Friday, January 18, 2013

Girls' House - Chapter 1


CHAPTER 1

တနင်္ဂနွေနေ့


ပျိုမေတို.၄ယောက် ဧည့်ခန်းမှာ TV ကြည့်ရင်း ပေါက်ပေါက်ဖောက်နေကြသည်။
အထူးသဖြင့် မော်ဒယ်၊ ရုပ်ရှင်မင်းသမီးပေါက်စ ယုဝါအသံက ထိပ်ဆုံးက…
ယုဝါ ပထမဆုံးပါဝင်သရုပ်ဆောင်ထားသော ဇာတ်လမ်းကို အတူနေသူငယ်ချင်း၎ယောက် ထိုင်ကြည့်ရင်း ဝေဖန် နေကြခြင်းဖြစ်သည်။
ယုဝါက ရုပ်ရှင်ရိုက်ရင်း သူငယ်ချင်းအသစ်ဖြစ်လာသော ၀တီ့အကြောင်းကို မမောတမ်းပြောနေသည်။
ယုဝါပြောသော စကားတိုင်းတွင်…”၀တီက အဲလို အကြံပေးလို. လုပ်ဖြစ်တာ” “၀တီက ဒါလေးနဲ့လိုက်တယ်ဆိုလို. ၀တ်ဖြစ်တယ်” “၀တီက ဒီအရောင်လေးမှ ကောင်းတာဆိုလို. “ 

အစရှိသဖြင့် ၀တီအကြောင်း စကားတိုင်းတွင် ပါနေသည်။
ပျိုမေတို.အားလုံးလဲ ယုဝါပြောသော ၀တီ့ကို အရင်က သတိမထားမိသော်လည်း၊ ယခုတော့ အတူနေသူငယ်ချင်းနီးပါး သိနေပြီဖြစ်သည်။
ပျိုမေတို. သူငယ်ချင်း၎ယောက်လုံး နယ်မှ ရန်ကုန်သို. လာကြသူများဖြစ်သည်။ ယခင်ကတော့ အဆောင်နေသူများဖြစ်ကြပြီး၊ ကိုယ်ပိုင်သင့်တင့်သော ၀င်ငွေလေးများရသောအခါ ကိုယ်ပိုင် အခန်းလေး ငှားနေကြဖို. စိတ်ကူးမိပြီး၊ အခြားမိတ်ဆွေများကို အကူအညီတောင်းကြည့်ရာမှ ကိုယ်ပိုင်သီးသန်.နေချင်သူအချင်းချင်း ပေါင်းစည်းမိပြီး ဒီတိုက်ခန်းလေးမှာ ၄ယောက်တူတူလာနေကြခြင်းဖြစ်သည်။
ပျိုမေက ၄ယောက်ထဲတွင် အသက်အကြီးဆုံးဖြစ်ပြီး၊ ယုဝါ၊ စုငယ် နှင့် လဲ့လဲ့တို.က ၁နှစ်ခြားစီငယ်ကြသည်။ အငယ်ဆုံး လဲ့လဲ့နှင့် ပျိုမေက ၄နှစ်ခြားသွားသည်။
ပျိုမေတို.၄ယောက်တူတူနေလာသည်မှာ ၁နှစ်ကျော်ဘဲရှသေးပေမယ့် တစ်ယောက်နဲ့တစ်ယောက် တခါမှ ပြသနာကြီးကြီးကျယ်ကျယ် မဖြစ်ဘူးခဲ့။ စည်းစည်းလုံးလုံးနှင့် ပျော်ရွှင်ခဲ့ကြသည်။
သူငယ်ချင်း၎ယောက်ဘ၀ထဲကို ၀တီဆိုတဲ့ အမျိုးသမီး ရောက်မလာခင်ထိပေါ့…

……



နောက်တစ်နေ့မနက်…

BREAKFAST TIME…

ဒီနေ့မနက်စာအတွက် စာဖိုမှူးက စုငယ်… သူမလက်ရာက ၄ယောက်လုံးတွင် အကောင်းဆုံး..
စုငယ် မနက်စာချက်တဲ့နေ့ဆို အားလုံး အိပ်ရာစောစောထကာ ထမင်းစားခန်းတွင် အသင့်စောင့်ကြသည်။

“ဒီနေ့တော့ ယုဝါအကြိုက် Baecon နဲ့ ပေါင်မုန့်ကြက်ဥကြော် စီစဉ်ထားတယ်..တို.သူငယ်ချင်းလေး ရုပ်ရှင်ရိုက်ကွင်းသွားသွားနေရတာနဲ့ ပင်ပန်းပြီး မနက်စာမမှီတာကြာခဲ့ပြီ…ယုဝါ များများစားနော်” စုငယ်က တစ်ယောက်ချင်းစီအတွက် ပြင်ဆင်ပေးထားသော မနက်စာကိုချပေးရင်း ရှင်းပြနေခြင်းဖြစ်သည်။

