Chapter 2
ငုသွယ်~~~
စိတ်ပူတတ်သော ညီမငယ်အလုပ်သွားပြီဆိုတော့ တစ်ယောက်တည်းအိမ်မှာ ရှိနေတယ်ဆိုတဲ့
အတွေးက လူကို အားငယ်စေလာသည်..
“ခဏနေ နွယ်လေး ပြန်လာမှာဘဲလေ..” ကိုယ့်ကိုယ်ကို အားတင်းလိုက်ရင်း၊
အိပ်ရာပေါ်မှ ခပ်ဖြေးဖြေးထသည်။
အမှန်တော့ ခေါင်းမူးပြီး လူကအားနည်းနေသော်လည်း၊ အိပ်ယာထဲမှာ လူမမာတစ်ယောက်လို
အိပ်မနေချင်..
အသက်ကို ပုံမှန်ဖြစ်အောင်ရှူရင်း၊ ရေချိုးခန်းဆီသို. ခပ်ဖြေးဖြေးလျောက်သည်..
ပိန်လှီနေသော သူမခြေထောက်တွေ ပြန်ငုံ.ကြည့်ရင်း လွန်ခဲ့တဲ့ ၃နှစ်ခန်.က
အောင်မြင်စွာကျော်ကြားခဲ့သော နာမည်ကြီး Model ငုသွယ်ရဲ့ ခြေထောက်တွေဆိုတာ ယုံရခက်ခက်…
အသက် ၂၇နှစ်ဆိုတာ သာမန်လူတစ်ယောက်အတွက် ပျော်ပါးသွက်လက်နေရမယ့်အရွယ်..
သူမအတွက်ကတော့ ဝေဒနာဖိစီးမှုကြောင့် အိမ်ထဲကအပြင်ထွက်ခွင့်မရှိတဲ့ အိပ်ရာပေါ်မှ လူပိုတစ်ယောက်..
အတွေးတွေက သူမရင်ကိုအသက်ရှူရခက်လာစေပြန်သည်…
တခြားဟာပြောင်းတွေး…
၁.. ၂.. ၃..၄..၅..
ဂဏန်းတွေကို ရေတွက်ရင်း… စိတ်ကို ပြန်ဖြေလျော့ချသည်…
Wash basin မှ ရေပိုက်ခေါင်းကို ဖွင့်ချရင်း ဖိစီးနေသောစိတ်တွေကို
ရေနဲ့အတူ မျောချသည်…
Relax~~ Relax~~
ရေအေးအေးက သူမရဲ့မျက်နှာကိုသာမက စိတ်ကိုပါ လန်းဆန်းစေသည်။ မျက်နှာသစ်၊
ခြေလက်ဆေးပြီး ဆံပင်ကို ဖီးနေကျ ဘီးလေးနှင့် သပ်တင်ရင်း ဖယောင်းတိုင်ထွန်းဖို. သတိရသည်..
ဟုတ်တယ်…
အခုလို အချိန်မှာ ပျားဖယောင်းတိုင် ရနံ့သင်းသင်းလေးက သူမကို စိတ်ကြည်နူးစေမှာ
သေချာသည်…
.
.
ရေချိုးခန်းက ထွက်လာတော့ သူမစိတ်တွေ နဲနဲလန်းလာသည်… မျက်လုံးတွေက
ဖယောင်းတိုင်တွေ စီထည့်ထားသော ဗီရိုဆီသို.
သူမကြိုက်တတ်မှန်းသိသဖြင့် ယုငယ်က အမြဲမပြတ် အခန်းထဲမှာ ထည့်ထားပေးတတ်သည်..
သူမ အပြင်ကပြန်လာတိုင်း ထူးထူးဆန်းဆန်း ရနံ့တွေပါသော ဖယောင်းတိုင်လေးတွေ ၀ယ်ဝယ်လာတတ်ပြီး
ဗီရိုထဲမှာ စီထည့်ပေးထားတတ်သည်..
စိုးနွယ်ကတော့ နှလုံးရောဂါသမားနှင့် ဖယောင်းတိုင်ရနံ့မတည့်ဟုဆိုကာ
အမြဲ တဂျီဂျီနှင့် ယုငယ်ကို ရန်လုပ်နေကျ..
အလတ်မက လက်တွေ.ဆန်ပြီး၊ အနေအေးသလောက် သူမတို. အကြီးနှင့်အငယ် ၂ယောက်က
စိတ်ကူးယဉ်ဆန်ကာ သွက်လက်ကြသည်..
