Chapter 7
ခိုင်~~
Bus ကားပေါ်ကဆင်းပြီး ဆေးရုံကို လမ်းလျောက်လာတဲ့အထိ ခိုင့်ရင်ထဲက
အတွေးတွေ မရှင်းသေး…
ဒါပေမယ့်…
လူနာကုတင်ပေါ်က Snow White လေးကို တွေ.ရချိန်မှာတော့…
“မင်္ဂလာ နံနက်ခင်းပါ ငုသွယ်” အရာရာကို မေ့ပြီး သူမကို ခပ်ပြုံးပြုံး
နှုတ်ခွန်းဆက်မိသည်…
“ခိုင်….”
တစ်ကိုယ်လုံးမှာ အားအပြင်းဆုံး စူးရှတဲ့ မျက်ဝန်းနက်တွေနဲ့ ခိုင့်ကိုကြည့်နေပုံက
ရင်ထဲထိတောင် ထွင်းဖောက်မြင်နေရသလို….
“နိုးနေတာ ကြာပြီလား..”
“ဟုတ်ကဲ့… ခိုင်လာမယ်ဆိုလို. စောင့်နေတာ”
ချစ်စရာကောင်မလေးက ချစ်စဖွယ်ပြန်ဖြေတော့ အမြဲမျက်နှာတည်ထားတတ်သောခိုင်တစ်ယောက်
အပြုံးတွေ ရပ်တန်.လို.မရ…
“ငုသွယ်အတွက်..” လက်ထဲမှ ပန်းစည်းလေးကိုပေးတော့..
“ဟယ်.. ပန်းလေးတွေက လှလိုက်တာ.. ကျေးဇူးပါ..”
“ငုသွယ်က ပန်းလေးတွေထက်ပိုလှတာ..”
သူမ မျက်စောင်းဖျော့ဖျော့လေးထိုးတော့ ခိုင့်ရင်ခုန်သံ ကြမ်းကြမ်းလေး
ခုန်သွားသည်ပေါ့….
.
.
.
.
.
“ဟာ.. ခိုင်ရောက်နေတာ ကြာပြီလား.. “ ၄ဆင့် ထမင်းချိုင်.ကြီးကိုဆွဲပြီး
ယုငယ်နဲ့ စိုးနွယ်တို. ရောက်လာမှ သူမတို.၂ဦး စကားပြောနေခဲ့တာ နာရီအချို. ကျော်လွန်ခဲ့ပြီဘဲ….
“ဟုတ်ကဲ့.. ရောက်နေတာကြာဆို မနက် ၈နာရီလောက်ကတည်းကဘဲ..”
“ဒါဆို မကြီးမပျင်းတော့ဘူးပေါ့… အခုလို လာနေပေးတဲ့အတွက် ကျေးဇူးပါ
ခိုင်ရယ်..” စိုးနွယ်က ကျေးဇူးတင်စကားပြောတော့ ..
“အဟား… ခိုင်လဲ တစ်ယောက်တည်း ပျင်းနေတာကြာပြီ.. အခုမှ အဖော်တွေ.လို.
စကားကောင်းနေတာ.. စိုးနွယ်တို. ထမင်းစားဖို.လာတာ မဟုတ်လား.. ခိုင်ပြန်တော့မယ်လေ…”
“အာ.. မဟုတ်တာ.. ခိုင်ကလဲ ရောက်နေမှတော့ မပြန်ပါနဲ့ဦး.. ထမင်းတူတူစားကြမယ်လေ..
နေ့လည်စာစားသွားဦး..”
“ဟာ.. လူနာဆီလာပြီး ထမင်းလာကပ်စားသလိုဖြစ်နေမှာပေါ့.. မလုပ်ပါနဲ့.. ခိုင် လဲ ရောက်နေတာကြာပြီ..”
“ခိုင်ကလည်း.. သူစိမ်းဆန်လိုက်တာ.. နေ့လည်စာတော့ တူတူစားသွားပါ.”
ငုသွယ်က ၀င်ပြောတော့ ငြင်းနေတဲ့ ခိုင့်ပါးစပ်တွေ အလိုလိုနှုတ်ဆိတ်ပြီး၊ ငုသွယ်ရဲ့ ညီမတွေနဲ့အတူ
ထမင်းစားပွဲ ၀ိုင်းပြင်ပေးမိနေလေရဲ့..
.
.
.
.
နေ့လည်စာစားပြီးတော့လဲ ငုသွယ်တို. ညီအစ်မတွေနဲ့အတူ စကားတွေဝိုင်းဖွဲ.ပြောရင်း
သူမတို.နဲ့ ငယ်ပေါင်းကြီးဖော်တွေလို ခင်မိခဲ့ကြတယ်…
ငုသွယ်ရယ်.. မြန်မြန်နေကောင်းပါတော့….
