Friday, March 22, 2013

Flame of Love - Chapter 5


Chapter 5

မီးတွေလောင်နေပြီ….
အသိစိတ်က ထွက်ပြေးဖို.ပြောနေပေမယ့် သူမခြေထောက်တွေ လှုပ်လို.မရ…
တစ်ကိုယ်လုံးအားနည်းပြီး လဲကျရာနေရာက မထနိုင်…
မီးခိုးတွေ… တစ်ခန်းလုံးပြည့်နှက်လာပြီ…
သူမ အသက်ရှူနှုန်းတွေလဲ မမှန်တော့ဘူး..
သေရတော့မယ်ဆိုတဲ့အသိစိတ်ကြောင့်လား၊ မီးခိုးငွေ.တွေကြောင့်လားမသိ.. သူမမျက်နှာမှာ မျက်ရည်တွေနှင့်..
.
.
.
သတိလစ်မလိုလိုဖြစ်နေချိန်မှာ သေချာသိလိုက်တာက တစုံတစ်ယောက်ရဲ့ နွေးထွေးတဲ့ ရင်ခွင်… မသန်မာပေမယ့် သူမကို မြဲမြဲပွေ.ဖက်ထားတဲ့ လက်တစ်စုံ….
ထိုလက်အစုံကို ယုံကြည်စွာနဲ့ သူမစိတ်တွေလျော့ချလိုက်တယ်…

.
.
.


“ရေ.. ရေပေးပါ..”
အာခေါင်တွေခြောက်ကပ်ပြီး လည်ပင်းထဲမှာ မီးစတွေနှင့် ထိုးထားသလို…
“နိုးပြီလား… ရေကို ဖြေးဖြေးချင်းသောက်ပါ….” သူနာပြုတစ်ယောက်ရဲ့ အသံနဲ့အတူ၊ နှုတ်ခမ်းနားထိကပ်လာပေးသော ရေကို အငမ်းမရသောက်ဖြစ်သည်…
လက်ဖက်စားဇွန်းလေးနှင့် နဲနဲချင်းသောက်ရသော်လည်း… လိုအပ်နေချိန် ရေတစ်ပေါက်က သူမလည်ချောင်းကို စိုစွတ်စေသည်…
“အသက်ရှူရတာ အဆင်ပြေလား… ခေါင်းထဲမှာ ဘယ်လိုနေလဲ..”
“ဟုတ်ကဲ့.. အဆင်ပြေပါတယ်… ခေါင်းတော့ နဲနဲမူးတယ်..”
သူနာပြုဆရာမက ခေါင်းငြိမ့်ပြီး… “အိပ်ဆေး၇ှိန်ကြောင့် နဲနဲမူးတာပါ.. မိသားစုတွေ အပြင်မှာ စောင့်နေတယ်.. ခေါ်ပေးမယ်…”
.
.
.


“မငုသွယ်အိမ်က ရှိလား” သူနာပြု ဆရာမ၏ခေါ်သံကြားတော့
“ဟုတ်ကဲ့.. ရှိပါတယ်” ယုငယ်ခပ်သွက်သွက်ပြန်ဖြေရင်း အခန်းဘက်သို. ခြေဦးလှည့်သည်
“မငုသွယ် အိပ်ရာကနိုးပါပြီ၊ အားလုံးအခြေအနေကောင်းတယ်၊ မိသားစုတွေ.ချင်ရင် ရပြီ။” ဆရာမက ပြောပြီး အလိုက်တသိနှင့် အခန်းထဲမှ ထွက်သွားပေးသည်။
ယုငယ်တို. တစ်သိုက် အခန်းထဲသို. မနှေးသောခြေလှမ်းတွေနှင့် ခပ်မြန်မြန် ကုတင်ဆီသို.သွားကြသည်..
“မကြီး… နိုးပြီလား.. သက်သာရဲ့လား..” ယုငယ် ပြာပြာသလဲ မေးဖြစ်သည်။
ယုငယ်အမေးကို ပြန်မဖြေဖြစ်ဘဲ ငုသွယ်ပြန်မေးဖြစ်တာက “သူရော…”
“သူ… သြော်… ခိုင့် ကိုပြောတာလား..”
“မီးထဲက ကယ်ခဲ့တဲ့သူ..”
ယုငယ်က ခေါင်းငြိမ့်ကာ… “သူ.နာမည်က ခိုင် တဲ့… ခုနကဘဲ ပြန်သွားတယ်.. မကြီး နေကောင်းကြောင်း ဖုန်းဆက်ပြောပေးမယ်.. “
“သူ.နာမည်က ခိုင်တဲ့လား.. သူနဲ့ တွေ.ချင်တယ်..”
“တေးတေးဖုန်းခေါ်ပေးမယ်.. မကြီးတို. ညီအစ်မတွေ အေးဆေးစကားပြောကြ.. “ ဟုဆိုကာ တေးနုယဉ်နှင့် သံသာတို. အခန်းထဲမှ ထွက်လာကြသည်…
.
.
.
.
“မကြီးနေကောင်းပြီလား… သက်ကော သက်သာရဲ့လား..”
ငုသွယ် ခေါင်းကို ငြိမ့်ပြရင်း.. “သက်သာပါတယ် ငယ်လေးရယ်..”
“ငယ်က အရမ်းစိတ်ပူနေတာ… အဲဒါ မနွယ်ကြောင့်ပေါ့… သူ အိမ်ကို စောစောပြန်မလာလို.”
အပြစ်ပြောခံရသည့် စိုးနွယ်ကတော့ မျက်နှာလေး ငုံ.ထားလျက် ငုသွယ်ရဲ့ လက်ကို ခပ်ဖွဖွဆုပ်ကိုင်ထားသည်..
“နွယ်လေးအပြစ်ချည်းမဟုတ်ပါဘူး ငယ်ရယ်.. မကြီးက မီးကို ပေါ့ဆမိလို.ပါ..”
“ဟွန်း… “ ယုငယ်က မကျေမနပ် မျက်စောင်းထိုးတော့ အကြီး၂ယောက်ဖြစ်သည့် စိုးနွယ်နှင့် ငုသွယ်တို. ရယ်မိကြသည်..
အငယ်တွေက ဒီလိုဘဲ သူတို.စကားအရာမရောက်လျှင် စိတ်ဆိုးလွယ်သည်လေ…
.
.
.
တေးတေးပြန်ဝင်လာကာ “မကြီး… ခိုင် ဖုန်းကိုင်ထားတယ်.. ပြောချင်တယ်တဲ့..”
တချိန်ထဲမှာပင် ငယ်လေးက “မကြီး… ငယ်လေးတို. အိမ်ခဏပြန်မယ်… ဒီည မနွယ်လာစောင့်အိပ်ပေးလိမ့်မယ်.. နက်ဖန် ငယ်လေးလာအိပ်မယ်.. သန်ဘက်ခါဆို ဆေးရုံဆင်းလို.ရပြီတဲ့.. ခုတော့ လိုတာတွေ ပြန်ယူဦးမယ်..”

