Friday, January 25, 2013

First Love - Chapter 1


Chapter – 1

Thank for flying with Royal Airway…
Your flight will be arrived to Yangon within a few minutes… Recent country weather is sunny & temperature is 24’C….

လေယာဉ်ပျံဆိုက်ရောက်တော့မယ်လို. လေယာဉ်မှူးက ကြေငြာတော့မှ စိုးယုရဲ့ ပျံ.ကြဲနေတဲ့ စိတ်အတွေးတွေကို ပြန်စုမိတယ်….
မြန်မာပြည်ကို ရောက်တော့မှာပေါ့… ဒါဆို… သူမကို တွေ.ရတော့မှာပေါ့…..
ယွန်း….. ဒီနာမည်ကို တဖွဖွရေရွတ်နေမိခဲ့တာ တစ်သက်တာရဲ့ အချိန်တိုင်းလိုလိုမှာ ခဏခဏပါဘဲ…
ဟိုးငယ်ငယ်ကတည်းက ချစ်ခဲ့ရတယ်… ခုထိလဲ မေ့မရခဲ့ဘူး…..
X
X
X
Grade IV – A

အသက် ၉နှစ်ဆိုတာ အချစ်ကို မသိတတ်သေးတဲ့ အရွယ်လို. သူများတွေကပြောကြပေမယ့် စိုးယုအတွက်တော့ မဟုတ်ခဲ့ဘူးထင်တယ်….
ကျောင်းရောက်တိုင်း ယွန်းနဒီဆိုတဲ့ မျက်လုံးဝိုင်းဝိုင်းနဲ့ ကောင်မလေးကို မျက်နှာချင်းဆိုင်ရခါနီးတိုင်း အသက်ရှူတွေရပ်မတတ် ရင်တွေခုန်နေခဲ့တာ….
သူမလိုအပ်ရင် အဆင်သင့်ရအောင် ခဲတံတွေ အိမ်ဖော်အစ်မကြီးကိုချွန်ခိုင်းပြီး၊ ကွန်ပါဘူးအပြည့် ထည့်လာတတ်ခဲ့တာ…
ခဏခဏ ထမင်းစားတိုင်း ထမင်းဗူးမှောက်ကျတတ်တဲ့ ကောင်မလေးအတွက် လက်သုတ်ပ၀ါလှလှလေးနဲ့ Sandwich, Burger အသင့်စားမုန်.တွေ အဆင်သင့် ဆောင်ထားပေးတတ်ခဲ့တာ…
ဆရာမ စာသင်တိုင်း စာလိုက်မှတ်ရမှာ ပျင်းတဲ့ ကောင်မလေးအတွက် အိမ်ရောက်လို. အိမ်စာတွေမလုပ်ခင် ယွန်းအတွက် သပ်သပ်အသစ်ထုတ်ထားတဲ့ စာအုပ်ပေါ်မှာ နေ့စဉ်နေ့တိုင်းကူးပေးပြီး၊ ယွန်းရဲ့ စားပွဲခုံအောက်က အံဆွဲလေးထဲမှာ သူမ မသိအောင် မှတ်စုစာအုပ်တွေ အပတ်စဉ်ထည့်ပေးတတ်ခဲ့တာ စိုးယု မညည်းမညူလုပ်တတ်တဲ့ အကျင့်တစ်ခုပေါ့…..
~~~ ~~~~
ဒီလိုခံစားချက်တွေကို မြိုသိပ်မထားနိုင်ခဲ့လို.၊ တစ်နေ့မှာတော့ စိုးယုရင်ထဲက ခံစားချက်တွေကို စာရွက်လှလှလေးပေါ်ဖွင့်အန်ချပြီး ယွန်းကို မြတ်မြတ်နိုးနိုးပေးခဲ့မိပါတယ်….
“ဟားဟား… စိုးယုက ငါ့ကိုကြိုက်လို.တဲ့ဟေ့…” တစ်တန်းလုံးကြားအောင် ယွန်းနဒီအော်ဟစ်ရင်း စိုးယုရဲ့ နုနယ်လွန်းတဲ့ အချစ်ဆိုတဲ့ ခံစားချက်ကို ရိုက်ချိုးခဲ့တယ်….
တစ်တန်းလုံးရဲ့ ရယ်မောဟားတိုက်သံတွေကြားမှာ.. စိုးယု ရှက်ရွံ.စွာငိုကြွေးရင်း မနက်ဖန်ကစပြီး ဒီကျောင်းကို လုံးဝမလာတော့ဘူးလို. ဆုံးဖြတ်ခဲ့ပြီး..…
တစ်လအတွင်းမှာ ဖေဖေနဲ့ မေမေရှိတဲ့ America ကို လိုက်သွားခဲ့တယ်…

Xxxxx xxxxx xxxxxxxxxxxxxxxxxxx

စိုးယုအသက် ၁၈နှစ်ပြည့်ပြီ…. University ဆက်တတ်ဖို. မြန်မာပြည်ကို ပြန်လာတယ်ဆိုတာထက်.. အရွယ်ရောက်တဲ့ တစ်နေ့မှာ ယွန်းဆီပြန်လာမယ်လို. ဆုံးဖြတ်ချက်ချထားခဲ့တယ်ဆို ပိုမှန်မယ်….
သူမအချစ်ကို ယွန်းက အလေးမထား ပျက်ရယ်ပြုခဲ့ပေမယ့် စိုးယုဘက်က နဲနဲလေးမှ စိတ်မကွက်ခဲ့ပါဘူး….
ယွန်းကို ချစ်တာကိုး….
ခုလဲ ယွန်းတတ်မယ့် University မှာ အတန်းတူ၊ မေဂျာတူရအောင် စုံစမ်းပြီး ကျောင်းအပ်ထားခဲ့တာ…..
………………………….   ………………………………….
လေယာဉ်ပြန်ဘီးက မင်္ဂလာဒုံလေဆိပ်ရဲ့မြေကြီးကို ထိလိုက်တဲ့အချိန်မှာ စိုးယု ကိုယ်ကိုမတ်ထားပြီး အသက်ကိုခဏအောင့်ရင်း ရေရွတ်မိတယ်….
ငါနင့်ကိုလွမ်းတယ် ယွန်းနဒီ….

No comments:

Post a Comment