Saturday, February 16, 2013

Vampire Lover - Chapter 2


CHAPTER - 2

Vempire Zon~~

လပြည့်ညတွေမှာ ဒီမြို.ထဲကျင်လည်ကျက်စားတတ်တာ သူမရဲ့အကျင့်…

သူမအရမ်းချစ်ခဲ့ရတဲ့ ဇနီးဆုံးပြီးကတည်းက၊ သူမတစ်ယောက်တည်း အနောက်ဘက်ခြမ်းက Vampire တောင်ကုန်းလေးမှာ ငြိမ်သက်စွာအချိန်တွေကုန်ဆုံးရင်း လပြည့်ညတွေမှာ မြို.ထဲလမ်းလျောက်ထွက်မြဲ…
လူဆိုးတွေကို ဆုံးမတတ်ပြီး လူကောင်းတွေကို ကယ်တင်တတ်သူ…

အခုလဲ မြို.ထဲလမ်းမတွေမှာ လမ်းလျောက်ရင်း ကောင်မလေးတစ်ယောက်ရဲ့ အော်သံကိုကြားလိုက်ရသည်…
အသံလာရာသွားကြည့်တော့ မိန်းကလေးတစ်ယောက်ကို Gangster ၆ယောက်က အနိုင်ကျင့်ဖို.ပြင်နေကြခြင်း..

ထိုမိန်းကလေးရဲ့ ခန္ဓာကိုယ်မှာ သွေးတွေနှင့်..
သူမရောက်သွားတော့ မျက်လုံးတွေက အားကိုတကြီးအရောင်တွေ ဖျတ်ခနဲလတ်ပြီး၊ ချက်ချင်းမှိန်ကျသွားသည်..

ပြီးတော့ နောက်ဆုံးကြားလိုက်ရတာက “ထွက်သွား၊ ပြေး… “ တဲ့
သူမလဲကျသွားပြီ….
ထိုမိန်းကလေးထင်သွားတာက Zon ကို သူမလိုသာမန်မိန်းကလေးထင်သွားတာဖြစ်မည်..
Zon ခေါင်းတစ်ချက်ခါယမ်းရင်း ဆံပင်တွေကိုလေထဲလွင့်အောင် ခါပစ်လိုက်သည်….

အေးစက်စက်အကြည့်တွေနှင့် ထိုလူ၆ယောက်ဆီသို. တရွေ.ရွေ.
ကြောင်တစ်ကောင်လို ၀ှက်ထားသောလက်သည်းတွေကို ခါထုတ်ရင်း.. တစ်ယောက်ပြီးတစ်ယောက်ရဲ့ နှလုံးသားနေရာဆီသို. ..…

“အား….”
အသံနက်အချို.က ညရဲ့တိတ်ဆိတ်ခြင်းကို ခေတ္တတုန်လှုပ်သွားစေသည်…
ဒါပေမယ့် ခဏလေးပါဘဲ….. အသက်မဲ့ ခန္ဓာကိုယ်၆ခုက လမ်းပေါ်မှာ… သူတို.နှလုံးသားတွေက အပြင်ဘက်သို. ထွက်ကျလျက်….

ဒီလောက်ဆို လုံလောက်ပါပြီ…

သွေးညှီနံ့ကြောင့် အခြား Vampire တွေမလာခင်.. လမ်းပေါ်မှာ သွေးအလိမ်းလိမ်းနဲ့ လဲကျနေသော ကောင်မလေးကို ပွေ.ချီလာခဲ့ပြီး နေထိုင်ရာအနောက်ဘက်တောအုပ်သို. သယ်ဆောင်လာခဲ့သည်…
မြန်မြန် မြန်မြန်…

ခြေလှမ်းတွေကို မြန်နိုင်သမျှ ခပ်သွက်သွက်..
သူမအသက်ကို ဘာလို.အဲဒီလောက်ကယ်ချင်နေလဲ ကိုယ့်ကိုယ်ကိုတောင်မသိနိုင်တော့…
အသိမဲ့နေသော ကောင်မလေးရဲ့ ခန္ဓာကိုယ်အထိအတွေ.က သူမလက်ဖ၀ါးမှတဆင့် နှလုံးသားထဲထိ သွေးတွေဆူပွက်လာသလို…..


အခန်းထဲရောက်ရောက်ချင်း သူမကို  ပိုးသားခင်းထားသော အိပ်ရာပေါ်သို. သက်တောင့်သက်သာဖြစ်အောင် တင်လိုက်သည်……

ခန္ဓာကိုယ်က ဒဏ်ရာတွေစစ်ကြည့်တော့ နံရိုးကကျိုးပြီး ခန္ဓာကိုယ်အထဲဝင်စိုက်နေသည်… ဒီအတိုင်းဆို သူမမှာ အသက်ရှင်ဖို. အခြေအနေသိပ်မလွယ်….

