Thursday, February 14, 2013

First Love - Chapter 5


Chapter – 5

ငိုနေသောယွန်းကို ပခုံးလေးမှဆွဲထူကာ စိုးယုအိမ်ထဲသို. ခေါ်လာခဲ့သည်။
ယွန်းကလဲ မငြင်း…
-------
အခန်းထဲရောက်တော့ ဆိုဖာပေါ်မှာ ထိုင်ခိုင်းပြီး၊ ရေတစ်ခွက်ပြေးခပ်သည်..
“အမောပြေသွားအောင် ရေသောက်လိုက်ဦး..”
စိုးယုကမ်းပေးသော ရေခွက်ကို ယွန်းယူပြီး အားလုံးကုန်စင်သွားအောင် သောက်သည်။ အငိုရပ်ပြီး စိုးယုကို ၀မ်းနည်းနေသောမျက်လုံးများနဲ့ လှမ်းကြည့်သည်..
စိုးယု First Aid Box ကိုပြေးယူကာ ယွန်းဘေးမှာ နေရာယူလိုက်သည်..
လက်မောင်းက ဒဏ်ရာကိုကြည့်လိုက်တော့ အရမ်းကြီးတော့ မဆိုးရွား… တစ်ခုခုနဲ့ ရိုက်မိပြီးပေါက်ပြဲသွားပုံပေါ်သည်..
“ဘယ်လိုဖြစ်တာလဲ ယွန်းရယ်..”
“ဖေဖေရိုက်တာ…” ရှိုက်သံတစ်ဝက်နှင့်ဖြေသည်..
“နင့်အဖေကလဲဟာ…” စိုးယု ဘာမှတ်ချက်မှမပေးဘဲ ခေါင်းကိုဖြေးညင်းစွာယမ်းရင်း အရက်ပျံဆွတ်ထားသော ဂွမ်းထုပ်ကို ဖောက်ယူလိုက်သည်..
ပြီးတော့ လျင်မြန်စွာ သွေးတွေကိုဆေးကြောရင်း.. ဆေးထဲ့ကာ ပလာစတာလေး ကပ်ပေးထားလိုက်သည်…
အရက်ပျံက စပ်ပုံရသော်လည်း ယွန်းကတစ်ချက်မျက်နှာမပျက်.. လူလေးကသာ နုနယ်ပုံပေါက်တာ အသဲတော့မာမယ့်ပုံဘဲဟု စိုးယုမှတ်ချက်ချဖြစ်သည်..
အကြောင်းအရင်းကုန်စင်ကို ယွန်းကလဲ မပြောသလို စိုးယုကလည်းမမေး… ယွန်းပြောချင်တဲ့အချိန်မှ ပြောပါစေ.. မပြောလဲ စိုးယုက ထပ်မေးမှာမဟုတ်..
“ငါ သွားတော့မယ်လေ.. နင့်ကိုအနှောင့်အယှက်ပေးရတာ ဆောရီးဘဲ..” ယွန်းက ပြောရင်း ထဖို.ပြင်သည်။
ပခုံးမှ ပြန်ဖိချထိုင်စေပြီး.. “နင် ဒီအခန်းထဲမှာ ခဏစောင့်နေ.. ငါ ပြန်လာခဲ့မယ်..” စိုးယု အမိန်.ဆန်ဆန်ပြောရင်း ယွန်းကို အခန်းထဲမှာ ထားခဲ့ကာ၊ အပြင်ထွက်လာခဲ့သည်..

