Monday, March 11, 2013

Flame of Love - Chapter 3


Chapter 3

ခိုင်~~

မီးတောက်တွေ မီးလျံတွေကြားမှ….
“ခိုင်~~ ကယ်ပါဦး…. ခိုင်ရေ~~”
“မျိုး…”
“ခိုင် လာနေပြီ မျိုးရေ… ခဏစောင့်နော်…”
ချစ်သူရှိရာသို. မီးတောက်တွေကြားမှာ ကျွန်တော်တို. တပ်ဖွဲ. သတိထားပြီး သွားနေကြသည်…
“ခိုင်.. မင်း သွားလို.မရတော့ဘူး.. လမ်းဆုံးနေပြီ..” Captain ကိုဇော်ဝင်းက တားသည်..
“မရဘူး အစ်ကို.. မျိုး အထဲမှာ ပိတ်မိနေတယ်…”
“ဟိတ်ရောင်.. မင်းပါ သေလိမ့်မယ်…” ပြန်ဆွဲခေါ်နေကြသော သူနှစ်ယောက်ကို တွန်းကန်ပစ်ခဲ့ရင်း.. မီးတောက်တွေကြားထဲ တိုးဝင်ခဲ့သည်…
“မျိုးရေ~~”
.
.
မီးစွဲနေသော ထုတ်တန်းတစ်ခု ပြုတ်ကျလာပြီး…
“အား……………….”
“ခိုင်~~”
“မျိုး…”
.
.

လည်ချောင်းကွဲမတတ်အသံကုန်အော်ဟစ်ပြီး အိပ်ရာက နိုးလာတော့….
အရာရာဟာ အိပ်မက်တွေမှန်း သတိထားမိသည်…
မျိုး… အိပ်မက်ထဲမှာ ထပ်တွေ.ရသည်… ချစ်သူဆုံးခဲ့တာ ၃နှစ်ကျော်ခဲ့ပြီပေါ့…. …
“ဟူး..”
ရင်ထဲကအပူငြိမ်းရန် ရေတစ်ခွက်ထသောက်ဖြစ်သော်လည်း ဒီအပူဘယ်တော့မှ မငြိမ်းနိုင်မှန်း.. ကိုယ့်ကိုယ်ကိုသာအသိဆုံး..
နှုတ်ခမ်းကို ခပ်နာနာကိုက်ရင်း ၀ဲကျလာသော မျက်ရည်အချို.ကို လက်ခုံနှင့် ခပ်ကြမ်းကြမ်းသုတ်ကာ မျိုး အကြောင်း မတွေးမိအောင် စိတ်ထိန်းသည်…


သို.သော်….
မီးတောက်တွေကြားမှာ ချစ်သူကို ဆုံးရှုံးခဲ့ရတာ…
ညာဘက်ခြေထောက်တစ်ဖက် အကျည်းတန်စွာ ဒဏ်ရာရခဲ့တာ…
အမြဲဂုဏ်ယူခဲ့ရတဲ့ မီးသတ်ရဲမေဘ၀ကို စွန်.လွှတ်ခဲ့ရတာ…
ဒါတွေအားလုံးကို လွယ်လွယ်နဲ့ မေ့ပစ်လို.ရမှာတဲ့လား…
.
.
နေ့လည်နေ့ခင်း အိပ်မိလျှင် ဒီလိုဘဲ အိပ်မက်ဆိုးတွေ မက်တတ်သည်လေ..
နာရီိကိုလှမ်းကြည့်တော့..
“ညနေတောင် ရောက်တော့မယ်..”
အိမ်ထဲမှာ တစ်ယောက်တည်းထိုင်နေလျှင် စိတ်ပိုညစ်မည်… ဒီတော့ ထုံးစံအတိုင်း ကန်ပေါင်ဘက်ကို လမ်းလျောက်ထွက်ရန် စဉ်းစားမိသည်…
အ၀တ်အစားလဲရင်း ကိုယ့်အောက်ပိုင်းကိုယ် ပြန်မကြည့်ဖြစ်အောင် ဂရုစိုက်သည်…
ခြေသလုံးထိ ရုပ်ဆိုးစွာ အကျည်းတန်နေသော မီးလောင် အမာရွတ်ကက စိတ်ဒဏ်ရာရှိသော သူမအတွက် အနှောင့် အယှက်တစ်ခု သတ်သတ်သာ….
ဝတ်နေကျ အားကစားဘောင်းဘီခပ်ပွပွနှင့် တီရှပ်အကြပ်တစ်ထည် ကောက်စွပ်ကာ.. ဂျာကင်တစ်ထည် လက်ကကိုင်ကာ ကုတင်နံဘေးမှ ချစ်သူ၏ ဓာတ်ပုံလေးသို. အနမ်းတစ်ချက်ပေးကာ..
“မျိုး… ခိုင် အပြင်ထွက်လိုက်ဦးမယ်နော်… သိပ်မကြာဘူး.. ခဏနေပြန်လာမယ်..”
ဖိနပ်စင်မှ Walking Shoe တစ်ရံကောက်စီးကာ အပြင်ထွက်ပြီး၊ အိမ်တံခါးကို ခပ်သွက်သွက်သော့ခတ်လိုက်သည်….
.
.
ကန်ပေါင်ဘက် ရာသီဥတု သာသာယာယာရှိနေသည်… လေနဲနဲတိုက်သဖြင့် လက်မှကိုင်လာသော ဂျာကင်အကျီထပ်ဝတ်ရင်း၊ ခပ်လှမ်းလှမ်းမှ အိမ်တစ်လုံးနားတွင် စုရုံးစုရုံးဖြစ်နေသော လူတစ်စုနားသို. ခပ်မြန်မြန်လျောက်ဖြစ်သည်…
“ဘာတွေဖြစ်နေတာလဲ..” လူစုထဲမှ အမျိုးသမီးတစ်ယောက်ကို မေးမိတော့
“အိမ်ခန်းထဲမှာ မီးလောင်နေတယ်… အထဲမှာ ရောဂါသည်ကောင်မလေးတစ်ယောက် ပိတ်မိနေတယ်..”
“ဟမ်..”
မျိုး…
မီးတွေထဲမှာ မျိုး ပိတ်မိနေတယ်တဲ့….
သူမ စိတ်တွေ ဘာဖြစ်သွားလဲ သေချာမသိတော့…
နားထဲမှာ လူအချို.ရဲ့ တားမြစ်ကန့်ကွက်သံတွေ..
“ဟဲ့… မသွားနဲ့လေ..”
“အထဲမှာ မီးတောက်တွေနဲ့..”
.
.
ဘယ်မှာလဲ.. မျိုး…
ခိုင့် စိတ်တွေ အရမ်းပူနေပြီ၊ ဒီတစ်ခါ မျိုး မသေစေရဘူး…
ခိုင့်ခြေထောက်တွေမကလို. တစ်ကိုယ်လုံးပြာကျသွားပစေ… မျိုးရေ….
….. …………….
အိမ်အောက်ထပ် တစ်ထပ်လုံးက မီးမစွဲသေး… အပေါ်ထပ်တစ်ခန်းထဲသာ…
မသိစိတ် ထိုအခန်းထဲဝင်ရန် လှုံ.ဆော်နေသည်….
မီးခိုးတွေ အူထွက်နေသော အခန်းတံခါးကို ခြေထောက်နှင့် ကန်ကာ ဆောင့်ဖွင့်လိုက်တော့…
ကြမ်းပြင်ပေါ်မှာ ခွေခွေလေးလဲနေသော ယမင်းရုပ်လေးတစ်ရုပ်…
အဖြူရောင် ကောင်မလေး….
မျိုး မဟုတ်ဘူး ဆိုတဲ့ အသိက ရင်ကို နင့်ကနဲ………..

