Friday, February 15, 2013

First Love - Chapter 10


Chapter – 10

“မေမေ .. ယွန်း အိမ်ပြန်ရောက်ပြီ..”
ဧည့်ခန်းက ဆိုဖာပေါ်မှာ မဂ္ဂဇင်းတစ်အုပ်ဖတ်ရင်း ထိုင်နေသော မေမေက မျက်လုံးလှန်ကာကြည့်သည်..
“ဒီနေ့ စောလှချည်လား” ဟု မှတ်ချက်ပေးရင်း သူမစာအုပ်ဘက်ကို ပြန်အာရုံစိုက်သွားသည်..
ယွန်းဘာမှ ဖြေရှင်းချက်မပေးဘဲ မေမေ့ကိုစိုက်ကြည့်နေမိသည်..
“တခုခုများ ပြောစရာရှိနေလား..” ယွန်းဘက်ကို လှည့်မကြည့်ဘဲ မေမေက မေးသည်..
ယွန်းသက်ပြင်း တစ်ချက်ရှိုက်ရင်း
“ဘာမှ မရှိပါဘူး..” ပြန်ဖြေကာ ယွန်းရဲ့ ကိုယ်ပိုင်အိပ်ခန်းဘက်သို. ထွက်လာခဲ့သည်..

……………………………………………


အခန်းထဲရောက်တော့ တစ်လမ်းလုံးထိန်းလာခဲ့တဲ့ မျက်ရည်တွေပါးပေါ်စီးကျလာသည်… သူမရဲ့ ညာဘက်လက်ကို နာနာကျဉ်းကျဉ်းကြည့်ရင်း လက်သီးကျစ်ကျစ်ဆုပ်ထားမိသည်..
“ဒီလက်တွေပေါ့….  စိုးယုကို နာကျင်စေခဲ့မိတာ…” ကိုယ့်ကိုယ်ကို ခပ်တိုးတိုး ပြန်ပြောရင်း ကြမ်းပြင်ပေါ်ဒူးထောက်ချကာ ရှိုက်ငိုမိသည်….
ရင်ထဲမှာ ကိုယ့်ကိုယ်ကို ဒီနေ့လောက် မုန်းမိသည့်နေ့မရှိတော့… ဒါပေမယ့် ဘာကြောင့် မုန်းနေမိလဲ အဖြေရှာမတွေ.

……………………………………..


“ယွန်း”
မေမေဘးမှာ လာထိုင်ပြီး၊ ယွန်းကို ရင်ခွင်ထဲထည့်ကာ ဖက်ထားသည်…
ယွန်း ကလေးလေးတစ်ယောက်လို မေမေ့ရင်ခွင်ကိုဖက်ကာ ရှိုက်ကြီးတငင်ငိုမိသည်… မေမေက ခံစားချက်ကို နားလည်သည့်အလား ယွန်းရဲ့ ဆံပင်တွေကို ညင်သာစွာ သပ်ပေးရင်း….

“စိုးယုက သမီးလေးကို ချစ်တယ်တဲ့လား..”
ငိုနေရင်းမှ ရုတ်တရတ် အံ့သြသွားကာ.. “ဟင်… မေမေဘယ်လိုသိလဲ..”
မေမေက ယွန်းကို နူးညံ့စွာ ပြုံးကြည့်ရင်း “မေမေ့သမီးကို မေမေ၀မ်းနဲ့လွယ်မွေးထားတာဘဲကွယ်… သမီးရင်ထဲမှာ ဘာတွေဖြစ်နေလဲ မေမေသိတာပေါ့..”

“ပြီးတော့ စိုးယုက အဖြူထည်သတ်သတ်လေး.. သူ.စိတ်ကို ခန်.မှန်းရတာလဲ သိပ်လွယ်တယ်လေ.. သမီးပြန်မလာခင်ကမှ သူငိုပြီး အိမ်ပြန်လာတာ၊ မေမေနဲ့ ဓာတ်လှေကားထဲမှာ တွေ.လိုက်တယ်..”

