Thursday, February 14, 2013

First Love - Chapter 6



Chapter – 6

“Loving U~~~ Loving U~~”
Alarm Ring သံကြားတော့မှ မျက်လုံးမဖွင့်ဘဲ Alarm ကို ပိတ်ရန် လက်ကိုဆန်.ထုတ်ဖြစ်သည်…
လက်မောင်းပေါ်မှာ တစ်စုံတယောက်အိပ်နေတာကို တွေ.မှ ညကအဖြစ်အပျက်ကို သတိရသည်ဘဲ..
“Loving U~~~ Loving U~~” နှိုးစက်ကောင်းမှုနှင့် နှစ်ခြိုက်စွာ အိပ်ပျော်နေသော ယွန်းတစ်ယောက် အိပ်ရာမှ နိုးလာသည်..
“စိုးယု… ဘယ်အချိန်ရှိပြီလဲဟင်..” အိပ်ချင်မူးတူးနှင့် ယွန်းကမေးတော့
“မနက် ၆နာရီခွဲပြီ..”
“ဟာ… ကျောင်းကားနောက်ကျတော့မှာဘဲ…” အိပ်ယာမှ ၀ရုန်းသုန်းကာထကာ ယွန်းတစ်ယောက် ကုတင်ပေါ်မှ ခုန်ဆင်းတော့သည်…
အိပ်ခန်းတံခါးကို အပြေးဖွင့်ရင်း… “ဟဲ့.. မြန်မြန်လုပ်.. ပြန်အိပ်မနေနဲ့.. နင်ဒီနေ့ ကျောင်းကားစီးမယ်ဆို ၇း၁၅ တိုက်အောက်ကိုအရောက်ဆင်းလာခဲ့.. ကားက လုံးဝမစောင့်ဘူး..ချက်ချင်းထွက်တာ..”
သူမအော်ပြီး ထွက်သွားသည်…
အိမ်တံခါးပိတ်သံနားထောင်ရင်း.. ခေါင်းအုံးကို ရင်မှာပိုက်ကာ စိတ်တိုနေမိသည်..
“တောက်….. ဒီနှိုးစက်ကလဲ အလိုက်ကိုမသိဘူး…. အရမ်းမြည်ရလားကွာ..” အလကားနေရင်း ဘာမှမဆိုင်သည့် နှိုးစက်ကို ဆောင့်ပိတ်ကာ ရေချိုးဖို. တဘက်တစ်ထည်ကောက်ဆွဲရင်း ထထွက်လာခဲ့သည်..

“ဟူး…” မျက်နှာသစ်ရန် ဘေစင်အရောက်.. မှန်ထဲမှာ ကိုယ့်မျက်နှာကိုယ်ပြန်ကြည့်မိတော့..
သွားပြီ… ဆံပင်ရွှေရောင်တွေကို ခုထိ အရောင်မပြောင်းရသေး..
မတတ်နိုင် ဒီနေ့တော့ ဒီပုံစံတိုင်းကျောင်းသွားပြီး၊ ညနေအပြန်မှ ယွန်းကို အဆင်ပြေသည့် ဆံပင်ညှပ်ဆိုင်တစ်ဆိုင် လိုက်ပို.ခိုင်းဖို. စိတ်ကူးလိုက်သည်..
အတတ်နိုင်ဆုံး ရေမြန်မြန်ချိုးကာ အ၀တ်အစားမြန်မြန်လဲသည်… တော်ကြာ ကျောင်းကားမမှီလျှင် ယွန်းနှင့် ပြသနာမတတ်ချင်..
အ၀တ်အစားလဲပြီးတော့ မိန်းကလေးပီပီလှချင်ပေမယ့် နံရံကပ်နာရီက ၇နာရီ၅မိနစ်ကို ညွှန်ပြနေတော့..  မျက်နှာကို ဘာကာလာမှခြယ်ဖို. မအားတော့ဘဲ Moisturizer Cream ခပ်ပါးပါးလိမ်းကာ ကျောပိုးအိတ်ဆွဲရင်း တံခါးဝသို. ခပ်သွက်သွက်ထွက်လာခဲ့သည်..
တံခါးဝရောက်မှ Mobile Phone မေ့ကျန်ခဲ့တာ သတိရပြီး၊ အိပ်ခန်းထဲ အမြန်ဝင်ပြေးကာ ယူရသေးသည်..
“သြော်.. နောက်ကျနေပါပြီဆိုမှဘဲ” ကိုယ့်ကိုယ်ကို မကျေမနပ် ခပ်တိုးတိုးရေရွတ်ကာ အိမ်တံခါးသော့ကို မြန်မြန်ခတ်သည်..
ဓာတ်လှေကားစောင့်ရင်း နာရီကိုကြည့်တော့ ၇နာရီ ၁၂မိနစ်…
မနက်စောစောပေမယ့် ဓာတ်လှေကားက ချက်ချင်းတတ်မလာ.. ၃မိနစ်လောက်စောင့်ပြီးမှ ရောက်လာသည်.. ဓာတ်လှေကားစီးရင်း တခါမှ မတဖူးသော ဘုရားကိုတမိသည်.. ”ဘုရား..ဘုရား.. ကျောင်းကားမှီပါစေ..”

