Thursday, February 14, 2013

First Love - Chapter 3


Chapter – 3

သူမလက်ကို ဖျတ်ခနဲဆွဲရင်း ဆွဲခေါ်သွားသော ယွန်းနောက်သို. ခပ်သွက်သွက်ပြေးလိုက်ခဲ့သည်။
၂မိနစ်လောက်လျောက်ပြီးတော့ တစ်နေရာအရောက် ယွန်းကရပ်လိုက်သည်။
စိုးယုခေါင်းပေါ်မှ ဆိုင်းပုဒ်ကို မော့ဖတ်မိတော့…

ကျောင်းသားရေးရာဌာန

ယွန်းကတော့ ကျောင်းမှာနေသားကျနေတဲ့ ကျောင်းသူပီသစွာ၊ ကောင်တာမှာထိုင်နေသော သူကို စိုးယုအကြောင်းရှင်းပြရင်း၊ ကျောင်းသားမှတ်ပုံတင်အတွက် လိုအပ်သော လျောက်လွှာစာရွက်များကိုတောင်းယူနေသည်။
စာရွက်တစ်ထပ်ကို စိုးယုလက်ထဲထိုးထည့်ပေးရင်း…”ရော့…ဒီဖောင်တွေအကုန်ဖြည့်…နင့်မှာ passport ဓာတ်ပုံပါလား… ၅ပုံလောက်လိုမယ်တဲ့…”
“အေး…ပါတယ်…” စိုးယုပြန်ဖြေရင်း၊ ကျောပိုးအိတ်ထဲမှ ပိုက်ဆံအိတ်အသေးလေးကိုထုတ်ကာ passport ဓာတ်ပုံတွေထုတ်ပေးလိုက်သည်။
ယွန်းက ဓာတ်ပုံတွေကို သေချာကြည့်ကာ.. “အင်း… နင်က Photogenic ဖြစ်သားဘဲ…” ဟု မှတ်ချက်ချကာ ကျောင်းသားရေးရာမှ လူကြီးကို လှမ်းပေးသည်။
စိုးယု ဖောင်တွေဖြည့်နေတုန်း…ယွန်းကတော့ သူမလွယ်အိတ်ထဲမှ Lolipop ချိုချဉ်တစ်ချောင်းကို ထုတ်ယူစားကာ …စိုးယုကို အကဲခတ်နေမှန်း မော့မကြည့်ဘဲ သိရှိခံစားမိနေသည်…


ယွန်း POV….
ကျောင်းသူသစ်ဖြည့်နေသောဖောင်ကို မသိမသာလှမ်းကြည့်မိတော့
နာမည်က စိုးယုနွယ် တဲ့…. အသက်တော့ တူတူပါဘဲ
အိုး…. ငါနဲ့ မေဂျာချင်းတူတူဘဲ… PR တဲ့ …
PR ဆိုတာ Plastic & Rubber မေဂျာ.... တခြားမေဂျာကသူတွေကတော့ သူမတို.မေဂျာကို Power Rangers ဟု နောက်ပြောင်ခေါ်ဝေါ်တတ်ကြသည်… ဒီကျောင်းက မေဂျာတွေထဲမှာ အမှတ်အနည်းဆုံးနဲ့ ၀င်ခွင့်ရရန် အလွယ်ဆုံးတစ်ခုဖြစ်သည်… GTI ထိတော့ PR အနေနဲ့သင်ယူရပြီး၊ B.Tech နဲ့ B.E ရောက်ရင်တော့ Chemical မေဂျာအဖြစ် FC (Food Chemical) နှင့် PR (Plastic & Rubber) မေဂျာ အငယ်၂ခုကို ပေါင်းလိုက်ခြင်းဖြစ်သည်။
စိုးယုဆက်ဖြည့်နေသော ကိုယ်ရေးအချက်အလက်တွေကို သိပ်စိတ်မ၀င်စားတော့ဘဲ သူမကိုသာသေချာလေ့လာဖြစ်သည်… (မိန်းကလေးများရဲ့ ထုံးစံဟုထင်သည်..)
ပါးဖောင်းဖောင်း အသားဖြူဖြူလေးနဲ့ ကောင်မလေးက ချစ်စရာကောင်းလွန်းသည်…
သူမအရပ်က ယွန်းထက် ၂လက်မကျော်ကျော်လောက်မြင့်သည်..
ဒီလိုရုပ်ရည်နဲ့ ကျောင်းကိုသာ Fresher Welcome မတိုင်ခင်ကရောက်ရင် Major Beauty Queen ဆိုတဲ့ရာထူးကို ယွန်းဆီက လုယူနိုင်သည်ဆိုတာ ငြင်းချက်ထုတ်နေစရာမလို….
အမှန်တော့ ယွန်းကလဲ Beauty Queen ဆိုတဲ့ ရာထူးကို သိပ်မမက်လှပါ… ကျောင်းမှာ ခပ်စွာစွာနှင့် ဆရာမကြီးလုပ်ခွင့်ရရင် ကျေနပ်နေသူ…
…..
စိုးယု POV

