Friday, March 29, 2013

Flame of Love - Chapter 9


Chapter 9

ယုငယ်~~

နေ့လည်စာစားပြီး မိုးပြင်ပေးသော ပန်းသီးစိတ်လေးတွေစားရင်း ၂ယောက်သား ဧည့်ခန်းမှာ တီဗီတူတူထိုင်ကြည့်နေတုန်း….
~~oh oh kiss me.. oh kiss me..~~ ဖုန်းသံမြည်လာတော့..
“ဟဲလို”
“ဟုတ်ကဲ့..”
“ဒါဆို ခဏနေတွေ.ကြမယ်လေ.. ၄နာရီနော်”
“တာ့တာ..”
ဖုန်းချအပြီး ..…
“ဘယ်သူလဲ” မိုးကမေးသည်..
“တေးတေး ဖုန်းဆက်တာ.. မနွယ်မအားလို.တဲ့.. ဒီည ခိုင်နဲ့ ညစာသွားစားကြမလို.တဲ့.. မိုးကိုပါခေါ်ခဲ့တဲ့.. ညနေ ၄နာရီ..”
မိုးက ခေါင်းလေးကို ငြိမ့်ပြီး နာရီကို လှမ်းကြည့်သည်.. “ဟာ ခုဘဲ ၂နာရီထိုးတော့မယ်..”
“ဟုတ်တယ်.. အချိန်သိပ်မရှိတော့ဘူး… ရေချိုးကြစို.”
“အင်း.. ငယ် အရင်သွားချိုး.. မိုး အိမ်နည်းနည်း ရှင်းလိုက်ဦးမယ်..”
“ဟာ.. ဘယ်ဖြစ်မှာလဲ ငယ့်ချစ်ချစ်လေး တစ်ယောက်တည်းပင်ပန်းနေမှာပေါ့.. တူတူအိမ်ရှင်းပေးမယ်.. ပြီးရင် ရေတူတူချိုးမယ်နော်..ခိခိ”
မိုးက မျက်စောင်းထိုးရင်း….
“သွား.. လူဆိုး.. အကြံချည်းဘဲ..”
.
.
Xxxxxxxxxxxxxxxxxxxxxxxx xxxxxxxxxxxxxxxxx



သံသာ~~

သံသာ အခန်းထဲမှာ အလုပ်တွေရှုပ်နေသည်..
ယုငယ်နှင့် ညနေစာ တူတူစားရမယ်တဲ့… ရင်တွေခုန်လိုက်တာ…
ယုငယ်ရှေ.မှာ အရမ်းလှချင်နေသည်…. ဘာအရောင်လေး ၀တ်ရပါ့…
အဖြူ.. (အရမ်းနုနေမလား…)
ပန်းရောင်.. (အရမ်း ကလေးဆန်နေမလား..)
အပြာ .. (သူမ စိတ်ကြိုက်မဟုတ်သေး..)
ခရမ်း.. (နဲနဲ အရောင်ရင့်လျှင်ပိုကောင်းမည်..)
ထိုစဉ် မမတေးနုယဉ်က အခန်းတံခါးဖွင့်ဝင်လာသည်..
“အမယ်လေး… ဒေါ်သံသာ… အခန်းတစ်ခုလုံးလဲ အကျီတွေပွလို.ပါလား… ဘာအတွက်ကြောင့် အဲလောက် ရွေးနေတာလဲ..”
“ဟီး.. မမကလဲ .. ညစာသွားစားကြမယ်ဆို.. မမတို.ရန်ကုန်မှာ ဘယ်လိုတွေဝတ်လဲ သံသာမှ မသိတာ.. ဒီတော့ ဘာဝတ်ရကောင်းမလဲ စဉ်းစားနေတာ..”
တေးနုယဉ်က သံသာ့ကို မျက်စောင်းတစ်ချက်ထိုးရင်း..
“ဒီကောင်မလေးတော့ ပုံမှန် မဟုတ်တော့ပါဘူး.. “ ပြောကာ လက်က အ၀တ်ဗီရိုထဲမွှေနှောက်ရှာရင်း..
“အင်း.. ဒီအနက်လေးကလှတယ်.. ငါ့ညီမလေးက အသားဖြူပြီးသားဆိုတော့ အနက်လေးနဲ့ ပိုလှတယ်..” ဟု အကြံပေးသည်..
သံသာကိုယ်တိုင်လဲ မမရွေးပေးသော အနက်လေးကို သဘောကျမိသည်..
“အိုကေ.. ဒါဆိုဒါဘဲ ၀တ်တော့မယ်.. မမက သိပ်ချစ်ဖို.ကောင်း… “
“ဒီကောင်မလေးတော့ ချစ်သူတွေ.နေပြီထင်ပ… ဘယ်ကောင်လေးလဲ ပြောစမ်း..”
“အာ.. မဟုတ်ပါဘူး..” မျက်နှာနီရဲကာ အသဲအသန်ငြင်းမိသည်..
“မဟုတ်ဘူးသာပြောတယ်.. မျက်နှာကလဲ နီလို.၊ ကဲကဲ.. အကျီမြန်မြန်လဲ.. သွားဖို.အချိန်နီးနေပြီ.. ခိုင်တစ်ယောက်တည်း ကြိုရောက်နေရင် အားနာစရာ… စိုးနွယ်ကိုလဲ အချိန်မှီလာခေါ်ဖို. ပြောရဦးမယ်..” ဆိုကာ အခန်းထဲမှ ထွက်သွားသည်…
သံသာ့ရင်ထဲမှာ ပြန်ပြောနေခဲ့မိတာကတော့ “သံသာချစ်နေတာ ကောင်လေးမဟုတ်ပါဘူး မမရယ်.. ကောင်မလေးပါ… အရမ်းချစ်စရာကောင်းတဲ့ ကောင်မလေးပေါ့…”
.
.
.
Xxxxxxxxxxxxxxxxxxxxxxxxxxxxxx

