Friday, March 29, 2013

Flame of Love - Chapter 10


Chapter – 10

@ Dinner

သံသာ~~

စိုးနွယ်လာခေါ်တာ နောက်ကျလို. မမတေးနုယဉ်ကားပေါ်မှာ တဗျစ်တောက်တောက်ဖြစ်လာတာကလွဲရင် အရာရာက ခုထိတော့ အဆင်ပြေနေသည်..
အရပ်မြင့်မြင့် အသားညိုညိုနှင့် ခိုင်က သူမဘေးမှာထိုင်ရင်း ဖုန်းတစ်လုံးနှင့် ရှုပ်နေသည်..
မမနှင့် စိုးနွယ်က Menu Cardကိုဖတ်ရင်း ညနေစာအတွက် ဟင်းမှာနေကြသည်..
သူမတစ်ယောက်သာ ဘာလုပ်လို.လုပ်ရမှန်းမသိသေး…
သေချာတာကတော့ ယုငယ်ကိုမျှော်နေခဲ့တာ..
“သံသာ… ဘာစားမှာလဲ.. “ မမကမေးသည်..
“ရတယ်.. မမတို.အဆင်ပြေတာဘဲမှာထားလိုက်.. “
“Ok..”
.
.
သံသာ့စိတ်တွေ မငြိမ်မသက်ဖြစ်နေသည်..
စိုးနွယ်ပြောတာကတော့ ယုငယ်လာနေပြီတဲ့.. သံသာ့ဘေးက ခုံလွတ်လေးကိုကြည့်ရင်း ရင်တွေခုန်နေမိပြီ…