ကျောင်းသားရေးရာမှာ လိုအပ်တာတွေလုပ်ပြီးတော့ စာရေးဦးလေးကြီးက Time Table တစ်ခုထုတ်ပေးလိုက်သည်… ကျောင်းသားကဒ်ကိုတော့ ညနေ ကျောင်းဆင်းခါနီးမှ ပြန်လာယူဖို.ပြောသည်။
ပေးလိုက်သော Time Table ကို အသည်းအသန် နားလည်ဖို.ကြိုးစားနေတုန်း၊ ယွန်းကို ဖျတ်ခနဲ လက်ကဆွဲယူသွားသည်…
“ဖတ်မနေစမ်းပါနဲ့ဟာ… နင်နဲ့ငါ အတန်းတူတူဘဲ… ငါ့နောက်သာလိုက်ခဲ့..” ဟုပြောရင်း စိုးယုပခုံးကိုဖက်ကာ ဆွဲခေါ်သွားသည်..
စိုးယုမှာတော့ ယွန်းကြောင့် ရင်တွေခုန်ထူပူကာ… သူမခေါ်ဆောင်ရာသို. တစ်ချက်မငြင်းဘဲ လိုက်မိတော့သည်..
တစ်လမ်းလုံး ယွန်းရဲ့ ကိုယ်သင်းနံ.လေးက မရိုးသားသော သူမစိတ်ကို ယစ်မူးစေသည်…
ယွန်း ရယ်မောလိုက်တိုင်း ပေါ်လာသော ပုလဲစီထားသလို ညီညာဖြူဖွေးနေတဲ့ သွားလေးတွေကလဲ သူမကို ရင်ခုန်စေသည်..
ယွန်း လမ်းလျောက်တိုင်း လှုပ်ခါသွားသော ဆံပင်ရှည်တွေက တပ်မက်စရာကောင်းလွန်းသည်..
ယွန်း စကားပြောတိုင်း ပြောင်းလဲသွားသော သူမမျက်နှာအမူအယာတွေကို ရင်လေးစွာခိုးကြည့်ရင်း ယွန်းဘာတွေပြောနေလဲတောင် နားမလည်မိတော့..
“ရောက်ပြီ..”
“ဘယ်ရောက်တာလဲ..”
“စာသင်ဆောင်လေ… ဒါက C ဆောင်”
ယွန်းခေါ်လာလို.သာ ရောက်လာရတယ်… လမ်းကို ဘယ်ကနေ ဘယ်လိုလျောက်ခဲ့မိမှန်းမသိ…
စာသင်ဆောင်ကလဲ ကြည့်ပါဦး… ခြုံတွေ ကြားထဲမှာ အုတ်တိုက် ဖြူဖြူလေးတွေ အတန်းလိုက်… စုစုပေါင်း ၆တိုက်….ခုနက ကျောင်းသားရေးရာ အဆောက်အဦးနဲ့ ကွာခြားလိုက်တာ…
စိုးယုခေါင်းကုတ်နေတုန်း… ယွန်းက လက်ဆွဲကာ အတန်းထဲသို.ခေါ်သွားသည်…
အတန်းထဲမှာ ဆရာမတစ်ယောက် စာစသင်ဖို. ပြင်ဆင်နေသည်….
“တီချယ်.. ဒါ ယွန်းတို. PR မေဂျာရဲ့ ကျောင်းသူသစ်… သူ.နာမည်က စိုးယုနွယ်တဲ့..” ယွန်းက မိတ်ဆက်ပေးတော့
“မင်္ဂလာပါ တီချယ်” စိုးယုလဲ နှုတ်ဆက်လိုက်သည်..
