Tuesday, March 12, 2013

Flame of Love - Chapter 4


Chapter 4

ဆေးရုံကုတင်ပေါ်မှာ အိပ်နေတဲ့ ကောင်မလေးကို ငေးကြည့်ရင်း၊ နံဘေးမှာ ငြိမ်ငြိမ်လေး ထိုင်နေမိသည်…
“ညီမ… ရေနည်းနည်းလောက် သောက်လိုက်ဦး.” သူနာပြုတစ်ဦးလာပေးသော ရေပုလင်းကို အယောင်ယောင်အမှားမှားလှမ်းယူပြီး မော့သောက်လိုက်သည်။
“ညီအစ်မတွေလား…”
“ဟမ်… ဘာကိုပြောတာလဲ..”
“ညီမက သူ.ရဲ့လူနာရှင်မဟုတ်ဘူးလား..”
ခေါင်းကို ဖြည်းဖြည်းယမ်းရင်း.. “မဟုတ်ဘူး… မီးလောင်နေတာ တွေ.လို. ၀င်ကယ်လာတာ..”
“သြော်..” သူနာပြုဆရာမလေးက နားမလည်သလို ခိုင့်ကိုကြည့်ပြီး စကားပြောတာကို ရပ်ကာ သူမလုပ်စရာတွေဆက်လုပ်သည်…
ခိုင် ဒီထိုင်ခုံမှာ ထိုင်ပြီး၊ အိပ်ပျော်နေသော ကောင်မလေးကို ကြည့်နေမိတာ ဘယ်လောက်ကြာနေမိလဲ ကိုယ့်ကိုယ်ကိုတောင်မသိ…
အရေးပေါ်ယာဉ်ရောက်လာတော့ ပတ်ဝန်းကျင်ကသူတွေက သူမကိုပါ ကားထဲလိုက်ခိုင်းသဖြင့် အခုဆေးရုံရောက်တဲ့အထိပါလာတာသာဖြစ်သည်…
ဆေးရုံရောက်တော့လဲ သူမကဘဲ လိုအပ်သမျှ အစစအရာရာစီစဉ်၊ မေးသမျှမေးခွန်းတွေ ဒိုင်ခံဖြေနေခဲ့တာဆိုတော့ လူနာရှင်ဟုထင်တာ သူနာပြုအနေနဲ့ မလွန်…
အခုတော့ သူမကိုယ်တိုင်လဲ လူနဲ့ စိတ် သိပ်မကပ်……… ဆရာဝန်ကတော့ အိပ်ဆေးထိုးပေးခဲ့တယ်ပြောတာဘဲလေ……….
.


.
.