မှန်ဗီရိုပုလေးထဲမှ လိမ္မော်ရောင် lemon ရနံ့ပါသော ဖယောင်းတိုင်လေးကို
ထုတ်ကာ မီးထွန်းဖို.ပြင်သည်။
Lemon ရနံ့ကို သူမကြိုက်သည်..
အထူးသဖြင့် အခုလို နေမကောင်းချိန်မှာ Lemon ရနံ့လေးက လူကို လန်းဆန်းစေသလို~~
မီးခြစ်~~~
ဟုတ်သားဘဲ.. မီးခြစ်ဘယ်မှာထားမိပါလိမ့်…
ဘယ်သူမှ ဆေးလိပ်မသောက်သောကြောင့် သူမအခန်းမှာသာရှိသော တစ်ခုတည်းသောမီးခြစ်က
လိုရင်လိုသလို လာယူပြီး ပြန်မထားတတ်ခြင်းကြောင့် ခဏခဏပျောက်သည်..
သေချာပြန်စဉ်းစားတော့မှ… မနေ့က စိုးနွယ် အိမ်ပုံစံငယ်ဆောက်ဖို.
Board မှာ ကပ်ရန် ကော်ချောင်းမီးကင်စရာရှိသည်ဆိုကာ သူမမီးခြစ်လာယူသွားသည်..
အခန်းတံခါးကိုဖွင့်ရင်း ဖယောင်းတိုင်ကို ကိုင်ကာ စိုးနွယ်အခန်းဘက်သို.
ကူးလာခဲ့သည်..
စိုးနွယ်အခန်းက မိန်းကလေးမဆန်စွာ ရှင်းလင်းလွန်းနေသည်..
ကုတင်တစ်လုံး စာကြည့်စားပွဲနှင့် အ၀တ်ဗီရိုတစ်ခု…
နံရံကပ်ပစ္စည်း တစ်ခုမှ မရှိဘဲ၊ စာကြည့်စားပွဲပေါ်မှာတော့ သူမဆောက်လက်စ
လုံးချင်းအိမ်ပုံစံသေးသေးလေးတစ်ခု
ကားသေးသေးလေးတွေ၊ အိမ်သေးသေးလေးတွေက ချစ်စရာ.. ခဏခဏမြင်နေကျပေမယ့်
မြင်တိုင်း ကိုင်မကြည့်ဘဲ မနေနိုင်…
ခဏတာ အရုပ်ကလေးတွေနှင့် ကြည်နူးပြီးမှ သူမ ဘာအတွက် ဒီအခန်းကိုလာသလဲ
သတိရသည်..
မီးခြစ်~~
စားပွဲပေါ်မှာ ၊ ကုတင်နားမှာ မတွေ.
လှည့်ပတ်ရှာပြီးမှ စားပွဲအောက်က ကြမ်းပြင်ပေါ်မှာ ပြုတ်ကျနေသည်ကို
တွေ.သည်…
ကျနေသော မီးခြစ်ကို ကောက်ယူပြီး သူမ နဲနဲမောသွားသည်.. အခန်းထဲမှာ
ငြိမ်ငြိမ်မနေဘဲ ထွက်လာမိတာ မှားသွားပြီဟု တွေးမိလာသည်..
ခပ်မြန်မြန် စိုးနွယ်အခန်းမှ ထွက်ရင်း သူမအခန်းဘက်ကို ကူးလာသည်..
လမ်းလျောက်ရင်း မီးခြစ်ကို ခြစ်ကာ လက်မှာ ကိုင်လာသော ဖယောင်းတိုင်ကို
မီးညှိသည်..
Lemon ရနံ့လေးကို သူမလိုအပ်နေပြီဖြစ်သည်..
အသက်ရှုရတာ ပိုခက်ခဲလာသလို လမ်းလျောက်ရတာလဲ အားမရှိတော့….
.
.
အခန်းတံခါးကို ဖွင့်လိုက်ချိန်……
သူမ တစ်ကိုယ်လုံးပျော့ခွေပြီး ကြမ်းပေါ်လဲကျသွားသည်….
လက်ထဲမှ ဖယောင်းတိုင်က ပြူတင်းပေါက်ဘက်သို. တစ်လိမ့်လိမ့်….
ဖယောင်းတိုင်မှ lemon ရနံ့လေးပါသော မီးတောက်ပြာလေးက ပြူတင်းပေါက်မှ
ခန်းဆီးစတွေဆီသို. ကူးစက်လောင်ကျွမ်းရင်း…
…………………………………………………………………..
No comments:
Post a Comment