ဒါပေမယ့် … ဆရာမက စိုးယုကိုသေချာကြည့်ကာ… “မနက်ဖန်ကစပြီး မင်း ဆံပင်ကို အရောင်ပြန်ဆိုးခဲ့ပါ… ဒီကျောင်းမှာ ဆံပင် အရောင်ဆိုးခွင့်မရှိဘူး…. မင်းဝတ်ထားတဲ့ အဖြူရောင်ရင်ဖုံးက GTU ရင်ဖုံးမဟုတ်ဘူး…. ကျောင်းသားရေးရာရှေ.မှာ Uniform Design ဓာတ်ပုံ ရှိတယ်.. သေချာပြန်သွားကြည့်…
ပြီးတော့ Engineer ကျောင်းသူတစ်ယောက်အနေနဲ့ ဒီလောက်မြင့်တဲ့ ဒေါက်ဖိနပ်နဲ့ ကျောင်းကိုလာတာ.. မင်း Practical ကိုဘယ်လိုလုပ်မှာလဲ… တို့ကျောင်းက သူများတွေလို လှလှလေးဝတ်ပြီး ကျောင်းတတ်လို.ရတဲ့ ကျောင်းမဟုတ်ဘူးကွယ်….
ယွန်းနဒီ.. သူငယ်ချင်းအသစ်ကို သေချာရှင်းပြလိုက်ပါ.. ခုတော့ တီချယ်စာစသင်မယ်… မင်းတို. သွားထိုင်တော့..”
ရှည်လျားလှသော စကားတွေကို ဆရာမပြောပြီးနောက်မှာ စိုးယုခေါင်းကို ငုံ.ကာ ယွန်းခေါ်ရာနောက်သို.လိုက်ခဲ့သည်…
အတန်းထဲက ကျောင်းသား၊ ကျောင်းသူတွေအကုန် စိုးယုကို တိတ်တိတ်ခိုးရယ်နေကြမှန်း ကြည့်စရာမလိုဘဲ သိရှိခံစားလို.ရသည်..
ရင်ထဲမှာတော့ ရှက်တာလိုလို…ငိုချင်တာလိုလို…
“စိတ်မကောင်းမဖြစ်ပါနဲ့ဟာ… တီချယ်က စည်းကမ်းကြီးလို.ပါ… နင့်ကို ငါပြောသားဘဲ နင်က ကျောင်းသူသစ်ဆိုတာ အကုန်လုံး သိတယ်ဆိုတာ…” ယွန်းက အားပေးစကားပြောရှာသည်..
“နင်သိရင် စကတည်းကပြောပါလား…ခုတော့ ..” စိုးယု မျက်စောင်းထိုးရင်း ယွန်းကို ခပ်တိုးတိုးဟောက်လိုက်သည်…
“အယ်… ငါကပြောတော့ရော…နင်ချက်ချင်း ဘာလုပ်လို.ရမှာလဲ.. ကျောင်းက ဒီလောက်အဝေးကြီးကို.. နင့်ဆံပင်လဲ ချက်ချင်းပြေးပြီး အရောင်ပြောင်းလို.မရဘူး… Uniform လဲ ချက်ချင်းပြေးလဲလို.မရဘူးလေ… ဟဲ့..စိတ်သိပ်နုမနေနဲ့ ဒါက Engineer ကျောင်း..မိန်းမသိပ်ဆန်လွန်းလို.မရဘူး.. ငါတို.ကတော့ ဒီတီချာတွေ ဆူတာလောက်များ ပန်းနဲ့ပေါက်သလောက်ဘဲရှိတယ်….” ယွန်းက စကားပြောရင်း.. လွယ်အိတ်ထဲက စာအုပ်ကိုထုတ်ကာ သူမဘက်ကို ဖတ်စာအုပ်တိုးပေးသည်…
