Chapter – 10
“မေမေ .. ယွန်း အိမ်ပြန်ရောက်ပြီ..”
ဧည့်ခန်းက ဆိုဖာပေါ်မှာ မဂ္ဂဇင်းတစ်အုပ်ဖတ်ရင်း ထိုင်နေသော မေမေက
မျက်လုံးလှန်ကာကြည့်သည်..
“ဒီနေ့ စောလှချည်လား” ဟု မှတ်ချက်ပေးရင်း သူမစာအုပ်ဘက်ကို ပြန်အာရုံစိုက်သွားသည်..
ယွန်းဘာမှ ဖြေရှင်းချက်မပေးဘဲ မေမေ့ကိုစိုက်ကြည့်နေမိသည်..
“တခုခုများ ပြောစရာရှိနေလား..” ယွန်းဘက်ကို လှည့်မကြည့်ဘဲ မေမေက
မေးသည်..
ယွန်းသက်ပြင်း တစ်ချက်ရှိုက်ရင်း
“ဘာမှ မရှိပါဘူး..” ပြန်ဖြေကာ ယွန်းရဲ့ ကိုယ်ပိုင်အိပ်ခန်းဘက်သို.
ထွက်လာခဲ့သည်..
……………………………………………
အခန်းထဲရောက်တော့ တစ်လမ်းလုံးထိန်းလာခဲ့တဲ့ မျက်ရည်တွေပါးပေါ်စီးကျလာသည်…
သူမရဲ့ ညာဘက်လက်ကို နာနာကျဉ်းကျဉ်းကြည့်ရင်း လက်သီးကျစ်ကျစ်ဆုပ်ထားမိသည်..
“ဒီလက်တွေပေါ့…. စိုးယုကို
နာကျင်စေခဲ့မိတာ…” ကိုယ့်ကိုယ်ကို ခပ်တိုးတိုး ပြန်ပြောရင်း ကြမ်းပြင်ပေါ်ဒူးထောက်ချကာ
ရှိုက်ငိုမိသည်….
ရင်ထဲမှာ ကိုယ့်ကိုယ်ကို ဒီနေ့လောက် မုန်းမိသည့်နေ့မရှိတော့… ဒါပေမယ့်
ဘာကြောင့် မုန်းနေမိလဲ အဖြေရှာမတွေ.
……………………………………..