…..

တိုက်အောက်ကိုရောက်တော့ ကံကောင်းစွာ ကျောင်းကားက ရှိနေသေးသည်…
ယွန်းဘေးနားက နေရာလွတ်မှာ ၀င်ထိုင်ရင်း မျက်နှာချိုသွေးကာ ရီပြဖြစ်သည်.. “အဟဲ..”
“ဟွန်း.. ဘာ အဟဲလဲ… မြန်မြန်လုပ်ပါလို. သေချာမှာခဲ့တာကို.. ကားဆရာကိုတောင်းပန်ပြီး စောင့်ခိုင်းထားရတာ..”
“ငါလဲ မြန်မြန်လုပ်တာဘဲဟ.. ခက်တာက အိမ်ခန်းက နေရာမကျသေးတော့ လိုတဲ့ ပစည်းတွေက ဟိုရှာဒီရှာနဲ့ နည်းနည်းနောက်ကျသွားတာ..” စိုးယု ခပ်တည်တည်နှင့် ညာလိုက်သည်.. အမှန်တော့ စိုးယုပိုင်တကိုယ်ရေသုံးပစည်းတွေက ဘာမှ များများစားစားရှိတာမဟုတ်… ရေချိုးခန်းထဲမှာ နာရီဝက်လောက်ကြာနေတာ၊ Mobile ကျန်ခဲ့လို. အခန်းထဲ ပြန်ဝင်ယူတာတွေကိုတော့ စကားထဲ ထည့်မပြောဘဲ ထားလိုက်သည်…
“ဒါနဲ့ ကျောင်းကားက ဘာလို. အဲဒီလောက်အစောကြီးထွက်တာလဲဟာ.. ကျောင်းက ၉နာရီခွဲမှ အတန်းစမယ့်ဟာကို…”
“ကျောင်းကားက ငါတို.တစ်နေရာထဲမဟုတ်ဘူးလေ.. စုရပ်ကို သွားကြိုရဦးမှာ.. ငါတို.က စုရပ်ထိမသွားချင်လို. လမ်းကနေဖြတ်စီးတာ.. စုရပ်ကနေလဲ ၇နာရီခွဲအတိဆို ထွက်ရတယ်.. ရန်ကုန်မြို.ထဲနဲ့ သန်လျင်ကို နင်က နီးနီးလေးမောင်းရတယ်ထင်လို.လား… ကိုယ်ပိုင်ကားမဟုတ်ဘူးဟဲ့.. ဘတ်စ်ကားလမ်းအတိုင်းမောင်းရတာ.. ကြာတယ်..” ယွန်းက ရှည်ရှည်လျားလျား ရှင်းပြသည်.. ပြီးမှ မျက်စောင်းထိုးရင်း..”နင့်ဆံပင်နဲ့ ယူနီဖောင်းကို ဘယ်လိုလုပ်မလဲ..” စိတ်ပူစွာမေးသည်..
လိပ်ခွေနေသော ရွှေရောင်ဆံပင်ကို လက်နဲ့ ထိုးဖွရင်း.. “ငါလဲ မသိဘူး.. စိတ်ညစ်တယ်.. ဆရာမကို တောင်းပန်ရမှာဘဲ.. ညနေကျောင်းဆင်းမှ ငါ့ကို ဆံပင်ညှပ်ဆိုင်လိုက်ပို.ပေးဟာ..”
“အင်း.. အဲဒါဘဲကောင်းပါတယ်.. အမှန်တော့ နင်က ဒီဆံပင်အရောင်နဲ့ပိုလှတယ်..” ယွန်းက မှတ်ချက်ပေးတော့
“အဟီး..” စိုးယု ရှက်ကာ ရယ်မိသည်..
ယွန်းက ဆက်ပြီးခေါင်းကိုငြိမ့်ရင်းပြောသည်.. “ယူနီဖောင်းကတော့ ညနေကျရင် သတိပေး.. ငါ့မှာ အသစ်တစ်စုံအရင်အပတ်က ၀ယ်ထားတာရှိတယ်.. နင်နဲ့ငါ ခနာကိုယ်သိပ်ကွာပုံမရဘူး.. ငါ့ဆီကယူဝတ်ထား.. သန်ဘက်ခါကျောင်းပိတ်ရက်ကျမှ ၂ယောက်တူတူ စကော့ဈေးမှာ သွားဝယ်ကြမယ်..”
စိုးယု ၀မ်းသာစွာခေါင်းကို ငြိမ့်ရင်း ယွန်းရဲ့ ပါးလေးကို ဆွဲညှစ်လိုက်သည်..”ဟေး… ငါ့သူငယ်ချင်းလေးက သိပ်ချစ်ဖို.ကောင်းတာဘဲ..”
ယွန်းမျက်နှာရဲခနဲဖြစ်သွားကာ စိုးယုကို မျက်စောင်းထိုးပြီး နှုတ်ခမ်းစူကာ မျက်နှာကို ပြူတင်းပေါက်ဘက်လှည့်သွားသည်…
စိုးယုကတော့ ယွန်းရဲ့ ပါးကို ဆွဲညှစ်မိသောလက်ကို ပါးစပ်နားကပ်ကာ ယွန်းမမြင်အောင် နမ်းရင်း ရင်ထဲမှာ တိုးတိုးလေးပျော်နေမိသည်
~~ အချစ်ဆိုတာ သမီးရှာတွေ.ပြီမေမေ ~~
ရင်ထဲမှ မေမေ့ကို တိုင်တည်မိလိုက်သည်..