စိုးနွယ်~~

“မကြီး.. နက်ဖန် မနက် ဆေးရုံဆင်းဖို. အဆင်သင့်လုပ်ထားနော်… ဒီည ခိုင်နဲ့ ညစာသွားစားကြမှာ.. မကြီးမပါတော့ ခိုင်က သိပ်ပျော်ပုံမရဘူး..”
“တော်ပါ နွယ်ရယ်.. ပေါက်ကရတွေ လျောက်ပြောမနေနဲ့..”
“အာ.. တကယ်ပြောတာ.. မကြီးကို ခိုင်က ကြွေနေပုံဘဲ.. ဟိဟိ.. သူ့ပုံစံကလဲ ရေလည်မိုက်တယ်နော် မကြီး.. လုံးဝ ဖိုက်တာဒီဇိုင်းနဲ့… ဟိုနေ့က body fit t-shirt ၀တ်လာတာ.. သူ.လက်မောင်းမှာ ကြွက်သားတွေနဲ့…”
“နွယ်… နင် ညစာသွားစားမယ်ဆို သွားတော့.. ငါ အိပ်တော့မယ်.. ညကျလဲ နင်ပြန်မလာနဲ့ အငယ်လေးကိုလွှတ်လိုက်..”
“ဟားဟားဟား… ငါ့အစ်မ အပျိုကြီးတော့ ရှက်နေပြန်ပါဘီ…. ရ၀ူး.. ငယ်လေးကို လွှတ်ပါဘူး.. နွယ်ဘဲ ပြန်လာစောင့်မှာ .. တစ်ညလုံး ငါ့အစ်မကို ရည်းစားရဖို. နားချဦးမှာ.. ခုတော့ ချစ်ချစ်လေး ဆဲမှာစိုးလို. လစ်တော့မယ်… ဟိဟိ” နွယ်က အစ်မလုပ်သူကို စပြီး ထွက်လာခဲ့သည်…
အခန်းထဲမှာတော့… “သွားသွား.. မြန်မြန်ကြွ..”
.
.
တေးတေးဆီ ကားမောင်းသွားကြိုရင်း… ခိုင့်ကို ဖုန်းလှမ်းခေါ်သည်..
“ဟလို..”
“ခိုင်လား.. စိုးနွယ်ပါ..”
“အေး.. ပြော “
“အခုလာနေကြပြီ.. on the way မှာလို.၊ ခိုင့် ကိုဝင်ကြိုရမလား..”
“အင်း.. ခိုင်ကတော့ အဆင်သင့်ဖြစ်နေပြီ… စိုးနွယ်အဆင်ပြေရင်လဲ ၀င်ကြိုလိုက်လေ.. ပိုအဆင်ပြေတာပေါ့..”
“OK, ခိုင့်အိမ်လိပ်စာပြော..”
“……………………………..”
“၅မိနစ်အတွင်း ရောက်မယ်…”
.
.
.
“ဒေါက်.. ဒေါက်..”
“လာပြီ..”
ခိုင်က အခန်းတံခါးလာဖွင့်ပြီး.. “အောက်ကနေ Miss call ပေးလိုက်ပြီးရော၊ ဆင်းလာမှာပေါ့..”