ရုပ်ရှင်မင်းသမီးပီသစွာ ချွဲနွဲ.တတ်သော ယုဝါကို အားလုံးက ချစ်ကြသည်မှာ အမှန်… ဘာဘဲဖြစ်ဖြစ် သည်အိမ်တွင်ယုဝါက သူမတို.ရဲ့ မင်းသမီးလေး…
မနက်ခင်းစကားဝိုင်းသည် ထုံးစံအတိုင်း ယုဝါရဲ့ စကားသံတွေနဲ့ စတင်လာသည်။

“သောကြာနေ့က ရိုက်ကွင်းမှာပေါ့ ၀တီသရုပ်ဆောင်သွားတာ အရမ်းတော်တာဘဲ..ယုဝါဖြင့် သူ.လိုတော်အောင်ကြိုးစားတာ လိုက်မမှီဘူး…”

“၀တီကပြောတယ် သူကနေ့တိုင်း မျက်နှာကို ရေသန့်နဲ့သစ်တယ်တဲ့... အိပ်ရာဝင်ခါနီးတိုင်း သခွားသီးအုပ်တယ်တဲ့…ယုဝါလဲလိုက်လုပ်ဦးမယ်…၀တီ့အသားလေးက ကြည်မွတ်နေတာ…”

“၀တီ့လက်လေးတွေကလေ အရမ်းနူးညံ့တာ….”


“ယုဝါ…ကိုယ်တော့ မင်းစကားတွေ နားမခံနိုင်တော့ဘူး… မင်းအဲလောက် ၀တီ့ကိုချစ်နေရင် သူ.ကို propose လုပ်လိုက်ပါလား…”  စိတ်ကူးမထားပါဘဲနဲ့ ပျိုမေ ဘယ်လိုကဘယ်လိုမှန်းမသိ ဒီစကားတွေကို ပြောမိသည်။

အားလုံး ပျော်ရွှင်ရယ်မောနေကြရာမှ ရပ်တန်.သွားကြပြီ…
သွားပြီ…ပျိုမေ အမှားတစ်ခုလုပ်လိုက်မိမှန်း ကိုယ့်ကိုယ်ကို သိလိုက်သည်။ အမှန်တော့ ဒီလိုပြောဖြစ်တာ ယုဝါကို စိတ်ဆိုးလို.တော့မဟုတ်ပါ… ဘာရယ်မသိ မနာလိုဖြစ်မိပြီး ယုဝါကို အော်လိုက်မိခြင်းသက်သက်သာ…

ယုဝါထံမှ သက်ပြင်းရှိုက်သံရှည်ရှည်တစ်ချက်ထွက်လာပြီး သူမ စကားစသည်…”Propose လုပ်ပြီးပြီ… ဒါပေမယ့်လေ… ၀တီက ကိုယ့်ကိုငြင်းတယ်..သူ.မှာ ဇွန်ပွင့်ရှိပြီးသားမို.လို.တဲ့… ယုဝါကို မချစ်နိုင်ဘူးတဲ့…” ဟု ပြောပြီး ယုဝါငိုရင်း မနက်စာဆက်မစားတော့ဘဲ ထမင်းစားခန်းမှ ပြေးထွက်သွားသည်။

ယုဝါထွက်သွားပြီးတော့ စုငယ်နှင့် လဲ့လဲ့တို.က ပျိုမေ့ကို မျက်စောင်းထိုးကြသည်။ ပြီးမှ…
“ပျိုမေသိမှာပါ..ယုဝါ ရိုက်ကွင်းနဲ့ရှုပ်နေလို. အစားကောင်းကောင်းမစားနိုင်တာကြာပြီ။ သူဘယ်လောက်ပိန်သွားလဲ။ ဒီလိုအချိန်မှာ ကိုယ်တွေက ဂရုစိုက်ပေးရမယ့်ဟာကို ဘာလို. သွားဆူရတာလဲ။ စုငယ်တို.လဲ အဲဒီ ၀တီကို မုန်းတာဘဲ ဒါပေမယ့် ယုဝါအတွက် နဲနဲတော့ သည်းညည်းခံပေးရမှာပေါ့..” စုငယ်က ဆူသည်။

“Sorry… ကိုယ်လဲ ရုတ်တရက် အစီအစဉ်မရှိဘဲ အဲဒီစကားကို ပြောမိတယ်… ကိုယ်တမင်ရည်ရွယ်ပြောတာ မဟုတ်ပါဘူး…” ပျိုမေတောင်းပန်လိုက်သည်။

“ခု မနက်စာစားပြီးရင် လဲ့နဲ့ စုငယ်တို.၂ယောက် စာတိုက်သွားပြီး၊ အပြန်ကျရင် ညနေစာအတွက် ဟင်းချက်ဖို.သွားဝယ်စရာရှိတယ်… အိမ်မှာ တနေကုန်၂ယောက်ထဲရှိတုန်း ယုဝါကို ချော့ထားလိုက်နော်၊ ညနေစာအမှီပြန်လာခဲ့မယ်..” လဲ့လဲ့က အကြံပေးသည်။

ပျိုမေလည်း ခေါင်းငြိမ့်ပြရင်း မနက်စာကို လက်စသတ်ခါ ထမင်းစားခန်းထဲမှ ထွက်လာခဲ့သည်။
ရင်ထဲမှာတော့ လေးလံနေဆဲ….