သံသာ့နှင့် စိုးနွယ်ကြားမှာ ခုံ၂လုံးလွတ်နေသေးသည်… ယုငယ်က အစ်မဖြစ်သူစိုးယုနှင့် ကပ်မထိုင်ဘဲ သံသာ့ဘေးမှာ ကပ်ထိုင်ပါစေဟု ရူးကြောင်ကြောင်ဆုတောင်းနေမိသေးသည်..
ယုငယ်ရယ်… သံသာ့စိတ်တွေကို ဘာကြောင့် မငြိမ်မသက်ဖြစ်စေသလဲကွယ်…
.
.
.
“စောင့်နေရတာ ကြာသွားကြလား… Sorry..” ဂါဝန်အဖြူရောင်ကိုဝတ်ကာ ခပ်မြူးမြူးအသံလေးနှင့်အတူ ယုငယ်ဝင်လာသည်…
သံသာ့အတွက်တော့ အလှနတ်သမီးလေး တစ်ပါးဝင်လာသလို….
ရင်တွေဖျတ်ခနဲခုန်ကာ….
အိုး… သူမနောက်က ၀တ်စုံအ၀ါရောင်လေးနဲ့ ချစ်စရာကောင်မလေးက….
.
.
ယုငယ်က မိုးကိုဆွဲခေါ်ရင်း.. “ငယ်ကအဆင်သင့်ဖြစ်တယ်.. မိုးအလှပြင်တာ ကြာနေလို.စောင့်နေရတာ..” ဟု ဖြေရှင်းချက်ထုတ်သည်..
မိုးဆိုသောကောင်မလေးက ချစ်စဖွယ်ပြုံးကာ.. “အားလုံးဘဲ တောင်းပန်ပါတယ်.. မိုးကြောင့် နောက်ကျသွားတာ..”
“ရပါတယ်.. အားလုံးလဲ ခုနကဘဲရောက်ကြတာ.. ခုမှ ဟင်းမှာလို.ပြီးတာ..” ဟု တေးနုယဉ်က ပြန်ဖြေသည်..
.
.
မိုးဆိုသော ကောင်မလေးရဲ့ လက်ကိုကိုင်ကာ ယုငယ်က သံသာ့နဘေးသို.လှမ်းလျောက်လာသည်..
ယုငယ်ရဲ့ ခြေလှမ်းတွေက သံသာ့နှလုံးသားကို အစိမ်းလိုက် ဖဲ့ခြွေနေသလို~~~~
“သံသာ့ကို မိတ်ဆက်ပေးရဦးမယ်… ဒါ ယုငယ်ရဲ့ချစ်သူ မိုး..”
ယုငယ်က သံသာ့ဘေးမှာ ၀င်ထိုင်ပြီး မိုးနှင့် မိတ်ဆက်ပေးသည်…
မိုးတဲ့လား… အရမ်းချစ်စရာကောင်းလွန်းသည်… မိုးပွင့်လေးတွေလို သူမက အေးချမ်းတတ်ပုံ….
ယုငယ်ကိုကြည့်နေတဲ့အကြည့်တွေထဲမှာ အချစ်တွေ စီးမြောနေတယ်ဆိုတာ သံသယမရှိနိုင်အောင် သူမမျက်ဝန်းတွေက အသက်ဝင်လွန်းသည်….
“သံသာ..” သူမပခုံးကိုလှုပ်ပြီး ယုငယ်ခေါ်တော့မှ သံသာအတွေးတွေများနေခဲ့မိတာ…
မိုးကို ကြိုးစားပြီး ပြုံးပြပေမယ့် သူမအပြုံးတွေ အသက်မ၀င်တာ သူမကိုယ်တိုင်သာ သိနေခဲ့သည်..
“Hi..”
စကားပြောဖို. အားယူလိုက်တော့ မျက်ဝန်းထဲမှာ မျက်ရည်တွေဝိုင်းဖွဲ.လာသည်…
နှုတ်ခမ်းကို သွားနဲ့ ကိုက်ထားရင်း.. ရင်ထဲက နာလာသည်….
“ရော့… ရေနဲနဲသောက်လိုက်..” သံသာ့ဘေးမှာ ထိုင်နေသော ခိုင်က ဘယ်တုန်းက ဖြည့်ထားမှန်းမသိတဲ့ ရေခွက်ကို ထိုးပေးသည်…
တုန်ယင်နေသောလက်တွေနှင့် ရေခွက်ကိုလှမ်းယူပေမယ့်… ရေခွက်က လက်ထဲမရောက်လိုက်….
“ခွမ်း..”
ဖန်ခွက်ကျကွဲသံက ကျယ်နေလား တိုးနေလား သူမ သေချာမသိပါ…
နားထဲမှာ လေတိုးသံတွေသာ ကြားနေရသည်…
အားလုံးက မေးနေကြသည်က “သံသာ ဘာဖြစ်တာလဲ.. နေကောင်းလား.. အဆင်ပြေလား..”
.
.
“Sorry.. သံသာ Rest Room ခဏသွားဦးမယ်… “
အားလုံးကို ထားခဲ့ပြီး သံသာအဝေးကို ထွက်ပြေးလာခဲ့သည်…
.
.
.
.
Rest Room ထဲရောက်ရောက်ချင်း သူမမျက်ရည်တွေ ထိန်းချုပ်လို.မရ…
ဟုတ်တယ် မျက်ရည်တွေ.. သူမငိုနေသည်…
ရက်တိုလေးအတွင်း စွဲနစ်အောင်ချစ်မိသွားတဲ့ ယုငယ်မှာ ချစ်သူရှိတယ်တဲ့လား… သူမ ဘာဖြစ်လို. ဒီအချက်ကို ထည့်မတွေးခဲ့မိပါလိမ့်…
ဘာမှမတွေးနိုင်လောက်အောင် .. ညံ့ဖျင်းစေခဲ့တဲ့ သူမပါလား..
နှလုံးသားတွေ နာကျင်ကာ ဘယ်လိုမှ အဖြစ်မှန်ကို လက်ခံလို.မရ..
နင့်ကိုငါ အရမ်းချစ်တယ် ယုငယ်…
ငါ… ဘယ်သူ.ကိုမှ မပေးချင်ဘူး…
ငါ နင့်ကို ပိုင်ဆိုင်ချင်တယ်…
.
.
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

