Saturday, March 23, 2013

Flame of Love - Chapter 8


Chapter 8

မိုး~~
အလုပ်ဆင်းတော့ Supermarket ကိုသွားပြီး လိုအပ်တာတွေဝယ်သည်..
အိမ်ပြန်ရောက်တော့ ညတစ်နာရီထိုးပြီ….
ယုငယ်အတွက် ခေါင်းအုံးအပိုတစ်လုံး ထုတ်ပေးပြီး၊ ယုငယ် သုံးနေကျ သွားတိုက်တံနှင့် မျက်နှာသုတ်ပ၀ါ အဆင်သင့် ရှိမရှိသေချာစစ်သည်..
အကုန်လုံး သေချာပြီဆိုတော့.. မျက်နှာသစ် ရေချိုးပြီး အိပ်ဖို.ပြင်သည်..
.
.
.
.
မအိပ်ခင် မနက်စောစော ဘုရားဆွမ်းတော်အတွက် ဈေးဝယ်လာခဲ့သော သစ်သီးအချို.ကပ်ပြီး၊ ဘုရားရှိခိုးသည်…
မနက်မိုးလင်းခါနီးမှ အိမ်ပြန်ရောက်တတ်ပြီး တစ်နေ့လုံး အိပ်တတ်သောကြောင့် အလုပ်ကအပြန် မအိပ်ခင်မှာ ဘုရားဆွမ်းတော်ကပ်တတ်တာ သူမရဲ့ အကျင့်…
sms အ၀င်သံကြားရပေမယ့်  ဘုရားရှိခိုးနေဆဲဆိုတော့ ချက်ချင်းထဖွင့်မကြည့်ဖြစ်…
စိတ်က ဘုရားထံမရှိတော့ဘဲ sms ဆီမှာဘဲ ရောက်နေခဲ့ပြီး မြန်မြန်ဘုရားစင်သို. အာရုံပြောင်းရပြန်သည်..
.
.


ဘုရားရှိခိုးပြီး ဖုန်းရှိရာသို. အမြန်ပြေးကြည့်သည်… မကြာခင် တွေ.ရတော့မည်ဖြစ်သော်လဲ ချစ်သူပို.လာမည့် sms အတိုလေးကို ဖတ်ခွင့်ရချိန်မှာ ချစ်သူသက်တမ်းကြာခဲ့ပေမယ့် ခုထိ ရင်ခုန်နေဆဲ….
“မိုး...  အိပ်ပြီလား၊ ငါ အိပ်မပျော်လို. ဒီည နင့်ဆီလာခဲ့လို.ရမလား”
ယုငယ်ဆီက sms ထင်ပြီး ဖွင့်ကြည့်ခဲ့ပေမယ့်၊ တကယ်တမ်း ရောက်လာသည့် sms က ရီမွန်.ဆီက..
“Sorry.. ဒီည ယုငယ်လာအိပ်မှာ၊ ငါ မအားဘူး”
ရီမွန်.ကို စာပြန်အပြီး ယုငယ်ဆီ စိတ်တိုတိုနှင့် ဖုန်းဆက်မိသည်.. သူမကို အခုထိ ဖုန်းမခေါ် sms မပို.ဘဲ ပစ်ထားသည်လေ..
“Hello” အိပ်ချင်မူးတူးနှင့် ယုငယ်အသံခပ်တိုးတိုးကို ကြားရတော့ မိုး စိတ်ဆိုးတွေ ပြေမိသည်.. ဟုတ်တာပေါ့ သူမက ဆေးရုံမှာ အိပ်နေရတာ.. ပင်ပန်းပြီး ပတ်ဝန်းကျင်ကလဲ ဖုန်းကျယ်ကျယ်ပြောဖို. မသင့်တော်ဘူးလေ..
“Sorry ငယ်.. မိုး အိမ်ပြန်ရောက်ပြီလို. ပြောတာ..”
“Ahhh.. မိုး.. ပြန်ရောက်ပြီလား၊ အိပ်တော့မှာလား..”
“ဟုတ်..”
“အိုကေ.. ငယ် မနက်လာခဲ့မယ်နော်..”
“ဟုတ်..”
“Good Night”


