Friday, February 15, 2013

First Love - Chapter 8


Chapter – 8

အိမ်အပြန် ဘတ်စ်ကားပေါ်မှာ စိုးယုတစ်ယောက် ငြိမ်သက်စွာလိုက်ပါခဲ့မိတယ်..
ခေါင်းထဲမှာတော့ အတွေးတွေ ချာချာလည်လျက်နဲ့ပေါ့
“စိုးယု… နင်ဘာဖြစ်နေတာလဲ..”  ဘေးနာမှာထိုင်နေသော ယွန်းက လက်တို.ပြီးစကားပြောတော့မှ အတွေးကမ္ဘာထဲ အလည်ရောက်နေသော စိုးယုတစ်ယောက် သတိပြန်လည်လာတယ်..
“အော်..အေး.. ဘာမှ မဟုတ်ပါဘူး.. “
“ဘာတွေ ဘာမှ မဟုတ်တာလဲ.. မှန်းစမ်း နေမှကောင်းရဲ့လား..” ယွန်းက ရုတ်တရက် စိုးယုနဖူးကို သူမလက်ကလေးနှင့် စမ်းကြည့်သည်..
ယွန်းရယ်.. နင့်ငါ့ကို စိတ်ပူတတ်ရဲ့သားနဲ့ ဘာလို. ငါ့ကို မချစ်ချင်ရတာလဲဟု စိုးယုရင်ထဲမှ တိတ်တိတ်လေးမေးနေမိသည်…
“ကိုယ်လဲ မပူပါဘူး..” ယွန်းက ပြောပြီးလက်ကို ရုတ်မည်အလုပ်
“နင်ငိုနေတာလား… ဘာဖြစ်လို.လဲ စိုးယုရယ်..”
သူမငိုနေမိသည်တဲ့လား… ကိုယ့်ဘာသာတောင် စိတ်နဲ့ လူနဲ့မကပ်မိတော့..
“အာ.. မဟုတ်ပါဘူးဟာ.. မျက်စိထဲ ဖုန်ဝင်သွားတာပါ..” ဟုပြောရင်း ခေါင်းကိုငုံ.ကာ မျက်ရည်တွေကို မြန်မြန်သုတ်လိုက်သည်။
“ဒီနေ့ နင့်ကိုကြည့်ရတာ တမျိုးဘဲ.. “ ဟု ယွန်းက မှတ်ချက်ချတော့
“ငါ ခေါင်းနည်းနည်းကိုက်နေလို.ပါဟာ” ဟု ခပ်တိုးတိုးပြန်ပြောဖြစ်သည်..
ယွန်းက ဘာမှ ပြန်မပြောဘဲ စိုးယုရဲ့လက်ကို ဖွဖွလေးကိုင်ကာ ပြုံးပြသည်.. “အရမ်းခေါင်းကိုက်နေလားဟင်.. ခဏနေ သက်သာသွားမှာပါ.. နင် ဘတ်စ်ကားစီးရတာ ကျင့်သားမရလို.နေမှာ… ငါဘေးမှာရှိတယ်နော် “
စိုးယု ဘာမှ ပြန်မပြောနိုင်ဘဲ ခေါင်းကိုသာငြိမ့်ပြဖြစ်သည်.. ယွန်းရဲ့ ငါ့ကို ဘာလို.ကြင်နာနေပြန်တာလဲ…

