Thursday, February 21, 2013

NOTHING


NOTHING, Fighting for
NOTHING, Crying for
NOTHING~~~~
But we don’t let it go for
NOTHING, no not for
NOTHING, this should be
NOTHING, to a love like what we got~~~ (NE-YO …. MAD)

“မင်းဘာလာလုပ်တာလဲ..” တံခါးမှူးကြီးက ကျွန်တော့်ကိုမေးတယ်..
“ကျွန်တော် ငြိမ်းကိုလာတွေ.တာပါ..”
“ဒီအိမ်က မင်းနဲ့ မသက်ဆိုင်တော့ဘူးလေ..”
ကျွန်တော် နဲနဲတွေသွားတယ်..  ပင့်သက်တစ်ချက်ရှိုက်ရင်း…. “ဟုတ်ပါတယ်.. ဒါပေမယ့် ကျွန်တော် သူ.ကိုနှုတ်ဆက်ချင်လို.ပါ….”
“ သူ အိပ်နေတယ်… “ တံခါးမှူးကြီးက မျက်နှာထားခပ်မာမာနဲ့ ခပ်ပြတ်ပြတ်ပြောတယ်..
“ကျွန်တော် သူအိပ်တာ မနှောင့်ယှက်ပါဘူး။ တိတ်တိတ်လေး ကြည့်ပြီးပြန်မှာပါ… ကျွန်တော် တောင်းပန်ပါတယ်… နောက်ဆုံးအခွင့်အရေးလေးအနေနဲ့ ငြိမ်းကို နှုတ်ဆက်ခွင့်ပေးပါနော်…..”
တံခါးမှူးကြီးက သေသေချာချာစဉ်းစားရင်း သက်ပြင်းချနေသည်….

Wednesday, February 20, 2013

Vampire Lover CHAPTER - 3 (THE END)


CHAPTER – 3

May~~

မျက်လုံးတွေမဖွင့်ခင် နှာခေါင်းထဲမှာ ရနေတဲ့အနံ.တွေက သူမကို အိမ်မှာမဟုတ်ဘူးဆိုတာ သေချာစေသည်။

အနံ့… ဟုတ်တယ် ………
ပျားဖယောင်းတိုင်လိုလို သစ်သီးရနံ့လိုလိုနဲ့ မူးယစ်ချိုအီစေသောရနံ့တွေ………

ပြီးတော့ အတွေ.
သူမခန္ဓာကိုယ်အောက်က နူးညံ့လွန်းသော ပိုးစအထိအတွေ.
သူမခန္ဓာကိုယ်မှာ နာကြင်ခြင်းတွေမရှိဘဲ အကောင်းပကတိလို လန်းဆန်းနေခဲ့တာ..
သူမသေဆုံးသွားပြီလား………. မနေ့ညက…..
သေဆုံးသွားပြီဆိုသောအသိက သူမမျက်လုံးတွေကို ခပ်ကျယ်ကျယ်ဖွင့်ဖို. တွန်ုးအားတွေပေးသည်…….
မျက်လုံးတွေဖွင့်လိုက်တော့ ပြူတင်းပေါက်မှ နေရောင်ခြည်က သူမရှိနေသော အခန်းကျဉ်းလေးဆီဖြာကျလျက်….

အခန်းထဲမှာ အမျိုးအစားမသိသော Indoor Plant လေး၂ပင်ကလွဲလျှင် ဘာပရိဘောဂမှမရှိဘဲ ရှင်းလင်းလျက်..
နံရံပေါ်က အဆင့်လေးထက်မှာတော့ ဖယောင်းတိုင်၂တိုင် မီးညှိထားသည်…… အခုမှသတိထားမိတာက သူမရရှိနေတဲ့ ရနံ.တွေက ထိုဖယောင်းတိုင်၂တိုင်မှဖြစ်မည်….
ပိုးသားစခင်းထားတဲ့ အိပ်ယာခင်းနှင့် ကြက်သွေးရောင်ကတ္တီပါစောင်က သူမခန္ဓာကိုယ်ကို နူးညံ့နွေးထွေးစေသည်….

Saturday, February 16, 2013

Vampire Lover - Chapter 2


CHAPTER - 2

Vempire Zon~~

လပြည့်ညတွေမှာ ဒီမြို.ထဲကျင်လည်ကျက်စားတတ်တာ သူမရဲ့အကျင့်…

သူမအရမ်းချစ်ခဲ့ရတဲ့ ဇနီးဆုံးပြီးကတည်းက၊ သူမတစ်ယောက်တည်း အနောက်ဘက်ခြမ်းက Vampire တောင်ကုန်းလေးမှာ ငြိမ်သက်စွာအချိန်တွေကုန်ဆုံးရင်း လပြည့်ညတွေမှာ မြို.ထဲလမ်းလျောက်ထွက်မြဲ…
လူဆိုးတွေကို ဆုံးမတတ်ပြီး လူကောင်းတွေကို ကယ်တင်တတ်သူ…

အခုလဲ မြို.ထဲလမ်းမတွေမှာ လမ်းလျောက်ရင်း ကောင်မလေးတစ်ယောက်ရဲ့ အော်သံကိုကြားလိုက်ရသည်…
အသံလာရာသွားကြည့်တော့ မိန်းကလေးတစ်ယောက်ကို Gangster ၆ယောက်က အနိုင်ကျင့်ဖို.ပြင်နေကြခြင်း..

ထိုမိန်းကလေးရဲ့ ခန္ဓာကိုယ်မှာ သွေးတွေနှင့်..
သူမရောက်သွားတော့ မျက်လုံးတွေက အားကိုတကြီးအရောင်တွေ ဖျတ်ခနဲလတ်ပြီး၊ ချက်ချင်းမှိန်ကျသွားသည်..

ပြီးတော့ နောက်ဆုံးကြားလိုက်ရတာက “ထွက်သွား၊ ပြေး… “ တဲ့
သူမလဲကျသွားပြီ….
ထိုမိန်းကလေးထင်သွားတာက Zon ကို သူမလိုသာမန်မိန်းကလေးထင်သွားတာဖြစ်မည်..
Zon ခေါင်းတစ်ချက်ခါယမ်းရင်း ဆံပင်တွေကိုလေထဲလွင့်အောင် ခါပစ်လိုက်သည်….