Wednesday, February 20, 2013

Vampire Lover CHAPTER - 3 (THE END)


CHAPTER – 3

May~~

မျက်လုံးတွေမဖွင့်ခင် နှာခေါင်းထဲမှာ ရနေတဲ့အနံ.တွေက သူမကို အိမ်မှာမဟုတ်ဘူးဆိုတာ သေချာစေသည်။

အနံ့… ဟုတ်တယ် ………
ပျားဖယောင်းတိုင်လိုလို သစ်သီးရနံ့လိုလိုနဲ့ မူးယစ်ချိုအီစေသောရနံ့တွေ………

ပြီးတော့ အတွေ.
သူမခန္ဓာကိုယ်အောက်က နူးညံ့လွန်းသော ပိုးစအထိအတွေ.
သူမခန္ဓာကိုယ်မှာ နာကြင်ခြင်းတွေမရှိဘဲ အကောင်းပကတိလို လန်းဆန်းနေခဲ့တာ..
သူမသေဆုံးသွားပြီလား………. မနေ့ညက…..
သေဆုံးသွားပြီဆိုသောအသိက သူမမျက်လုံးတွေကို ခပ်ကျယ်ကျယ်ဖွင့်ဖို. တွန်ုးအားတွေပေးသည်…….
မျက်လုံးတွေဖွင့်လိုက်တော့ ပြူတင်းပေါက်မှ နေရောင်ခြည်က သူမရှိနေသော အခန်းကျဉ်းလေးဆီဖြာကျလျက်….

အခန်းထဲမှာ အမျိုးအစားမသိသော Indoor Plant လေး၂ပင်ကလွဲလျှင် ဘာပရိဘောဂမှမရှိဘဲ ရှင်းလင်းလျက်..
နံရံပေါ်က အဆင့်လေးထက်မှာတော့ ဖယောင်းတိုင်၂တိုင် မီးညှိထားသည်…… အခုမှသတိထားမိတာက သူမရရှိနေတဲ့ ရနံ.တွေက ထိုဖယောင်းတိုင်၂တိုင်မှဖြစ်မည်….
ပိုးသားစခင်းထားတဲ့ အိပ်ယာခင်းနှင့် ကြက်သွေးရောင်ကတ္တီပါစောင်က သူမခန္ဓာကိုယ်ကို နူးညံ့နွေးထွေးစေသည်….

အထူးသဖြင့် ဝေဒနာတွေ…….. သူမခန္ဓာကိုယ်မှာ ဘာဒဏ်ရာမှမရှိတော့…… အရာရာဟာ သန်.ရှင်းသပ်ရပ်ပြီး၊ အကောင်းပကတိ….
သေချာတာက သူမအသက်ရှင်နေသေးတယ်….
ပါးစပ်ထဲမှာ ပုံမှန်မဟုတ်တဲ့ အရသာတစ်ခု……… သူမနှုတ်ခမ်းတွေက တစ်ခုခုကို ခံစားမိသလို…………..

အနမ်း……..
ဟုတ်တယ်….. သူမရဲ့ ပထမအနမ်း…..
ဒါဆို……. သူမတို.ရဲ့ ရိုးရာအရ ပထမအနမ်းပိုင်ရှင်က သူမရဲ့ဖူးစာဖက်…….
အာရုံထဲမှာ ပြန်ပေါ်လာတာက.. ဝေဒနာတွေနဲ့ နာကျင်နေတဲ့အချိန်မှာ နူးညံ့တဲ့ အနမ်းတစ်ခု……….
အဲဒီအနမ်းပိုင်ရှင်က ကယ်တင်ခဲ့တာ…….

Xxxxx xxxxxxxxx

သူမရဲ့ Angel က ဘယ်သူပါလိမ့်………
အတွေးတွေနဲ့ ချာချာလည်နေချိန် အခန်းတံခါးက ခပ်ဖြေးဖြေးပွင့်လာခဲ့သည်………
.
.

“မင်း နိုးပြီလား..”  စွဲမက်ဖွယ် သာယာသော အသံပိုင်ရှင်က ချိုမြိန်သော အပြုံးတစ်ခုကို မျက်နှာမှာဆင်မြန်းထားတဲ့ မနေ့ည လရောင်အောက်က ကောင်မလေး…..
သူမ စကားပြန်မပြောနိုင်ဘဲ ငေးကြည့်နေတော့……..
“အင်း.. ကြည့်ရတာ မင်းနေကောင်းသွားပါပြီ..” သူမ ကုတင်ပေါ်မှာ ၀င်ထိုင်ရင်း၊ ခန္ဓာကိုယ်ကို စစ်ဆေးရင်း မှတ်ချက်ချသည်……..
သတိထားမိတာက သူမရဲ့ နူးညံ့တဲ့ မျက်ဝန်းတွေ………..

ဘုရားရေ… သူမမျက်ဝန်းမှာ မျက်ဆံတွေက ကြောင်တစ်ကောင်လို သေးသွယ်ရှည်လျားနေပါရောလား…….
ရွှေအိုရောင်မျက်ဝန်းအိမ်က ဒေါထွက်ချိန်မှာ မီးတောက်တစ်ခုလို အနီရောင်တောက်တောက်ကို ပြောင်းလဲသွားနိုင်မယ်ဆိုတာ သေချာနေသလို……..
ဒါဆိုရင်..
သူမက Angel မဟုတ်ဘူးပေါ့……………..

