Sunday, January 27, 2013

First Love - Chapter 2


Chapter – 2

Government Technological University – Thanlyin


ကျောင်းအ၀င်ဝက ဆိုင်းပုဒ်ကို မော့ကြည့်ရင်း ရင်တွေခုန်မိသည်….
သူမတကယ် ဒီကျောင်းကို တတ်ခွင့်ရခဲ့ပြီပေါ့… ယွန်းနဲ့ တကယ်တွေ.ရတော့မယ်တဲ့….

တခါမှ Engineer လုပ်ဖို. စိတ်မကူးခဲ့ဖူးသော သူမက ထူးထူးခြားခြား မြန်မာပြည်ပြန်ပြီး Engineering ကျောင်းတတ်မည်ဆိုတော့ ဖေဖေနဲ့ မေမေက အံ့တွေသြကာ၊ သဘောမတူဘူး ဘာညာဖြစ်နေကြသေးသည်…
နောက်ဆုံးတော့ စိုးယုမျက်နှာတစ်ချက်အညိုမခံတတ်သော ဖေဖေ့ကြောင့် လုပ်ချင်တာအားလုံး လုပ်ခွင့်ရခဲ့သည်…..
မေမေကတော့ ပွစိပွစိနှင့် စိတ်ပူရင်း၊ ကျောင်းတတ်ခွင့်ရရေးကို မညည်းမညူလုပ်ပေးခဲ့သည်….
အမှန်တော့ စိုးယုအသက် ၁၈နှစ်မှာ High School အောင်ခါစဖြစ်ပေမယ့်၊ မြန်မာပြည်မှာတော့ အသက်၁၈နှစ်က တကသိုလ် ဒုတိယနှစ် စတတ်နေကြပြီဖြစ်သည်။
ယွန်းနဲ့ တူတူ တစ်တန်းတည်း တတ်နိုင်ရေးအတွက် စိုးယု တစ်နှစ်ကျော်ကာ ဒုတိယနှစ်ကို တိုက်ရိုက်တန်းတတ်ခြင်းဖြစ်သည်…
Engineering Course တွေကို နားမလည်ပေမယ့် လက်လှမ်းမှီသလောက်တော့ လေ့လာ ကျက်မှတ်ခဲ့ပြီးဖြစ်သည်…

Xxxx xxxxx xxxx

“သမီး… ကျောင်းသားရေးရာ ရောက်ပြီ…” Driver ဦးလေးကြီးပြောမှ စိုးယုတို.ကားက Main Building ရှေ.ရောက်နေတာ သတိထားမိသည်….
ရောက်မှတော့ မထူးတော့ဘူးဟု စိတ်ကိုတင်းရင်း… ရန်ကုန်မှာနေသော အန်တီလေးအသင့်ဝယ်ပေးထားသည့် GTU uniform အဖြူရောင် ရင်ဖုံးအကျီလေးနှင့် ထမီနက်ပြာလေးကို ဆွဲဆန်.ကာ Driver ဦးလေးကိုနှုတ်ဆက်ပြီး၊ ကျောင်းဆောင်ထဲသို. ၀င်ခဲ့သည်။
“ကျောင်းသားရေးရာ… ကျောင်းသားရေးရာ….” ဘာရယ်မဟုတ် ပါးစပ်က တဖွဖွရေရွတ်ရင်း…. ကျောင်းဆောင်ထဲဝင်ကာ တပ်ထားသော ဆိုင်းပုဒ်တွေ  အကုန်လျောက်ဖတ်ကြည့်သည်….




ထောင့်ချိုးတစ်ခုကို အရောက်….


“Ahhhhhhhh…..” တစ်စုံတစ်ယောက်နဲ့ ၀င်တိုက်မိရင်း လန့်အော်မိသည်….
စိုးယုလိုဘဲ အကျီအဖြူနဲ့ လုံခြည်နက်ပြာလေး ၀တ်ထားသော ကျောင်းသူတစ်ယောက်…
ပြုတ်ကျသွားသော စတီးချိုင့်ကို လိုက်ကောက်ရင်း…. ပါးစပ်က ညည်းညူနေသည်…
“သွားပါပြီ… နေ့လည်စာတော့ ငတ်ပြန်ပြီ…”
ထွက်ကျသွားသော ထမင်းနဲ့ ဟင်းတွေကို လွယ်အိတ်ထဲက Tissue  ထုတ် သုတ်ရင်း၊ အမှိုက်တွေကို အနားရှိ အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်သည်…..
စိုးယု ဘာပြောရမှန်းမသိ အားနာစွာနဲ့ သူမနောက်ဘက်မှာ ရပ်ရင်း ကြောင်ကြည့်နေမိသည်…
“ဟင်း….” သက်ပြင်းခပ်လေးလေးတစ်ချက်ကိုချကာ… ဖြောင့်စင်းနေတဲ့ ဆံပင်ရှည်တွေကို သပ်တင်ရင်း စိုးယုဘက်ကို လှည့်ကြည့်သည်….
wowwwwwww….. ၉နှစ်လုံးလုံး မျှော်လင့်ခဲ့ရတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေ…. သူမက…..
“နင်က ကျောင်းသူသစ်လား….”
စိုးယုဘာမှ ပြန်မပြောနိုင်ဘဲ ခေါင်းညိမ့်ပြလိုက်သည်……
“ကျောင်းသားရေးရာ ရောက်ပြီးပြီလား…”
ခေါင်းခါပြမိသည်…
“နင်စကားရော ပြောတတ်ရဲ့လား… “
“အမ်… ပြောတတ်ပါတယ်ဟ…”
“မသိဘူးလေ.. နင်က ဘာမေးမေး မျက်လုံးအပြူးသားနဲ့ ခေါင်ငြိမ့် ခေါင်းခါဘဲ လုပ်ပြနေလို.”
စိုးယု စိတ်ညစ်ညစ်နဲ့ ခေါင်းကို ကုတ်လိုက်မိတယ်… ယွန်းက ငယ်ငယ်ကအတိုင်း ဘာမှ မပြောင်းလဲသေး….
သူများကို ဆရာမကြီးလုပ်တတ်ပုံရော…. တခုခုဆို သူကဦးအောင်ဟောက်တတ်တာရော…
“ငါ နင့်ကို ကျောင်းသားရေးရာ လိုက်ပို.ပေးမယ်… လာခဲ့…”
“နေပါဦး… နင်က ငါ့ကို ကျောင်းသူသစ်မှန်းဘယ်လိုသိလဲ…” စိုးယု မနေနိုင်စွာမေးမိသည်…
“ငါမှ မဟုတ်ဘူး…နင့်ကို ကျောင်းသူသစ်မှန်း လူတိုင်းသိတယ်…”
“ဟမ်… ဘာလို.လဲ…”
“ခဏနေ ကျောင်းသားရေးရာရောက်ရင် သိလိမ့်မယ်…”
 ……………………    ………………………………

No comments:

Post a Comment