“သံသာတစ်ယောက် ဘာဖြစ်လဲမသိ… လိုက်သွားလိုက်ဦးမယ်..” ဟု ပြောကာ တေးနုယဉ်လိုက်ဖို.ပြင်သည်။
ခိုင်က “တေးတေး.. မလိုက်နဲ့.. သံသာ့ကို အချိန်ခဏပေးလိုက်ပါ..”
အားလုံးရဲ့ မျက်ဝန်းတွေက ခိုင့်ဆီရောက်လာကြသည်..
“သံသာ ဘာဖြစ်လဲဆိုတာ ခိုင်သိတယ်ပေါ့..” စိုးနွယ်က မေးသည်..
ခေါင်းကိုငြိမ့်ပြရင်း.. “ဒါနဲ့ ခုနက စိုးနွယ်ကားပေါ်မှာ ပြောတာ ငုသွယ်မနက်ဖန် ဆေးရုံကဆင်းမယ်ဆို…”
စကားလမ်းကြောင်း တမင်လွှဲလိုက်မှန်းသိပေမယ့် စိုးနွယ်ခေါင်းကိုငြိမ့်ကာ အဖြေပြန်ပေးသည်..
“ဟုတ်တယ်.. မကြီး မနက်ဖန် ဆေးရုံဆင်းမယ်..”
“ဒါပေမယ့် သူ.အခန်းက မီးလောင်ထားတာ ပြန်ပြင်နေတုန်း မဟုတ်လား..”
“အင်း.. မကြီးအခန်းက ပြန်ပြင်နေဆဲ.. ပြီးတာတော့ ပြီးတော့မှာပါ.. ဒါပေမယ့် ဆေးရုံက ဆင်းဆင်းချင်း မီးလောင်ထားတဲ့ အိမ်ဝန်းကျင်ကိုတော့ မတွေ.စေချင်သေးဘူး.. ငယ်လေးကတော့ မကြီးနဲ့တူတူ ဟိုတယ်မှာ အခန်းယူပြီး တစ်ပတ်လောက် တူတူနေမယ်လို.ပြောတယ်.. အိမ်ပြင်တာအားလုံးပြီးပြီဆိုမှဘဲ မကြီးကို ပြန်ခေါ်တော့မယ်..”
ယုငယ်က ခေါင်းကို ငြိမ့်ရင်းထောက်ခံသည်..
“စိုးနွယ်နဲ့ ယုငယ်ရဲ့ အခန်းကရော…” ခိုင်ကမေးတော့
“စိုးနွယ်အခန်းကတော့ ဘာမှမဖြစ်ဘူး… ယုငယ်ကတော့ မကြီးနဲ့ ကပ်ရက်အခန်းဆိုတော့ နဲနဲပျက်စီးသွားတယ်.. သူ.အခန်းလဲ ပြင်နေတယ်.. ဒါကြောင့် မနေ့ကတည်း မိုးနဲ့ သွားနေတယ်..”
ဟု စိုးနွယ်ကပြန်ပြောသည်..
.
.
ခိုင် တစ်ချက်စဉ်းစားရင်း… “ယုငယ်.. မိုးနဲ့ နေရတာ အဆင်ပြေတယ်ဆိုရင်.. ငုသွယ်ကို ခိုင့်အခန်းမှာ နေခိုင်းလိုက်ပါလား… ငုသွယ်ကို ဆေးရုံကဆင်းဆင်းချင်း ဟိုတယ်မှာ မနေစေချင်ဘူး.. အိမ်ဆိုတော့ နဲနဲပို အဆင်ပြေမလားလို.” ဟု ခပ်တိုးတိုးပြောသည်..
“ခိုင် တကယ်ပြောတာလား..” စိုးနွယ်ကမေးတော့..
“သိတဲ့အတိုင်းဘဲ ခိုင့်အိမ်မှာ အိပ်ခန်း၂ခန်းရှိတယ်လေ..”
“ဒါဆိုရင် ကျေးဇူးဘဲခိုင်.. ဒီအကူအညီကို မငြင်းတော့ဘူး.. ခိုင် အခုလို မကြီးကို ခဏခဏကူညီပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်.. တကယ်ဘဲ မကြီးကို ဆေး၇ုံကဆင်းဆင်းချင်း ဟိုတယ်ခန်းမှာ မနေစေချင်ဘူး.. ကျေးဇူးအရမ်းတင်ပါတယ်ခိုင်..”
နေရာမှထလာက ခိုင့်ကိုလက်ဆွဲနှုတ်ဆက်ရင်း စိုးနွယ်က ကျေးဇူးတင်စကားဆိုသည်…
“ခိုင်က ချစ်ဖို.ကောင်းလိုက်တာ… ကျေးဇူးပါခိုင်ရယ်.. ဟိဟိ ငယ်ကတော့ မိုးအိမ်မှာ တစ်ပတ်လုံးနေလို.ရပြီ… မိုး အိမ်ပေါ်က နှင်မချကြေးနော်..” ယုငယ်ကလဲ ၀မ်းသာအားရ ၀င်ပြောသည်…
လက်ဆွဲနှုတ်ဆက်နေကြတဲ့ သူ၂ယောက်အတွက်တော့..
စိုးနွယ်ရဲ့ မျက်ဝန်းတွေထဲမှာတော့ သူမထုတ်သုံးလိုက်တဲ့ ၀ှက်ဖဲတစ်ခုအတွက် ကျေနပ်ခြင်းတွေ ရောထွေးလို.
ဒါတွေကို ခိုင် မြင်ပေမယ့် သူမကိုယ်တိုင်က စိုးနွယ်ရဲ့ ၀ှက်ဖဲထဲမှာ စီးမြောချင်နေခဲ့တာလေ…
.
.
.






No comments:

Post a Comment