သက်ပြင်း တစ်ချက်ရှိုက်ရင်း လဲကျနေသော ကောင်မလေးကို ပခုံးပေါ်ပွေ.ချီကာ မီးတွေနှင့် လွတ်ရာဆီသို.
အပြင်ဘက်မှ မီးသတ်ပိုက်နှင့် ရေဖျန်းသံတွေကြားရတော့…
သြော်… မီးသတ်ရဲဘော်တွေ ရောက်လာပြီပေါ့……….
ဒီနယ်မြေမှာဆို..  ဘယ်သူတွေ တာဝန်ကျမှာပါလိမ့်…. သူမ နှင့် အသိတွေဖြစ်ခဲ့ဖူးလား….

အတွေးတွေ ဟိုတစ်စ ဒီတစ်စ…
မီးခိုးငွေ.တွေက သူမကိုပါ အသက်ရှူကြပ်စေသည်…
လှေကားကနေ မြန်မြန်ပြေးဆင်းရင်း.. လက်ထဲက ယမင်းရုပ်လေးကို ထိခိုက်မသွားအောင် ဂရုစိုက်ရင်း…
ရင်ထဲမှာတော့ မျိုးကို တမ်းတနေမိသည်မှာ အခါခါ….
.
.
.
“ဟယ်… ထွက်လာကြပြီ…”
“ဟေး..”
လက်ခုပ်တီးသူတွေက တီးကာ သူမကို ဂုဏ်ပြုနေကြသည်…
ချီးကျူးမှုတွေလိုချင်လို. မီးတောက်တွေထဲ တိုးဝင်ဖြစ်တာမှ မဟုတ်တာလေ….
ပခုံးပေါ်မှ အဖြူရောင် ယမင်းရုပ်လေးကို လူတွေဝိုင်းအုံနေသော မြက်ခင်းပြင်သို. အသာချကာ ငေးစိုက်ကြည့်မိတော့….
အရမ်းလှသည်… အရမ်း အရမ်းကို ချစ်စရာကောင်းသော ကောင်မလေးတစ်ယောက်…
အဖြူရောင် ၀တ်စုံလေးနှင့် အစိမ်းရောင် မြက်ခင်းပေါ်မှာ အိပ်ပျော်နေသည်က… Snow White မင်းသမီးလေးလို အပြစ်ကင်းစင်လှသည်….
မျက်လုံးတွေေ၀၀ါးလာပြီး၊ မျက်ရည်တွေ အလိုလိုကျလာပြီ…
ရင်ထဲမှာ ဆို.နင့်လျက်….
ပါးစပ်မှာ တဖွဖွခေါ်နေမိတာက
“မျိုးရယ်…”

Xxxxx xxxxxxxxx

No comments:

Post a Comment