Xxxxxxxxxxxxxxxxxxxxxx
မိုး~~
Sms…
မိုး - ငယ်.. ဒီနေ့ မိုးအလုပ်စောပြီးမယ်…
နက်ဖန် နားတယ်…ဆေးရုံကပြန်ရင် အိမ်ကိုတန်းလာမှာလား။
ယုငယ် - ဒီည ဆေးရုံမှာ စောင့်အိပ်ရမှာ.. မနက် လာခဲ့မယ်..
မိုး - ဟာ… တစ်ညလုံးလွမ်းနေရတော့မှာပေါ့..း(
ယုငယ် - မိုး စောစောအိပ်ထားလေ.. လမ်းကနေ မနက်စာဝယ်လာခဲ့မယ်..
မိုး - ပြီးရော မုန်.ဟင်းခါး ၀ယ်ခဲ့နော်.. အိပ်ရင်းစောင့်နေမယ်..
ps: တံခါးဖြည်းဖြည်းဖွင့်ပါ..
ယုငယ် - အိုကေ.. ချစ်တယ်..
မိုး - အရမ်းးးးးး ချစ်…
Sms တွေ ပို.ပြီး မိုးတစ်ယောက်ပြုံးနေမိတော့…
“မိုး… တစ်ယောက်တည်း ဘာတွေပြုံး..” အလုပ်ထဲမှ အခင်ဆုံးသူငယ်ချင်းမလေး
ရီမွန်က လာမေးသည်..
“ဟိဟိ… ယုငယ် sms ပို.နေလို.”
“အင်း.. ယုငယ်က မိုးကို တော်တော်ချစ်တယ်နော်…”
“မိုးလဲ ယုငယ်ကို အရမ်းချစ်တာပါဘဲ..” ဟု ပြန်ပြောရင်း မျက်နှာညှိုးငယ်သွားသော
ရီမွန်.ကို မသိချင်ယောင်ဆောင်ပြီး ထွက်လာခဲ့သည်…
.
.
.
.
Xxxxxxxxxxxxxxxxxxxxxxxxx xxxxxxxxxxxxxxxxx
မိုးနဲ့ ယုငယ်ချစ်လာခဲ့တာ ၂နှစ်ကျော်လောက်ရှိပြီ…
သူမ အလုပ်လုပ်သော Night Club ကို ယုငယ် သူ.သူငယ်ချင်းတွေနှင့် အမြဲလိုလို
လာတတ်သည်…
ယုငယ်လာတိုင်းလဲ အလုပ်က ကောင်လေးတွေရဲ့ ပါးစပ်ဖျားမှာ ယုငယ်ရဲ့
အလှအပတွေအကြောင်း အမြဲကြားရသည်…
ထိုကဲ့သို့ နာမည်ကြီး အချောအလှ Model လေး ယုငယ်က Night Club မှာ
အလုပ်လုပ်သော Bar Tender ကောင်မလေး မိုးကို ချစ်နေသောကြောင့် အမြဲလာနေရပါသည်ဟု တစ်ညနေမှာ
ဖွင့်ပြောခဲ့တော့… ဟန်မဆောင်တတ်သော မိုးကလဲ ယုငယ်ကို ချစ်ခြင်း တုန်.ပြန်ခဲ့မိသည်ပေါ့…
သူမတို. ၂ယောက်ရဲ့ ချစ်ခြင်းကို မိုးရဲ့ အလုပ်က လူတွေအကုန်လုံးသိတဲ့အပြင်
အချောဆုံး နဲ့ ဆွဲဆောင်မှုအရှိဆုံး GirlxGirl စုံတွဲလေးအဖြစ် လက်ခံခဲ့ကြတာ..
အဲ.. မိုးနဲ့ ယုငယ်ကို သတ်သတ်စီ ကြိတ်ချစ်နေကြတဲ့ သူတွေတော့ မပါဘူးပေါ့လေ..
.
.
.
Club ထဲက ဆူညံနေသော DJ
Music တွေကို နားထောင်ရင်း ည အလုပ်ဆင်းချိန်ကို စောင့်နေမိသည်…
အိမ်ပြန်ရောက်ရင်တော့ ယုငယ်ကြိုက်တတ်တဲ့ Cheese burger လုပ်ဖို.
လိုအပ်တဲ့ ပစ္စည်းတွေ ညလုံးပေါက်ဖွင့်တတ်သော အိမ်နားက Supermarket မှာ ၀င်ဝယ်ရန် ဆုံးဖြတ်လိုက်သည်…
.
.
.
Xxxxxxxxxxxxxxxxxxxxxxxxx xxxxxxxxxxxxxx
No comments:
Post a Comment