Chapter -1
အနော်ရထာလမ်း၊ အခန်းနံပါတ် (၂၀၄) ပထမထပ်။
လိပ်စာထဲကအတိုင်းဆို ဒီအခန်းဘဲဆိုတာ သေချာနေပြီ။ သော်သော် လက်မှနာရီကို
တစ်ချက်ကြည့်လိုက်တော့ မနက်၁၀နာရီတိတိ။ အင်း..ဒီအချိန်ဆို အိမ်ရှင်တွေကို နှောင့်ယှက်ရာမကျလောက်။
လုပ်နေကျအကျင့်အတိုင်း အသက်ခပ်ပြင်းပြင်းတစ်ချက်ရှူသွင်းရင်း နှဖူးပေါ်ဝဲကျနေသော
ဆံပင်အချို.ကို ခါထုတ်လိုက်သည်။ ပြီး…လျှပ်စစ်လူခေါ်ဘဲလ်ကို တစ်ချက်နှိပ်လိုက်သည်။
“Tin Tong~~~ Tin Tong”
အခန်းထဲမှ တစုံတစ်ယောက် တံခါးနားသို. လှမ်းလျောက်လာသံကို ကြားရသည်။
ချောင်းကြည့်ပေါက်မှ မျက်ဝန်းတစ်စုံက သူ.ကိုလှမ်းကြည့်နေသည်ကို ခံစားမိသည်။
“ကလစ်”
Lock ဖွင့်သံနှင့်အတူ တံခါးရွက်တစ်ဖက်ပါ
ပွင့်လာသည်။ အသက် ၃၀အရွယ် အမျိုးသမီးတစ်ယောက်။ ဆံပင်ရွှေညိုရောင်နှင့် ဖြူဝင်းလှပသော
ဘဲဥပုံမျက်နှာသွယ်သွယ်က နေရောင်မထိုးသော လှေကားခန်းထဲမှာပင် လင်းလက်နေသည်။
သူ.ကိုသေချာကြည့်ရင်းမှ “ငုဝါရဲ့ ညီမ၀မ်းကွဲ သော်သော်ဆိုတာ မင်းလား”
“ဟုတ်ကဲ့” သူမရဲ့ အကြည့်စူးစူးတွေကို မျက်လွှာချရှောင်ရှားရင်း သော်သော်ခပ်တိုးတိုး
ပြန်ဖြေလိုက်သည်။
“အထဲဝင်ပါ” ဟုပြောရင်း သူမတံခါးကို ဖွင့်ထားခဲ့ကာ သော်သော်ရှေ.မှ
ဦးဆောင်ပြီး အခန်းထဲကို ၀င်သွားသည်။
အခန်းထဲရောက်တော့ ဖိနပ်ချွတ်ရင်း အခန်းကို တစ်ချက်မျက်စေ့ကစားလိုက်သည်။
အင်း… အခန်းလေးက သန့်ရှင်းသပ်ရပ်ပြီး စနစ်တကျရှိသည်။ အိပ်ခန်းတစ်ခန်းနှင့်
ဧည့်ခန်းတစ်ခန်းသာပါသော အခန်းကျဉ်းလေး၊ မီးဖိုဆောင်က ဧည့်ခန်းထဲတွင်ရှိပြီး ဘားကောင်တာ
အသေးစားလေးတစ်ခုနှင့် ခြားထားသည်။ မီးဖိုဆောင်နောက်ဘက်ကတော့ ရေချိုးခန်းဟု ယူဆရသော
အခန်းငယ်တစ်ခု။ ဘာအခန်းပြင်ဆင်မှုမှ ထူးထူးခြားခြားလုပ်မထားပေမယ့် သန်.သန်.ရှင်းရှင်းနေတတ်သော
မိန်းမတစ်ယောက်ရဲ့ အခန်းဆိုတာ မြင်ရုံနှင့်သိသာသည်။
“ထိုင်ပါဦး” ဧည့်ခန်းထဲမှ ဆိုဖာတစ်ခုပေါ်တွင် ၀င်ထိုင်ရင်း အိမ်ရှင်မမက
သော်သော့်ကို နေရာယူခိုင်းသည်။ အင်း… အင်တာဗျူး စတော့မယ် ထင်ပါရဲ့…..
“မင်း နာမည်က သော်သော်.. အသက်က ၁၉နှစ်.. အိမ်နဲ့ရန်ဖြစ်ပြီး ဆင်းလာတယ်..
လောလောဆယ် အကသင်တန်းတတ်နေတယ်… ဟုတ်တယ်နော်..”
သူမက အလွတ်ရထားသည့် သော်သော့် Biographyကို ရွတ်ပြသည်။
သော်သော်လဲ အလိုက်သင့်ကလေး ခေါင်းညိမ့်ပြလိုက်သည်။ မမငုဝါကလဲ မှာထားသည်လေ..