ယုငယ်နဲ့ ဖုန်းစကားပြောပြီးတော့ မိုးငိုမိသည်.. ဘာလို.လဲ သေသေချာချာမသိပေမယ့် ရင်ထဲမှာ ယုငယ်ကို လွမ်းနေမိသည်… ဖြစ်နိုင်ရင် သူမကို ဒီညအနားမှာ ရှိစေချင်သည်…
နံဘေးက ယုငယ်အတွက် ထားထားသော သီးသန်.ခေါင်းအုံးလေးကို လက်နှင့်ထွေးပိုက်ရင်း အထီးကျန်ညကို ကြိုးစားကျော်ဖြတ်ရဦးမည်ပေါ့….
.
.
.
ည ၂း၃၀
“Click..”
တံခါးကိုဖြေးညှင်းစွာဖွင့်ရင်း၊ အပြာရောင်မီးမှိန်မှိန်လေးထွန်းထားသော ဧည့်ခန်းလေးမှာ လက်ထဲက ပါလာသော ပိုက်ဆံအိတ်ကို ကိုချပြီး သော့ပြန်ခတ်သည်…
ဒေါက်ဖိနပ်ကို အသံမမြည်အောင်ချွတ်ပြီး၊ ကျင့်သားရနေသော ခြေလှမ်းတွေက ချစ်သူရှိရာ အိပ်ခန်းဆီသို.
.
.
.
အိုး… ကြည့်ပါဦး.. ခေါင်းအုံးလေးဖက်ပြီး အိပ်နေတဲ့ ချစ်သူလေးက အပြစ်ကင်းစင်လိုက်တာ..
သူမမျက်နှာက မျက်ရည်စီးကြောင်းအချို.ကို ဧည့်ခန်းမီးအလင်းရောင်နဲ့ တွေ.ရတော့ ရင်ထဲ စိတ်မကောင်းဖြစ်သွားမိပြီး မျက်ရည်တွေ သုတ်အပေး..…
“အ..အင်… ဘယ်သူလဲ..” မိုး အိပ်ချင်မူးတူးနှင့် ထအော်ဖို.လုပ်တော့
သူမနှုတ်ခမ်းတွေကို ယုငယ်ရဲ့ နှုတ်ခမ်းတွေနဲ့ လျင်မြန်စွာဖိကပ်လိုက်ရင်း ….
မိုးမျက်ဝန်းတွေမှာ အံ့သြခြင်း၊ ပျော်ရွှင်ကျေနပ်ခြင်းတွေ အဆင့်ဆင့်ပြောင်းလို. သူမအနမ်းကို ပြန်လည်တုံ.့ပြန်တော့…
ခပ်ကြမ်းကြမ်း အနမ်းအချို. မိုးရဲ့ နှုတ်ခမ်းတွေထက်မှာ အငမ်းမရ…..
မိုးကို ခပ်တင်းတင်းဖက်ထားပြီး၊ သူမတို. အသက်ရှူသံတွေက တားမရ ဆီးမရ…
.
.
.
သူမတို.၂ယောက် အနမ်းမိုးတွေ ခဏရပ်ချိန်မှာတော့..
“သွား.. လူဆိုး.. မိုးကို ညာတယ်..” စိတ်ဆိုးချင်ယောင်ဆောင်ပြီး ဖက်ထားသော ယုငယ်ရင်ခွင်ထဲက ရုန်းဖို.ကြံသည်..
ယုငယ်က ခပ်ကြမ်းကြမ်း ပြန်ဖက်ရင်း… “မညာပါဘူး အချစ်ရယ်.. တကယ် ဆေးရုံမှာ အိပ်နေတာ.. ခုနက မိုးဖုန်းဆက်တော့ မကြီးလဲ နိုးပြီး၊ သူကိုယ်တိုင်က ငယ့်ကို သွားခိုင်းလို. ထွက်လာတာ..”
“သြော်.. မကြီးက မလာခိုင်းရင် မိုးကို ပစ်ထားဦးမယ်ပေါ့..”
“မပစ်ထားပါဘူး.. ငယ်က မိုးကို အရမ်းလွမ်းနေတာ.. ညနေကတည်းကအရမ်းလာချင်နေတာ..မကြီး တစ်ယောက်တည်းဖြစ်မှာစိုးလို.”
 မျက်နှာပေါ်မှ မျက်ရည်စတွေကို သုတ်ပေးပြီး…. “ဒါနဲ့.. မိုး ဘာလို.ငိုထားတာလဲ..”
“ငယ့်ကို လွမ်းလို.” ဟု ပြန်ပြောရင်း မိုးမျက်ရည်တွေ ထပ်ကျမိပြန်သည်…
ငိုနေသော မိုးကို ရင်ထဲမှာ ပွေ.ထားရင်း.. “ငယ်လဲ လွမ်းပါတယ် မိုးရယ်.. အရမ်းလဲ ချစ်တယ်..”
“မိုးလဲ ချစ်တယ်…”
“ဒါဆို အိပ်ကြစို.နော်..”
“သွား.. လူဆိုး..”
ငိုသံတွေ ရပ်ပြီး၊ သူမတို.ရဲ့ အိပ်ခန်းလေးထဲမှာ ရယ်မောသံတွေနဲ့ ပြည့်နှက်လို.
ချစ်သူနှစ်ဦးရဲ့ ခန္ဓာကိုယ်တွေကလဲ ကြားလေ၀င်လို.မရအောင် နီးကပ်လို.
.
.
မိုးနဲ့ယုငယ်ရဲ့ဖုန်းမှာ ၀င်ထားသော ရီမွန်နဲ့ သံသာတို့ထံမှ sms တွေကတော့ ဖုန်းအသီးသီးရဲ့ inbox ထဲမှာ ဖတ်သူမရှိ ငြိမ်သက်လို.
.
.
.
.
Xxxxxxxxxxxxxxxxxxxxxxxxxxx xxxxxxxxxxxxxxxxxxxxxxxx