“မကြီး… မကြီး….”
အသားဖြူဖြူ အရပ်မြင့်မြင့်နှင့် ကုတင်ပေါ်က ကောင်မလေးနဲ့ ညီအစ်မဆိုတာ ပြောနေစရာမလိုအောင် တူသော ကောင်မလေးတစ်ယောက် ရေးကြီးသုတ်ပြာနှင့် ၀င်လာသည်…
“မကြီး…” အိပ်နေသော သူမကို တတွတ်တွတ်ခေါ်ရင်း ငိုတော့…
“ဟိတ်… ဆရာဝန်က ဆေးထိုးပေးထားလို. မင်းအစ်မ ခဏအိပ်ပျော်နေတာပါ.. စိတ်မပူပါနဲ့.. မငိုနဲ့လေ..”
“အစ်မက…”
“ခိုင်..  မီးသတ်ရဲမေဟောင်းတစ်ဦးပါ.. မင်းတို.အိမ်နားဖြတ်လျောက်တုန်း မီးလောင်နေတာ တွေ.လို. မင်းအစ်မကို ၀င်ကယ်ခဲ့တာ…” ရှည်ရှည်ဝေးဝေးရှင်းပြဖြစ်သည်…
“ကျေးဇူးတင်လိုက်တာ မခိုင်ရယ်… ယုငယ်လေ.. သတင်းကြားကြားချင်း အရမ်းကို စိတ်ပူသွားတာ..”
“ရပါတယ်… ကိုယ်နားလည်ပါတယ်..မင်းသာ စိတ်သိပ်မပူနဲ့.. သူ ခဏနေနိုးလာမှာပါ..”
“ဟုတ်..”
.
.
သူမနဲ့ စကားပြောနေရင်း… နောက်ထပ် ကောင်မလေး ၃ယောက် အခန်းထဲကို ထပ်ဝင်လာသည်…
“မကြီး… အငယ်လေး.. မကြီး ဘာဖြစ်လို.လဲ..” ဆံပင်တိုတိုနှင့် အသားညိုညို မျက်လုံးဝိုင်းဝိုင်းကောင်မလေးက မေးသည်…
“ခုမှ လာစိတ်ပူမနေနဲ့… မနွယ်ကြောင့်ပေါ့… မနွယ် အိမ်ကို စောစောမပြန်လို. မကြီးတစ်ယောက်တည်း အိမ်မှာကျန်ခဲ့ပြီး မီးလောင်တာပေါ့..” အရင်ရောက်နှင့်သော ယုငယ်ဆိုသော ကောင်မလေးက အပြစ်ဆီးတင်သည်…
“ငါလဲ အိမ်ပြန်မလို.ပါဟာ.. တေးတေးက ဒီနေ့မှ တောင်ကြီးကပြန်ရောက်လို. ကားဂိတ်သွားကြိုနေလို.ပါ..” ဟုပြောကာ နံဘေးမှ ဆံပင်ရွှေညိုရောင်နှင့် ကောင်မလေးကို ထိုးပြသည်…
“စိုးကလဲ.. ကြိုပြောပေါ့…တေးကို လာမကြိုလဲ ရပါတယ်.. တောင်းပန်ပါတယ် အငယ်လေးရယ်.. တေးကြောင့် မကြီး ဒီလိုဖြစ်ရတာ…” ထိုကောင်မလေးက ၀င်ပြောသည်…
“ကဲ.. မင်းတို. မကြီး ဘာမှ မဖြစ်ပါဘူး.. သူ လန့်ပြီး သတိမေ့သွားတာပါ.. အခုလဲ အိပ်ဆေးထိုးပေးထားလို. အိပ်နေတယ်.. မင်းတို. ဆူညံနေမယ်ဆိုရင် အပြင်ထွက်ကြရအောင်..”
တစ်ယောက်ကို တစ်ယောက်အပြစ်တင်နေကြသော ကောင်မလေးတွေကို ခိုင်ဦးဆောင်ပြီး အပြင်ခေါ်ထုတ်လာခဲ့သည်…
သူမတို.အချင်းချင်း ခိုင်ဘယ်သူလဲ မေးမြန်းစပ်စုကြရင်း အခန်းပြင်သို. လိုက်လာကြသည်..
.
.
.
အပြင်ဘက် ကော်ရစ်ဒါရောက်တော့….
“ခိုင်… မကြီး ကိုကယ်ပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်.. ညီမက စိုးနွယ်ပါ.. ဒါက ညီမလေး ယုငယ်… အိပ်ရာပေါ်လဲနေတာက အစ်မကြီး ငုသွယ်… “
စိုးနွယ်လှမ်းပေးသောလက်ကို အလိုက်သင့်ပြန်လည်ဆုပ်ကိုင် နှုတ်ဆက်လိုက်ရင်း..
“ခိုင် ပါ..”
“ဒါက စိုးနွယ်ရဲ့ ချစ်သူ တေးနုယဉ်..” နံဘေးမှ ရွှေညိုရောင် ဆံပင်နဲ့ ကောင်မလေးကို ယုငယ်က မိတ်ဆက်ပေးသည်..
“အဲ.. သူကတော့…”
“သူက သံသာ.. တေးတေးရဲ့ ညီမ၀မ်းကွဲ… တောင်ကြီးကနေ လိုက်လာတာ…” စိုးနွယ်က ၀င်ရှင်းပြသည်…
ခိုင် ခေါင်းတစ်ချက်ငြိမ့်လိုက်ရင်း… “အိုကေ… မင်းတို.မိသားစု လူစုံပြီးဆိုတော့ ကိုယ်ပြန်တော့မယ်လေ.. “
“အားလုံးအတွက် ကျေးဇူးအရမ်းတင်ပါတယ် ခိုင်… စိတ်မရှိဘူးဆိုရင် ဆက်သွယ်စရာ ဖုန်းနံပါတ်ပေးခဲ့ပါလား.. မကြီးနိုးလာလို. ခိုင့်ကိုတွေ.ချင်ရင် ဆက်သွယ်လို.ရအောင်ပါ…” စိုးနွယ်ဆိုသောကောင်မလေးက မေးသည်..
“ရပါတယ် မင်းဖုန်းပေးလေ.. ကိုယ့်ဖုန်းနံပါတ်ရေးပေးမယ်..”
ဖုန်းနံပါတ်တွေလဲပြီးတော့ ခိုင် ဘာမှလုပ်စရာမရှိတော့…
အိပ်ပျော်နေသော သူမနိုးတာစောင့်ချင်ပေမယ့်… မိသားစုတွေကြားမှာ မဆိုင်သောလူတစ်ယောက်လို ခံစားရသည်… ဒီတော့ အားလုံးကို နှုတ်ဆက်ရင်းပြန်လာခဲ့သည်….
ရင်ထဲမှာတော့ နှလုံးသားတစ်ခြမ်း ဆေးရုံထဲမှာ ကျန်ခဲ့သလို ကျန်တဲ့တခြမ်းက မျိုးကို တမ်းတနေမိသည်
.
.
.
သံသာ~~