အိမ်ရှင်မမနှင့် တည့်အောင်ပေါင်းရမည်တဲ့။
“မင်းသိတဲ့အတိုင်းဘဲ တို.နဲ့ ငုဝါက အခန်းဖော်တွေ.. ခုလောလောဆယ်
ငုဝါ တောင်ကြီးကို အလုပ်ကိစနဲ့ ခရီး၃လထွက်နေတုန်း သူ.ညီမ၀မ်းကွဲမင်းကို သူ.အစားထားခဲ့ပါရစေဆိုပြီး
တောင်းပန်လို. တို.လက်ခံလိုက်တာ…အမှန်ဆို တို.က ငုဝါကလွဲရင် ကျန်တဲ့သူတွေ သိပ်လက်ခံချင်တာမဟုတ်ဘူး…
ထားပါလေ မင်းက ငုဝါရဲ့ညီမဆိုတော့လဲ…”
အသက်တစ်ချက် ရှူရင်း စကားဆက်သည်…
”တို.နာမည်က မိုးယု…ဒီအိမ်မှာနေရင် တို.စကားကိုနားထောင်ရမယ်.. ဆူဆူညံညံအသံတွေ
မကြားချင်ဘူး… သူငယ်ချင်းတွေ အိမ်ခေါ်မလာရဘူး..သော့တစ်စုံစီရှိမယ်.. အပြင်ကပြန်လာတဲ့အချိန်
တံခါးကို ညင်ညင်သာသာပိတ်ပါ.. ဒါပါဘဲ..မင်းဘက်ကရော ဘာမေးချင်သေးလဲ..”
“ဟို…အိမ်လခ..”
“စိတ်မပူပါနဲ့ မင်းရဲ့ အစ်မ ငုဝါက ၃လခစာလုံး ကြိုပေးသွားတယ်.. မင်းက
အိမ်ပြေးလေးဆိုတော့ ဘယ်လိုလုပ် ဒီအိမ်ငှားခပေးစရာရှိမှာလဲ… “
ဟူး…အစ်မ၀မ်းကွဲ ငုဝါကို ကြိတ်ကျေးဇူးတင်မိသည်။ အမှန်တော့ သူ.မှာ
နေစရာနေရာမရှိသည်မဟုတ်…ကြိုက်တဲ့ သူငယ်ချင်းအိမ်မှာ သွားနေလို.ရတာ အမှန်ပင်…ခက်သည်က
အိမ်က မိဘတွေက သူငယ်ချင်းအိမ်ရောက်နေမှန်းသိသည်နှင့် ချက်ချင်း ပြန်လာခေါ်ကြသည်။ ဒီတော့
မိဘတွေ လက်လှမ်းမမှီနိုင်လောက်တဲ့ အမျိုးတစ်ဝမ်းကွဲတော်သော မမငုဝါကို အပူကပ်ရခြင်းဖြစ်သည်။
“နေ့လည်စာချက်ထားတယ်… မင်းဆာပြီဆို စားနှင့်.. နောက်နေ့တော့ ကိုယ့်ဘာသာကိုယ်ချက်စားပေါ့..”
“ဟုတ်ကဲ့” ဟုပြောရင်း သူမ၀တ်စုံကို ကြည့်မိသည်။ အကျီင်္ပန်းရောင်
လက်ပြတ်လေးနှင့် ကာကီရောင် စကဒ်ဒူးအဖုံးလေးကို တွဲဝတ်ထားသည်။ ကြည့်ရတာ အပြင်ထွက်မယ့်ပုံဘဲ…
“မ, အပြင်သွားမလို.လားဟင်” မ၀ံ့မရဲမေးမိသည်။
ခေါင်းတစ်ချက် ညိတ်ပြရင်း …” ဟုတ်တယ်… အခုဘဲ အပြင်သွားမလို.၊မင်းလာမယ်ဆိုလို.
စောင့်နေတာ… ညနေစောင်းမှ ပြန်ရောက်မယ်… သော်သော် နားချင်ရင် နားတော့… “
…. Xxx …..
မမ အပြင်ထွက်သွားမှ မမေးလိုက်ဖြစ်တာတစ်ခု သတိရသည်။ သူ.အတွက် အိပ်ရာက
ဘယ်မှာ ပါလိမ့်။
အိပ်ခန်းထဲ ၀င်ချောင်းကြည့်တော့ ၂ယောက်အိပ် ကုတင်ကြီး တစ်လုံးသာတွေ.သည်။
ဟင်း… မမနှင့် တူတူအိပ်ရအောင်တော့ မရဲဝံ့သေးပါ… ကိုယ့်ဘာသာ ဆုံးဖြတ်ချက်ချရင်း ဧည့်ခန်းမှ
ဆိုဖာအရှည်ကြီးကို ကိုယ်ပိုင်အိပ်ရာဟု သဘောထားရင်း လှဲချလိုက်သည်။
…..~~~ ~~~……
No comments:
Post a Comment