Chapter – 11
မေမေ့လက်ကို အားကိုးတကြီး ကိုင်ထားရင်း ဆေးရုံကြီးရဲ့
Emergency Room အပြင်ဘက်မှာ ယွန်းတစ်ယောက် ထိုင်ရမလို ထရမလို ဂဏှာမငြိမ်ဖြစ်နေမိသည်…
စိုးယုကို အိပ်ခန်းထဲမှာ လဲကျနေတာတွေ.တွေ.ချင်း မေမေ့ကို ပြေးခေါ်ကာ
မေမေလုပ်သမျှ ပျာယာခတ်ကာ စိတ်လှုပ်ရှားနေခဲ့ရတာ …………….
အခု စိုးယုတစ်ယောက် Emergency Room ထဲမှာ တော်တော်ကြာနေပြီ…
မေမေ့ကို အားကိုးတကြီး ကြည့်မိတော့ မေမေက ဖွဖွလေးပြုံးကာ ယွန်းလက်ကို
ခပ်တင်းတင်းဆုပ်ကိုင်ထားသည်…
“စိုးယု သက်သာ သွားမှာပါ သမီးရယ်..”
“ဟင်း..” ယွန်း သက်ပြင်းတွေ အခါခါချကာ ဘယ်နှကြိမ်မြောက်မှန်းမသိစွာ
ငိုမိသည်…
ထိုစဉ်..
နာ့စ်မတစ်ယောက် ထွက်လာပြီး…
“စိုးယုနွယ်ရဲ့ အိမ်ကရှိလား..”
“ရှိပါတယ်..” ဟုပြောကာ ယွန်းနှင့် မေမေ တူတူထရပ်မိကြသည်….
“စိုးယုနွယ် သက်သာသွားပြီ၊ အခု လူနာဆောင်ကို ရွှေ.ထားလိုက်ပါပြီ၊
မိသားစုတွေ.မယ်ဆို တွေ.လို.ရပြီ.. ဆေးရုံမှာ ၂ရက်လောက်တော့ စိတ်ချရအောင် နေရမယ်.. လိုအပ်တာတွေ
မပါသေးဘူးဆိုရင် အိမ်ပြန်ယူလို.ရပါပြီ..”
မေမေနှင့် ယွန်း သက်ပြင်း ပြိုင်တူချရင်း ပြုံးမိသည်… မေမေကတော့
“ကျေးဇူးတင်ပါတယ် ဆရာမရယ်..” ဆိုကာ နာစ့်မနှင့် လိုအပ်သည်များကို ခဏပြောကြသည်…
ပြီးမှ ယွန်းဘက်လှည့်ကာ… “ ကဲ.. သမီး.. မေမေ အိမ်ခဏပြန်ပြီး စိုးယုနဲ့
သမီး ဆေးရုံမှာ နေဖို. လိုအပ်တာတွေ သွားယူလိုက်ဦးမယ်.. သမီး စိုးယုကို ဆေးရုံစောင့်ပေးမယ်
ဟုတ်..”
ယွန်းခပ်သွက်သွက် ခေါင်းကို ငြိမ့်မိသည်….
မေမေက ယွန်းဆံပင်တွေကို အသာသပ်ရင်း.. “ဒါဆို သမီး စိုးယုဆီအရင်သွားနှင့်နော်..
မေမေ ညနေမှ ပြန်လာခဲ့မယ်..”
ယွန်းရဲ့ ခြေလှမ်းများက စိုးယုရှိရာ လူနာဆောင်ဆီသို.
“သမီး..” မေမေက လှမ်းခေါ်သည်..
ယွန်းလည်ပြန်လှည့်ကြည့်တော့…
မေမေက တခုခုကို သေချာ စဉ်းစားပြီး ပင့်သက်ရှိုက်ခါ… “အကယ်၍ ဖေဖေ့နားမှာ မေမေတစ်သက်လုံး
သစ္စာရှိစွာ ရှိပေးမယ်ဆိုရင် သမီး စိုးယုကို အခွင့်အရေးတစ်ခု ပြန်ပေးနိုင်မလား”
“ မေမေက…..”
“ဟုတ်တယ် သမီး… မေမေ့ ချစ်သူနဲ့ အဆက်အသွယ်ဖြတ်ပြီး၊ သမီးဖေဖေနားမှာနေပေးဖို.
ဆုံးဖြတ်လိုက်ပြီ၊ အဲဒီတော့ သမီးလေး ဖေဖေအတွက် စိတ်ချလိုက်ပါ..”
မေမေ့မျက်နှာကို ဆံပင်ရှည်တွေနဲ့ ဖုံးကွယ်ရင်း၊ ဓာတ်လှေကားထဲဝင်သွားသည်…
မေမေငိုသွားတာလား ယွန်းမသိတော့…
ယွန်း သိလိုက်သည်က ပခုံးပေါ်မှ တာဝန်ကြီးတစ်ခု ပေါ့ကျသွားသလို…
.
.
.
လူနာဆောင်၊ အခန်း (၂၀၆)
တံခါးလက်ကိုင်ဘုလေးကို တွန်းဖွင့်ကြည့်လိုက်တော့ လူနာကုတင်ပေါ်မှာ
အိပ်ပျော်နေသော စိုးယုကို တွေ.ရသည်…
အရေးပေါ်အခန်းထဲက ထွက်ခါစမို. အိပ်ဆေးအရှိန်နှင့် အိပ်ပျော်နေပုံရသည်…
ကုတင်ဘေးက ခုံတန်းရှည်လေးမှာ ငြိမ်သက်စွာထိုင်ရင်း၊ ကုတင်ပေါ်တွင်
ခေါင်းချကာ စိုးယုမျက်နှာလေးကို တစိမ့်စိမ့်ထိုင်ကြည့်မိသည်….
