Chapter – 9
“ယွန်း… စိုးယုတစ်ယောက်ရော..” ကျောင်းကားပေါ်မှ အတန်းဖော်သူငယ်ချင်း
တစ်ယောက်ကမေးသည်
“သူ ကျောင်းကားမစီးတော့ဘူးတဲ့.. သူ.အဒေါ်အိမ်က ကားနဲ့ဘဲ ကျောင်းတတ်တယ်..”
“အင်း.. နင်တို.၂ယောက် ခုတလော တွဲတာသိပ်မတွေ.တော့ဘူး.. ရန်များဖြစ်ထားကြသလားလို.ပါ..”
“ဟင့်အင်း.. ဘာမှ မဖြစ်ပါဘူး.. ငါတို.ဘာသာ စာမေးပွဲနီးလာလို. ကိုယ့်ကိစ္စနဲ့ကိုယ်
ရှုပ်နေကြလို.ပါ” ထိုသူငယ်ချင်းမကိုပြန်ဖြေရင်း သတိထားမိသည်.. ခုတလော စိုးယုတစ်ယောက်
စိတ်နဲ့ ကိုယ်မကပ်…
စကားပြောရင်လဲ အယောင်ယောင်အမှားမှား၊ စာသင်ခန်းထဲမှာလဲ စာတွေ သေချာလိုက်မလုပ်၊
ဟိုတနေ့ကလဲ practical လုပ်တုန်း Sulphuric Acid ကို လိုအပ်တာထက်ပိုပြီး အချိုးအဆမှားထည့်မိလို.၊
ဖန်အိုးတွေကွဲကာ လျော်လိုက်ရသေးသည်…
တခါတခါကျတော့လဲ စာအုပ်ကိုငုံ.ကြည့်သလိုနှင့် ဆံပင်တွေနှင့်ကွယ်ရင်း
ကြိတ်ငိုနေတတ်တာလဲ တစ်ခါ နှစ်ခါမကတော့….
အထူးသဖြင့် ယွန်းကိုလဲ ခပ်ရှောင်ရှောင်လုပ်နေသည်.. ကျောင်းကားလဲ
မစီးတော့၊ ကျောင်းရောက်တော့လဲ အတန်းတတ်ချိန်ကလွဲလျင် ကျန်အချိန်တွေမှာ စာလုပ်သလိုလို၊
စာကြည့်တိုက်သွားမလိုလိုနဲ့ မရေမရာ အကြောင်းပြချက်တွေပေးပြီး ရှောင်နေတတ်သည်…
စိုးယု ဘာတွေများဖြစ်နေပါလိမ့်…
……………………………………………………….
ဒီအတန်းပြီးလို. နောက်အတန်းမစခင် ကြားမှာ ၁နာရိခန်. အချိန်ရှိသေးသည်..
ဒီနေ့တော့ စိုးယုကို သေသေချာချာမေးရန် ဆုံးဖြတ်ပြီး၊ စိုးယုကို
သူမခေါ်လာခဲ့သည်..
သူမတို.၂ယောက် Main Building ဘက်ကိုလျောက်လာကြပြီး၊ ကျောင်းကားဂိတ်နားက
လှေကားထစ်လေးတွေမှာ ထိုင်ဖြစ်ကြသည်..
ကျောင်းဆင်းချိန်မဟုတ်သောကြောင့် ထိုနေရာသည် တိတ်ဆိတ်အေးချမ်းလျက်…
“စိုးယု နင်အခုတလောဘာတွေဖြစ်နေတာလဲ..” ယွန်းမေးတော့
“…………………………..”
“ဟဲ့ ဖြေလေ…”
သက်ပြင်းတစ်ချက်ရှိုက်ပြီးမှ “ဘာမှ မဖြစ်ပါဘူးဟာ၊ ဒီလိုပါဘဲ..”
ယွန်းခေါင်းကိုယမ်းရင်း စိုးယုမျက်နှာကို စေ့စေ့ကြည့်ကာ..”နင် ငါ့ကိုမညာနဲ့၊
နင်တစ်ခုခုဖြစ်နေတယ်… နင်ငါ့ကို စိတ်ဆိုးနေတာလား..”
“………………. ………”
စိုးယု ပခုံးကို ခပ်ဆတ်ဆတ်ပုတ်လိုက်ရင်း..
