CHAPTER - 1
လပြည့်ည….
ကောင်းကင်မှာ လမင်းကသာနေသလောက် သူမခေါင်းတွေချာချာလည်နေသည်။ သူမအလုပ်လုပ်တဲ့
ညကလပ်မှာ စိတ်ညစ်ညစ်နဲ့သောက်ခဲ့သမျှတွေ အခုတော့ အိမ်အပြန်လမ်းမမှာ ဒုက္ခပေးနေပြီ။
အိမ်အပြန်လမ်း…
ဟုတ်တယ်လေ.. သူမဒီလမ်းကိုအသုံးပြုပြီး အိမ်ပြန်ခဲ့တာ ဆယ်စုနှစ်မကရှိခဲ့ပြီဘဲ…
ဘယ်တော့မှ မှားနိုင်စရာမရှိတဲ့လမ်းတွေ… ဒီမြို.လေးထဲမှာ မွေးပြီး
ကြီးပြင်းလာရသူ…
မကောင်းမှုဒုစရိုက်တွေနဲ့ပြည့်နှက်နေတဲ့ မြို.
ယုံတမ်းပုံပြင်တွေနဲ့ မရေမရာတွေကို သေချာနေတဲ့မြို.
“ဒေါက်.. ဒေါက်..ဒေါက်..”
ယိုင်တိယိုင်တိုင် လှမ်းနေတဲ့သူမခြေထောက်အောက်က ဒေါက်ဖိနပ်သံက တိတ်ဆိတ်တဲ့ညကို
ပိုချောက်ချားလာစေသလို….
“အာ…” လမ်းလျောက်ရင်း၊ မိုက်ခနဲယိုင်ချင်လာတာနဲ့ နဘေးမှာရှိတဲ့
ဆိုင်းဘုတ်တစ်ခုကို ကိုင်ရင်းခဏမှီလိုက်တယ်..
အသက်ကိုဖြေးဖြေးရှူရင်း အောက်နှုတ်ခမ်းကိုသွားဖြင့်ခပ်ဖွဖွကိုက်တာ
ခပ်တိုးတိုးညည်းမိသည်.. “Shit..”
ခေါင်းထဲတစ်စစ်စစ်ဖြစ်နေတာ နည်းနည်းငြိမ်တော့၊ အိမ်ပြန်ဖို.လမ်းကို
ဦးတည်ရင်း ဘာရယ်မဟုတ် ခုနကဆိုင်းဘုတ်ကိုလှည့်ကြည့်မိသည်…
“What the hell….” ဒီလမ်းပေါ်မှာ တစ်ခါမှမမြင်ဖူးခဲ့သော အလူမီနီယမ်
အရောင်ဆိုင်းဘုတ်တစ်ခု…
မူးရီရီဖြစ်နေသော မျက်လုံးတွေကို သေချာဖွင့်ပြီး ပြန်ဖတ်တော့….
“သြော်..”
“ဓာတ်ဆီဆိုင် ဆိုင်းဘုတ်တစ်ခုဘဲ..”
ပုံမှန်အချိန်မှာ အဖြူနဲ့ အနက်ရောင်ဖြစ်ပေမယ့် အခုလို လပြည့်ညမှာတော့
လရောင်ကြောင့် မီးခိုးရင့်ရင့် အလူမီနီယမ်ရောင်ပြောင်လက်နေတဲ့ ဓာတ်ဆီဆိုင်က မီးသတိပြု၊
အန္တရာယ်ရှိသည်ဆိုတဲ့ သတိပေး ဆိုင်းဘုတ်က အရိုးခေါင်းပုံက တိတ်ဆိတ်တဲ့လမ်းမှာ ချောက်ချားစရာတစ်ခုလိုလို…
..
ခေါင်းကိုခါယမ်းရင်း အိမ်ပြန်လမ်းကို ဆက်လျောက်ဖို.ကြံရင်း သတိထားမိတာက…
ဘာလို. ဒီနေ့ညက အရမ်းတိတ်ဆိတ်နေပါလိမ့်….
ည၁၂နာရီဆိုတာ နေ့လည်နေ့ခင်းလို ဆူညံမနေသင့်ပေမယ့်.. ဒီလောက်ထိတော့
လွန်မင်းစွာ တိတ်ဆိတ်မနေသင့်ဘူးလေ…
မျက်နှာပေါ်ဝေ့၀ဲကျလာသော ဆံနွယ်တွေကို ညာဘက်လက်သည်းချွန်အချို.နဲ့ပင့်တင်ရင်း
ခပ်လေးလေး ဆက်လျောက်လာခဲ့တယ်…
“ဒေါက်.. ဒေါက်..ဒေါက်..”