….
ကျောင်းရောက်ပြီး ဌာနမှူးနှင့် ၀င်တွေ.ကာ ဆံပင်နှင့် ယူနီဖောင်းကိစကို အရင်တောင်းပန်ဖြစ်သည်.. ဒီနေ့တော့လဲ ဆရာမက သဘောတွေကောင်းနေပြီး ရပါတယ်ချည်းပြောနေသည်..
နောက်တော့ စာသင်ဆောင်သွားပြီး၊ အတန်းတွေရှာပြီးတတ်ကြ..
ကောင်လေးတွေရဲ့ ပါးစပ်ဖျားမှာ ယွန်းနဲ့ စိုးယုဆိုတဲ့ ကောင်မလေး၂ယောက်အကြောင်းကတော့ ဒီနေ့အတွက် ရေပန်းအစားဆုံး ခေါင်းစဉ်တစ်ခုဖြစ်နေခဲ့သည်…
အသားညိုစိမ့်စိမ့်နှင့် ဆွဲဆောင်မှုရှိသော ညှို.မျက်ဝန်းပိုင်ရှင် မေဂျာကွင်း ယွန်းနဒီနဲ့ နိုင်ငံခြားက ကျောင်းပြောင်းလာတဲ့ အသားဖြူဖြူ အရပ်မြင့်မြင့် နဲ့ မော်ဒယ်တစ်ယောက်လို ကျော့ရှင်းလှပနေသော စိုးယုနွယ်ဆိုတဲ့ ကောင်မလေး၂ယောက်က ဘာဘဲပြောပြော သာမန်ကျောင်းသူတွေနဲ့ ယှဉ်လျှင် တူညီဝတ်စုံဝတ်ထားတဲ့ကြားက အလှတမျိုးစီနဲ့ ထင်ပေါ်နေကြသည်…
ဒီတော့လဲ သူမတို.၂ယောက်ရှိရာ စာသင်ခန်းထဲမှာ၊ စာသင်ခန်းအပြင်က အပေါက်ဝမှာ ပုရိသတွေကမနဲ..
အချို.ကလဲ စစ်အေးတိုက်ပွဲဆင်ကြသလို၊ အချို.ကတော့လဲ လျောက်ပြန်သံပေး..
သူမတို.၂ယောက်ကတော့ ဘယ်သူ.မှ အာရုံမစိုက်နိုင်ဘဲ အချင်းချင်းရဲ့ ရင်ခုန်သံကိုသာ ပြန်ဆန်းစစ်နေရင်း အချိန်တွေကုန်နေသည် ..…

…..