“ဟဲ့ .. ပြောလေ…”
“ယွန်း….. “
“အင်း… ပြော“
“ငါနင်နဲ့ သူငယ်ချင်းဆက်မဖြစ်ချင်တော့ဘူး..” စိုးယုအသံက
နစ်ဝင်သွားရင်း မျက်နှာကို တစ်ဖက်လှည့်သွားသည်..
“ဘာ”
“……………………….”
“ရုတ်တရက်ကြီး… ဘာတွေဖြစ်လာတာလဲဟာ.. ငါနားမလည်တော့ဘူး..” ယွန်းက
စိုးယုပခုံးကို လှုပ်ခါရင်းမေးသည်..
"အမှန်တော့ ငါဒီစကားပြောဖို. တော်တော်အချိန်ယူခဲ့တာပါ"
စိုးယု အသံတွေတုန်ရင်နေသည်ကို သတိထားမိရင်း...
"ဘာကြောင့်လဲ" ယွန်း ခေါင်းထဲမှာလဲ မေးခွန်းတွေအပြည့်..
“ယွန်း… နင် လေးတန်းတုန်းက ကျောင်းမှာ နင့်ကိုချစ်တယ်လို.
ပြောခဲ့ဖူးတဲ့ ကောင်မလေးကို မှတ်မိလား..”
ယွန်း ရုတ်တရက်အံ့သြသွားပြီး.. “နင်က အဲဒီအဖြစ်အပျက်ကို ဘယ်လိုလုပ်သိနေခဲ့တာလဲ..”
စိုးယုမျက်နှာကိုမော့ကာ ယွန်းကိုကြည့်ရင်း ၀မ်းနည်းစွာဝန်ခံမိသည်က..
“အဲဒါ ငါဘဲ ယွန်းရယ်..”
“နင် … နင်က..”
“ဟုတ်တယ် ယွန်း… ငါနင့်ကို ချစ်ခဲ့မိလို. အရှက်ရပြီး မြန်မာပြည်ကနေထွက်ပြေးခဲ့တယ်..
အခုလဲ နင့်ကိုချစ်နေဆဲမို.လို. ဒီနိုင်ငံကို ပြန်လာခဲ့တယ်… ငါနင်နဲ့ သူငယ်ချင်းဆက်မဖြစ်ချင်တော့ဘူး…
နင့်ချစ်သူအဖြစ်နဲ့ဘဲ…”
“တော်..” ယွန်းထံမှ စကားသံနဲ့အတူ သူမရဲ့လက်တစ်ဖက်လေးထဲသို.မြောက်အတတ်
စိုးယုမျက်လုံးတွေကိုစုံမှိတ်ရင်း…. “ဖျန်း”
ပါးတစ်ဖက်ပူခနဲ ခံစားရရင်း မျက်လုံးကို တင်းတင်းပိတ်ကာ နှုတ်ခမ်းတစ်ဖက်ကို
ပြတ်ထွက်လုမတတ်ကိုက်ထားမိသည်…
နားထဲမှာတော့ ယွန်းရဲ့ လွယ်အိတ်ဆွဲယူကာ အဝေးသို.ခပ်ကြမ်းကြမ်းလျှောက်သွားသံတွေကို
ကြားနေမိသည်…
ယွန်းရဲ့ ခြေသံပျောက်သွားတော့မှ မျက်လုံးကိုဖွင့်ကြည့်မိတော့ အရာအားလုံးက
ေ၀၀ါးလျက်၊ သတိရလို. ပါးပြင်ကိုစမ်းမိတော့ မျက်ရည်စတွေနှင့်.....
မေမေရေ.. သမီးအတွက် အချစ်ဆိုတာ ဒါဘဲလား… ချစ်ခြင်းအတွက် ပေးဆပ်ခဲ့သမျှ
ပြန်ရခဲ့တာ ချစ်သူပေးတဲ့ အမုန်းလက်ဝါးတစ်ချက်ဘဲတဲ့လား….
နင့်ရဲ့ အမုန်းလက်ဝါးတစ်ချက်
ငါ့အတွက်တော့ တစ်သက်စာ
နာကြင်မှုတွေရင်မှာပိုက်ရင်း
ဆက်ချစ်နေပါရစေ…
(ဆက်ရန်)
No comments:
Post a Comment