သူမလမ်းလျောက်တိုင်း မြည်နေတဲ့ ဒေါက်ဖိနပ်သံကို ဒီညတော့ နည်းနည်း
စိတ်တိုချင်မိသည်… လပြည့်ညက ဒီလိုချောက်ချားစရာမှန်းသိရင် အလုပ်ကသူငယ်ချင်းတွေကိုစောင့်ပြီး
တူတူပြန်ပါတယ်…. အခုတော့ မန်နေဂျာနဲ့ စကားများပြီး စိတ်ညစ်ညစ်နဲ့ ခပ်စောစော တစ်ယောက်တည်းပြန်လာခဲ့မိတာကိုဘဲ
မှားပြီလိုလို ခံစားမိသည်…
ဒါမှမဟုတ်လဲ ပိုက်ဆံကပ်စီးနည်းမနေဘဲ Taxi ငှားစီးပြီးအိမ်ပြန်သင့်ခဲ့တာ….
အတွေးတွေများနေတုန်း၊ ညနက်ရဲ့ ခပ်သော့သော့လေတစ်ချို. သူမခန္ဓာကိုယ်ကိုဖြတ်တိုက်သွားမှ
သတိထားမိတာ သူမရဲ့ ချည်ထည်ဂါဝန်လေးက အရမ်းကိုတိုကပ်နေခဲ့တာ….
နွေရာသီမှာ ဒီလိုဝတ်မိတာ သူမအပြစ်တော့မဟုတ်ဘူးလေ… ရာသီဥတုက ပူလွန်းတာကို…
ပခုံးမှာလွယ်ထားတဲ့ သားရေတုအိတ်ရဲ့ကြိုးကို ခပ်တင်းတင်းဆုပ်ရင်း
အိမ်အပြန်လမ်းကို ဆက်အလှမ်း….
“နေပါဦး..” ကိုယ့်ဘာသာ ခပ်တိုးတိုးပြောရင်း သတိရမိသည်က…
ခုနက ဓာတ်ဆီဆိုင်ဆိုင်းဘုတ်က မြှား….
မြှားက အနောက်အရပ်ကို ညွှန်ပြထားတယ်လေ… အနောက်အရပ်ဆိုတာက သူမတို.မြို.ထဲက
ပုံပြင်တွေအရ Vampire တွေ၊ စုန်းတွေနေကြတဲ့နေရာ…
သူမအိမ်က အရှေ.ဘက်မှာ… ဟုတ်တယ်… လူတွေက အရှေ.အရပ်မှာနေကြတာ…
“လမ်းမှားနေခဲ့ပြီဘဲ.. ဒါကြောင့် လမ်းတွေက ပုံမှန်ထက် တိတ်ဆိတ်နေတာ…”
ထိုးကိုက်လာသည့် ခေါင်းကို ခပ်ဖွဖွထုရင်း စိတ်ဓာတ်ကျစွာ ညည်းမိသည်…
လမ်းမအလယ်မှာ ဖြာကျနေသည့် လရောင်ကို အားယူကြည့်ပြီး၊ အရှေ.အရပ်ကို
သွားတဲ့လမ်းဘက်ကို ခြေဦးပြန်လှည့်သည်….
မဖြစ်နိုင်မှန်းသိရက်နဲ့ အနီးအနားမှာ Taxi တစ်စင်းတစ်လေများလာမလားလို.
မျက်လုံးကို ဝေ့၀ဲကြည့်မိတော့…
အရိပ်တချို.-----
ရေခဲရေတွေ ရင်ထဲကိုလောင်းချလိုက်သလို……… နှလုံးသားတစ်ခုလုံး အေးခနဲ………..
အနောက်ဘက်အရပ်မှာ Vampireတွေ၊ စုန်းတွေထက် ကြောက်စရာကောင်းတဲ့
Gangster တွေ……
စုစုပေါင်း ၆ယောက်… သူမရှိရာအရပ်ကို လာနေကြပြီ…
သူတို.လက်ထဲရောက်လို.ကတော့ ………. အတွေးကိုချက်ချင်းရပ်ပြီး စပြေးသည်…
“Stop”
မရပ်.. သူမ ရပ်လို.မဖြစ်…. သူတို.မိသွားခဲ့ရင်….
အားကုန်ပြေးသည်…
ရင်ဘတ်ထဲက အဆုတ်တွေ ပွင့်ထွက်မတတ်….
