစ်ခုကို သေချာသိချင်နေသည်။
“ကျွီ…”
တံခါးဖွင့်ဖွင့်လိုက်ချင်း မြင်လိုက်ရတာ.. အ၀တ်အစားအပြည့်အစုံမရှိတော့သော သူမအသဲနင့်အောင်ချစ်ရသော မိုးနဲ့ မိုးရဲ့အချစ်ဆုံးသူငယ်ချင်းအဖြစ် အသိအမှတ်ပြုထားတဲ့ ရည်မွန်…
မျက်လုံးတွေပြာပြီး၊ ရင်ထဲနင့်ခနဲ…
မိုးလဲ ရုတ်တရက်ဆိုတော့ အံ့သြသွားပုံ….
ချစ်သူကို ဒီလိုပုံစံနဲ့ တွေ.ရလိမ့်မယ်ဟု တခါမှ တွေးမထားခဲ့… အခုတော့…
“ယု….ယုငယ်…. မိုးလေ….”
သူမ ညာဘက်လက်ဝါးတစ်ဖက် လေထဲကိုရုတ်ရက်မြှောက်ကာ မိုးရဲ့ ဖြေရှင်းချက်ကို ရပ်တန်.လိုက်သည်….
“သစ္စာမရှိတဲ့မိန်းမ..”
သူမကို ဆောင့်တွန်းလိုက်တဲ့ ရည်မွန်ရဲ့ လှုပ်ရှားမှုအချို.
မိုး၇ဲ့ငိုရှိုက်သံတွေ..
သူမ မျက်ဝန်းထဲမှ တလဟော ထွက်ကျလာတဲ့ မျက်ရည်တွေ…
အရာရာကို ထားရစ်ကာ ပြေးထွက်လာခဲ့သည်။
ရင်ထဲမှာ အရမ်းနာကျင်နေခဲ့ပြီ။
Club ထဲမှ ဆူညံစွာ ဖွင့်ထားတဲ့ တီးလုံးတွေ၊ ပျော်ရွှင်စွာ ကခုန်နေကြသူတွေကို တွန်းတိုက်ဖယ်ရှားရင်း၊ သူမကားဆီသို.
.
.
.
Bar Counter မှ ဇာတ်လမ်းတစ်ပုဒ်လို စောင့်ကြည့်နေတဲ့ ယသော်ကတော့ ခေါင်းကိုဖြည်းညင်းစွာ ယမ်းရင်း…
“ငါစပ်ပေးထားတဲ့ Cocktail လေးတောင် လာမသောက်သွားဘူး…” ခပ်မဲ့မဲ့ပြုံးကာ အရက်တချို.ကို ဖြည်းညင်းစွာ သူမလည်ချောင်းထဲသို. သွန်ချရင်း….
.
.
Xxxxxxxxxxxxxxxxxxxxxxxxxxxx xxxxxxxxxxxxxxx

No comments:

Post a Comment