စာသင်နေတုန်း ခွေးတွေ စာသင်ခန်းထဲ ၀င်လာတာကို အထူးအဆန်းဖြစ်နေသော စိုးယုတစ်ယောက် စာကောင်းကောင်းမလုပ်နိုင်ဘဲ ၀င်လိုက်ထွက်လိုက်လုပ်နေကြသော ခွေးတွေကိုသာ တအံ့တသြ လိုက်ကြည့်နေမိသည်..
ဒါကို အခန်းအထဲ၊ အပြင်က ကျောင်းသားတွေက စိုးယု သူ.ကိုကြည့်သည်.. ငါ့ကိုကြည့်သည်နှင့်  ကိုယ့်ကိုယ်ကို အထင်တွေ စွတ်ကြီးနေကြသည်..
“စိုးယု.. စာလုပ်စမ်းပါဟာ… ဘာလို.ခွေးတွေလိုက်ကြည့်နေတာလဲ..” ယွန်းက ခပ်တိုးတိုးကျိတ်ဟောက်တော့မှ
“ထူးဆန်းတယ် ယွန်းရဲ့… ငါ တခါမှ ခွေးတွေစာသင်ခန်းထဲမှာ ၀င်လိုက်ထွက်လိုက်လုပ်နေတာ မမြင်ဖူးဘူး..”
“ထူးဆန်းမနေနဲ့ ဒါ မြန်မာပြည်…. နောက်ဆို မြွေတွေ ကြွက်တွေတောင် နင်တွေ.ရလိမ့်မယ်… အရင်ကဆို ရွာထဲက နွားတွေပါဝင်တယ်တဲ့..”
စိုးယုရင်ဘတ်ကို လက်နဲ့ဖိရင်း…”တကယ်ကြီး… ဟိဟိ.. ငါ နွားမမြင်ဖူးဘူးဟယ်… အခုဝင်လာရင်ကောင်းမယ်..”
“အရင်ကပါဆိုမှ… နွားက အခုမ၀င်တော့ဘူး… ကျောင်းဝင်းကို ခြံခတ်လိုက်ပြီ.. နင့်ခေါင်းကိုလဲ ငြိမ်ငြိမ်ထား.. ဟိုကောင်တွေက နင် သူတို.ကို လှမ်းကြည့်တယ်ထင်ပြီး သွားအကုန်ပေါ်အောင် ဖြီးပြနေကြတာ တော်ကြာ သွားအအေးပတ်ပြီးသေရင် နင်အမှုပတ်လိမ့်မယ်..” ယွန်းက ကျိတ်ပြီးဆူမှ
နောက်ဆုံးအနေနဲ့ မျက်စိကို ဝေ့ကြည့်ရင်း..”အဟီး… ဟုတ်သားဘဲ.. အပြင်မှာရော အထဲမှာရော အများကြီးဘဲ.. ယွန်း.. ငါတို. တော်တော်ပေါ်ပြူလာဖြစ်နေပြီဘဲ.. ဖတ်စာအုပ်က ငါတို.ပေါ်မှာများထင်နေလားမသိဘူး.. တစ်ယောက်မှ White Board ကိုမကြည့်ဘူး.. ငါတို.ကိုဘဲ ကြည့်နကြတယ်..”
“ပါးစပ်ပိတ်.. စာလုပ်တော့.. တီချယ် ငါတို.ကို ကြည့်နေပြီ..”
စိုးယု ခေါင်းကို ငြိမ့်ရင်း လျာတစ်လစ်ထုတ်ကာ ယွန်းကို ပြောင်ပြပြီး၊ စာသင်နေသောဆရာမထံ အာရုံစိုက်လိုက်သည်..
ယွန်းကတော့ ထုံးစံအတိုင်း မျက်စောင်းအကြီးကြီးထိုးကာ နှုတ်ခမ်းစူနေမည်ကိုတော့ လှည့်ကြည့်နေစရာမလိုဘဲ စိုးယုစိတ်ထဲက သိနေမိသည်…

No comments:

Post a Comment