.
.
“အား…” အပျင်းကြောတစ်ချက်ဆန်.ရင်း ပြတင်းပေါက်ခန်းဆီးကြားက တိုးဝင်လာသော နေရောင်ခြည်ကြောင့် မျက်လုံးကို ခပ်ဖြေးဖြေးဖွင့်သည်…
နှာခေါင်းထဲကို စားစရာအနံ.တို.တိုးဝင်လာတော့၊ ဗိုက်ကဆာလာသည်…
မိုး တခုခုချက်နေပြီဆိုတာ သေချာတော့ အိပ်ရာကထဖို.လုပ်သည်…
ထိုအချိန်ကျမှ စောင်အောက်က ခန္ဓာကိုယ်မှာ အ၀တ်အစားမရှိတာကို သတိထားမိပြီး ခပ်တိုးတိုးရယ်ကာ ကုတင်အောက်ကို ငုံ.ကြည့်ရင်း သူမ အ၀တ်အစားတွေ လိုက်ရှာမိသည်…
မိုးရဲ့ လိမ္မော်ရောင်တီရှပ်ခပ်ပွပွက သူမတစ်ကိုယ်လုံးကို လုံခြုံအောင် ဖုံးပေးနိုင်တော့ ကျန်တာတွေ ဆက်မရှာဘဲ ထိုအကျီင်္ဘဲကောက်စွပ်ကာ မိုးရှိရာ မီးဖိုချောင်ထဲသို. ထွက်လာခဲ့သည်…
.
.
“Oh oh Kiss me.. Oh Kiss me… Oh Oh love me, Oh Oh love me…” သူမ ညအိပ်ခါနီးတိုင်း ဆိုပြတတ်သော သီချင်းလေးကို ညည်းရင်း ဒယ်အိုးတစ်ခုနှင့် အလုပ်များနေသော မိုး…
သူမ အကျီခုနက ရှာမရတာ ဒီကောင်မလေးဝတ်ထားလို.ကိုး… ခပ်ဖွဖွပြုံးရင်း မီးဖိုထဲသို. မိုးမသိအောင် ၀င်လိုက်သည်….
အစိမ်းရောင် ဘောင်းဘီတိုအောက်က လုံးဝန်းသော တင်ပါးတွေနဲ့ အဆီပိုမရှိအောင်လှပနေသော ခြေထောက်တွေက သူမကို စောစောစီးစီး ရင်ခုန်နေစေပြန်သည်….
ဟင်းချက်နေသောမိုးကို နောက်မှ သိုင်းဖက်ရင်း…
“Sugar… ဘာတွေချက်..” သူမအတွက် အချိုမြိန်ဆုံး ချစ်သူလေးမို.လို. တခါတရံမှာ မိုးကို Sugar ဟုခေါ်ဖြစ်သည်..
“ံHoney အတွက် Cheese Buger လုပ်ဖို. ကြက်သားပြားကြော်နေတာ…နိုးပြီလား”  မိုးက အလန့်တကြားမဖြစ်ဘဲ သူမ၀င်လာတာ ကြိုသိနေပုံနှင့် မေးတာကို ခပ်အေးအေးဖြေသည်.…
ယုငယ် စိတ်တွေမရိုးမရွဖြစ်လာကာ… မသိချင်ယောင်ဆောင်နေသော ကောင်မလေးရဲ့ ပါးပြင်ပေါ်အနမ်းချွေတော့..
“ဟာကွာ.. ငယ်... မျက်နှာလဲ မသစ်သေးဘဲနဲ့…. မိုးကိုလာနမ်းတယ်.. ညစ်ပတ်တယ်ကွာ..”
မိုးက အဖြစ်သည်းပြီးအော်လေ.. သူမက ပိုနမ်းလေနဲ့ နောက်ဆုံးတော့ မိုးတစ်ယောက်အလျော့ပေးလိုက်သည်…
ချစ်သူရဲ့ နှုတ်ခမ်း…
နဖူး…
လည်တိုင်..
ပခုံးသား…
တစ်ကိုယ်လုံးကို မွတ်သိပ်စွာနမ်းပြီးချိန်မှာတော့
.
.
မိုးကမျက်စောင်းလဲ့လဲ့တချက်ထိုးကာ..
“သွား… မျက်နှာသွားသစ်တော့… ကြက်သားပြားကြော်တွေ တူးကုန်ပြီ.. မိုး အသစ်ပြန်ကြော်ရတော့မယ်..”
ယုငယ် ခပ်ပြုံးပြုံးလုပ်ကာ မထီတရီကြည့်ပြီး “Sugar.. ဘောင်းဘီနောက်မှာ ရေစိုနေတယ်ထင်တယ်..” ဟု စကာ ရေချိုးခန်းရှိရာ ထွက်လာခဲ့သည်…

မိုးကတော့ သူမကိုယ်သူမ ပြန်စစ်ဆေးပြီး၊ ဘာမှ မတွေ.သောအခါမှာတော့ ယုငယ်ကို ပွစိ ပွစိလုပ်ပြီးကျန်နေခဲ့မှာ ဗေဒင်တွက်နေစရာမလို….
.
.
.
Xxxxxxxxxxxxxxxx xxxxxxxxxxxxxxxxxxxxx





No comments:

Post a Comment