Thursday, March 7, 2013

Flame of Love - Chapter 1


Chapter 1

“မကြီး… ငယ် အလုပ်သွားတော့မယ်…” အလုပ်မသွားခင် အခန်းတံခါးကို အသာဖွင့်ဟရင်း မကြီးကို အသိပေးလိုက်သည်…
.
.
ကုတင်ပေါ်မှာ အိပ်နေသော မကြီးထံမှ ချက်ချင်းပြန်ဖြေသံမကြားရ….
“မကြီး..” ယုငယ် စိုးရိမ်စွာနှင့် အခန်းထဲကို ၀င်လာခဲ့သည်..
“မကြီး.. အိပ်နေတာလား..”

ပိတ်ထားသော မျက်လုံးများကို အားယူဖွင့်ပြီး မလန်းမဆန်းအပြုံးနှင့်အတူ.. “ငယ်လေး အလုပ်သွားတော့မှာလား… တံခါးတွေ သေချာပိတ်သွားနော်..”
ယုငယ် ကုတင်ဘေးမှာ ဒူးထောက်ထိုင်ချရင်း.. “မကြီး နေမကောင်းဘူးလားဟင်..”
“ညက အိပ်တာနောက်ကျလို.ထင်တယ်.. နည်းနည်းခေါင်းမူးနေတာပါ.. မကြီးကို စိတ်မပူနဲ့နော်.. ငယ်လေး အလုပ်သွားတော့…”

ကြိုးစားပြီး စကားပြောနေရသော မမကြီးက စိတ်မပူပါနှင့် ပြောနေသော်လည်း၊ ယုငယ် စိတ်ပူနေမိသည်..
Schedule ကို သေချာပြန်ကြည့်တော့ ဒီနေ့ကျမှ အရေးကြီး Magazine တစ်ခုအတွက် Photo Model လုပ်ပေးဖို.ရှိသည်။


တတ်သစ်စ Photo Model တစ်ယောက်အနေနဲ့ သူမအလုပ်ကို အလေးထားပြီး အချိန်တိကျနေရသောကာလမှာ၊ သူမအနေနဲ့ ဘာအတွက်နဲ့မှအလုပ်ကို နောက်မကျချင်။ ဒါတွေအားလုံးကိုလဲ အခုအိပ်ရာထဲလဲနေသော နာမည်ကြီး Model ဟောင်း မမကြီး ငုသွယ်မှ သင်ပေးခဲ့ခြင်းဖြစ်သည်။

ငယ်ငယ်ကတည်းက နှလုံးရောဂါအခံကြောင့် ကျန်းမာရေးချူချာတတ်ပေမယ့်၊ သူမတူအောင် ကျော့ရှင်းလှပပြေပြစ်သော ခနွာကိုယ်အချိုးအစား၊ Milky Skin လို.တင်စားရတဲ့ ဖြူဖွေးချောမွတ်သော အသားအရည်၊ ဆွဲဆောင်မှုအပြည့်နဲ့ သူမရဲ့ နှုတ်ခမ်းထူထူ တို.က သူမကို မော်ဒယ်လောကထဲမှာ နာမည်ကြီးစေခဲ့သည်။

မိဘတွေဆုံးပြီးကတည်းက အသက် ၆နှစ်ခန့်ကွာသော ညီမငယ် ယုငယ်နှင့် စိုးနွယ် ၂ယောက်ကို မော်ဒယ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းပြုပြီး၊ စောင့်ရှောက်လာခဲ့တာဖြစ်သည်။
စိုးနွယ်နှင့် ယုငယ်က အသက် တစ်နှစ်စီသာကွာပေမယ့် အပြုအမူ အနေအထိုင်တွေက တခြားစီ။ စိုးနွယ်က ယောက်ျားလေးဆန်ပေမယ့် နည်းနည်းအေးဆေးသည်။ Civil Engineer တစ်ယောက်ဖြစ်ပြီး၊ လောလောဆယ် Condominium တစ်ခုရဲ့ ဆောက်လုပ်ရေးမှာ Site Engineer အဖြစ်တာဝန်ထမ်းဆောင်နေသည်။

ယုငယ်ကတော့ မိန်းကလေးဆန်ကာ သွက်လက်ချက်ချာလှပြီး၊ ငုသွယ်လို ရှည်သွယ်သောအရပ်အမောင်းနှင့် လှပပြေပြစ်သော ခနွာကိုယ်ရှိသည်။ အစ်မကြီး ငုသွယ်ကို ငယ်ငယ်ကတည်းက အထင်ကြီးလေးစားတတ်သူဆိုတော့ သူမ အသက် ၂၀အရွယ်မှာ ယခုလို လူသိနဲနဲများသော တတ်သစ်စ Photo Model လေးတစ်ယောက်ဖြစ်လာတာ မဆန်း…

