CHAPTER - 2
Vempire Zon~~
လပြည့်ညတွေမှာ ဒီမြို.ထဲကျင်လည်ကျက်စားတတ်တာ သူမရဲ့အကျင့်…
သူမအရမ်းချစ်ခဲ့ရတဲ့ ဇနီးဆုံးပြီးကတည်းက၊ သူမတစ်ယောက်တည်း အနောက်ဘက်ခြမ်းက
Vampire တောင်ကုန်းလေးမှာ ငြိမ်သက်စွာအချိန်တွေကုန်ဆုံးရင်း လပြည့်ညတွေမှာ မြို.ထဲလမ်းလျောက်ထွက်မြဲ…
လူဆိုးတွေကို ဆုံးမတတ်ပြီး လူကောင်းတွေကို ကယ်တင်တတ်သူ…
အခုလဲ မြို.ထဲလမ်းမတွေမှာ လမ်းလျောက်ရင်း ကောင်မလေးတစ်ယောက်ရဲ့
အော်သံကိုကြားလိုက်ရသည်…
အသံလာရာသွားကြည့်တော့ မိန်းကလေးတစ်ယောက်ကို Gangster ၆ယောက်က အနိုင်ကျင့်ဖို.ပြင်နေကြခြင်း..
ထိုမိန်းကလေးရဲ့ ခန္ဓာကိုယ်မှာ သွေးတွေနှင့်..
သူမရောက်သွားတော့ မျက်လုံးတွေက အားကိုတကြီးအရောင်တွေ ဖျတ်ခနဲလတ်ပြီး၊
ချက်ချင်းမှိန်ကျသွားသည်..
ပြီးတော့ နောက်ဆုံးကြားလိုက်ရတာက “ထွက်သွား၊ ပြေး… “ တဲ့
သူမလဲကျသွားပြီ….
ထိုမိန်းကလေးထင်သွားတာက Zon ကို သူမလိုသာမန်မိန်းကလေးထင်သွားတာဖြစ်မည်..
Zon ခေါင်းတစ်ချက်ခါယမ်းရင်း ဆံပင်တွေကိုလေထဲလွင့်အောင် ခါပစ်လိုက်သည်….