သူမနောက်က ထပ်ချက်မကွာ လိုက်နေတဲ့ Gangster တွေရဲ့ ခြေသံတွေက သူမဘ၀ကို
ငရဲထက်ဆိုးစေမယ့် ခြေသံတွေ….
“Ah..”
စီးထားတဲ့ ဖိနပ်ရဲ့ဒေါက်ကကျိုးပြီး၊ ခြေသပွတ်တိုင်လည်ထွက်သွားပြီ…..
အရမ်းနာနေပေမယ့် ပြန်ထပြီး ဆက်ပြေးသည်….
ခြေ ၂လှမ်း….
၃လှမ်း….
ထပ်လဲကျသည်…. ခြေထောက်က ဆက်လှမ်းလို.မရတော့………..
တံတောင်ဆစ်ကို လမ်းပေါ်ထောက်မိလို. လက်မှာ ပူခနဲဖြစ်သွားသည်……….
ပြန်ထဖို.ကြိုးစားနေတုန်း အရိပ်တွေ သူမခန္ဓာကိုယ်ပေါ်မှာ….
“Bitch… မပြေးဖို.ပြောတာကို စကားနားမထောင်ဦး…” တစ်ယောက်က ခပ်ကြမ်းကြမ်းဆဲဆိုရင်း
ဖိနပ်ဦးနှင့် သူမနံကြားသို.ဆောင့်ကန်လိုက်သည်…..
“Ahhh…..” နာလိုက်တာ…. နံရိုးကျိုးသွားပြီထင်သည်….
သူမဒူးခေါင်းကို လက်နှင့်ပိုက်ထားရင်း အသံကုန်အော်ဟစ်အကူအညီတောင်းရင်း
ငိုယိုနေခဲ့မိသည်….
ဒါပေမယ့် ဖိနပ်တွေ ခြေထောက်တွေသာ သူမခန္ဓာကိုယ်ပေါ်အဆက်မပြတ်ကျလာခဲ့သည်…….
လမ်းပေါ်က သဲအိတ်တစ်အိတ်ကို ခြေစွမ်းပြနေသလိုမျိုး…………
နာကျင်တာတွေ အရမ်းများလာတော့ အော်သံတွေရပ်ပြီး၊ ငိုညည်းဖို.သာ တတ်နိုင်တော့သည်………..
နားထဲမှာ ခပ်ညစ်ညစ်ရီသံအချို.နှင့်အတူ သူမကိုယ်ပေါ်က အ၀တ်တွေကိုသားရဲတွေလိုမျိုးဆွဲဖြဲနေသံတွေ…
သူမရဲ့ ဘ၀တစ်ခုလုံးကို ဖျက်ဆီးကြတော့မယ်…
အထီးကျန် အားငယ်ခြင်းတွေ ခံစားချက်တွေ….. ချစ်သောသူကိုသာပေးဖို.
သူမထိန်းသိမ်းလာခဲ့တဲ့ အပျိုစင်ဘ၀ကို ဒီလူတွေလက်ထဲမှာ အဆုံးသတ်ရတော့မယ်….
ဒီညက တကယ့် ငရဲညပါဘဲ………. လပြည့်ည…….
အတောမသတ်ငိုရင်း ဒူးခေါင်းကိုလက်နဲ့တင်းကြပ်စွာပိုက်ထားရင်း………….
ထိုလူတွေက သူမရဲ့လက်တွေကို အတင်းဖြေဖို. ကြိုးစားရင်း…….
အရိပ်တစ်ခု……… လရဲ့ အလင်းရောင်အောက်မှာ သူမခန္ဓာကိုယ်ပေါ်ကျရောက်လာတယ်…
လမ်းမရဲ့ လရောင်အောက်မှာ….
ကယ်တင်သူများလား… သူမ၀မ်းသာစွာကြည့်မိတော့……..
မိန်းမငယ်လေးတစ်ဦး……..
သူမစိတ်ဓာတ်တွေကျသွားခဲ့သည်.. ကိုယ်တိုင်တောင် ရှောင်ပြေးလို.မရနိုင်တဲ့အခိုက်မှာ
ထိုမိန်းကလေးကို Gangster တွေရဲ့ နောက်ထပ်သားကောင်မဖြစ်စေချင်……. မျက်ရည်တွေကြားက အားယူရင်း
သူမဆီလှမ်းလာသော မိန်းကလေးကို လှမ်းအော်မိသည်…
“ထွက်သွား………… ပြေး…….”
“ဖျန်း…” ခပ်ကြမ်းကြမ်း လက်ဝါးတစ်ချက်က သူမကို ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပျက်သွားစေသည်……
No comments:
Post a Comment