Tuesday, January 22, 2013

ကျောင်းပုံပြင် - အပိုင်း ၅ (ဇာတ်သိမ်း)


Last Chapter

စာမေးပွဲ နောက်ဆုံးနေ့…

“သဲ..”
ဒီနေ့ နောက်ဆုံးနေ့ဆိုတော့ သဲနုကိုယ်တိုင် နဲနဲစိတ်လှုပ်ရှားနေသဖြင့် ခါတိုင်းလို မြန်မြန်ဖြေပြီး စာမေးပွဲခန်းထဲက စောစောမထွက်ဖြစ်…
သဲနု စကားပြန်မဖြေဖြစ်ဘဲ မောင့်ကို ရပ်စောင့်နေလိုက်ဖြစ်သည်
“သဲ..ကိုယ့်ကို စိတ်ဆိုးနေသေးလား..”
မောင့်မျက်ဝန်းတွေကို ကြည့်မိတော့ သူ.ကိုယ်သူ ယုံကြည်မှုတွေက အပြည့်…
“ ဘာကို စိတ်ဆိုးရမှာလဲ”
“ဟို… သဲကို အကြာကြီး ပစ်ထားခဲ့လို.လေ… အမှန်တော့…”
“ တော်ပြီ သော်သော်..နင်နဲ့ငါ ဘာအကန့်မှ မရှိတော့တာ ကြာပြီလေ.. စာမေးပွဲခန်းထဲမှာ စာပြတာကလဲ နင့်ကို အတန်းဖော်တစ်ယောက်အနေနဲ့ ကူညီတာ.. “
“မဟုတ်ဘူးလေ သဲရယ်..” မောင့်လက်ချောင်းတွေ သူ.ဆံပင်တိုတိုထဲသို. ခပ်ကြမ်းကြမ်းထိုးဖွလိုက်သည်။ မောင် စိတ်ကျဉ်းကြပ်လာရင် လုပ်နေကြ အပြုအမူ…
“ငါ သွားတော့မယ်..” မောင့်ကိုပြောရင်း လှည့်ထွက်လိုက်သည်…
ရုတ်တရက် သူမလက်ကို ရင်းနှီးခဲ့ဖူးသော လက်အစုံ အုပ်မိုးခြင်းခံလိုက်ရသည်..
ရင်ထဲမှာ တစုံတခုကို ပြင်းပြင်းထန်ထန် လွမ်းမိသည်… မောင့်လက်တွေက နွေးထွေးလွန်းသည်.. ဒါပေမယ့် ဒီလက်တွေက သူမတစ်ယောက်ထဲအတွက်မှ မဟုတ်ခဲ့တာလေ…
သူမလက်တွေ ရုန်းထွက်ရင်း… မောင်ကလဲ တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲ…
 “ ငါတကယ်သွားတော့မယ်.. စာမေးပွဲလဲ ပြီးပြီ.. ကျောင်းလဲပြီးပြီ..
ငါနင့်ကို ဘယ်တော့မှ ထပ်မတွေ.ချင်တော့ဘူး သော်သော်…နင့်ကိုငါမုန်းတယ်..”
မောင့်လက်အစုံ ပြေလျော့သွားသည်။
မောင့်မျက်ဝန်းမှာ မျက်ရည်အချို.လက်သွားသည်။ မောင် ဟန်ဆောင်နေတာလဲ ဖြစ်နိုင်သည်ဘဲ..
တော်ပါပြီ.. ဘာမှ မတွေးချင်တော့ပါ.. မောင့်ရှေ.ကနေ လှည့်ထွက်ခဲ့သည်။
ရင်ထဲမှာတော့ မောင့်ကိုမုန်းတယ်ဟု ပြောလိုက်မိသော ကိုယ့်ကိုယ်ကို နာကျဉ်းနေခဲ့သည်။
~~~

သော်သော်.. POV


ကျွန်တော် မယုံခဲ့ဘူး.. သူမ ကျွန်တော့်ဆီ တနေ့ပြန်လာလိမ့်မယ်လို. ယုံထားခဲ့တာ
ခုတော့ ..
ခုတော့…
ကျွန်တော့်ကို သူမ ပြစ်ဒဏ်ခက်ခဲ့ပြီပေါ့… မုန်းတယ်တဲ့…
သူမကျောပြင်ကို လှမ်းကြည့်ရင်း မျက်လုံးထဲမှာ မျက်ရည်တွေေ၀၀ါးနေပြီ…
သူမခြေလှမ်းတွေကတော့ ကျောင်းပြင်သို. တရွေ.ရွေ.


The End….

No comments:

Post a Comment