ခြေကျင်းဝတ်လည်သွားတာကို အရင်ပြန်တည့်လိုက်ရင်း သူမခန္ဓာကိုယ်က သွေးတွေကို အ၀တ်ဖြူတစ်ထည်နှင့် သေချာသုတ်ပေးဖြစ်သည်….
သူမကို လက်လွှတ်လိုက်ရမလား.. အသက်ရှင်အောင်လုပ်ပေးရမှာလား…

နစ်ဝင်နေသော နံရိုးကိုဆွဲထုတ်ရင်း နေရာပြန်တည့်ပေးတော့ သွေးတွေတလဟောထပ်ထွက်လာပြန်သည်…
သွေးတွေ.. သက်ရှိလူသားတစ်ယောက်ရဲ့သွေးတွေက သူမကိုဆာလောင်လာစေသည်…
နှုတ်ခမ်းကို လျာနှင့်သပ်ရင်း……..

အသက်ကြိုးစားရှူနေသော ကောင်မလေးရဲ့ မျက်နှာကို စိုက်ကြည့်ကာ ချစ်ဇနီး Zuu ကိုသတိရမိသည်…
ရင်ထဲမှာ Zuu ဆုံးပြီးကတည်းက ထပ်မဖြစ်ပေါ်ခဲ့ဖူးသော ချစ်ခြင်းတွေ..
မျက်နှာလှလှလေးကိုကြည့်ရင်း သွေးတွေဆူပွက်လာခဲ့ပြီ……


ဆုံးဖြတ်ချက်တစ်ခုကို ခပ်မြန်မြန်ချလိုက်သည်…
သူမရဲ့ Vampire သွေးတွေနဲ့ သူမကို ကယ်တင်ဖို.

မျက်နှာရှေ.၀ဲကျနေသော ဆံပင်တွေကို သပ်တင်ရင်း သူမလက်ဖမိုးကို သွားချွန်ချွန်တွေနှင့် ကိုက်ဖောက်လိုက်သည်…
အနီပုပ်ရောင် ခပ်ညစ်ညစ်သွေးတွေကို ပါးစပ်နှင့်အပြည့်စုပ်ယူရင်း.. ကုတင်ပေါ်မှာ လှဲနေသော မိန်းကလေးဆီသို.
သူမရဲ့ နှုတ်ခမ်းအစုံကို လက်နှင့်ဆွဲဖွင့်ဟရင်း… Zon နှုတ်ခမ်းထဲမှ သွေးတွေ သူမခန္ဓာကိုယ်ထဲ စီးဆင်းစေသည်…

ပြီးတော့ အနမ်းတွေ……… သံလိုက်ဓာတ်ပါသော သူမရဲ့ နှုတ်ခမ်းတွေက အနမ်းတွေဖြစ်ပေါ်လာအောင် စိတ်ကိုနှိုးဆွနေသည်…………
နစ်မျောစွာ နမ်းနေရင်း သူမကြားလိုက်ရတာ ပုံမှန်ပြန်ဖြစ်လာသော နှလုံးခုန်သံတစ်ခု………
ခန္ဓာကိုယ်ကိုကြည့်လိုက်တော့ သွေးထွက်နေသော ဒဏ်ရာတွေ ပြန်ပိတ်စပြုနေပြီ… နံရိုးကသွေးတွေလဲ ထွက်တာရပ်သွားပြီ……

ဒါဆိုရင်တော့ စိတ်ချရပြီဆိုတာ နားလည်လိုက်သည်..
ခက်နေသည်က နှုတ်ခမ်းတွေ…… မခွာချင်သော်လည်း စိတ်ကိုလျော့ကာ သူမကို ထိကပ်ထားသော နှုတ်ခမ်းတွေကို ဖယ်ရှားလိုက်သည်…
သွေးစီးကြောင်းတစ်ခုက သူမတို. နှုတ်ခမ်းနှစ်ခုကြားမှာ သံယောဇဉ်ကြိုးတစ်ခုလို ကပ်ငြိပါလာသည်…
နှုတ်ခမ်းကို လျာနှင့်သပ်ရင်း သူမခန္ဓာကိုယ်ပေါ်က ခြောက်သွေ.စပြုနေသော သွေးတွေကို အရသာခံကြည့်သည်….
အရသာ…..
သူမသွေးတွေက ချိုမြိန်လွန်းလှသည်… တိတိကျကျပြောရလျှင် ပျားရည်လိုအရသာ…
ယစ်မူးစေသည်…


သွေးတွေဖယ်ရှားပြီးတော့ စုတ်ပြဲနေသော အ၀တ်တွေဖယ်ရှားရင်း သူမဂါဝန်တစ်စုံနှင့်လဲပေးဖြစ်သည်…
သတိထားမိတာက သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှ…
ခေါင်းကိုခါယမ်းရင်း၊ အိပ်ပျော်နေသောကောင်မလေးကို စောင်ခြုံပေးပြီး အခန်းထဲမှထွက်လာခဲ့သည်….
အတွေးထဲမှာတော့ စွဲမက်ဖွယ်ကောင်းလွန်းသော လူသားမလေးအကြောင်းက ခေါင်းတစ်ခုလုံးပြည့်နှက်လျက်…

No comments:

Post a Comment