မေမေ့ရင်ခွင်ထဲမှ ရုန်းထွက်ရင်း… “သူ ငိုနေတယ်…”
မေမေက ပြန်မဖြေဘဲ သူမမျက်ဝန်းတွေထဲမှာ အဖြေလိုက်ရှာနေပုံရသည်… ပြီးမှ ယွန်းကို ဆွဲထူရင်း..
“ဧည့်ခန်းထဲ သွားရအောင်..”

……………………………………………

ဧည့်ခန်းထဲရောက်တော့ ဆိုဖာပေါ်မှာ ယွန်းကိုထိုင်စေရင်း၊ မေမေက မျက်နှာချင်းဆိုင် ခုံမှာဝင်ထိုင်သည်..

“သမီး စိုးယုကို ချစ်လား..”

ခပ်သွက်သွက် ခေါင်းကို ယမ်းရင်း.. “သူ သမီးချစ်သူမဖြစ်နိုင်ဘူး..”
မေမေက ပြုံးရင်း.. ”မေမေ မေးနေတာ သမီးသူ.ကိုချစ်လားလို.မေးတာ… သမီးတို.၂ယောက် ချစ်သူဖြစ်နိုင်မဖြစ်နိုင်ကို မေးနေတာ မဟုတ်ဘူး…”

ယွန်းမှာ ပြောစရာ စကားမရှိတော့…
မေမေကတော့ ယွန်းရဲ့ အဖြေကို စောင့်နေဆဲ….
နောက်ဆုံးတော့ ဆုံးဖြတ်ချက်ချရင်း …”သမီး မသိဘူးမေမေ… သေချာတာကတော့ သမီးသူ.ကို သူငယ်ချင်းတစ်ယောက်လိုဘဲခင်တယ်… ညီအစ်မတစ်ယောက်လို အားကိုးတယ်.. ဒါပေမယ့် သူ သမီးရဲ့ ယုံကြည်ချက်တွေကို အလွဲသုံးစားလုပ်တယ်… ပြီးတော့ သမီး သူ.ကို ပါးရိုက်ခဲ့မိတယ်…”

မေမေ ရင်ဘတ်ကိုဖိရင်း…. “ဘုရားရေ… စိုးယုကို ပါးရိုက်ခဲ့တယ်.. မေမေ့သမီးကို ဒီလို အရိုင်းစိတ်တွေဝင်အောင် မေမေ မထားခဲ့ပါဘူး… ဘာလို.အဲလို စိတ်ကြီးရတာလဲ သမီးရယ်..”
“ယွန်း မသိဘူးမေမေ… အဲဒီအချိန် ယွန်းထူပူပြီး၊ လုပ်မိလုပ်ရာ လုပ်ခဲ့တာ… ပြီးတော့ သူ.စကားလဲ ဆုံးအောင် နားမထောင်ခဲ့ဘူး… စိတ်လဲ ဆိုးတယ်.. စိတ်မကောင်းလဲ ဖြစ်တယ်..”

“ပြီးတော့…” မေမေက စကားထောက်ပေးသည်…

“ပြီးတော့ ယွန်းဖေဖေ့ကို ချစ်တယ်မေမေ…”

မေမေ့စကားသံတွေ တိတ်ဆိတ်သွားသည်… ယွန်းကို မကြည့်ဘဲ အဝေးတစ်နေရာသို. ငေးမောနေသော မေမေ့ကို ၀မ်းနည်းစွာ ကြည့်ရင်း…

“ယွန်း တောင်းပန်ပါတယ်မေမေ…”
မေမေ အခုမှ သတိပြန်ဝင်လာသလို… “သွား… စိုးယုကို သွားတောင်းပန်ချေ… မချစ်နိုင်ရင်လဲ မချစ်နိုင်တာကို အပြတ်ပြောခဲ့.. သူများအချစ်ကို အရူးမလုပ်နဲ့….  “

