Saturday, January 19, 2013

Love Trip - Part 2


“ကဲ..အားလုံးဘဲ တောင်ခြေ ရောက်ပါပြီ…မနက်ဖန် ပြင်ဆင်းမယ့်သူတွေ ကား နေ့လည် ၁၁း၀၀ ပြန်ထွက်ပါမယ်။ တောင်ပေါ်မှာ ၂ညအိပ်မယ့်သူတွေရောဘဲ သန်ဘက်ခါ နေ့လည် ၁၁း၀၀ပါ။ ထမင်းဆိုင်ကို ၁၀း၀၀အရောက်လာခဲ့ကြပါ။ ကားနဲ့တတ်မယ့်သူတွေ ဂိတ်က မနက်၆နာရီမှဖွင့်မှာပါ။ ခြေကျင်တတ်မယ့်သူတွေအတွက်တော့ မီးတုတ်တွေ ညာဘက်ကဆိုင်မှာ ၀ယ်လို.ရပါတယ်” 

ကားစပယ်ယာက စကားရှည်စွာပြောရင်း ကားတံခါးဖွင့်ပေးသည်။
အားလုံး ကိုယ့်အထုပ်ကိုယ်ဆွဲပြီး အိပ်ချင်မူးတူးနှင့်ကားပေါ်ကဆင်းကြသည်။ ကျွန်တော် နာရီကို တစ်ချက်ကြည့်တော့ မနက်၂နာရီသာ ရှိသေးသည်။
ကားအောက်ရောက်တော့ အထုပ်လေးတွေချရင်း အပျင်းကြောဆန်.ကြသည်။

“၀ှား…အိပ်ချင်လိုက်တာ..” မိစံက အော်သည်။
သူသူကလဲ အားကျမခံ “ခါးတွေနာလိုက်တာ..”
“ကဲကဲ…ညည်းတွားမနေကြနဲ့ ငါတို.တွေ တောင်ပေါ်တတ်ဖို.လုပ်ရမယ်။ ဟိုကောင်ဖြိုးကလဲ မပါတော့ နင်တို.အထုပ်တွေ ငါလဲ မထမ်းနိုင်ဘူး၊ အထမ်းသမားခေါ်လိုက်မယ်။ ငါတို.ခြေလျင်ဘဲ တတ်မှာမဟုတ်လား”
“အေး..အထမ်းသမားခေါ်လိုက်…ခြေလျင်ဘဲတတ်မှာ.. မတတ်နိုင်တဲ့သူနေခဲ့” ကျွန်တော်က အ၀င်းကို ထောက်ခံရင်း၊ ဟိုကောင်တွေကို စိန်ခေါ်လိုက်သည်။
“အောင်မာ..နင်လို အမေကိုကပ်ချွဲနေတဲ့ ငပျော့ကတောင် ခြေလျင်တတ်ရင် ငါတို.က ဘာလို.မတတ်နိုင်ရမှာလဲ” သူသူက ထုံးစံအတိုင်း ပြန်စွာသည်။

ကျွန်တော်တို. တစ်ယောက်တစ်ပေါက်အော်နေကြတုန်း ပုံ.ပုံ.က ကျွန်တော်တို.ကို အထီးကျန်သော မျက်ဝန်းတွေနဲ့ ငေးကြည့်နေသည်။ ဟုတ်သားဘဲ..ကျွန်တော်တို. သူ.ကို မေ့နေသည်။
“ပုံ.ပုံ. အထုပ်ပေးရတော့မှာ..နင် အနွေးထည်ယူထားဦးလေ… တောင်ပေါ်မှာ ချမ်းတယ်” ကျွန်တော် စကားစရင်း အားပေးသောအကြည့်နှင့် ကြည့်ဖြစ်သည်။
“အေး… ငါအနွေးထည် အပါးလေးယူထားတယ်၊ ကျောပိုးအိတ်ထဲမှာ..တောင်တတ်ရင် ချွေးထွက်မှာဆိုတော့ သိပ်အေးမယ်မထင်ဘူး”
“သဘောဘဲ..ပြီးမှ ချမ်းတယ်မအော်နဲ့”
တောင်ဝှေးဆိုင်ပြေးပြီး အလုအယက်ဝယ်ကြသည်။ ပြီးတော့ သိုးမွေးဦးထုပ်ဆင်တူလေးတွေ။ အားလုံးရီရီမောမောနှင့် မနက်၃နာရီမှာ တောင်စတတ်ကြသည်။ တတ်တတ်ချင်း တတ်ကြွလွန်းကြသည်။ အပြေးပြိုင်ကြ၊ အော်ကြဟစ်ကြနှင့် တောင်ခြေမှာ ကျွန်တော်တို.အသံတွေ ဆူညံနေသည်။



မနက် ၉း၀၀ နာရီ..


နေထွက်ပြီ..ကျွန်တော်တို.လဲ မောဟိုက်နေကြပြီ.. တောင်ခြေမှာလို မရီမောနိုင်ကြတော့၊ အသံတွေတောင် ယဲ့ယဲ့ဘဲ ကျန်တော့သည်။ ဆိုင်းဘုတ်တွေကလဲ များလွန်းသည်။ ကျွန်တော်တို.အတွက်တော့ နေရာတိုင်းသည် ရွှေရင်ဆို.စခန်း ဖြစ်နေသလိုပင်…
လမ်းက ကွပ်ပျစ်ပေါ်မှာ ကျောပိုးအိတ်ပစ်ချပြီး အားရပါးရ ပက်လက်လှန်လှဲပစ်လိုက်သည်။ အသက်၀၀ရှူရင်း လေတွေကို မှုတ်ထုတ်ပစ်လိုက်သည်။ 

တစ်စုံတစ်ယောက်ကြည့်နေသလိုခံစားမိသည်။ ဘေးကိုငဲ့ကြည့်လိုက်တော့ ပုံ.ပုံ.နှင့် ကျွန်တော် မျက်ဝန်းဆုံမိသည်။ သူမ ရှက်ပြီးမျက်နှာလှည့်မသွားပါ။
ပြုံးရယ်လိုက်ပြီး.. “နင့်ပါးစပ်က အငွေ.တွေထွက်သွားတာကို ငါကြည့်နေတာ..”
“နင့်ပါးစပ်ကလဲ ထွက်တာဘဲ အခုစကားပြောတော့…” ကျွန်တော်လဲ ပြန်ပြောလိုက်သည်။
“အေးနော်… ရန်ကုန်မှာဆို အဲလိုလုပ်လို.မရဘူး…”
“အင်း..နင်တို.မူဆယ်မှာရော ရလား..”
“အေး…ရတယ်..မူဆယ်မှာလဲ အေးတယ်.. ဒါပေမယ့် အခု ကျိုက်ထီးရိုးက ပိုအေးသလိုဘဲ”
စကားပြောရင်း သူမအသက်ပြင်းပြင်းရှူပြီး ကျွန်တော်လုပ်သလို မှုတ်ထုတ်သည်။
သူမနှုတ်ခမ်းလေးတွေက သဘာဝအတိုင်းနီရဲပြီးလှနေသည်။ မနက်၉နာရီ နေရောင်ခြည်အောက်မှာ တောင်ပေါ်ဘုရင်မလေးတစ်ပါး ကျွန်တော့်နှလုံးသားကို ဖမ်းစားသွားပြီထင်သည်။

~~~ ~~~~

No comments:

Post a Comment