------ xxxx -------
#Room 604
“ဒေါက်..ဒေါက်..” နှုတ်ခမ်းကို သွားနှင့်ခပ်ဖွဖွကိုက်ရင်း၊ အခန်းတံခါးကို ခေါက်လိုက်သည်..
ပြောစရာစကားတွေကို ခေါင်းထဲမှာ အမြီးအမှောက်တည့်အောင် စီရင်း…
“ဒေါက်… ဒေါက်..” ချက်ချင်းလာမဖွင့်သောတံခါးကို နောက်တစ်ခေါက်ထပ်ခေါက်ဖြစ်သည်…
အထဲမှ ခြေသံအချို.နှင့် ချောင်းကြည့်ပေါက်မှ မျက်ဝန်းတစ်စုံက လှမ်းကြည့်နေသည်ကို ခံစားမိသည်..
ပြီးမှ တံခါးကိုဖွင့်ပေးသည်…
မျက်နှာတစ်ခု…
အတိအကျပြောရလျှင်.. ယွန်းနှင့် အသက်ကလွဲလျှင် အားလုံးချွတ်စွတ်နီးပါးတူနေသော မျက်နှာတစ်ခု…
သိပ်ချောလွန်းသည်… ဒါပေမယ့် သူမမျက်နှာမှာ အနိုင်ယူချင်မှုတွေ.. မကျေနပ်မှုတွေ … မာနတွေ မြင်နေရသည်.. ယွန်းမျက်နှာလေးလို ဖြူစင်သန့်.ရှင်းမနေ….

“မင်းက ဘယ်သူလဲ…” အထက်စီးဆန်ဆန် မျက်နှာနှင့် ထိုအမျိုးသမီးက မေးသည်…
“စိုးယုပါ… ယွန်းနဲ့ ကျောင်းတူတူပါဘဲ.. မျက်နှာချင်းဆိုင်က အခန်း ၆၀၂ မှာနေပါတယ် အန်တီ..” စိုးယု ရင်ထဲကနဲနဲတော့ စိုးရွံ.နေပေမယ့် အားတင်းကာ ဆက်ပြောသည်…
“ယွန်းကို အိမ်ထဲမှာ ခေါ်ထားတယ်.. သူ.ကို ဒီည အိမ်မှာ စိုးယုနဲ့တူတူအိပ်ခွင့်ပေးပါ.. သူအရမ်းကြောက်နေတယ်..”
ယွန်းမေမေက စိုးယုစကားကို သံယောင်လိုက်ရင်းရေရွတ်သည်..  ”ကြောက်နေတယ်..”
“ဟုတ်ကဲ့… ယွန်း သူ.ဖေဖေကို ကြောက်နေတယ်… ယွန်းကို စိုးယုနဲ့ ဒီညတူတူနေခွင့်ပေးပါ…” စိုးယု ခေါင်းကိုငုံ.ကာ ခပ်တိုးတိုးပြန်ဖြေဖြစ်သည်…
“မင်းက ယွန်းရဲ့ ချစ်သူလား..”
“ရှင်…” ယွန်း မေမေရဲ့ မထင်မှတ်တဲ့ မေးခွန်းကြောင့် စိုးယု အံ့သြသွားမိသည်..
ပြီးတော့ ချက်ချင်း.. “မဟုတ်ပါဘူး… စိုးယုတို.က သူငယ်ချင်းတွေပါ…”
“အဟား…” ယွန်းမေမေက ခပ်တိုးတိုးရယ်ရင်း စိုးယုကို သေချာကြည့်သည်..
“မင်းလဲ အချောလေးပါဘဲ… ငါ့သမီးထက်တောင် ချောချင်သေးတယ်.. မင်း ဘာလို. ယွန်းကို ချစ်ရတာလဲ ကလေးရယ်… မင်းတနေ့ စိတ်ညစ်ရမယ်…”
စိုးယုမှာ အဖြေမရှိတော့ … လက်သီးကို တင်းတင်းဆုပ်ကာ ခေါင်းကို မြေကြီးထဲဝင်လောက်အောင် ငုံ.ထားမိသည်…
ယွန်းမေမေက ဘာလို. အဲလောက်တောင် သိနေရတာလဲ.. သူမမျက်လုံးတွေက ဘာလို. အဲလောက်တောင် စူးရှနေရသလဲ….
“ကဲပါ… စိတ်ကျဉ်းကျပ်မနေပါနဲ့… ယွန်းကို မင်းအခန်းမှာ ခေါ်ထားလိုက်… မနက်ကျောင်းတော့ နောက်မကျစေကြနဲ့… Good Night”
သူမက စကားစကိုဖြတ်ရင်း စိုးယုကိုသွားခွင့်ပေးသည်… ပြီးတော့ စိုးယုကို ပြုံးကြည့်ကာ တံခါးကိုပိတ်သွားသည်…
စိုးယုမှာတော့ တံခါးရှေ.မှာ ခေါင်းငုံ.ကာ တစ်ယောက်တည်း…..