နောက်ပြီး စကားတစ်ခွန်း ခပ်တိုးတိုးဆိုသည်..”နင့်ဆံပင်ရွှေရောင်တွေက နင်နဲ့ သိပ်လိုက်တာဘဲ…”
ဖတ်စာအုပ်ကို သူမဘက်သို.နည်းနည်း မြင်သာအောင်ဆွဲယူရင်း၊ ချစ်စရာကောင်းလွန်းသော ယွန်းကို မျက်စောင်းထိုးမိသည်…
…….. ….
တနေကုန် ယွန်းခေါ်ရာနောက်သို.လိုက်ရင်း.. စာသင်ခန်း တစ်ဆောင်မှ တစ်ဆောင်ကူးကာ စာသင်ခဲ့ရသည်…
ကျောင်းကြီးက ကျယ်လွန်းပြီး၊ ရာသီဥတုက ပူလွန်းသည်… စိုးယုအတွက်တော့ ပထမဆုံးနေ့ရဲ့ တကသိုလ်အတွေ.အကြုံက ပင်ပန်းလွန်းသည်…
Drawing ဆောင်၊ C ဆောင်၊ D ဆောင်၊ ကြက်ခြံ၊ ၀က်ခြံ စသည်. အထူးအဆန်း စာသင်ဆောင် နာမည်တွေကိုလဲ အံ့သြစွာမှတ်သားရင်း ညနေ၄နာရီထိုးခဲ့ပြီ….
ကျောင်းကားတွေ စုရပ်သို.လာရင်း…
“နင် ကျောင်းကားစီးလား..” ယွန်းကမေးသည်…
ခေါင်းကိုယမ်းရင်း… “ဟင့်အင်း.. ငါ့အိမ်က ကားလာကြိုမှာ…”
“နင့်ကားက ဘယ်တော့လာမှာလဲ.. ငါတို.ကျောင်းကားတွေက ၄နာရီခွဲရင်ထွက်မှာ..”
“ငါ့ကားမဟုတ်ဘူးဟ… ဒေါ်လေးအိမ်ကကား… ငါလဲ နောက်နေ့ ကျောင်းကားဘဲ စီးရမယ်ထင်တယ်… နင် က ဘယ်မြို.နယ်ကားစီးတာလဲ..” စိုးယုမသိချင်ယောင်ဆောင်ပြီး မေးလိုက်သည်… အမှန်တော့ ယွန်းအကြောင်းတွေ သူမ အကုန်သိပြီးသားလေ…
“ငါက ဖဆပလ ကားစီးတယ်.. ငါနေတာ အောင်ဆန်းကွင်းနားမှာလေ…”
“ဟယ်…တူတူဘဲ..ငါလဲ အဲဒီနားဘဲနေတာ… နင်နဲ့ တူတူနောက်နေ့ ဖယ်ရီစီးလို.ရပြီ…”
“တကယ်လား..” ယွန်းက ၀မ်းသာစွာမေးသည်… ပြီးတော့ “နောက်နေ့ကျရင် ငါနင့်ကို ကျောင်းသားရေးရာမှာ ဖယ်ရီကဒ်လိုက်လုပ်ပေးမယ်..”
“အေး.. ပြီးရော.. ဒီနေ့တော့ နင် ငါ့ဒေါ်လေးအိမ်ကကားနဲ့ တူတူလိုက်ပြန်လေ…”
ယွန်းခေါင်းကို ငြိမ့်ရင်း…”အင်း… သွားမယ်.. ငါလဲ ဒီနေ့ အိမ် မြန်မြန်ရောက်ချင်နေပြီ..”
၂ယောက်သား လက်ချင်းချိတ်ပြီး စိုးယုရဲ့ ကားရှိရာသို. ပျော်ရွှင်စွာ ထွက်လာခဲ့ကြသည်….

No comments:

Post a Comment