လူနာဖြစ်နေတာတောင် ချောမောလွန်းနေသော ဒီချစ်စဖွယ်ကောင်မလေးက သူမလို
ခပ်စွာစွာ ဂျစ်ကန်ကန်ကောင်မလေးကို ခေါင်းမာစွာ နှစ်ပေါင်းများစွာ ချစ်နေပါသတဲ့….
သူမ ရက်ရက်စက်စက်ရိုက်ခဲ့မိသော စိုးယုရဲ့ ပါးပြင်နုနုမှာ လက်ဝါးဒဏ်ကြောင့်
နီရဲရဲသွေးခြေဥနေတာလေးတွေ မပျောက်တတ်သေး…
စိုးယုလေး တော်တော်နာသွားမှာဘဲဟု တွေးမိကာ ကိုယ့်ကိုယ်ကို ထပ်ပြီး
အပြစ်တင်မိသည်…
ယွန်း မျက်လွှာလေးတွေ ပိတ်ကာ ချစ်သူ အိပ်ရာက နိုးမယ့်အချိန်ကို စိတ်ထဲက
ရေတွက်ရင်း စောင့်နေမိသည်…
၁စက္ကန့်
၂စက္ကန့်
.
.
.
၈မိနစ်
၉ မိနစ်
၁၀ မိနစ်
.
.
.
၂၂မိနစ်
၂၃ မိနစ်
………………………………………………………………………..
မျက်လုံးကို ဖွင့်မိတော့ စစချင်းတွေ.လိုက်ရတဲ့ မျက်နှာကြက်ကြောင့်
အိမ်မှာ မဟုတ်မှန်း သတိထားမိသည်….
ရင်ထဲမှာ နုံးချိချိဖြစ်နေသလိုရှိကာ ဘယ်နေရာ ရောက်နေလဲဟု နဘေးကို
ငဲ့ကြည့်မိတော့…
“ယွန်း” … သူမ ဖွဖွလေး ရေရွတ်မိသည်…. ဘေးမှာ ကုတင်ပေါ်ခေါင်းလေးမှီပြီး၊
အိပ်ပျော်နေသော ယွန်းကို တွေ.လိုက်ရတော့ အားအင်တွေ ပြည့်သွားသလို ခံစားရသည်….
အိပ်ပျော်နေသော ယွန်းကို ကြည့်ရင်း ခပ်တိုးတိုးရေရွတ်မိသည်က..
“နင် နဲ့ ငါ အချစ်ဆုံး သူငယ်ချင်းတွေတဲ့လား ယွန်းရယ်… နင်စိတ်ကျေနပ်မယ်ဆို
ငါ နင့်သဘောကျ သူငယ်ချင်း အဖြစ်နေပေးသွားမှာပါ… နင်သာ ဆန္ဒရှိမယ်ဆို တစ်နေ့ နင်ချစ်တဲ့သူတွေ.လာလို.
သူ.အကြောင်း ငါ့ကို တိုင်ပင်ရင်လဲ ကျေကျေနပ်နပ် နားထောင်ပေးသွားမှာပါ… နောက်ဆုံးအနေနဲ့တော့
ငါထပ်ပြောချင်တယ်… နင့်ကိုငါအရမ်းချစ်တယ် ယွန်းရယ်..”
“ငါ့ကို ချစ်နေတာတွေ ရပ်မပစ်လိုက်ပါနဲ့… ဒီတိုင်းလေးဘဲ ဆက်ချစ်နေပေးပါ..”
ယွန်းတစ်ယောက် မျက်စိမှိတ်ထားရင်းမှ ခပ်တိုးတိုး ပြန်ဖြေသည်….
“ဟင်..”
ယွန်း အိပ်ပျော်မနေတာ တွေ.တော့ စိုးယုတစ်ယောက် တအံ့တသြဖြစ်သွားသည်…
ပြီးတော့ ယွန်းပြောလိုက်တဲ့စကား…
ယွန်းမျက်လုံးတွေ ဖွင့်လာတော့၊ စိုးယု ရင်မဆိုင်ရဲဘဲ ယောင်ယမ်းပြီး
မျက်လုံးတွေကို တင်းတင်းကျပ်ကျပ် စုံမှိတ်ပစ်လိုက်သည်….
သူမနားနားကို ကပ်ပြီး ယွန်း တိုးတိုးပြောခဲ့တာက “ ငါ့ကိုချစ်နေတာ
ရပ်မပစ်လိုက်ပါနဲ့… ငါလဲ နင့်ကို အရမ်းချစ်နေမိလို.ပါ စိုးယုရယ်..”
စိုးယု မျက်လုံးတွေ အလျင်အမြန်ဖွင့်ပြီး ကြည့်လိုက်တော့ သူမကို
ရွှန်းလဲ့စွာ စိုက်ကြည့်နေသော၊ ယွန်းရဲ့ မျက်လုံး အစုံ…..
သူမတို.၂ဦး စက္ကန့်ပေါင်းများစွာ ငြိမ်သက်ရင်း ….
ယွန်းရဲ့ နှုတ်ခမ်းအစုံက သူမနှုတ်ခမ်းတွေကို ဖိကပ်လိုက်ချိန်…
ရင်ထဲမှာ လိပ်ပြာလေးတွေ ထောင်သောင်းမက ပျံသန်းလို.
The End….
………………………………………
အယ် အယ် အယ် နမ်းကုန်ကြပြီ :-D
ReplyDeleteလာလည်တာ ကျေးဇူးတင်ပါတယ်...း)
ReplyDelete