Xxxxx

“ကလစ်..” တံခါးမကြီး ဖွင့်သံကြားလို. လှည့်ကြည့်လိုက်တော့ စိုးယုတစ်ယောက် အသက်မပါသလို ငူငူငိုင်ငိုင်နှင့် အိမ်ထဲဝင်လာသည်…
“စိုးယု…” ယွန်းလှမ်းခေါ်လိုက်မှ…
“ယွန်း… နင်ဒီည ငါ့အခန်းမှာဘဲ အိပ်တော့… နင့်မေမေကို ငါပြောခဲ့ပြီ..”
“ဟမ်.. တကယ်ဟုတ်လို.လား..” ယွန်းက မျက်ရည်မခြောက်သေးသော မျက်နှာလေးကိုမော့ကာ မယုံတစ်ဝက်နှင့်မေးသည်..
စိုးယုက ယွန်းရဲ့ မျက်ရည်တွေကို သုတ်ပေးရင်း  “တကယ်ပါဟ… နင့်မေမေက မနက်ကို ကျောင်းနောက်မကျဖို.တောင် မှာလိုက်သေးတယ်.. နင့်မေမေက ခင်ဖို.ကောင်းတယ်နော်..”
စိုးယုစကားကို နားထောင်ရင်း ယွန်းစိတ်မသက်မသာ သက်ပြင်းချမိသည်…
မဖြစ်နိုင်တာ ယွန်းမေမေအကြောင်းကို ယွန်းအသိဆုံးပါ… မေမေ့လောက် လောကကြီးကို ဂရုမစိုက်တတ်တဲ့သူက ဘယ်လိုလုပ်ပြီး စိုးယုကိုခင်ခင်မင်မင် ဆက်ဆံမှာလဲ…
“လာလေ.. ငါတို.တွေ အိပ်ကြစို.၊ ညည့်နက်နေပြီ..” ယွန်းလက်ကလေးကို ဆွဲကာ အိပ်ခန်းထဲသို.ခေါ်လာခဲ့သည်…
အိပ်ခန်းထဲရောက်တော့ စိုးယုက ကုတင်ညာဘက်မှာ နေရာယူပြီး၊ ယွန်းကို ဘယ်ဘက်မှာ အိပ်စေသည်… ခြေရင်းက ဂွမ်းစောင်ထူထူကို ဆွဲကာ ၂ယောက်တူတူခြုံပြီး မီးကိုပိတ်သည်…
စိုးယု ရင်တွေခုန်နေသလို၊ ယွန်းရဲ့ ခပ်တိုးတိုးရှိုက်သံက စိုးယုကို အိပ်မပျော်နိုင်အောင် ပြုစားထားသလိုလို..
နောက်ဆုံးတော့ စိုးယု ဘယ်ဘက်လက်မောင်းကို ဆန်.ကာ ယွန်းကို သူမလက်မောင်းပေါ်အိပ်စေပြီး… ညာဘက်လက်နှင့် သူမကို ပွေ.ကာ ကျောကိုပွတ်သပ်ပေးနေမိသည်…
သူမတို. ခနာကိုယ်၂ခုတုန်ရီနေကြပေမယ့်… ယွန်းထံမှ ရှိုက်သံလေးတွေ ပိုပိုတိုးလာခဲ့သည်..
ညက အရင်လို ခြောက်ကပ်မနေဘဲ နွေးထွေးလွန်းလှသည်… ချစ်သူကို ရင်ခွင်ထဲထားအိပ်ခွင့်ရတဲ့ ည…
ယွန်းရဲ့ ဆံပင်လေးကို ဖွဖွနမ်းရင်း စိုးယုပြောလိုက်မိတာက … “Good Night..”

No comments:

Post a Comment