Chapter – 7
စာသင်အပြီး အခန်းထဲက ထွက်ကြတော့ အပြင်မှာ မိုးဖွဲဖွဲလေးစရွာနေပြီ…
ယွန်းက အသင့်ပါလာသော ထီးကိုထုတ်ကာ ၂ယောက်တူတူဆောင်းကြသည်… စိုးယုမှာ
ထီးမရှိသေးတာ သူမသိပြီးသားလေ..
“ဟင်း… မိုးရွာတာ လှလိုက်တာယွန်းရယ်… ကောင်းကင်ကြီးကိုလဲ ကြည့်ပါဦး…တိမ်တွေ
ညို.မှိုင်းလို.”
စိုးယုက ညို.နေသော မိုးကောင်းကင်ကြီးကို လက်ညှိုးထိုးကာ ဗွက်တွေထဲ
လမ်းမလျောက်တတ် လျောက်တတ်နှင့် ခုန်ဆွခုန်ဆွလုပ်နေသည်…
“ဒေါ်စိုးယု… ငြိမ်ငြိမ်လေး လိုက်ခဲ့စမ်းပါ… မိုးရွာလို. စိတ်ညစ်ရတဲ့အထဲ
နင်လုပ်တာနဲ့ ၂ယောက်လုံးမိုးစိုကုန်တော့မယ်.. ထီးက နင်ရွှေ.တဲ့ဘက်လိုက်ဆောင်းနေရတာ..
ငါကနင့်ထက်အရပ်ပုတာလဲ သတိရဦး..”
“ဟီး… ဟုတ်သားဘဲ… ပေးလေ ယွန်းရဲ့… ငါထီးကိုင်ပေးမှာပေါ့..” ပြောပြောဆိုဆိုနှင့်
ထီးကိုစိုးယုကလှမ်းအယူ သူမခြေထောက်က တခုခုကို တတ်နင်းမိလေသည်…
“အားးးး…” စိုးယုအလန့်တကြား ထီးကို လွှတ်ချပြီး နောက်သို.ဆုတ်ကာခုန်လေသည်…