“ရပါတယ်.. ပြီးတော့ ခိုင့်အခန်းကို ကြည့်ချင်လို. တတ်လာတာ..”
ခိုင်က မျက်ခုံးပင့် ကြည့်ရင်း… “ဘာအတွက်..”
“ခိုင်က တစ်ယောက်တည်းနေတာလား… “ စိုးနွယ်က မေးခွန်းကို ပြန်မဖြေဘဲ ခိုင့်ကို မေးခွန်းပြန်ထုတ်သည်..
ခိုင်က ခေါင်းငြိမ့်ပြရင်း.. “ဟုတ်တယ်.. တစ်ယောက်တည်း”
ခွင့်ပြုချက်မတောင်းဘဲ ခိုင့်အိမ်ထဲကို ၀င်လိုက်သည်… ဖိနပ်ကြိုးချည်နေသော ခိုင်က နဲနဲတော့ အံ့သြနေသလို…
ဒါပေမယ့် ဘာမှတော့ မပြော….
“wow… ခိုင့်အခန်းက တော်တော်ကျယ်တာဘဲ… “
“အရမ်းတော့ မကျယ်ပါဘူး.. ဒါပေမယ့် ပုံမှန်တိုက်ခန်းတွေထက်တော့ နဲနဲကျယ်တယ်.. အိပ်ခန်း၂ခန်းပါတယ်.. မီးဖိုချောင်နဲ့ ဧည့်ခန်း တစ်ခန်း… Store ခန်းနဲ့ balcony … ဒါဘဲ…”
“အိပ်ခန်း ၂ခန်း.. ခိုင့်မှာ ရည်းစားရှိလား..” စိုးနွယ်ရဲ့ မျက်လုံးတွေက ခိုင့်မျက်ဝန်းတွေကို စူးရှစွာသေချာကြည့်နေသည်… ခိုင့်ရင်ထဲကို ထွင်းဖောက်လို.ရနေသလို….
.
.
“မရှိဘူး.. သွားကြစို.၊ ငါဗိုက်ဆာနေပြီ..” ခိုင့်အသံက နဲနဲ ဒေါသသံပါနေသည်..….
စိုးနွယ် နှုတ်ခမ်းကို ခပ်ကွေးကွေးပြုံးကာ၊ လက်ဝါး၂ဖက်ဖြန့် ပခုံးတွေကို နဲနဲမြှင့်လိုက်ပြီး “Ok.. Let’s go..”
စိုးနွယ်ရင်ထဲမှာ တခုခုကို နားလည်လိုက်သလိုလို….
သူမတို.၂ယောက် ခိုင့်တိုက်ခန်းလေးမှ ဆင်းလာခဲ့ကြသည်…
နောက်မှလိုက်လာသည့် ခိုင်ကတော့ ငြိမ်သက်တိတ်ဆိတ်လို.၊ တခုခုကို တွေးနေသလို….
စိုးနွယ်ကတော့ ကားသော့ကို လက်ထဲမှာဆော့ရင်း… ဇာတ်လမ်းတစ်ပုဒ်ကို ရင်ထဲမှာ ရေးဆွဲနေမိသည်…
.
.
.
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx




No comments:

Post a Comment