ယုငယ်ကို ခေါင်းငြိမ့်ပြကာ…
တေးတေးလှမ်းပေးသော Mobile Phone ကို လျင်မြန်စွာလှမ်းယူပြီး…


ငုသွယ်:  “ ဟုတ်ကဲ့…”
ခိုင် : “ငုသွယ် နေကောင်းပြီလား..”
ငုသွယ်: “ဟုတ်ကဲ့”
ခိုင်: “ဆရာဝန်ကတော့ ပြောတယ်၊ ဆေးရုံမှာ ၂ရက်လောက်တော့ နေရမယ်တဲ့”
ငုသွယ် : “ ဟုတ်ကဲ့”
ခိုင် : “အစားကတော့ စားချင်တာ စားလို.ရတယ်တဲ့”
ငုသွယ် : “ ဟုတ်ကဲ့”
ခိုင် : “ဒါနဲ့ အတိတ်တွေဘာတွေများ မေ့သွားသေးလား…”
ငုသွယ် : “ရှင်.. မမေ့ပါဘူး… ဘဖြစ်လို.မေးတာလဲ..”
ခိုင် : “ဟုတ်ကဲ့ တစ်မျိုးဘဲဖြေတော့.. ကျန်တဲ့စကားတွေများမေ့သွားတာလားလို.”
ငုသွယ် : “အာ… ခိုင်ကလဲ”
ခိုင် : “ ဟားဟားဟား… “
.
.
.
ခိုင့်အသံက ခပ်ရှရှနှင့် စွဲဆောင်မှုရှိသည်…
ညီမလေးတွေ အိမ်ပြန်သွားတာတောင် ငုသွယ် အထီးကျန်တယ်လို. မထင်ရအောင် ခိုင်က စကားပြောကောင်းသည်..
.
.

ခိုင် : “ကဲ.. ငုသွယ်လဲ နားတော့လေ.. ခိုင် မနက်ဖန်ကျရင် ဆေးရုံကို လာခဲ့မယ်.. ဒီနေ့တော့ ညနေပိုင်း လုပ်စရာလေးတွေ ၇ှိလို. မလာတော့ဘူး… တာ့တာနော်..”
ငုသွယ် : “ဟုတ်ကဲ့...”
ဖုန်းချသွားတော့ ငုသွယ်ရင်ထဲ တခုခုဟာသွားသလို… ဘာကြောင့်ပါလိမ့်….
.
.
ခိုင့် လက်တွေကိုဘဲ မှတ်မိပြီး၊ မျက်နှာကို အတွေးထဲမှာ ပုံဖော်ကြည့်နေမိသည်…
ထိုညအတွက်တော့ ခိုင်က ဘယ်လိုလူမျိုး ဖြစ်နိုင်မလဲစဉ်းစားရင်း ငုသွယ် တော်တော်အလုပ်ရှုပ်နေခဲ့မိသည်…

  xxxxxxxxxxxxxxx xx                                                               

No comments:

Post a Comment