“တေး ညီမလေးက ချောသားဘဲ..” ယုငယ်က ခပ်မြူးမြူးမှတ်ချက်ချသည်..
ယုငယ်ဆိုသော ကောင်မလေးရဲ့ အလှကမှ သံသာ့ကို ယစ်မူးစေတာပါ ဟု သံသာ စိတ်ထဲမှ ခပ်တိုးတိုးပြောဖြစ်သည်။
“သူက အမျိုးတွေထဲမှာ အငယ်ဆုံး.. အခုဘဲ ကျောင်းပြီးလို. တောင်ကြီးမှာမနေချင်ဘူးဆိုပြီး လိုက်လာတာ..”  မမတေးနုယဉ် သူမဆံပင်တွေကို အသာသပ်ရင်း သူမအကြောင်းတွေ ပြောပြကာ ယုငယ်နှင့် ထပ်မိတ်ဆက်ပေးသည်…
“သံသာ… ဒါက ယုငယ်တဲ့.. စိုးရဲ့ ညီမလေး.. သံသာနဲ့ဆို ယုငယ်က ၁နှစ်လောက်တော့ ပိုကြီးမယ်ထင်တယ်..”
သံသာ ပြုံးရုံလေးပြုံးပြီး ခေါင်းငြိမ့်ပြလိုက်သည်….
“ဘာဘဲဖြစ်ဖြစ် သူငယ်ချင်းလို ခင်လို.ရပါတယ်… ယုငယ်မှာလဲ သူငယ်ချင်းမရှိတာနဲ့ အတော်ဘဲ..” ယုငယ်က ပြောပြောဆိုဆို သံသာ့လက်ကို ဆွဲကာနှုတ်ဆက်သည်…
သူမလက်မှာ ဓာတ်လိုက်သလို ယုငယ်ရဲ့ နွေးထွေးမှုတွေ ရင်ထဲသို.စီးဆင်းသွားသည်…
သံသာ ဘာမှပြန်မပြောနိုင်လောက်အောင် ရင်တွေခုန်နေပြီ… ယုငယ်ရဲ့ ပြုံးနေတဲ့ နှုတ်ခမ်းတွေ…
သူမရင်ထဲမှာ လိပ်ပြာတွေ အကောင်တစ်သောင်းလောက် ပျံနေသလို………
…………………………..

No comments:

Post a Comment