အသက်ကို ခပ်ဖြေးဖြေးရှူရင်း သူမအတွက် စိတ်ပူနေသော ညီမငယ်ကို ခပ်ဖြေးဖြေးပြုံးပြကာ…
“ငယ်လေး… စိတ်မပူနဲ့၊ ခဏနေ စိုးလေးပြန်လာတော့မှာဘဲ.. ခုဘဲ နေ့လည်ရောက်နေပြီလေ..”
အတွေးတွေနှင့် ဗျာများနေသော ယုငယ်တစ်ယောက် အခုမှ သတိရသွားသလို…

“ဟာ.. ဟုတ်သားဘဲ.. မနွယ်ကို ဖုန်းဆက်ရမယ်..”
ပြောပြောဆိုဆို သူမလက်ကိုင်အိတ်ထဲမှ Mobile ကိုထုတ်ကာ စိုးနွယ်ရဲ့ဖုန်းနံပါတ်ကိုခေါ်သည်..
“Hello~~”
“မနွယ်လား… ငယ်လေးပါ.. “
“အေး.. အငယ်မ… ပြော…”
“ငယ်လေး အခုအလုပ်သွားမလို.၊ မမကြီး အိမ်မှာ နေမကောင်းဘူး.. စောစောပြန်လာခဲ့လို. ပြောတာ..”
“အာ… မကြီး နေမကောင်းဘူးလား.. အေး..အေး.. ငါလဲ ခဏနေ အလုပ်ပြီးတော့မှာ.. နောက် ၁နာရီဆို အိမ်ရောက်ပြီ.. မပူနဲ့ .. အလုပ်ကောင်းကောင်းသွား..”
“ဟုတ်.. ဒါဆို အလုပ်သွားပြီနော်.. တာ့တာ..”

မနွယ်နဲ့ ဖုန်းစကားပြောပြီးတော့မှ ယုငယ်တစ်ယောက် စိတ်ချသွားသလိုနှင့်.. “မကြီး.. ဒါဆို ငယ်လေး အလုပ်သွားတော့မယ်.. မနွယ်က နောက်တစ်နာရီဆို အိမ်ရောက်ပြီတဲ့… အခု ခဏပြန်အိပ်နေလိုက်၊ ရေဆာရင် သောက်ရအောင် ရေဖြည့်ပေးထားခဲ့မယ်..” ပြောပြောဆိုဆိုနှင့် ကုတင်ဘေးက စားပွဲခုံပုလေးပေါ်မှ ဖန်ရေပုလင်းလေးကို ယူကာ သောက်ရေဖြည့်ပေးလိုက်သည်..

“မကြီး.. အိပ်ပျော်အောင် အိပ်နော်.. ငယ်လေး တံခါးသော့ခတ်မသွားတော့ဘူး.. မနွယ်ခဏနေပြန်လာတော့မှာ.. ဘာမှ ထမလုပ်နဲ့… သိလား..”
စိတ်ပူစွာ တတွတ်တွတ်မှာနေသော ညီမငယ်ကိုကြည့်ကာ .. “အေးပါ.. ငယ်လေးရယ်.. အလုပ်သွားစရာရှိတာ မြန်မြန်သွားတော့.. ကိုယ်က နောက်ကျနေလို. တခြားသူတွေက စောင့်ရရင် မကောင်းဘူး… အလုပ်ကိုလေးစားရတယ်..”
“ဟုတ်.. ဒါဆို သွားပြီ…” မကြီးရဲ့ နဖူးလေးကို ရွှတ်ခနဲ့နမ်းကာ နှုတ်ဆက်ရင်း ယုငယ် အိပ်ခန်းအပြင်သို. ထွက်လာခဲ့သည်။

စိတ်ထဲမှာတော့ တမျိုးဘဲ… ရင်ထဲမှာ တခုခုဖြစ်နေသလို….

ဘာမှ သိပ်မစဉ်းစားတော့ဘဲ အိမ်တံခါးကို ဖြေးဖြေးပိတ်ကာ lock မချတော့ဘဲ ကားရပ်ထားရာဆီသို. ထွက်လာခဲ့သည်။

………………………………………. ………………………………………………..

No comments:

Post a Comment