ယွန်း မျက်ရည်တွေ သုတ်ပြီး မေမေ့စကားနားထောင်ကာ စိုးယုဆီ သွားဖို. ပြင်သည်… အမှန်တော့ မေမေ မပြောလဲ စိုးယုကို တောင်းပန်ဖို. စိတ်ကူးပြီးသားပါ…

တံခါးဖွင့်ပြီး အပြင်ထွက်ခါနီးမှ.. အတန်ကြာ ငြိမ်သက်နေသော မေမေက…
“ယွန်း… သူ.ကို သူငယ်ချင်းအဖြစ်ရော ဆက်ခင်နိုင်လား..”
ယွန်းခေါင်းကို ငြိမ့်ရင်း… “ ခင်နိုင်တာပေါ့ စိုးယုက ယွန်းရဲ့ အခင်ဆုံးသူငယ်ချင်းဘဲ..”
မေမေခေါင်းကို တဆတ်ဆတ်ငြိမ့်ရင်း စီးကရက်ဗူးဆီသို. လက်လှမ်းသည်ကို မမြင်ချင်ယောင်ဆောင်ပြီး၊ စိုးယုအခန်းဆီသို. ထွက်လာခဲ့သည်…

………………………………………………………


Ting Tong~~~ Ting Tong~~~

လူခေါ်ဘဲလ်ကို နှိပ်ပြီး တော်တော်ကြာသည်အထိ စိုးယု တံခါးလာဖွင့်မပေး…
တံခါးလက်ကိုင်ဘုကို လှည့်ကြည့်လိုက်တော့ စိုးယုတစ်ယောက် တံခါးကို Lock ချမထား..
အိမ်ခန်းထဲမှာ ဘယ်သူမှမရှိ….. အိပ်ခန်း၊ မီးဖိုချောင်၊ ရေချိုးခန်း အကုန်ရှာကြည့်သည်…. မတွေ.
ယွန်း စိတ်ပူစပြုနေပြီ….

“တံခါးလော့ခ်မချဘဲနဲ့ ဘယ်တွေလျှောက်သွားနေပါလိမ့်၊ အပြင်မှာလဲ အဲလောက်မိုးတွေရွာနေတာ ၀ရံတာတံခါးလဲ ပိတ်မထားဘူး.. အိမ်ထဲရေတွေဝင်ကုန်ပြီ….”
ပါးစပ်က ခပ်တိုးတိုးရေရွတ်ရင်း…. ၀ရံတာဘက်ဆီသို. လှမ်းလာခဲ့သည်…
ဝရံတာအရောက် တံခါးဆွဲပိတ်မည်အလုပ်…
“ဟယ်… စိုးယု..”
ဝရံတာ တံခါးနောက်ကွယ်တွင် ဒူးလေးကိုလက်ဖြင့်ပိုက်ကာ ငိုနေသော ကောင်မလေး…
ယွန်းကို မြင်မှ ပို၍တိုးကာ ငိုလာပြီး၊ တစ်ကိုယ်လုံးလဲ တုန်ရီနေသည်…. မိုးတွေရွှဲရွှဲစိုလို.