……..

ပျိုမေ အခန်းထဲအောင်းနေတုန်း..လဲ့လဲ့က လာနှုတ်ဆက်သွားသည်။ သူတို.အပြင်သွားပြီ၊ ယုဝါကို စိတ်ကောက်ပြေအောင်ချော့ထားဖို.---
ပျိုမေ ဘယ်လိုချော့ရမလဲ ခုထိတွေးမရသေး… စိတ်ရှုပ်ရှုပ်နဲ့ ရေထချိုးဖို. စိတ်ကူးပြီး ရေချိုးခန်းထဲဝင်ဖြစ်သည်။

… ….

ရေချိုးခန်းက ထွက်လာချိန်အထိ ယုဝါအခန်းက တိတ်ဆိတ်နေသည်။
ဆံပင်ရှည်တွေ ရေခြောက်အောင်သုတ်ရင်း…. အိမ်နေရင်း ဂါဝန်တစ်ထည်ကို အလွယ်တကူဝတ်လိုက်သည်။
သက်ပြင်းတစ်ချက်ချပြီး ယုဝါအခန်းဆီသို. ၀င်သွားလိုက်သည်။
…………

ပျိုမေ၀င်သွားသောအခါ ယုဝါက ကုတင်ပေါ်မှာ လှဲလျောင်းရင်း တစုံတခုကို တွေးနေပုံရသည်။
“ယုဝါ… ကိုယ့်ကို စိတ်ဆိုးနေတုန်းလား…”

ယုဝါ POV

ယုဝါ ရုတ်တရက်လန့်ပြီး မျက်လုံးဖွင့်ကြည့်မိသည်။ အိုး….ပျိုမေပါလား…ရေမခြောက်သေးသော သူမခနာကိုယ်မှာ ပိုးသားဂါဝန်အတိုက ကပ်နေသည်။ သူမကောက်ကြောင်းတွေကို အနီးကပ်မြင်လိုက်ရပြီး..ယုဝါ စကားကို ချက်ချင်းမပြန်ဖြစ်…

ခြောက်ကပ်နေသော လည်ချောင်းထဲသို. တံတွေးတစ်ချက်မျိုချပြီးမှ
“အော်…ပျိုမေ… ကိုယ်စိတ်မကောက်ပါဘူး…. စိတ်မကောင်းဖြစ်ရုံသတ်သတ်ပါ..”

ပြန်ဖြေရင်း ပျိုမေ့ရဲ့ ရေစက်လေးတွေမခြောက်တခြောက်နှင့်လှနေသော ခြေသလုံးသားလေးကို လှမ်းကြည့်မိသည်။
၂ယောက်သားပြောစရာစကားမကျန်တော့သလို ခဏငြိမ်နေဖြစ်ကြသည်။~

“အမှန်တော့ ၀တီက ယုဝါကို အရမ်းဆွဲဆောင်မှုရှိတယ်လို.ခဏခဏလဲချီးကျူးတယ်၊ ယုဝါကို အလိုလဲလိုက်တယ်.. ရိုက်ကွင်းမှာ တခုခုဆို အမြဲအကူအညီပေးလို. ခင်မိတာပါ… ဒါပေမယ့် သူ.မှာ ချစ်သူရှိပြီးသားတဲ့…” ဟု ယုဝါ ပြောရင်းငိုသည်။
ပျိုမေလဲ စိတ်မကောင်းဖြစ်မိပြီး ယုဝါပုခုံးကို ဖွဖွလေးဖက်ကာ အားပေးမိသည်။ ပျိုမေ့ရဲ့ နူးညံ့သော အသားစိုင်အချို.က ယုဝါဧ။်လက်မောင်းပေါ်မှာ… ယုဝါ ရုတ်တရက်အငိုရပ်သွားပြီး၊ ပျိုမေ့ကို ပြန်ဖက်လိုက်သည်။
.
.
.
မိန်းမပျိုလေး၂ယောက် တစ်ယောက်ကို တစ်ယောက် အတန်ကြာဖက်ထားပြီး ငြိမ်သက်နေကြသည်။
သူတို.ရဲ့ စိတ်တွေကတော့….
သက်ပြင်းချသံတွေ အခန်းထဲမှာ ကြီးစိုးနေသည်။ အကြောင်းပြချက်မရှိဘဲ ၂ဦးသားရင်တွေခုန်နေမိသည်။
………………… …..

ဆက်ရန်~~

No comments:

Post a Comment