စနေ၊ တနင်္ဂနွေကျောင်းပိတ်ရက်မှာ စိုးယု ဆံပင်လဲ ဆေးအနက်ပြန်ဆိုးပြီးသလို၊ လိုအပ်သော ယူနီဖောင်းတွေလဲ ယွန်းရဲ့ အကူအညီနဲ့ သွားဝယ်ပြီးပြီ…
ခုလောလောဆယ်တော့ အခန်းထဲမှာ တစ်ယောက်တည်း..
ထုံးစံအတိုင်း ကော်ဖီတစ်ခွက်ဖျော်ရင်း ၀ရံတာမှာ ထိုင်ရင်း ဘာရယ်မဟုတ် ဟိုငေး ဒီငေး…
“မင်းက ဆံပင်အနက်လေးနဲ့လဲ ကြည့်ကောင်းတာဘဲနော်..”
ဘေးဘက်မှ အသံကြား၍ လှည့်ကြည့်လိုက်သောအခါ….
“ဟင်.. ယွန်းရဲ့ မေမေ..”
ယွန်းတို.အခန်းနဲ့ သူမအခန်း ၀ရံတာချင်းကပ်ရက်ဖြစ်တာကို အခုမှ သိသည်…
“အန်တီ နေကောင်းပါရဲ့လားရှင့်..” သူမကဘဲ ဦးစွာ နှုတ်ဆက်လိုက်သည်…
ယွန်းမေမေက လှပသောနှုတ်ခမ်းများကို ပြုံးပြရင်း ညင်သာစွာ ခပ်တိုးတိုးရယ်ရင်း ခေါင်းငြိမ့်ပြသည်..
“မင်းနာမည်က..”
“စိုးယု ပါရှင့်…”
လှိုင်းတွန်.လေးများလို ဝေ့၀ဲကျနေသော ဆံကေသာကို စတိုင်ကျကျ ခါးယမ်းရင်း….
“အင်း.. ဟုတ်သားဘဲ..စိုးယု.. ဆောရီးကွာ.. တို.က အသက်နဲနဲကြီးတော့ မေ့လွယ်တယ်.. ပြီးတော့ ဒါကလဲ ဦးနှောက်နဲနဲပျက်စေတယ်လေ..” ဟု ဆိုကာ လက်ထဲမှ ယမကာခွက်ကို မြှောက်ပြသည်…
စိုးယု ဘာမှ ပြန်မပြောဘဲ ပြုံးပြီးနေလိုက်သည်…
“စိုးယုက တစ်ယောက်တည်းနေတာလား..”
“ဟုတ်ကဲ့၇ှင့်”
“မိဘတွေက..”
“နိုင်ငံခြားမှာပါ..”
ဒီလိုနဲ့ စိုးယုအကြောင်းတွေကို တရစပ်မေးနေသည်.. သူမကိုကြည့်ရတာလဲ နဲနဲမူးနေပုံရသည်.. စိုးယုကတော့ လူကြီးတစ်ယောက်နဲ့ စကားပြောနေရသည်ဖြစ်၍ သတိထားပြီး ပြောနေရသည်..
“….. …………………”
စိုးယုရဲ့ အကြောင်းတွေ သိပြီးရချိန်မှာတော့.. သူမအကြောင်းတွေကို စပြောသည်…
သူမငယ်ငယ်က အရမ်းချစ်ရတဲ့ ချစ်သူအမျိုးသမီးတစ်ယောက်အကြောင်းနှင့် ယွန်းပြောပြဖူးသော သူမရဲ့ မေမေအကြောင်းပေါ့… စိုးယုသိပြီးသားပေမယ့်  စိတ်ဝင်စားစွာ ဆက်နားထောင်ဖြစ်သည်…
ယွန်းမေမေပြောပြသည်ကို နားထောင်ရင်း သူမတို.ချစ်သူ၂ဦးက အရမ်းချစ်ကြကြောင်း သတိထားမိသည်..
“ အန်တီဘာဖြစ်လို. ချစ်သူဆီပြန်မသွားတာလဲ..” စိုးယုအရဲစွန်.ပြီး မေးဖြစ်သည်..
“ယွန်းကြောင့်ပေါ့ကွယ်.. ယွန်းကိုယ်ဝန်ရှိလာတော့ ဘာမှဆက်လုပ်လို.မရတော့ဘူးလေ.. မွေးလာမယ့်ယွန်းလေးအတွက် မိဘဆိုတာ ရှိစေချင်လို. အန်တီ့အချစ်တွေအားလုံးကို စွန်.လွှတ်လိုက်တယ်..”
“မိဘ..” စိုးယု ခပ်တိုးတိုး ရေရွတ်မိသည်…
“ဟုတ်တယ်.. ကလေးတစ်ယောက်မှာ အမေနဲ့ အဖေဆိုတာ လိုအပ်တယ်လေ.. အမေနဲ့ အမေကြားထဲမှာ ကလေးတစ်ယောက်ကြီးပြင်းနိုင်ဖို.ဆိုတာ ဒီနိုင်ငံတွင်းမှာ မဖြစ်နိုင်ဘူးလေကွယ်..”
သူမတို.၂ယောက် တစ်ယောက်ကို တစ်ယောက် နားလည်သည့်အလား တစ်ဦးကို တစ်ဦး ရင်ထဲထိုးဖောက် အကြည့်ချင်းတွေ ဖလှယ်မိကြသည်…
ယွန်းမေမေရဲ့ အကြည့်တွေမှာ စိုးယုကို နောက်ဆုတ်စေချင်သော အဓိပ္ပာယ်တွေ တွေ.နေရသည်…
စိုးယုရဲ့ မျက်ဝန်းထဲမှာရော တောင်းပန်သည့်အကြည့်တွေ ရောစွက်ပါမနေဘူးတဲ့လား…
ယွန်းကို ချစ်လွန်းလို. အဝေးကနေ မိဘတွေကို ပစ်ခဲ့ပြီး မြန်မာပြည်ကိုပြန်လာမိသော စိုးယုအတွက် အချစ်ဆိုသောအရာက ဒီလောက်ဘဲတဲ့လား…
သူမတို.၂ယောက် ထိုညက တိတ်ဆိတ်စွာ အကြည့်ချင်းဖလှယ်ရင်း၊ အသက်၂၀ကွာသော သူမတို.၂ယောက် ခံစားချက်ချင်းတူညီနေကြတာကို ထူးဆန်းစွာ ရှာတွေ.မိခဲ့သည်….

အဲဒီခံစားချက်ကတော့ သူမတို.က အမျိုးသမီးခြင်းချစ်သူတွေပါတဲ့...
ယွန်းကရော စိုးယုပေါ် ဘယ်လိုတုန်.ပြန်မှာတဲ့လဲ

Xxxxx xxxxxxxxxxxxxx

No comments:

Post a Comment