“စိုးယုရယ်…” ယွန်း စိတ်မကောင်းစွာ ရေရွတ်ရင်း သူမကို ဆွဲထူမိတော့…
ယွန်းကိုဖက်ကာ … ”ငါတောင်းပန်ပါတယ် ယွန်းရယ်.. မချစ်နဲ့ဆို မချစ်တော့ပါဘူး… ငါ့ကို မမုန်းပါနဲ့…. ငါ နင်မုန်းမှာ ကြောက်လို.ပါ..”
စိုးယုရဲ့ ခေါင်းကို ဖွဖွလေးခေါက်ရင်း…. “အရူးမလေး နင်လုပ်တာ ငါမှ စိုကုန်ပြီ၊ အိမ်ထဲမြန်မြန်ဝင်ရအောင်၊ နင်ကငါ့ သူငယ်ချင်းဘဲ… ဘာလို. မုန်းရမှာလဲ..”
စိုးယု မယုံသင်္ကာနှင့် မော့ကြည့်ရင်း… “နင်တကယ်ပြောတာလား… ငါတို.က သူငယ်ချင်းတွေဆိုတာလေ…”
“တကယ်ပေါ့… ငါတို.က သူငယ်ချင်းတွေဘဲလေ… နင်ငါ့ကို စိတ်ဆိုးအောင်လုပ်ပေမယ့်လည်း၊ နင်နဲ့ငါက သူငယ်ချင်းဘဲလေ… ပြီးတော့ ငါတောင်းပန်ပါတယ်… ငါလက်လွန်သွားခဲ့တယ်.. နင်အရမ်းနာသွားလား..”
ခေါင်းကိုခါယမ်းရင်း… “ဟင့်အင်း… လုံးဝမနာဘူး… သူငယ်ချင်းအဖြစ်ပြန်လက်ခံပေးတာ ကျေးဇူးပါ..”
ယွန်းက ပြုံးပြရင်း စိုးယု ပါးကိုညာလက်လေးဖြင့် ပွတ်မိတော့… “ဟာ… နင် ကိုယ်တွေပူခြစ်နေတာဘဲ… အအေးမိပြီထင်တယ်..

“ငါ နေကောင်းပါတယ်.. အ၀တ်အစားလဲလိုက်ရင် ကောင်းသွားမှာပါ..”
“အိမ်ထဲဝင် အင်္ကျီမြန်မြန်လဲ… ဆေးသောက်ရမယ်၊ ဘာဆေးရှိလဲ..“
“မသိဘူး… အံဆွဲထဲမှာရှာကြည့်..” ဟု ပြောရင်း စိုးယု အ၀တ်လဲဖို. အိပ်ခန်းထဲ ထွက်လာခဲ့သည်….
ယွန်းကတော့ စိုးယုရဲ့ ဧည့်ခန်းထဲမှ စာကြည့်စားပွဲ အံဆွဲကိုဖွင့်ကာ ဆေးသောက်ဖို. လိုက်ရှာနေမိသည်…
“ဟာ.. ဘာမှလဲ မရှိဘူး…” စိတ်ပူစွာရေရွတ်ရင်း… အနီးမှ Laptop ကို လက်နဲ့ မတော်တဆ ထိမိပြီး၊ Sleep ဖြစ်နေသော computer ကို On လိုက်သလိုဖြစ်သွားသည်….
Password ထည့်မထားသော စိုးယုရဲ့ Laptop မှာ ယွန်း၎တန်းကျောင်းသူဘ၀ကပုံ Screensaver တတ်လာသည်..

“အို..” နှုတ်ခမ်းလေးဝိုင်းသွားကာ မနေနိုင်စွာ ပိုင်ရှင်မသိခင် laptop ကို စပ်စပ်စုစုလျှောက်မွှေဖြစ်တော့..
ယွန်းနဲ့ ပတ်သက်ပြီး စိုးယုရဲ့ ခံစားချက် ဒိုင်ယာရီ Note လေးက ယွန်းကို ဘယ်လောက်ချစ်ကြောင်း၊ ယွန်းရဲ့ အချစ်ကို မည်မျှ မျှော်လင့်ကြောင်းတွေ ရေးထားပုံက ယွန်းရင်ကို မြှားစူးစူးတစ်ချောင်းနှင့်လာစိုက်နေသလို..
မိနစ်ဝက်လောက် ငြိမ်သက်စွာတွေးတောနေပြီးမှ… စိုးယုအတွက် ဆေးရှာနေတာကို သတိရသည်…
“စိုးယု အ၀တ်အစားလဲ ပြီးပြီလား…” အိပ်ခန်းထဲသို. လှမ်းအော်ကာမေးရင်း၊ လူကလဲ အိပ်ခန်းထဲ ခပ်သွက်သွက်လျောက်သွားမိသည်…
အခန်းထဲရောက်တော့… စိုးယုတစ်ယောက် ကြမ်းပေါ်မှာ….

“မေမေရေ…………….”

……………………………………………………

No comments:

Post a Comment