Monday, March 4, 2013

Tomboy တစ်ယောက်ကို ချစ်တော့မယ်ဆိုရင်...


နားလည်ပေးပါ

၁) Tom တစ်ယောက်က ကောင်လေးဆန်တဲ့ ကောင်မလေးတစ်ယောက်ပါ
၂) Tom တစ်ယောက်ရဲ့ နှလုံးသားက ကောင်မလေးတစ်ယောက်လို နူးညံ့တတ်တယ်၊ စွဲစွဲနစ်နစ်ချစ်တတ်တယ်…
၃) တခါတလေမှာ သူတို.က မိန်းကလေးဆန်တတ်တယ်.. နားလည်ပေးပါ သူတို.လဲ ကောင်မလေးတစ်ယောက်ဘဲဆိုတာ…
၎) တခါတလေမှာ သူတို.ရဲ့ အပြုအမူတွေက ခက်ထန်ကြမ်းတမ်းနေတတ်တယ်.. နားလည်ပေးပါ သူတို.ဘ၀က ကောင်လေးဆန်တဲ့ အပြုအမူတွေနဲ့ ရောထွေးရှင်သန်နေကြရလို.ပါ..
၅) တချို. Tom တွေက ရှက်တတ်ကြတယ်.. နားလည်ပေးပါ ကောင်လေးမဆန်တဲ့ ခန္ဓာကိုယ်နဲ့ ကောင်လေးစိတ်ကို ရထားတဲ့သူတွေမို.လို. မိန်းကလေးအချင်းချင်းဘာဖြစ်လဲဆိုတဲ့မှတ်ချက်က သူတို.ကို နာကြင်စေတယ်…
၆) Tom တွေအားလုံးရဲ့ တူညီတဲ့စိတ်က ကောင်မလေးတွေအတွက် အားကိုးစရာဖြစ်ချင်ကြတယ်၊ ချစ်သူကို ကာကွယ်ပေးချင်ကြတယ်….. တကယ်လို.များ ညီမလေးအတွက် ချစ်သူ Tom က အထင်ကြီး အားကိုးစရာမဖြစ်ခဲ့ရင် အချစ်စိတ်လေးနဲ့ ဖြေတွေးပေးပါ… Tom တွေက တကယ့်ကောင်လေးအစစ်မဟုတ်တော့ သူတို.ရဲ့ ခံနိုင်ရည်နဲ့ အကြမ်းခံနိုင်မှုက ညီမလေးတို.ထက် နည်းနည်းလေးဘဲ ပိုနိုင်ပါတယ် (တချို.ဆို ညီမလေးတို.ထက် ပိုနူးညံ့နိုင်ပါတယ်)
၇) သူတို.ကို ယုံကြည်ပေးပါ….. ချစ်သူအတွက် ပင်လယ်ကိုဖြတ်မယ် မီးတောင်ကိုကျော်မယ်လောက်ထိမလုပ်နိုင်ပေမယ့် ယောက်ျားဆန်ချင်တဲ့အတွက် သူတို.ကတိကိုတော့ တည်အောင်နေကြပါတယ်..

အကြင်နာတွေကို လက်ခံပေးပါ

ဒီတော့… Tom တွေရဲ့ အချစ်မှာ ဘာပိုသလဲ….
၁) Tom တွေရဲ့ ကောင်မလေးတွေအပေါ် ဂရုစိုက်ကြင်နာမှုကို ကောင်လေးတွေ လိုက်မှီနိုင်ပါ့မလား…
၂) ညီမလေးရဲ့အကြိုက်ကို ကောင်မလေးချင်းတူတူဖြစ်တဲ့ Tom လေးတွေက ပိုနားလည်နိုင်မယ် ထင်ပါတယ်… ဥပမာ- အရောင်နုနုလေးတွေ ကြိုက်တတ်တာ၊ ကာတွန်းရုပ်လေးတွေ ချစ်တတ်တာ..
၃) ညီမလေးတို.ရဲ့ စိတ်ခံစားမှု၊ အကြိုက်၊ ရောဂါဝေဒနာ အစရှိတဲ့ ပုံမှန်ချစ်သူယောက်ျားလေးနဲ့ မျှဝေခံစားလို.မရနိုင်တာတွေကို Tom ချစ်သူနဲ့ဆိုရင်တော့ ပွင့်ပွင့်လင်းလင်း မျှဝေဖွင့်ဟနိုင်မယ် ထင်ပါတယ်..
၎) တခါတလေမှာ Tom တစ်ယောက်ရဲ့ ချစ်သူအပေါ် ဂရုစိုက်ကြင်နာမှုတွေက ပတ်ဝန်းကျင်အနေနဲ့ မနာလိုစရာကောင်းအောင် ပိုလာနိုင်တယ်… အဲဒီခါကျရင် ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုတွေကို လျစ်လျူရှူပေးပါ…
၅) လောကမှာ Romantic ဆန်တဲ့အချစ်ကိုလိုချင်ရင်တော့ ညီမလေး သိပ်အတွေးမများပါနဲ့ Tom လေးတွေကို ချစ်လိုက်ပါ… Sex မပါတဲ့ အရိုးသားဆုံးအချစ်တွေနဲ့ Romantic ဆန်ဆန် ချစ်ပေးပါလိမ့်မယ်…း)

ပန်ချစ်ပေးပါ

၁) ညီမလေးဘက်က ဂရုစိုက်မှုကို ရရင် ကမ္ဘာပေါ်မှာ အကောင်းဆုံးထီဆုကြီးပေါက်တာထက် ပျော်နေမှာပါ
၂) ညီမလေးကသာ တကယ့်အချစ်စစ်နဲ့ ပြန်ချစ်ပေးရင် ရင်ခုန်သံချင်း ညှိလို.ရပြီပေါ့

X
X
X

မှတ်ချက်။   Tom တွေကလဲ လူသားတွေထဲက လူတွေဖြစ်တဲ့အလျောက်… တချို.က ချစ်စရာကောင်းတယ်၊ တချို.က အချစ်ကို ဆော့တယ်၊ တချို.က ယုတ်မာတတ်တယ်၊ တချို.က ကြင်နာတတ်တယ်… ဒီတော့ ညီမလေးအနေနဲ့ ကံမကောင်းစွာ ခပ်ဆိုးဆိုး Tom တစ်ယောက်နဲ့ တွေ.ခဲ့ဖူးရင် ကျန်တဲ့ Tom တွေကို အဲလိုဘဲလို. မထင်ပါနဲ့နော်…

ညီမလေးအနေနဲ့ Tom တစ်ယောက်ကို ချစ်တော့မယ်ဆိုရင်

ပထမ သူ.ရဲ့အချစ်ကို နားလည်ပေးပါ
ဒုတိယ သူ.ရဲ့ အကြင်နာတွေကို လက်ခံပေးပါ
တတိယ ပြန်ချစ်ပေးပါ

နောက်ဆုံးမှာတော့ ကမ္ဘာပေါ်မှာ ချစ်စရာအကောင်းဆုံး GirlxGirl စုံတွဲလေးဖြစ်လာမှာပါ…

4 comments:

  1. ကျေးဇူးတင်ပါတယ်ဗျာကျွန်တော်မင်မင်းပါ

    ReplyDelete
  2. အားပေးနေပါတယ် tommy girl yay.

    ReplyDelete
  3. ဒဲဒေဲပေမဲ့သူကမချစ်သေးဘူးသူချစ်လာအောင်ပြေပေးပါ

    ReplyDelete
  4. သူကတကယ်မချစ်ဘူးလို့ခံစားရတယ်

    ReplyDelete