.
.
Vampire Zon နဲ့ Zuu ဆိုတဲ့ ကောင်မလေး၂ယောက် ချစ်သူဖြစ်ပြီး မိဘတွေမသိအောင် ဒီမြို.ကို ခိုးပြေးလာခဲ့ကြဖူးတယ်…
သူတို.၂ယောက်က အရမ်းချစ်စရာကောင်းပြီး လူတွေကို ကူညီတတ်တယ်….
၃နှစ်လောက်အကြာမှာ Zuu  ရုတ်တရက်သေဆုံးသွားခဲ့တယ်..
အဲဒီအချိန်ကတည်းက Zon တစ်ယောကက် အနောက်ဘက်တောအုပ်လေးထဲမှာ တစ်ယောက်တည်း အထီးကျန်စွာနေခဲ့ပြီး၊ လပြည့်ညတိုင်းမှာ လူသားတွေကို ကယ်တင်ဖို. ထွက်လာတတ်တယ်…….
.
.
.
ဒါက သူမငယ်ငယ်ကတည်းက ကြားခဲ့ဖူးတဲ့ အိပ်ရာဝင်ယုံတမ်းပုံပြင်တစ်ပုဒ်ပေါ့….
အခုတော့……. အခုတော့… အဲဒီ Vampire မလေးက သူမ ရှေ.မှာ………..
ချစ်ခြင်းတွေပြည့်နေတဲ့ သူမရဲ့ မျက်ဝန်းတွေကို ခံစားမိတယ်……
ပထမအနမ်း… ဒါဆို သူမဘ၀ရဲ့ ပထမအနမ်းက Vampire တစ်ယောက်နဲ့ပေါ့……

Vampire တစ်ယောက်နဲ့အတူနေဖို. ဆုံးဖြတ်ခဲ့ရင်.. အဲဒီလူသားက အရှေ.အရပ်ကို ဘယ်တော့မှ ပြန်လာခွင့်မရှိတော့ဘူး………

ဒါ သူမတို.မြို.က စည်းမျဉ်းတစ်ခု……..
သူမအတွက် အရှေ.အရပ်မှာ ဘယ်သူတွေစောင့်နေမှာလဲ… မိဘမဲ့ ညကလပ်မှာ အလုပ်လုပ်တဲ့ အကမယ်လေးတစ်ယောက်အတွက်…….
အတွေးတွေ ခေါင်းထဲမှာ ………..

Xxxxxxxxxxxx


“အသက်ကယ်ပေးတာ ကျေးဇူးပါ Vampire Zon” သူမရဲ့ အံ့သြသွားတဲ့ မျက်ဝန်းတွေကို ကြည့်ရင်း…..
“ရပါတယ်… ဒါ ကိုယ်လုပ်သင့်တဲ့အလုပ်ဘဲ..” သူမက ခေါင်းကိုငုံ.သွားပြီး၊ ခပ်တိုးတိုးဖြေသည်…
“ဒါပေမယ့်.. မင်းရဲ့ သွေးတွေ ငါ့ခန္ဓာကိုယ်ထဲ မထည့်သင့်ဘူး… ငါ …. သေသွားတာမှကောင်းဦးမယ်.. အခုတော့…” သူမ အေးစက်စက်ပြန်ပြောမိသည်…
သူမက Vampire သွေးတစ်ဝက်ရောနေတဲ့ လူသားတစ်ယောက်ဖြစ်နေရပြီ…
လူတွေကြားကို ပြန်ဝင်နေဖို. သူမအတွက်……..
“ဟား…….” ခေါင်းကို ခပ်ကြမ်းကြမ်းခါယမ်းရင်း ဘေးမှာ ခေါင်းငုံ.ပြီး ထိုင်နေသော ကောင်မလေးကို စိုက်ကြည့်မိသည်………

မျက်ရည်………

Vampire တစ်ယောက်မှာ မျက်ရည်ရှိသတဲ့လား…….
သူမရဲ့ မျက်ရည်တွေကို မမြင်ရပေမယ့်… Zon ငိုနေတာ သေချာတယ်……
တစ်ခါမှ မဖြစ်ဖူးတဲ့ ခံစားချက်က သူမရင်ထဲကို ၀င်လာသည်…
လိပ်ပြာလေးတွေ နှလုံသားထဲမှာ ပျံသန်းနေသလို…………


ဆုံးဖြတ်ချက်တစ်ခုချရင်း စိတ်ကို လျော့ချလိုက်သည်….. ငိုနေသော ကောင်မလေးကို ရင်ခွင်ထဲသိုခပ်ကြမ်းကြမ်း ဆွဲဖက်ကာ ……..
သူမ နားနားကပ်ရင်း တီးတိုးပြောလိုက်သည်က…

“လူတွေကြားထဲ ပြန်သွားလို.မဖြစ်တဲ့ ကိုယ့်ကို မင်းတစ်သက်လုံးတာဝန်ယူသင့်တာပေါ့..”
သူမလက်မောင်းအောက်က Vampire မလေးရဲ့ မျက်ဝန်းတွေမှာ အံ့သြ၀မ်းသာခြင်းအရောင်တွေတောက်လို.

ခုတော့ သူမ မျက်ဝန်းတွေက ခရမ်းရောင်ဖြစ်နေပါလား………း)

No comments:

Post a Comment